အင်္ဂါနေ့ လွှတ်တော်တွင် NLD အရေး အဆိုမတင်နိုင်သေး

 နေပြည်တော်တွင် အင်္ဂါနေ့မနက်ပိုင်းက ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျမ်းသစ္စာကျိန်ဆို လွှတ်တော်တက်ရေးနှင့် ပတ်သက်၍
မေးခွန်းထုတ်မှုနှင့် အဆိုတင်သွင်းမှု တစုံတရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း သိရသည်။

“အဲဒီကိစ္စ အဆိုတင်တာတွေ မရှိသေးဘူးဗျ။ တည်ရှိဆဲ၊ မပြီးပြတ်သေးတဲ့ agenda တွေအတိုင်းပဲ သွားနေပါတယ်” ဟု လွှတ်တော်သို့ သတင်းတက်ရောက်ယူနေသော မဇ္ဈိမ သတင်းထောက် လင်းဘိုဘို က ပြောသည်။

ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ အနိုင်ရရှိခဲ့သော NLD အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုမည့် စာသားပြုပြင်ပေးရန် နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာရုံးများသို့ စာရေးသားပေးပို့ အကြံဉာဏ်ပြုထားဆဲ ဖြစ်သည်။
3paliman3
ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျမ်းသစ္စာကျိန်ဆို လွှတ်တော်တက်ရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုနှင့် အဆိုတင်သွင်းမှု တစုံတရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း သိရ (ဓါတ်ပုံ မဇ္ဈိမ)

ထိုကိစ္စနှင့် ပတ်သက်၍ အဆိုတင်သွင်းနိုင်ရန်အတွက် လွှတ်တော်တက် ကိုယ်စားလှယ်များအကြား တိုင်ပင်
ဆွေးနွေးမှုများလည်း ရှိနေကြောင်းလည်း သိရှိရသည်။

“လွှတ်တော်အမတ်တွေကလည်း သူတို့ဟာနဲ့သူတို့ ညှိနှိုင်းမှုတွေ ရှိတယ်ဗျ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဆိုတင်မယ်ပေါ့။
ထောက်ခံပေးဖို့ပေါ့။ ကြံ့ခိုင်ရေးကိုလည်း ညှိနေကြတာပဲ။ မနေ့က အနေအထားအရတော့ ကြံ့ခိုင်ရေးက နည်းနည်း မာတဲ့ သဘောထား ရှိတယ်။ ဒီလိုပဲ လိုက်ပြီး negociate လုပ်ကြတာပေါ့။ ဒေါက်တာမြတ်ဉာဏစိုးတို့၊ ဒေါက်တာ
အေးမောင်တို့။ ဒီ တတိယအကြိမ် အစည်းအဝေးမှာ တင်နိုင်ဖို့ ကြိုးစားနေကြတယ်” ဟု သတင်းထောက် လင်းဘိုဘို က ပြောသည်။

အခြေခံဥပဒေတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကတိသစ္စာပြုရမည်ဆိုသည့် ပုဒ်မ ၁၂၅ (ခ)အတွက် ဇယား ၄ ပါ စာသားတွင် “နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး” ဟု ပါရှိနေရာ NLD အနေဖြင့် “လေးစားလိုက်နာပြီး”ဟူ၍ ပြင်ဆင်ပေးရန် အကြံပြုထားခြင်း ဖြစ်သည်။

သို့သော် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆိုပါ ပြဋ္ဌာန်းချက် ပုဒ်မ ၁၂၅ အား ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းက စတင်တင်ပြလာပါက ပြည်ထောင်စုလွှတ်တော်က လက်ခံ
ဆွေးနွေးမည် ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ပိုင်ခွင့်ရှိမည်ဖြစ်သည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီမှ ၃၄၃ ဦး၊ အခြားနိုင်ငံရေးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁ဝ၅ ဦးတို့ ရှိကာ တပ်မတော်သားကိုယ်စားလှယ်အဖြစ် ၁၆၆ ဦး ရှိနေသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက် ဖြစ်သည့် ဧပြီလ ၂၄ ရက်နေ့ အစည်းအဝေးကို တနာရီခန့်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှ အရွေးချယ်ခံ NLD ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိသေးပေ။

သို့သော် ယခု တတိယ အစည်းအဝေးများအတွင်း ရလဒ် တစုံတရာ ပေါ်ထွက်လာနိုင်ကြောင်း ၂ဝ၁ဝ ရွေးကောက်ပွဲမှ
ရွေးချယ်ခံ NLD ပါတီဝင် ဒေါက်တာမြတ်ဉာဏစိုး က မဇ္ဈိမကို ပြောဆိုသွားသည်။

ကိုပေါက် နယူးဒေလီ (မဇ္ဈိမ) ။       ။
အင်္ဂါနေ့ လွှတ်တော်တွင် NLD အရေး အဆိုမတင်နိုင်သေး အင်္ဂါနေ့ လွှတ်တော်တွင် NLD အရေး အဆိုမတင်နိုင်သေး Reviewed by သစ်ထူးလွင် on 17:34 Rating: 5

10 comments:

Unknown said...

အတိုက်ခံတွေနဲ့ အမြဲရှိနေတဲ့သူဟာ တချိန်ကျရင် အောင်မြင်မှု့ပန်းတိုင်ကို မားမားမတ်မတ် ရောက်ရှိမဲ့သူပါဘဲ့ဗျာ...အဲဒါဖြစ်သင့်တဲ့အရာပါဘဲ့...
သူတို့တွေဘယ်လောက်ဘဲ့လုပ်လုပ်ပါ အင်အယ်ဒီက တော့စင်မြင့်ထက်ကပါဘဲ့ဗျ....

moepyar said...

သမ္မတကြီး ဘာလုပ်နေပါသလဲ
လွတ်တော်ထဲက စစ်အာဏာရှင်အမတ်တွေက အမေစုလွတ်တော်ထဲ
ရောက်လာမှာကို တော်တော်ကြောက်နေပုံရတယ်
မိန်းမတစ်ယောက်ကို ဒီလောက်ကြောက်နေရင် အဲဒီကောင်တွေကို
ထဘီ ပဲ ၀တ်ခိုင်းထားလိုက်ပါတော့
မမှန်တာကို လုပ်ထားတဲ့သူတွေဆိုတော့လဲ ကြောက်မပေါ့
ဒါပေမယ့် သမိုင်းကြောင်းက ဖုံးလို့ မရပါဘူး
ဘူးပေါ်သလို ပေါ်လာမှာပါ

ဖိုးစလုံး said...

လွတ်တော်မှာ အဲဒီရှေ့က တူလိုလိုဟာက ဘယ်လိုကြောင့်ပါတာလဲ။ အဲတာကို ဘာလို့ ခေါ်လဲမသိဘူး။ သိရင် ပြောပေးကြပါခင်ဗျာ။ မကြေနပ်ရင် ထုမလို့လား သိဘူး။ ဟီးဟီး

ဖိုးစလုံး said...

လွတ်တော်လုပ်ရင် ရှေ့က တူလိုလိုဟာက ဘယ်လိုခေါ်လဲ မသိဘူး။ ဘာအတွက် အဲတာကြီးကို ထမ်းပြီး လမ်းလျောက်ရတာလဲ။ ပြီးရင် လွတ်တော်လုပ်နေတဲ့ အချိန် စင်တခုမှာ တင်ထားတယ်။ ဘာအတွက်များလဲ မသိဘူး။ သိသူများ ကျေးဇူးပြုပြီး ရှင်းပြပေးပါခင်ဗျာ။

Anonymous said...

ကယ်ကြပါအုံးတော်တို့ရေ
အဲဒီလိုကုန်းအော်လိုက်ချင်တော့တယ်
အခုတော့အမူလွန်ပြီးအပျိုကြီးလင်မရတော့မဲ့ကိန်းဆိုက်နေပြီ၊
ဘယ်တတ်နိုင်မလဲရှာကြပါအုံးပေးစားကြပါအုန်းပေါ့။
အဲဒီလိုများမမူခဲ့မိရင်ဒီအချိန်မှာတင့်တောင့်တင်တယ်နဲ့ခန်းနားတဲ့ Wedding
မှာအားလုံးက၀မ်းပန်းတသာ၊လူလိုနတ်လို၊အားလုံးကကြေနပ်ကြမှာပါ။
နောင်သာထပ်မမူမိစေနဲ့တော့ပေါ့၊
သတို့သားလောက်ရှင်တို့ရေသဘောထားကြီးပေးကြပါနော်။
ပြည်သူအရေး၊တိုင်းအရေးမို့၊ချစ်စကိုသာရှည်ပါစေ၊မုန်းစကိုတော့တိုပါစေ။
အဲဒါမှတို့အမိနိုင်ငံကြီး၊နိုင်ငံတကာအလည်ဂုဏ်ယူဝင့်တည်နိုင်မလေ။
ကြံခိုင်ဖွံ့ဖြိုးရေးအသင်းမှကိုယ်စာလှယ်ကြီးများအားလုံး၊ NLD မှကိုယ်စာလှယ်များအားလုံး၊အခြားသောပါတီများမှရွေးချယ်ခံကိုယ်စာလှယ်များအားလုံးတဖွဲ့နှင့်တဖွဲ့၊လေးစားချစ်ကြည်စွဖြင့်တိုင်းပြည်အကျိုး၊ပြည်သူပြည်သားအားလုံးတို့အကျိုးအတွက်အတူတကွပူးပေါင်းဆောင်ရွက်နိုင်ပါစေ

sean said...

မဟော်သဓာ ဇတ်မဟာ မှာ
ကြင်နာ အစစ် မိခင်စစ် ကို
သိလိုပါကြောင့်
တယောက်ကိုလက် တယောက်ကခြေဘက်
သူ့ထက် ငါ အပြိုင်ဆွဲ စေတဲ့.....

မိခင်အစစ် ရင်သဲနှစစ်မှ
ရစ်ဖွဲ့ ကြင်နာ စေ့ဆော် ပါကြောင့်
နာသွားမည်တွေး သား လူလေး
ဘေးရန် ဝေးစေဘို့ လျှော့ကာဘဲ ပေး လိုက်မယ်
အမေ မဆွဲ တော့ ပါ ဘု....

သို့ပမာ ပြည်သူဟာ သားလှ လေးပါ
အတ္တများ နဲ့ တအားဘဲဆွဲကြတော့မှာလား
မုဒိတာ ပွားလို့ ငြိမ်းအေး တရား လျှော့ဖြေ တော့မှာလား..
သားလှလူလေး(တိုင်းပြည်) ၂ခြမ်း မကွဲဘို့ တွေး
စဉ်းစားပေး ကြပါခင်ဗျာ.................ယ

တိုးတက်အောင် said...

အများနဲ့အနည်း ...အကြပ်နဲ့ အလျော့....တင်းမာသူနဲ့ ပျော့ပျောင်းသူ..အားလုံးကိုရှုပ်နေတာပဲ...လိုချင်တာကဘာလဲ...ငါးသေးသေးလေးလား ..ငါးကြီးကြီးလား...ဘယ်သူကငါးသေးသေးလိုချင်လို့ ဘယ်သူကငါးကြီးကြီးလိုချင်တာပါလိမ့်နော်.....

Anonymous said...

သမ္မတဦးသိန်းစိန်ရဲ့ သြဇာအာဏာက လွှတ်တော်ထိ သက်ရောက်စိုးမိုးမှု မရှိတော့ဘူးလား.. အင်အယ်လ်ဒီကို ရွေးကောက်ပွဲ ၀င်ဖြစ်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့ပြီးမှ.. အခုဒီကိစ္စက သမ္မတကြီး ကြားဝင် ဆန္ဒပြုလမ်းညွှန်ပေးရင် ဖြစ်နိုင်မယ့်ကိစ္စလို့ ထင်ပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်အကြီးအကဲတွေက တကယ်တမ်း အင်အယ်လ်ဒီကို လွှတ်တော်ထဲ ရောက်စေချင်တဲ့ စိတ်ဆန္ဒထက်သန် ပြင်းပြနေရင် လွှတ်တော်ထဲက ကြံ့ခိုင်ရေး အမတ်တွေအားလုံးကလည်း ငြင်းဆန်ရဲပါ့မလား.. ထုံးတမ်းစဉ်လာအရ ဘယ်သူ့မျက်နှာကိုမှ မကြည့်ပဲ သူတို့ရဲ့ အကြီးအကဲ မျက်နှာကိုပဲ အရိပ်တကြည့်ကြည့်နဲ့ ကြည့်ပြီးလုပ်ကိုင်လေ့ရှိတဲ့ အရိုးစွဲနေခဲ့တဲ့ အလေ့အကျင့်က ဒီနေရာမှာ အသုံးမတည့်တော့ဘူးလား..
ဘာပဲဖြစ်ဖြစ် အားလုံးဟာ တိုင်းပြည်အပေါ် အမှန်တကယ် စစ်မှန်တဲ့စေတနာအသီးသီး ရှိကြရင် ဒီကိစ္စ ပြဿနာတစ်ခုလို ဖြစ်လာဖို့ မသင့်ပါဘူး.. နှစ်ဖက်စလုံးက အမျိုးသားရင်ကြားစေ့ ညီညွတ်ရေး ကြွေးကြော်နေကြပြီးတော့ ဒီကိစ္စလေးမှာမှ ညှိမရနှိုင်းမရဖြစ်နေကြရင် တစ်ခုခုတော့ လွဲနေပြီလို့ထင်ပါတယ်...
ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ်.. အင်နယ်လ်ဒီနဲ့ လက်ရှိအာဏာရ အဖွဲ့အစည်း ပူးပေါင်းပြီး လွှတ်တော်ထဲမှာ တိုင်းကျိုးပြည်ပြု ကိစ္စတွေ လုပ်ကိုင်နေကြတာကို အမြန်ဆုံး မြင်ချင်လှပါပြီဗျာ.. တိုင်းပြည်အကျိုး အမှန်တကယ် လိုလားကြသူတွေ ညီညွတ်ကြဖို့ အနူးညွှတ်တောင်းပန်ပါတယ်။

တြိရတနာ said...

ကျနော်တို့ ဂုဏ်ယူစရာ ၊ ဝမ်းမြောက်စရာ သတင်းတစ်ခုသတိပြုမိပါတယ်။ အဲဒါကတော့ ဒီနေ့တပ်မတော်နဲ့ခေါင်းဆောင်တွေ ကမ္ဘာ့သတ္တိအပြောင်မြောက်ဆုံး ဆုတဆိပ်ဆွတ်ခူးဖို့ပါ။အဲဒီဆုကိုတော့ ဒီအချက်တွေနဲ့ကြည့်ပေးပါမယ်။
၁။ ကမ္ဘာ့နိုင်ငံအသီးသီးက တခြားတိုင်းပြည်တွေကို သြဇာလွှမ်းမိုးဖို့ ၊ အနိုင်ယူဖို့ကြိုးစားနေချိန် ကျနော်တို့ ခေါင်းဆောင်တွေက အိမ်ထဲမှာ တန်ခါးပိတ်ထားခံရတဲ့ မုဆိုးမတစ်ယောက်ထဲကို လွှမ်းမိုးဖို့ကြိုးစားအားထုတ်မှု။
၂။ ပစ္စည်းမဲ့ ၊ လက်နက်မဲ့ သံဃာထုအား ရက်စက်စွာသတ်ဖြစ်မှု။
၃။ ဆင်းရဲပြည်သူ သမီးပျိုများအား ငွေပေးစည်းရုံ ဖျက်စီးမှု တွေကို ဘယ်နှိုင်ငံမှ မပြုလုပ်နှိုင်သော လုပ်ရပ်များကို လုပ်ဆောင်ခဲ့မှု ဆက်လက်လုပ်နေမှုတို့ကို ကြည့်ရှုပြီး ဆုပေးမှာပါ။ ဆုရဲ့အမည်ကိုတော့ အများထံတောင်းခံပါမယ်။ ကျနော်ကတော့ ဆုနာမည်ကို ယမအုပ်လျှောင် လို့ပေးချင်ပါတယ်။ မိတ်ဆွေမျာလည်း တင်ပြကြပါ။

Unknown said...

ထောက်ပြမယ့်သူမ၇ှိလို့ကတော့အရင်တိုင်ပဲအားလုံးခေါင်းညိမ့်နေရမှာဘဲ၊နိုင်ငံ ရေးဆိုတာအပြိုင်ရှိမှမြိုင်နေမှာ

Powered by Blogger.