NLD လွှတ်တော်လုံးဝမတက်ဘူးဆိုသည်မှာမ ဟုတ်ဟု ဦးဥာဏ်ဝင်းငြင်းဆို

အွန်လိုင်းပေါ်တွင်ပျံ့နှံ့နေသော NLD လွှတ်တော်မတက်ဆိုသည့်သတင်းကို ဦးဥာဏ်ဝင်းက ယနေ့ ညနေ ၄နာရီကငြင်းဆိုလိုက်သည်။

“ကျွန်တော်တစ်ခါတည်းပြောမယ် NLD လွှတ်တော်မတက်ဘူးလို့ဘယ်တုန်းကမှမပြောဘူး။ဆုံးဖြတ် ချက်လည်းလုံးဝမရှိဘူး ” ဟု ဦးဥာဏ်ဝင်းကပြောသည်

ဧပြီလ ၂၃ ရက်ခေါ်ယူကျင်းပမည့် လွှတ်တော်အစည်းအဝေးသို့ NLD အနေဖြင့် တက်ရောက်မည် မ ဟုတ်ဟု အွန်လိုင်းတွင်ပျံ့နှံ့နေသည့် သတင်းနှင့်ပတ်သပ်၍ ပေါ်ပြူလာနယူးဂျာနယ်မှ ယနေ့ညနေတွင် NLD ရုံးချုပ်သို့သွားရောက်ပြီး ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံးမေးမြန်းခဲ့သည့်တွင် ၄င်းကအထက်ပါအတိုင်း ပြန်လည်ပြော ကြားခဲ့ခြင်းဖြစ်သည်။

“၂၃ ရက်နေ့မှာ ကျွန်တော်တို့လွှတ်တော်မတက်ဖြစ်ဖို့များတယ်။ မတက်နိုင်ဘူးလို့ ကျွန်တော်မပြော ဘူး”ဟု ၄င်းကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ အောင်နိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အပါ အ၀င် ဒီချုပ်ကိုယ်စားလှယ်များအား ဧပြီလ ၂၃ ရက် တွင်လွှတ်တော်တက်ရောက်ရန်ဖိတ်ကြားထားပြီး လွှတ်တော်တက်ရန်ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ၄င်းတို့အနေဖြင့် လက်မခံနိုင်သည့် စကားစုအချို့အား ပြင်ဆင်ရန်နှောင့်နှေးနေသောကြောင့် ယင်းနေ့တွင် လွှတ်တော်တက်ရန်မှာ ဖြစ်နိုင်ဖွယ်မရှိ သေးကြောင်း ဦးဥာဏ်ဝင်းကဆိုသည်။
 
Popular Myanmar News Journal
NLD လွှတ်တော်လုံးဝမတက်ဘူးဆိုသည်မှာမ ဟုတ်ဟု ဦးဥာဏ်ဝင်းငြင်းဆို NLD လွှတ်တော်လုံးဝမတက်ဘူးဆိုသည်မှာမ ဟုတ်ဟု ဦးဥာဏ်ဝင်းငြင်းဆို Reviewed by သစ်ထူးလွင် on 06:20 Rating: 5

43 comments:

Ko Werty said...

ပြည်သူ အားလုံးရဲ့ သဘောကတော့ NLD လွှတ်တော် (၂၃-၄-၂၀၁၂) ရက်နေ့မှစ၍ တက်စေချင်(တက်စေချင်) သည်။ လွှတ်တော်ထဲရောက်ပြီးမှ ပြင်စရာရှိတာ ပြင်စေလိုသည်။ မဲပေးခဲ့တာ လွှတ်တော် သို့ အစောဆုံးတက်ရောက်ရန်ဖြစ်ပါသည်။

မီးအိမ် said...

လွှတ်တော် တက်ဖြစ်အောင်တက်ကြပါခင်ဗျား၊ ရုန်းကန်ခြင်းရှိနေသောသူအတွက် အောင်မြင်ခြင်းအတွက် အခွင်းအလမ်းသည် မဝေးကွာစွာဖြင့် ရောက်ရှိမှာဖြစ်ပါတယ်၊

ayesoe said...

NLD ကိုကျွန်တော်တို့မဲပေးခဲ့တာ လွှတ်တော်ထဲအရောက်သွားပြီးပြည်သူအကျိုးစီးပွားကို လုပ်ဆောင်ပေးဖို့မဲပေးခဲ့တာပါ။ပြည်သူတွေရဲ့ မျှော်လင့်ချက်ကိုမပြောပလောက်တဲ့ စကားလုံးလေးနဲ့ ဖျက်ဆီးမပစ်ပါနဲ့။လွှတ်တော်ထဲရောက်သွားရင် ဒီစကားလုံးဆိုတာမပြောနဲ့ ဥပဒေတစ်ခုလုံးတောင်ပြင် ပစ်နိုင်ပါတယ်။

ဖိုးသား said...

NLD လွှတ်တော် မတတ်ဘူးဆိုသည်မှာ လုပ်စားနေသော ပြည်ပရောက်နိုင်ငံရေးသမားများ မိမိတို့၏စားခွက်ပျောက်လာခါနီးလို့ ဖွလုံးဖြစ်လိမ့်မယ်ဟုယူဆရပါသည် အထူးသတိထားသင့်ပါသည် ။

ကိုကိုညို said...

သတင်းဝင် ဖတ်ကြသူများ ခင်ဗျား ဒီကိစ္စကို လေးလေးနက်နက် တွေးကြဖို့တိုက်တွန်းလိုပါတယ်။ကျမ်းကျိန်တဲ့ ကိစ္စ အရေးမကြီးရင် အမေစုက စကားထဲ ထဲ့ပြောမှာ မဟုတ်ပါဘူး အမေစုဟာ သူ့ဘဝကိုစွန့်ပြီး ပြည့်သူ့မျက်နာ ပြည်သူ့အတွက် စွန့်လွတ်အနစ်ခံပြီးလုပ်နေတာ အားလုံး အမြင်ပါ၊အမေစု ဟာမြန်မာပြည်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကမ္ဘာကတောင် သိတယ် သတိထားပြီးစောင့်ကြည့် ကြပါစို့

Nyein Chan said...

တတ်ဖြစ်အောင်တက်ရောက်ကြပါရန် တိုက်တွန်းအပ်ပါတယ်ခင်ဗျား၊ မှားနေသောအရာများများစွာရှိနိုင်ပါတယ်။ အပြင်မှာထက်စာရင် အထဲမှာပိုမြင်နိုင်မယ်ထင်ပါတယ်၊ ပြည်သူအားလုံးတွက် ၊ အများ၏မျှော်လင့်ချက်ပါ။

Rainbow Worrior said...

တိုတိုပဲပြောမယ်။ မတက်ရင် နောက်ဘယ်တော့မှ ပြည်သူတွေအတွက်ဆိုတဲ့ စကားကိုမပြောနဲ့တော့။ NLD ပါတီဆိုတာလည်း မလိုအပ်တော့တဲ့အတွက် ပါတီကိုလည်း ဖျက်သိမ်းလိုက်တော့။ ဒေါ်စုလည်း အင်္ဂလန်ပြန်တော့။

အနိစ္စ ဒုက္ခ အနတ္တ said...

NLDမှ ကျန်ရှိ ပညာအလွန်တတ်သော အမျိုးသားကြီးများအတွက် Hollywood မှ the men behind THE LDAY ဇာတ်ကားကြီးရိုက်ကူး၍ ဂုဏ်ပြုပေးပါတော့မည်။
ဒါမှလည်း လူရာဝင်တော့မှာပေါ့။ Role တင်ပေးကြပါဦး။ ဒါနဲ့စကားမစပ် NLD မှာ အဖွဲ့အစည်းပေါင်းစုံသူလျှို ဘယ်နှစ်ယောက်ရှိလဲမသိဘူးနော်။ SALT movie တောင်သွားသတိရတယ်..

shingyi said...

ဝန်ကြီးချုပ်Cameron တိုင်း၇င်းသားအားလုံးကိုပြောတဲံအမှာစကားသတိထားပါ။သူသိပ်တတ်တယ်။
ဦးဥဏ်ဝင်း စကားသိပ်မပြောတာကောင်းတယ်။အမေစုကောင်းကောင်းနားလည်ပါတယ်။

60P said...

ဒီလူကြီးလည်းစစ်အစိုးရလိုဖြစ်လာပီ။စကားကိုပလောင်းပလဲနဲ့ ။အမှားကိုမှားတယ်လို့အပြောတတ်တာအာဏာရသူတွေပဲ။သူတို့လည်းဒါနဲ့ပြက်စီးတော့မယ်။ခက်တယ်လူတွေ။နည်းနည်းအာဏာရလာရင်ပါဝါပြချင်လာတယ်။

တောကအောင်မင်း said...

မိတ်ဆွေတို့ကြားဖူးမှာပါ လူမှာကတိ မင်းမှာသစ္စာ ကျမ်းကျိန်ပြီးမှလုပ်ချင်တာလုပ်ရင် အရင်လူတွေလိုပဲဖြစ်မှာပေါ့ သစ္စာကိုလေးစားတဲ့လူအတွက်ဘယ်လောက်အရေးကြီးလဲဆိုမသိရင် သင်လဲ ပြောချင်တာပြောလုပ်ချင်တာလုပ်မယ့်လူမျိုးပဲဖြစ်ရမယ်...အော်....လူတွေလူတွေ

goldinnwa.US said...

ဆန္ဒလေးတွေမစောကြဖို့နဲ့ဖိအားတွေမပေးမိဖို့လိုမယ်ထင်ပါတယ်။

moethout said...

သမ္မတကြီးကတောင်မိဘပြည်သူတွေအတွက်ဆိုပြီးလက်တွဲဆောင်၇ွက်နေပြီ။လွှတ်တော်ထဲကိုဝင်ပြီးပြင်သင့်တဲ့ဥပဒေတွေကိုပြင်ပါလို့ပြောထားတာတောင်ဒီလူတွေကစကားလုံးအချို့ကိုအကြောင်းပြပြီးလွှတ်တော်တော်တော်နဲ့မတက်ဘူး။
သိပ်ပြီးတော့အဓိပါယ်မ၇ှိဘူးလို့တော့ထင်တယ်။ပြီးတော့သိပ်ပြီးလဲကြီးကျယ်လွန်းနေတယ်ထင်တယ်။

Myanmar said...

ပြည်သူတွေအတွက် ကောင်းတာလုပ်တာမှန်သမျှ ပြည်သူတစ်ယောက်အနေနဲ့ သဘောတူပါတယ်။လွှတ်တော်ကိုတော့ တက်စေချင်ပါတယ်။ နိုင်ငံရေးကို
သေသေချာချာ နားမလည်တာတော့ အမှန်ပါ။စိတ်ဝင်စားတာလဲ အမှန်ပါ။

KO NAING said...

ကိုကိုညို comment ကိုထောက်ခံပါတယ်။ လိုအပ်ရင်ယူသုံးပါရစေ။
တစ်ချို့ site တွေမှာနိုင်ငံအတွက်ဘာမှလဲစွန့်လွှတ်အနစ်နာခံတာလဲမရှိသေး| နိုင်ငံရေးကိုသူတို့ကပဲအမေစု| NLD တို့ထက်ပိုတတ်ပိုသိသလိုcomment များနဲ့NLD ကိုအပုတ်ချဝါဒဖြန့်နေတဲ့ဖွတ်ဝါဒဖြန့်သမားတော်တော်များများတွေ့နေရပါတယ်။ဒါကြောင့်အပေါ်ယံသာမြင်တတ်ကြည့်တတ်တဲ့လူတစ်ချို့နဲ့လူငယ်များဇဝေဇဝါဖြစ်လာနိုင်ပါတယ်။ သတိထားစေလိုပါတယ်။ရိုးသားခြင်းမရှိသောကြောင့်မြန်မာ့နိုင်ငံရေးသည်တစ်ခြားနိုင်ငံများလို simple မဟုတ်ဟုမြင်ပါသည်။

ဇော်ဇော် said...

ကိုကိုညှိ ကိုထောက်ခံပါတယ်။ ကျမ်းကျိန်တယ်ဆိုတာ ပီပီရောလုပ်လို့ရတာမဟုတ်ပါဘူး NLD ရဲ့ရည်ရွယ်ချက်က စစ်တပ်ကိုအသားပေး ရေးဆွဲထားတဲ့ အခြေခံဥပဒေ ကိုပြင်ဖို့ပါ ဒါကိုကာကွယ်စောင့်ရှောက်ပါ့မယ်လို့ ကျိန်လိုက်မယ်ဆိုရင် ဘယ်လိုပြင်တော့မလည်း သတင်းကိုသေချာဖတ်ပြီးမှဝေဖန်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်...

tertee said...

ဖြစ်သင်.ပါတယ်
ပါတီမှတ်ပုံတင်စဉ်ကတောင် ..ဖွဲ.စည်းပုံ ကာကွယ် တာကနေ
လေးစားလိုက်နာပါမည်လို. ပြောင်းပေးနိုင်ခဲ.တာဘဲ..
အခုလဲ ဘာထူးတာ မှတ်လို. စကားရပ် ခြင်းက အတူတူဘဲလေ
ပြောင်းပေးနိုင်ရမှာပေါ.
ဥပမာ
ဗမာကို မြန်မာလို.ပြောင်းတဲ.အခါ..မျက်နှာဖုံး က ခေါင်းစဉ်စာသားကိုဘဲပြောင်းပြီး..အတွင်းစာမျက်နှာတွေမှာ
ဗမာလို. ဘဲဆက်သုံး ဘို. မဖြစ်နိုင်သလိုပေါ.
အခုကိစ က လဲ ကျမ်းကျိန်ရမဲ.ကိစ ဆိုတော. ပေါ.ပေါ.တန်တန် သဘောထားလို.တော.လဲမဖြစ်ဘူးလေ...
တဖက်ကလဲ အရင်ကတောင်ပြင်ပေးနိုင်လို.ပြင်ပေးပြီးသားကို
ဒီလို(.ဖွဲ.စည်းပုံ ကာကွယ်ရမည် ဆိုတဲ.စကားရပ်တိုင်း)ကို ပြင်ပေးနိုင်လိမ်.မယ်ထင်ပါတယ် ......သတိမထားမိတာဖြစ်နိုင်ပါ တယ် သမတကြီးအမျော်အမြင်ကြီးပါစေ......

TTMY said...

ပြည်သူအများက NLD ကိုလွှတ်တော်ထဲအရောက်သွားစေချင်လို့တခဲနက်မဲပေး
ခဲ့တာပါ၊ ဒီစကားလုံးလေးနဲ့လွှတ်တော်ထဲကိုမရောက်ဘူးဆိုရင်တော့မဲပေးခဲ့တဲ့
မဲဆန္ဒရှင်တွေကအားကိုးမှုလျော့နည်းသွားပါလိမ့်မယ်။ ဒီလိုအငြင်းအခုန်တွေနဲ့
ပဲပါတီအတွက်အနှစ် ၂၀နောက်ကျကျန်ခဲ့ပါပီ။ NLD ထဲမှာလဲခေါင်းမာတဲ့သူ
တွေရှိနေတာကိုပြနေတာပါဘဲ

nay said...

တချို့ ကိစ္စတွေမှာ ကျွန်တော်တို့တွေ မသိနိုင်တာအများကြီးရှိနေပါတယ်...ဆန္ဒတွေမစောပါနဲ့...အမေစု ဒီလိုလုပ်တာ အကြောင်းရှိပါလိမ့်မယ်....အဓိပ္ပာယ်မဲ့ လုပ်တာမဟုတ် လောက်ပါဘူး.....

Anonymous said...

အထက်က comments ပေးတဲ့သူတွေ စဉ်းစားကြပါ....
တနပ်စားညာဏ်လောက်နဲ့ မပြောကြပါနဲ့....
အသေအချာစဉ်းစားစေချင်ပါတယ်....မင်းတို့ပြောတာတွေက ဘာမမသိတဲ့
တဖက်က ထိုးနှက်နေတဲ့ လေသံတွေပါနေတယ်.....
အစကောင်းမှအနှောင်းသေချာမှာဖြစ်ပါတယ်..NLD က အမေဒေါ်စုက
စကတည်းက ရည်ရွယ်ချက်(၃)ချက်ချထားပီးသားဖြစ်တာ သိကြမှာပါ
မသိသေးရင်လဲ သိအောင်လုပ်ကြပါအုံး... ရမ်းသမ်းမပြောကြပါနဲ့...
ဒီအချိန်ဟာ အချိန်တိုင်းအရေးကြီးနေတယ်ဆိုတာ သတိထားကြပါခင်ဗျား..

naingoo said...

comment တွေလိုက်မေ၇းနေနဲ၇ှက်စ၇ာကောင်းတယ်
ကျမ်းကျိန်တယ်ဆိုတာကိုအ၇င်ဆုံးလေ့လာလိုက်အုံး..

demon said...

ဟုတ်ပါတယ် အမေစုကိုယုံကြည်ပါ။ကာကွယ်စောင့်ရှောက်ပါမည်နှင့် လေးစားလိုက်နာပါမည်မတူပါဘူး။သေချာစဉ်းစားနိုင်ကြပါစေ။

Remembrance for Anniversary said...

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ကို သေချာဖတ်ကြည့် စေလိုပါတယ်.... ပုဒ်မ ၄၃၃ ကနေ ၄၃၆ အထိ ပြင်ဆင်နိုင်တဲ့ ဥပဒေတွေပါ ပါတယ်...
ဒီပုဒ်မတွေဟာလည်း ဥပဒေတွေပဲမဟုတ်ဘူးလား....
ဒီလိုပြင်ဆင်နိုင်တဲ့ဥပဒေတွေနဲ့ပြင်ဆင်ခြင်းသည်ပင်လျင်
ကာကွယ်စောင့်ရှောက်နေတာပဲမဟုတ်ဘူးလား....
လေးစားလိုက်နာနေတာပဲမဟုတ်ဘူးလား....
ဒီထက်အရေးပေးရမှာတွေ ကျွန်တော်တို့နိုင်ငံမှာ အများကြီးရှိနေတယ်လေ....
အဲလို အရေးမပါတာတွေ အရာပေးခဲ့ကြလို့ မြန်မာပြည်ခုထိ ခုလိုဖြစ်နေတာ.... ကျွန်တော်တို့မဲပေးခဲ့တာ ခုလို ကလေးအလုပ်တွေလုပ်ဖို့မဟုတ်ဘူးဆိုတာ NLD သတိချပ်စေလိုတယ်.....

ko htat said...

ကိုဖြစ်စေချင်တာကို၇မ်းမေ၇းကြပါနဲ့
ဒီအစိုး၇မကောင်းတာလဲ ပြည်သူအားလုံး
သိနေတာပဲ NLD ကလူကြီးတွေကလဲ
အကောင်းဆုံဖြစ်အောင်လုပ်နေတာပါဘဲ
စာကြောင်းတကြောင်းဟာဘယ်လောက်
အေ၇းကြီးတယ်ဆိုတာသိဖို့တော့လိုမယ်
ခင်ဗျားတို့ပြောတလိုလွတ်တော်ထဲဝင်တ
ယ်ဆိုတာကလွယ်ပါတယ် NLD ကလဲ
ပြည်သူ့အတွက်၇ပ်တည်လာတာပါ

sean said...

မကြောက်တရား အားတင်းပြီး မဲပေးလို့ အနိုင်ရသွားတဲ့အမတ်တွေ လွှတ်တော်တက်စေချင်ပါတယ်..
တက်စေချင်တဲ့ အကြောင်းက ပြည်သူတွေရဲ့ဘဝရှေ့တလှမ်းတိုးရေး နှင့် NLD ပိုမိုခိုင်မာရေးအတွက်ဖြစ်ပါတယ်..

ကိုကို said...

ဘာမှပြောမနေကြပါနဲ့တော့.
အားလုံးက NLD ယုံကြည်ပြီးသားမို့၊ချစ်ပီးသားမို့မဲပေးခဲ့ပီးပီ။
ဒီစကားရပ်ဟာလဲ၊သန်းရွှေလုပ်ထားခဲ့တယ်ဆိုတာအားလုံးသိပါတယ်။
ခုချိန်မှာခေတ္တမေ့ထားလိုက်ပါတော့၊ အမေစုတို့ကိုပြည်သူတွေအနေနဲ့
အပြစ်မတင်ပါဘူး.လွတ်တော်တက်ဖြစ်အောင်တက်ကြပါ.

Anonymous said...

အန်တီစု လွှတ်တော်ထဲဝင်ရတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဟာ ပြည်သူတွေဘက်က အားသာချက်များတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ ပါ . . ဒါကြောင့်သူမ ဘာလုပ်လုပ် အကြောင်းမဲ့ မလုပ်ဘူးဆိုတာ အားလုံးသိပြီးသားပါ . . သမိုင်းတွင်မဲ့ လူတစ်ယောက်ရဲ့ စကားလုံးတိုင်း . .လှုပ်ရှားမှုတိုင်းဟာ အဓိပ္ပာယ် ရှိလိမ့်မယ် . . အကြောင်းရှိလိမ့်မယ်လို့  ယုံကြည်ပါတယ် . .

honey said...

ကြံ့ဖွတ်အရူးတွေချောက်ထဲပို့နေတာကို
နောက်ကပြည်သူတချို့ကဘာမှမသိပဲ
လွတ်တော်ထဲအတင်းဝင်ခိုင်းတာလဲ။
အမေစုလုပ်ကိုင်နေတာပြည်သူအတွက်သူ့
အတွက်တခုမှမပါဘူး။လွတ်တော်ထဲကိုကျမ်း
အလွယ်ကျိန်ပြီးမှအထဲမှာလုပ်ရကိုင်ရခက်နေမယ်ဆိုရင်
ဒို့ပြည်သူတွေဘာလုပ်ပေးလို့၇မလဲ။ဘယ်သူတာဝန်ယူမလဲ?
တခုခုယိမ်းယိုင်ခဲ့ရင်အမေစုကိုပဲအပြစ်တင်ကြတော့မှာ
ဒို့ပြည်သူတွေမဲတောင်ပေးချင်တိုင်းပေးလို့၇လို့လား။
သူတို့မစွမ်းနိုင်တော့လို့ဟပေးမှအမေစုကို
မဲထပ်ပေးနေရတာ..အရင်ပေးခဲ့တဲ့မဲတောင်
ဖျက်စီးခဲ့ကြတာအားလုံးသိတာပဲ။
ခုလည်းဘာအတွက်မပြင်သလဲ
သမ္မတကြီးကိုညှိပါ။အောက်ကလူတွေက
အာဏာရူးနေတယ်။သူတို့ကိုဘယ်သူမှလည်းမဲ
မပေးခဲ့ပါဘူး။

shingyi said...

Cameronတိုင်း၇င်းသားတွေကိုငြိမ်းချမ်းေ၇းအေ၇းကြီးကြောင်း၊ကျန်တဲ့အ၇ာလွတ်တော်မှာညှိလို့၇တယ်လို့ပြောတာလေးသတိ၇ကြပါ။confrontationမကောင်းပါ။negotiation ကောင်းပါသည်။ NLD လွှတ်တော်အမြန်ေ၇ာက်အောင်ကျိုးစား၇င်းဆုတောင်းခဲံ့၇ပါတယ်။
shingyi

ကိုကိုညို said...

အပေါ်က commentတွေ ဖတ်ကြည့်တာ ကျမ်းကျိန် တဲ့အကြောင်း ရေးတာသိပ်မတွေ့ရဘူး၊ အဓိက ကျမ်းကျိန်တာက ပြသာနာဖြစ်နေတာဗျ၊ ကျမ်းကျိန်းတဲ့အခါမှာ သုံးတဲ့ စာအုပ်ထဲမှာ ဘာတွေရေးထားလဲ သိကြလို့လား၊ကျမ်းထဲမှာပါတဲ့ဟာတွေက ကျိန်စာတွေဗျ၊ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်ပြီလဲ လုပ်ရသေးတယ် ပြင်းထန်တဲ့ ကျိန်စာတွေလဲ ခံပေးရအုံးမှာလား၊ကျမ်းကျိန်တာ သိတဲ့လူရှိရင်ပြောကြပါအုံးဗျာ၊
တရားရုံးမှာ သုံးတဲ့ကျမ်းထဲမှာ ကျိန်ရတဲ့ဟာတွေ ဖတ်ဖူးကြလား ဘယ်လောက်ပြင်းထန်လဲ လေ့လာကြည့်ကြပါအုံး။စွတ်မပြောကြပါနဲ့ မျှမျှတတတွေးပေးကြပါအုံး။

ဇာမဏီ said...

အန်အယ်ဒီ တစ်ခုခု ချိန်ဆနေပီဆိုရင် ၀င်ပြီး ဆွဲဖွချင်တဲ့ ငနဲတွေလည်း လိုင်းပေါ်မှာ အများသားပါလား။ နှစ်၂၀ လောက် ပြည်သူ့အတွက်ရပ်တည်ပေးခဲ့တဲ့ရပ်တည်ချက်တွေ၊ခိုင်မာတဲ့မူဝါဒ တွေဟာသူတို့ရဲ့အွန်လိုင်းပေါ်က၀ါးတား
တားထင်မြင်ချက်လေးတွေနဲ့သာပျောက်ကွယ်သွားရမယ်
ဆိုရင်ဖြင့် ခက်ရချည်ရဲ့ဗျာ။
မြင်အောင်ကြည့်တတ်ကြပါ၊ကြည့်တတ်သူတွေမြင်ကြပါတယ်။
မြင်တဲ့သူတွေသိကြပါတယ်။ ကွန်မန့် လေးလောက်နဲ့တော့ ၀ါဒ
မဖြန့်ကြပါနဲ့ ၊ တချို့ မြင်အောင်မကြည့်တတ်သေးတဲ့သူတွေဆို
ရင်တော့ ၀ိုးတားဝါးတား ဖြစ်သွားနိုင်ပါတယ် ။ သိသူတွေ
ဲပြုံးနေကြပါတယ်။

22051973 said...

အေးပါ အလကားနေ ဘေးထိုင်ပြီးတော့ အားနေလို.ဝေဖန်ပြီး Comment ပေးနေကြတဲ.. ရွှေဥာဏ်တော်စူးရောက်တဲ. ကိုကိုများ မမများခင်ဗျား။။။။ ခင်ဗျားတို. သိပ်သိသိတ်တတ်နေရင် ဖိနှိပ်ခံထားရတဲ. ပြည်သူတွေရဲ.ဘ၀တွေ ကို စာနာနားလည်တတ်မယ်ဆိုရင် ရှေ.ဆုံးကထွက်ပြီး ကိုယ်ကျိုးဆိုတဲ. အရာ မိသားစုဆိုတဲ. ဝေါဟာရတွေကို မျက်ကွယ်ပြုပြီး ဒီမိုကရေစီတိုက်ပွဲ ဆိုတဲ.အရာကို မြည်းစမ်းကြည့်ကြပါလား။ အနစ်နာခံပြီး စွန်.လွှတ်တိုက်ပွဲဝင်နေတဲ. သူတွေကို အားပေးကြပါ။။ သူတို. က ခင်ဗျားတို.ကျွန်တော်တို.ထက် ဘ၀နဲ.ရင်းပြီး အဲ့ဒီလူတွေရဲ. လှည့်ကွက်တွေကို ကောင်းကောင်းကြီး သဘောပေါက်နားလည်ထားတယ်ဆိုတာ မသင်ဘဲနဲ. ခင်ဗျားတို. သိသင့်ပါတယ်။။။စောင့်ကြည့်ကြပါ။။။။။။။

Sate Phwar said...

NLD ကို ဘယ်လိုစကားလုံးတွေနဲ့ ကျမ်းကျိမ်ရပစေ လွှတ်တော်ထဲ ၀င်ပါလို့ အရမ်းမပြောကြပါနဲ့။ ဒီလိုပဲလွှတ်တော်ထဲဝင်ပြီးပြင်ရင်ရမယ်လို့ထင်လို့လား။
ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြဌာန်းချက်အတိုင်းပြင်လို့ရမယ်လို့ထင်ပါသလား။
အခုရှုတ်မှ နောင်ရှင်း ပြောရမယ့်အရာတွေကို ပြောထားတာကောင်းတယ်။
ကျွန်တော်မကြိုက်ဆုံးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေက ပြင်လို့
မရတာဘဲ။ ပြင်ချင်တာတွေကို လွှတ်တော်ထဲမှာပြင်၊ ပြည်သူတွေဆီက ထောက်ခံမှုယူ။ ဒါပဲ။
နောက် NLD ကို လွှတ်တော်မတက်လို့အပြစ်ပြောတာ။ NLD ကတောင်းဆိုတာမှန်တယ်လို့ပြောတာတွေဘဲတွေ့ရတယ်။ အစိုးရကို
ဘယ်သူကမှ ဖိအားပေးတာမတွေ့ရဘူး။ အစိုးရကို ပြောင်းပေးဘို့
ပြောတာနည်းနေသလိုဘဲ။ ကျွန်တော့်စိတ်ထင်တော့ ပြည်သူတွေက
တခဲနက်တောင်းဆိုကြရင် ဖွဲ့စည်းပုံကို မပြင်ပေးနိုင်ဘူးလား။
သိပါရစေ။

လွတ်လပ်ရေးကောင်းကင် said...

ဒါလေးမှ ပြင်မပေးနိုင်ရင် လွှတ်တော်ထဲရောက်ပြီးမှ ဖွဲ့စည်းပုံကို ပြင်ဖိုမဖြစ်နိုင်တော့ဘူး ကိုယ့်လူတို့ ။ စကားလုံးတွေရဲ့အဓိပ္ပါယ်နဲ့ တာသွားမှုကို ဥပဒေသမားတွေက ပိုသိပါတယ် ။ အရပ်သုံး စကားတွေလို လွယ်လွယ် သဘောထားလို့ မရတာကတော့ အမှန်ပဲ ။

Anonymous said...

ဒါ.. နိုင်ငံရေးကစားကွက်တွေပါ.. အစိုးရက အင်အယ်လ်ဒီကို လွှတ်တော်ထဲအမြန်ရောက်လုပ် ဒီအချိန် သမ္မတကနိုင်ငံတကာမှာ မျက်နှာထွက်ပြ.. သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အတိုက်ခံကတောင် ထောက်ခံပြီး လွှတ်တော်ထဲတောင်ရောက်နေပြီလို့ပြော.. စသဖြင့် နိုင်ငံရေးကစားကွက်၊ လှည့်ကွက်တွေ အများကြီးပါ ရှုပ်ထွေးလွန်းလှပါတယ်။ သာမန်ပြည်သူတွေကတော့ လွှတ်တော်တက်စေချင်တာဆိုတော့.. တက်ခြင်း၊ မတက်ခြင်းကိုပဲ မြင်တတ်တာ သဘာဝကျပါတယ်။ ဒါပေမယ့် အင်အယ်လ်ဒီအနေနဲ့ကလည်း ခုချင်ခြင်း မတက်ချင်သေးလို့.. တခုခုအကြောင်းရှိလို့ ကလန့်ချင်လို့ကို ကလန့်နေတာ.. သူ့အဓိပါယ်နဲ့သူ ရှိမယ်ထင်ပါတယ်။ အစိုးရက သူတို့လိုချင်တဲ့ ချိန်သားကိုက်ဖြစ်အောင် လွှတ်တော်ထဲကို အင်အယ်ဒီကို မျှော်မှန်းထားတဲ့အချိန်ထက် စောပြီးခေါ်တယ်။ အင်အယ်ဒီ ဖက်ကလည်း လွှတ်တော်ထဲရောက်ရင် နိုင်ငံတကာနဲ့ ပတ်သက်တဲ့ ဖြစ်သင့်တဲ့ အခြေအနေ အခွင့်အရေးတွေ ချိန်သားကိုက်မဖြစ်သေးလို့ အကြောင်းပြချက်တစ်ခုနဲ့ ငြင်းတယ်.. ဒါအပေါ်ယံမြင်ရတဲ့ အခြေအနေပါ။ ကျွန်တော်တို့ မသိနိုင်၊ မမြင်နိုင်တဲ့ အခြေအနေအကြောင်းအရင်းတွေ များစွာရှိနေနိုင်ပါသေးတယ်။
ဒါပေမယ့် အင်အယ်ဒီ တောင်းဆိုထားတဲ့စကားလုံးဟာ အင်အယ်ဒီ ရွေးကောက်ပွဲဝင်နိုင်ဖို့အတွက် အခြေခံဥပဒေမှာကို သမ္မတကြီးက ပြင်ပေးထားပြီးသားပါ။ ဒါကြောင့် ကျမ်းကျိန်ရင်လည်း အခြေခံဥပဒေထဲက စာသားအတိုင်း လေးစားလိုက်နာပါမည်လို့ ပြောင်းပေးဖို့ အကြံပြု တောင်းဆိုထားတာဖြစ်တယ်။ ကလေးကလားဆန်စွာ အခုမှ အကြောင်းမဲ့ ဗလိုင်းကြီး တောင်းဆိုနေတာမဟုတ်ပါဘူး။ ပြီးတော့ ဒါတွေက အပေါ်ယံအကြောင်းပြမှုတွေပါ။ ကျွန်တော်တို့တတွေ အနေနဲ့ နောက်ကွယ်က အခြေအနေတွေကို မသိပဲ ဇွတ်ကြီး ဖိအားပေးပြောဆိုတာမျိုးကိုတော့ မဖြစ်စေချင်ပါဘူး။ တကယ်တမ်း ပြောရရင် ကျွန်တော်လည်း ၂၃ရက်နေ့မှာ အင်အယ်လ်ဒီကို လွှတ်တော်တက်စေချင်တဲ့အထဲမှာ ပါ..ပါတယ်။ ဒါပေမယ့် အရမ်းကြီး ပြီးစလွယ် အပြစ်မတင်ချင်ပါဘူးဗျာ.. သူ့အကြောင်းနဲ့ သူရှိမယ်လို့ ယုံတယ်..

komyo said...

ကျွန်တော်နားလည်သလောက်တော့ပြောပြချင်ပါသေးတယ် (တိမ်မရောင်နဲ့နက်
လွယ်မရောင်နဲ့ခက်)ဆိုသလိုပါ ဥပဒေကိုကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့
စကားစုသည်ပြုပြင်စရာမလိုပဲရှိရင်းစွဲကိုတသွေမတိမ်းကာကွယ်စောင့်ရှောက်ရ
မည်လို့အာဏာရှင်ဆန်ဆန်ဆိုလိုခြင်းဖြစ်နေပါတယ် လေးစားလိုက်နာပါမည်
ဆိုလို့ဆိုလိုခြင်းမှာရှိရင်းစွဲကောင်းမွန်တဲ့ဥပေးတွေကို လေးစားလိုက်နာပြီးတော့
မကောင်းတဲ့မလိုအပ်တဲ့ဥပဒေတွေကိုပြင်ဆင်ရမည်လို့ဆိုလိုခြင်းပါ နောင်နှစ်
ပေါင်းများစွါမှာ မည်သည့်အစိုးရတက်တက်ပါ ဥပဒေဆိုတာခေတ်နဲ့မလျှော်ညီ
ရင်ပြင်သင့်တာတွေကိုပြုပြင်ရမှာပါ။

Unknown said...

NLDပထမနေ့ တက်စရာမလိုပါဘူး။ ကျန်သူတွေတက်။အတည်ပြုပြင်။ နောက်နေ့ NLDတက်။ဘာခက်လဲ။

Weik Zar said...

သက်ဆိုင်ရာ ဌာနတွေ သမ္မတရုံး(presidential office)၊
ရွေးကောက်ပွဲကော်မရှင်(Election Commission)၊
အခြေခံဥပဒေခုံရုံး(Constitutional tribunal)၊
လွှတ်တော်(Hluttaws)၊စတာတွေက အချိတ်အဆက်မိမိ
မလုပ်တတ်ကြသေးတာ(သို့မဟုတ်)မလုပ်ကြတာကြောင့်
ဒီပြသာနာ ပေါ်လာရတယ်လို့ထင်တယ်။အစောကြီးထဲက
ပြီးနေရမယ့်ပြသာနာပါ။

su said...

Nld ခေါင်းဆောင်များအနေနဲ့ လိုအပ်တယ်ထင်လို့ သေချာဆုံးဖြတ်ပြီး တောင်းဆိုနေတာ ဖြစ်နိုင်ပါတယ်။ သူ့တို့က လက်တွေ့ကျကျ ရင်ဆိုင်တိုက်ပွဲဝင်နေရသူတွေပါ။ အပေါ်ယံအမြင်လေးတစ်ခုတည်းနဲ့ NLD ကို မဘေ၀န်စေချင်ဘူး။ ဝေဘန်မယ်ဆိုရင်လည်း အကျိုးအကြောင်း ဆီလျော်စွာ ချပြပြီး ဝေဘန်တာမျိုး ဖြစ်သင့်ပါတယ်။ အဲလိုမှ မဟုတ်ရင် ဝေဘန်ချက်ဟာ လမ်းဘေးကလူတွေ ဆဲ တဲ့ စကား အဆင့်မျိုးပဲ နေမှာပေါ့။

ကြယ်စင်မိုး said...

ဘာလုပ်သင့်တယ်ဆိုတာ.....အမေစုနဲ့NLD ကခေါင်းဆောင်တွေကပိုသိမှာပေါ့....အမေစုကခေါင်းဆောင်ကောင်းတစ်ယောက်ပါ.....ကျွှန်တော်တို့ကဆန္ဒတွေစောပြီးဝေဖန်ပြစ်တင်နေဖို့မသင့်ပါ.....

may said...

ပြည်သူတယောက် အနေနဲ. ဇဝေဇဝါ ဖြစ်သွားတာ အမှန်ဘဲ
ဒါပေမယ်. NLD ကိုတော့ စိတ်မပျက် ဘူ: ဆက်အားပေးနေမှာဘဲ
ပြည်သူတွေကို ရာစုနဲ.ချီပြီ: နိပ်စက်ခဲ.တဲ. အစိုးရကြတော့ တနစ်လောက် ကောင်းပြတာနဲ. ချီ:ကျူ:နေလိုက်ကြတာ
ဘာမဟုတ်တဲ. စကားလုံးလေးနဲ. လွှက်တော်မတက်ဘူ:လို. ဝေဖန်နေကြတဲ. လူတွေ နဲနဲလောက် ဥပဒေကို ပိုလေ.လာပြီ: မှ ဝေဖန် စေချင်တယ်
ဥပဒေမှာ စကားလုံးတလုံး စာတကြောင်: က ဘယ်လောက်အရေးပါတယ်ဆိုတာ သတိပြုစေချင်ပါတယ်
သိလွန်းတတ်လွန်းလို. ဝင်ပြောတာ မဟုတ်ပါ
ဒီလောက်ကိုကျိုးစွန့် အနစ်နာခံလုပ်ပေးနေတာတောင် အပြစ်ပြော အပုတ်ချနေတာ စိတ်မကောင်းလွန်:လို.

ဒီမိုအောင် said...

အမေစုလုပ်ဆောင်ချက်အားထောက်ခံပါတယ်.လွှတ်တော်ထဲကို စ၀င်ကတည်းကအခုလိုခပ်တင်းတင်းဝင်တာကောင်းပါတယ်.နိုင်ငံရေးဟာအင်မတန်သိမ်မွေ့တယ်လို့ကြားဖူးခဲ့တာအခုတော့တစ်ကယ့်လက်တွေ့ကိုမြင်နေရပါပြီ။ ဒီစကားရပ်လေးနှစ်ခုကတကယ်ကို အရေးကြီးပါတယ်။ဦးအောင်သောင်းကမနေ့ကbbcကိုပြောပါတယ်
သူတို့အဖွဲ့လဲဒီစာသားအတိုင်းသစ္စာဆိုခဲ့တယ်ပေါ့။ သူဆိုလိုချင်တဲ့
သဘောကတော့ဘာမှရေးကြီးခွင့်ကျယ်လုပ်စရာမရှိတဲ့စကားရပ် လေးကိုပေါ့။ သူတို့တစ်ဖွဲ့လုံးကဘာမှနားမလည်ပဲမဲလိမ်ပြီးလွှတ်တော်ထဲရောက်လာကြတာလေ။အမေစုယူထားတဲ့ဘွဲ့တွေကိုလဲကြည့်ကြအုန်းလေ။အခုပြည်သူတွေထဲကလဲအမေစုတို့ကိုလွှတ်တော်အရမ်းတက်စေချင်နေတယ်။အဲ့ဒီတော့ဒီကိစ္စနဲ့ပတ်သက်ပြီးNLD အနေ နဲ့ပြည်သူအားလုံးသဘောပေါက်နားလည်အောင် ကြေ ညာချက်လေးထုတ်ပေးရင်းကောင်းပါမယ်။တော်ကြာပြည်သူ ကမဲပေးထားတာဆိုတော့အမေတို့အပေါ်နားမလည်ပဲအမြင် စောင်းသွားရင်မကောင်းဘူးလေ

ဒီမိုအောင် said...

အမေစုလုပ်ဆောင်ချက်အားထောက်ခံပါတယ်.လွှတ်တော်ထဲကို စ၀င်ကတည်းကအခုလိုခပ်တင်းတင်းဝင်တာကောင်းပါတယ်.နိုင်ငံရေးဟာအင်မတန်သိမ်မွေ့တယ်လို့ကြားဖူးခဲ့တာအခုတော့တစ်ကယ့်လက်တွေ့ကိုမြင်နေရပါပြီ။ ဒီစကားရပ်လေးနှစ်ခုကတကယ်ကို အရေးကြီးပါတယ်။ဦးအောင်သောင်းကမနေ့ကbbcကိုပြောပါတယ်
သူတို့အဖွဲ့လဲဒီစာသားအတိုင်းသစ္စာဆိုခဲ့တယ်ပေါ့။ သူဆိုလိုချင်တဲ့
သဘောကတော့ဘာမှရေးကြီးခွင့်ကျယ်လုပ်စရာမရှိတဲ့စကားရပ် လေးကိုပေါ့။ သူတို့တစ်ဖွဲ့လုံးကဘာမှနားမလည်ပဲမဲလိမ်ပြီးလွှတ်တော်ထဲရောက်လာကြတာလေ။အမေစုယူထားတဲ့ဘွဲ့တွေကိုလဲကြည့်ကြအုန်းလေ။အခုပြည်သူတွေထဲကလဲအမေစုတို့ကိုလွှတ်တော်အရမ်းတက်စေချင်နေတယ်။အဲ့ဒီတော့ဒီကိစ္စနဲ့ပတ်သက်ပြီးNLD အနေ နဲ့ပြည်သူအားလုံးသဘောပေါက်နားလည်အောင် ကြေ ညာချက်လေးထုတ်ပေးရင်းကောင်းပါမယ်။တော်ကြာပြည်သူ ကမဲပေးထားတာဆိုတော့အမေတို့အပေါ်နားမလည်ပဲအမြင် စောင်းသွားရင်မကောင်းဘူးလေ

Powered by Blogger.