NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ်စာရင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစြု
ကည်ထံမှ... ပြည်သူလူထုများသို့ .....။ ========================= ယနေ့ ကြားဖြတ်ကောက်ပွဲရလဒ်သည် ပြည်သူလူထု၏ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်များ အောင်နိုင်မှုရကြောင်း သတင်းများတက်နေပါသည်။ ယခုလိုအချိန်မှာ... ထောက်ခံသော ပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ဝင်များ ပျော်ရွှင်ကြမည်မှာ သဘာဝကျပါသည်။ သို့ သော်လည်း.... တဖက်အဖွဲ့ အစည်း နှင့် ပုဂွိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်းဖြစ်စေနိုင်မည့် အပြောအဆို၊ အမူအရာ အလုပ်အကိုင်များ လုံးဝရှောင်ရှားရမည် ဖြစ်သည်။ ပြည်သူသူ၏အောင်နိုင်မှုသည်... သိက္ခာရှိသောအောင်နိုင်မှု ဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်အားလုံး အထူးသတိပြုစေလိုသည်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
Photo- Khu Daun
NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ်စာရင်း
၁။ ၀ါးခယ်မ ဧရာဝတီတိုင်း
၂။ မြန်အောင် ဧရာဝတီတိုင်း
၃။ မအူပင် ဧရာဝတီတိုင်း
၎။မြောင်းမြ ဧရာဝတီတိုင်း
၅။ဖျာပုံ၊ဒေးဒရဲ(အမျိုးသားလွှတ်တော်) ဧရာဝတီတိုင်း
၆။ ရေကြည် ဧရာဝတီတိုင်း
၇။ ပခုက္ကူ မကွေးတိုင်း
၈။ ရေစကြို မကွေးတိုင်း
၉။ မကွေး မကွေးတိုင်း
၁၀ ။ မြိုင် မကွေးတိုင်း
၁၁။ ပွင့်ဖြူ မကွေးတိုင်း
၁၂။ ကျောက်ပန်းတောင်း မန္တလေးတိုင်း
၁၃။ တံတားဦး မန္တလေးတိုင်း
၁၄။ ပြင်ဦးလွင် မန္တလေးတိုင်း
၁၅။ မဟာအောင်မြေ မန္တလေးတိုင်း
၁၆။ မထ္တီလာ မန္တလေးတိုင်း
၁၇။ ဒက္ခိဏသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၈။ ဥတ္တရသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၉။ တောင်ငူ ပဲခူးတိုင်း
၂၀။ ထန်းတပင် ပဲခူးတိုင်း
၂၁။ လက်ပံတန်း ပဲခူးတိုင်း
၂၂။ က၀ ပဲခူးတိုင်း
၂၃။ ကော့မှူး ရန်ကုန်တိုင်း
၂၄။ ဒဂုံဆိပ်ကမ်း ရန်ကုန်တိုင်း
၂၅။ လှည်းကူး ရန်ကုန်တိုင်း
၂၆။ မရမ်းကုန်း ရန်ကုန်တိုင်း
၂၇။ မင်္ဂလာတောင်ညွန့် ရန်ကုန်တိုင်း
၂၈။ စစ်ကိုင်း စစ်ကိုင်းတိုင်း
၂၉။ ပုလဲ စစ်ကိုင်းတိုင်း
၃၀။ မင်းကင်း စစ်ကိုင်းတိုင်း
၃၁။ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် စစ်ကိုင်းတိုင်း
(အမျိုးသားလွှတ်တော်)
၃၂။ ကျွန်းစု တနင်္သာရီတိုင်း
၃၃။ လောင်းလုံ တနင်္သာရီတိုင်း
၃၄။ ပုသိမ် ဧရာဝတီတိုင်း
၃၅။ တောင်တွင်းကြီး မကွေးတိုင်း
၃၆။ နွားထိုးကြီး မန္တလေးတိုင်း
၃၇။ ပုဗ္ဗသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၈။ ဇဗ္ဗူသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၉။ မော်လမြိုင် မွန်ပြည်နယ်
၄၀။ သုံးခွ ရန်ကုန်တိုင်း
၄၁။ လားရှိုး ရှမ်းပြည်နယ်


D-Wave
NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ်စာရင်း NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ်စာရင်း Reviewed by သစ်ထူးလွင် on 02:38 Rating: 5

114 comments:

kotut said...

အမှန်တရား အင်အားကောင်းပါစေ။

Thurein said...

Ko Thit, is it final list?

အမြင်သစ် said...

၃ မြို့နယ်ကျန်သေးတယ်ဗျ။ဘယ်နယ်တွေလဲလုပ်ပါအုံး။ အခုထိမအိပ်ရသေးဘူး။

သုခ said...

မအိပ်မနေ အချိန်နဲ့အမျှတင်ပေးနေသော ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားများအားလုံးအားအထူးကျေးဇူးဥပကာရတင်ရှီပါကြောငိးနှင့်ပျော်ရွှင်ကြည်နူးရသောမြန်မာနှစ်ကူးအခါသမရ
ဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။

အမေ့သား said...

အကုန်လုံးအဖြေမသိဘဲ့နဲ့တော့မအိပ်နိုင်ပေါင်ဗျာ.....
ထိုင်စောင့်နေတယ်ဗျို့.... ၀မ်းသာလိုက်တာ...အမေ့ရဲ့NLD နေရာအားလုံးနိုင်ပါစေဗျား...

thura said...

i also wait 3 place news.. i cant sleep now..because i m very very happy .....

OZI said...

NLD - Land slide victory in 2012 by election
Good Advertisement-Good Products

It is first pace of peoples' victory to democracy. Total victory must be in 2015.

nyinyi tun said...

Happy myanmar

Unknown said...

အမေဒေါ်စုရဲ့ နောက်ကလိုက်ကြမယ်.... အမေဒေါ်စု ဘေးကချန်ရံလိုက်ကြမယ်... ဒို့ NLD နိုင်ပြီ၊ ဒို့ NLD နိုင်ပြီ....

Ko Tee said...

အမေစု ကျမ်းမာပါစေ အမေကျမ်းမာပါစေ အမေကျမ်းမာပါစေ အမေကျမ်းမာ ပါစေ အမေ့အပေါ်ပြည်သူတွေရဲ့သဘောထားကိုပြတ်သားစွာထုပ်ဖေါ်ခဲ့ပြီ

The Nature Myanmar said...

သူရဲကောင်းတို့ တိုင်းပြည်...
အာဇာနည်တို့ မွေးဖွားရာ တိုင်းပြည်...
ခွပ်ဒေါင်းတွေ အများကြီးရှိတဲ့ တိုင်းပြည်...
အဲဒီမှာ...လွတ်လပ်ရေးရဲ့ ဖခင်ကြီးရှိတယ်...
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးရဲ့ မိခင်ကြီးရှိတယ်...
တတိယမြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို ကမ္ဘာမြေအတွက် မွေးဖွားသန့်စင်ပေးလိုက်တဲ့ နေရာ...
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ထွန်းကါးတဲ့ပြည်...
ဒီမိုကရေစီရဲ့ သမီးပျို...
* A whole country full of gentle people...the New York Times
* There’s the fervently Buddhist locals, who might just be the world’s sweetest people...Lonely Planet
* The gentle, humorous, engaging, considerate, inquisitive and passionate people are living there...

Toe Toe said...

နေပြည်တော်ဥတ္တရ နဲ့ဒက္ခိဏသီရိ ၂မြို့နယ်ကျန်သေးတယ်အခြေအနေကောင်း
တယ်လို့ကြားတာဘဲ၊သိရင်တင်ပေးပါ့မယ်။

မျှော်ရဇ် said...

ကိုသစ်ထူးလွင်ရေ...ကျေးဇူးပါ။ အာရာရာအောင်မြင်ပါစေ။ ခွပ်ဒေါင်းတွေလည် ဘေးကင်းပါစေ။ ခြင်္သေ့တွေလည် အကြွေးကင်ပါစေ။

Toe Toe said...

နေပြည်တော်ဥတ္တရ နဲ့ဒက္ခိဏသီရိ ၂မြို့နယ်ကျန်သေးတယ်အခြေအနေကောင်း
တယ်လို့ကြားတာဘဲ၊သိရင်တင်ပေးပါ့မယ်။

Toe Toe said...

ကိုသစ်ရေ လိုင်းမကောင်းလို့ဖုန်းနဲ့လှည့်မေးနေရတာ ကျန်တဲ့နေရာသိရင်
တင်ပေးပါအုံး။ ဂျပု ကျော်ဆန်း ပြန်ကြားရေးမလုပ်တတ်ရင်ကိုဒီဆိုဒ်ကိုကြည့်
ထား။ပြည်သူကိုဒီလိုအသိပေးရတယ်ကွ။

AUSTIN said...

ကြားရတာအရမ်းရမ်းကျက်သရေအပြည့်....မင်္ဂလာရှိလိုက်တာဗျာ
...

ye said...

Thanks Ko Thit
I'm so happy now

Arlarwaka said...

၉၀ ကထဲကနိုင်ပြီးသားပါ

မောင်မှန် said...

ကိုသစ်နဲ့တကွ အချိန်နဲ့တပြေးညီတင်ဆက်ပေးနေတဲ့ သတင်းမီဒီယာ သူရဲကောင်းတို့ကို အထူးဦးညွတ်လျှက်ပါ... ထောင်ထဲဝင်လို့ အောင်ပွဲဆင်ခဲ့ရတာပါ စောင့်နေမယ် ၂၀၁၅မှာ ပြည်လုံးကျွတ်အောင်ပွဲခံဖို့..

diplomat said...

ဝမ်းသာလို့ကိုမဆုံးဘူးဗျ့ 
လက်ရှိအထိကို ၄၁နိုင်တဲ့အကြောင်းအိမ်ကအမေ့ကိုပြောတော့ ငိုပြီး
ဘေးအိမ်ကိုပြောတယ်ဗျာ့ 

Con Sweet said...

Very Very Happy

Great Congratulation NLD

myan pyae thu said...

Congratulation A May and our people for our victory!

akabikhu said...

ဝမ်းသာလို့ အိပ်တောင်မရဘူး

kyawminmin said...

ဒီလိုဘဲဖြစ်ရမယ်လေ ဒါသစ္စာပဲ

ကိုကိုကြီး said...

အေးဗျာ...ကြံ့ဖွံ့ဘက်ကလည်း...တတ်နိုင်သမျှလုပ်နေတဲ့ကြားက.... NLD နိုင်တယ်ဆိုတာ...အသည်းကြားကမဲပြားတွေကြောင့်ဘဲဗျာ...။ ဘယ်လောက်ဘဲ “မဲ” တွေညစ်နေတဲ့ကြားက အနိုင်ရတယ်ဆိုတာ...။ တော်ရုံတန်ရုံ NLD ကို ယုံကြည်တာမဟုတ်ဘူး ဆိုတာ..ပြည်သူ့လူထုမှသက်သေပြလိုက်ပါပြီ...။ NLD အဖွဲ့ဝင်များ အမတ်များအနေနဲ့တော့...ရောက်ရှိရာ လွှတ်တော်အမတ်နေရာတွေမှာ ပြည်သူတွေအတွက် ရဲ့ဝံ့စွာ မဟုတ်မှန်တာတွေကို .. တိုက်ပွဲဝင်နိုင်ပြီး ပြည်သူ့အကျိုးကို ရှေ့တန်းတင် နိုင်ပါစေလို့ ဆုတောင်းနေပါတယ်...။

ပြည်ချစ် said...

အန်တီစုနှင့်NLD..အဖွဲ့သားများကို..ဂုဏ်ပြုပါတယ်..
တိုင်းပြည်အကျိုးကို..စွမ်းဆောင်ပေးနိုင်ပါစေလို့..

Unknown said...

အရမ်း ကြည်နူး၊ ဝမ်းမြောက်မိပါတယ်။

သားသား said...

ဝမ်းသာလွန်းလို့ဘာရေးရမလဲတောင်မသိတော့ဘူး..

Sunmoon said...

Thank you Thit Htoo Lwin

aungaung said...

ကျန်ရှိနေသောအမတ်များ

ကလောမြို့ ဒေါက်တာဒေါ်သန်းငွေ

သနပ်ပင်မြို့  ဦးမြင့် ဦး
စစ်ကိုင်မြို့  ဦးခင်မောင်သိန်း
ကိုသစ်ရေဟုတ်ရင်အတည်ပြုပေးပါအုံး

phyo1980 said...

၄၅ နေရာမှာ ၄၁နေရာနိုင်တယ်ဟေ့.....တစ်နိုင်ငံလုံးဝမ်းသာနေကျပါတယ်ကိုသစ်ရေ...
သတင်းတွေကိုupdate ဖြစ်အောင်တင်ပေးနေတဲ့ကိုသစ်ကိုလည်းကျေးဇူးတင်ပါတယ်။

လွမ်းသူ said...

ပျော်လိုက်တာဗျာ ပြောမပြတတ်လောက်အောင်ပါပဲ အမေစု နဲ့  အတူ NLD အဖွဲ့သားအားလုံး ပျော်ရွှင် ကျန်းမာပါစေးလို့  အမြဲဆန္ဒပြုပေးပါတယ်ဗျာ....ကိုသစ်ထူးလွင် ကိုလဲ အကြောင်းအရာအားလုံးတင်ပြပေးတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်ဗျာ........မြန်မာပြည်သူပြည်သားတွေအားလုံး အမြဲ ပြုံးပျော် ကျန်းမာပါစေဗျာ............

လွမ်းသူ said...

ပျော်လိုက်တာဗျာ ပြောမပြတတ်လောက်အောင်ပါပဲ အမေစု နဲ့  အတူ NLD အဖွဲ့သားအားလုံး ပျော်ရွှင် ကျန်းမာပါစေးလို့  အမြဲဆန္ဒပြုပေးပါတယ်ဗျာ....ကိုသစ်ထူးလွင် ကိုလဲ အကြောင်းအရာအားလုံးတင်ပြပေးတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်ဗျာ........မြန်မာပြည်သူပြည်သားတွေအားလုံး အမြဲ ပြုံးပျော် ကျန်းမာပါစေဗျာ............

a said...

အမှန်တရားရဲ့အောင်ပွဲ။သိန်းစိန်နှင့်သူညစ်များနေပြည်တော်အခြေအနေကိုကြည့် ပြီးအမြင်မှန်ရဖို့ကောင်းပြီ၊မင်းတို့ဘေးကလူတွေတောင်မင်းတို့ကိုမဲပေးရဲ့လားလို့ စဉ်းစားဖို့ကောင်းပြီ၊

သူရ said...

နိုင်မယ်ဆိုတာ သေချာပေါက်သိနေတာပဲဗျာ..... အမေစုဘယ်အချိန်ထပြိုင်ပြိုင် သေချာပေါက်နိုင်ပြီးသားပဲ... တစ်ရေးနိုးလာမေးလဲ အမေစုမှ အမေစုပဲဗျို့.....

thiha said...

ပြည်သူတွေကအာဏာပေးခြင်းမဟုတ်။ကိုယ်စားဆောင်ရွက်စေခြင်းသာဖြစ်။

tmso said...

ကျန် ၃ နေရာ အခြေအနေ ပြောပြပေးပါ ကိုသစ်ရေ

J said...

100'/. won in all 44 seats.

Tony said...

်တကယ်ကိုအားရစရာကောင်းလိုက်တာဗျာ...တနိုင်ငံလုံးက ပြည်သူ့ဆန္ဒကို အစစ်အမှန်ဖော်ထုတ်ပြသလိုက်တာပဲဗျာ..ကြံ့ဖွတ်တွေကို ပြည်သူတွေဘယ်လောက်မနှစ်မြို့ဘူးလဲဆိုတာ..အထင်အရှားကြီးပဲ..

ေ၇ာသမမွှေ said...

အဝေးေ၇ာက်တနေ၇ာ ကျနော်ဝမ်းသာမျက်၇ည်တောင်ဝဲတယ်ဗျာ ကိုသစ်ကိုကျေးဇူးအထူးတင်တယ်ဗျာ

aungaung said...

အောင်ပွဲရNlD လွှတ်တော်အမတ်နေရာများ
၁။ကော.မှူး ရန်ကုန်တိုင်း
၂။လည်းကူး
၃။မရမ်းကုန်း
၎။မင်္ဂလာတောင်ညွန့် 
၅။ဒဂုံဆိမ်ကမ်း
၆။သုံးခွ
၇။မဟာအောင်မြေ မန်း
၈။ကျောက်ပန်းတောင်း
၉။တံတားဦး
၁၀။ပြင်ဦးလွင်
၁၁။မိတ်ထီလာ
၁၂။နွးထိုးကြီး
၁၃။ဝါးခယ်မ ဧရာဝတီ
၁၄။မြန်အောင်
၁၅။မအူပင်
၁၆။မြောင်းမြ
၁၇။(အမျိုးသားလွတ်တော်) ဖျာပုံ ၊ ဒေးဒရဲ
၁၈။ရေကြည်
၁၉။ပုသိပ်
၂၀။တောင်ငူ ပဲခူးတိုင်း
၂၁။ထန်းတပင်
၂၂။လက်ပန်တန်း
၂၃။ကဝ
၂၄။သနပ်ပင်
၂၅။စစ်ကိုင်း စစ်ကိုင်းတိုင်း
၂၆။ပုလဲ
၂၇။မင်းကင်း
၂၈။ကန့် ဘလူ၊ကျွန်းလှ၊ေ၇ဦး၊တန့် ဆည်(အမျိုးသားလွှတ်တော်)
၂၉။စစ်ကိုင်းတိုင်းဒေသကြီး ဒေါက်တာမြင့် နိုင်
၃၀။မကွေး မကွေးတိုင်း
၃၁။ေ၇စကြို
၃၂။ပခုကူ
၃၃။တောင်တွင်းကြီး
၃၄။မြိုင်
၃၅။ပွင့် ဖြူ
၃၆။နေပြည်တာ်၁
၃၇။နေပြည်တော်၂
၃၈။နေပြည်တော်၃
၃၉။နေပြည်တော်၎
၄၀။လောင်းလုံ တနသာင်္ရီတိုင်း
၄၁။ကျွန်းစုမြို့ 
၄၂။လားရှိုး ရှမ်ပြည်နယ်
၄၃။မော်လမြိုင် မွန်ပြည်နယ်
၄၄။ကလော ကယားပြည်နယ်
ကိုသစ်ရေ သတင်းအမှန်ဆိုတင်ပေးပါ
မှားတာပါရင်တော့  ၀မ်းသာလွန်းလို့ ရေးရတာပါ
မှတ်ချက်။ ကျန်တဲ့ လွှတ်တော်အမတ်ကိုတင်ပေးပါအုံး
သူ့ အတွက်လည်းဂုဏ်ပြုကြရအောင်လို့ ပါ

shwemashone said...

အမေစု...
ဘိတ်ပြည်သူတွေ
ယုံကြည်မှု့ အပြည့်နဲ့ အမေ့ကိုစောင့်နေတယ်
NLD ပါတီအပြတ်အသတ်နိုင်တဲ့အတွက်
ဘိတ်ပြည်သူတွေအရမ်းကို ၀မ်းသာနေကြတယ်.
အမေ...ကျန်းမာပါစေ...

Anonymous said...

အမြန်သိရလို့ ၀မ်းသာပါတယ်.. ကျေးဇူးအထူးတင်ပါတယ်.ကိုသစ်ထူး.

Anonymous said...

သတင်းတွေကို အဆက်မပြတ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်ရင် အနိုင်ရရှိသွားတဲ့ NLD ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးအကျဉ်းချုပ်တွေကိုလည်း သိချင်ပါသေးတယ်။

ကောင်းကင်သစ် said...

ကိုသစ်ထူးလွင် ရေ

အချိန်နဲ့ တပြေးတည်းညီ တက်ဆက်ပေးလို့ ကျေးဇူးအထူးတင်ပါတယ်။ အားလုံးကလည်း ကျေးဇူးတင်နေမှာပါ။ thithtoolwin.com ဆက်လက်အောင်မြင်ပါစေ။

kyatkalay said...

ပုသိမ် နဲ့  ကလော ကျန်တာ၊ ညကရုံးချုပ်ကကြေညာတော့နိုင်တယ်။ဘာတွေညင်းခုန်နေကြရသလဲမသိဘူး

chitthu said...

ကြက်သီးထမိပ့ါတယ်..........ပြည်သူလူထုရဲ.အောင်နိုင်မှု.NLD ၏
.အောင်နိုင်မှု....အတွက်...

Anonymous said...

ပေးလိုက်ပါပီ... ကျန်တာတွေမင်းဆက်လုပ်ပါ.... ငါ့ဘ၀ကို မင်းအတွက် ပေးလိုက်ပါပီ...

aba said...

ကလောမှာတော.စစ်အောင်မြတ်နှဲ.ကြံတွေညစ်ပြီထင်တယ်။အခုထိဘာသတင်းမှတက်မလာတော.ပါလား။ရှမ်းပြည်မှာဒီမိုကရေစီထွန်းကားပါစေ။

Unknown said...

goodmorning ko thit....
have a nice day ahead,,,thnx 4 sharing news,,,,
all the best to you....

azz said...

ကောင်းသောသတင်းပါ......

purewhite said...

မြန်မာ ပြည်သူတွေ မညံ့ဘူး၊ မပြိန်းဘူးဆိုတာပြနိုင်လိုက်တဲ့ပွဲပါ။ ဂုဏ်ယူပါတယ်။ စည်းရုံးရေးတွင်ပါဝင်ခဲ့သောအနုပညာရှင်များ၊ အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်မဟုတ်ပဲ စေတနာ့ဝန်ထမ်း တနိုင်တပိုင်စည်းရုံးပေးခဲ့ကြသောပြည်သူများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ပြည်သူတွေတော်တော်များများပျော်နေကြပါတယ်အမေ။ အမေတို့ရဲ့အနစ်နာခံခဲ့မှုတွေကို ပြည်သူတွေတရားဝင်အသိအမှတ်ပြုတဲ့ပွဲလေးပါ။

Anonymous said...

တစ်ညလုံးစောင့်ကြည့်ရင်းပျော်ရတာ
ဒီနေ့အလုပ်တောင်ခွင့်ယူထားရတယ်ဗျို့..

ဖိုးခွား ( Copy နည်းပညာများ) said...

ကျွန်တော်က ဧရာဝတီတိုင်း မြောင်းမြ မြို့နယ်ကပါ အခုလို မန်းဂျော်နီလဲ အနိုင်ရသွားတော့ အ၇မ်းဝမ်းသာမိပါတယ် ပျော်လဲပျော်ပါတယ် . . .
ဒီလိုဘဲဖြစ်ရမယ်လေ . . .။

David Henry said...

သြော်.. cosy... ရယ်အိပ်လိုက်ပါတော့။ မနက်မိုးလင်းတော့ သတင်းကောင်းဘဲ ကြားရမှာပါ။

ဖိုးခွား ( Copy နည်းပညာများ) said...

ကျွန်တော်က ဧရာဝတီတိုင်း မြောင်းမြ မြို့နယ်ကပါ အခုလို မန်းဂျော်နီလဲ အနိုင်ရသွားတော့ အ၇မ်းဝမ်းသာမိပါတယ် ပျော်လဲပျော်ပါတယ် . . .
ဒီလိုဘဲဖြစ်ရမယ်လေ . . .။

ဖိုးထူး(ဖျာပုံ) said...

အမေရေ...
ပြည်သူတွေဘက်ကတော့ တာဝန်မကျေဖူးလို့ထင်တယ်
အမှန်က ကျန်တဲ့နေရာတွေပါရသင့်တာ...
ခွင့်လွှတ်ဖို့တောင်းပန်ပါတယ်...
ဒါပေမယ့်...
ကျွန်တော်တို့ ဖျာပုံမှာတော့ တာဝန်ကျေပါတယ်နော် အမေ...

မိုးနတ် said...

စိတ်ချမ်းသာလိုက်တာဗျာ သတင်းတွေဖတ်ပီးတော့..စဉ်းစားမိတယ် ရှင်လိင်ပြန်ထောင်ထွက် မင်္ဂလာဆောင်တဲ့ ရက် အပြင် ဒီနေ့ကိုပါ ထပ် ထည့်လိုက် ချင် တယ်...

a nge said...

ကလော ပါဘူးလား ။

Shwe Mg said...

ဟုတ်တယ် ညကဖုန်းဆက်မေးတော့ 44 နေရာလုံးနိုင်တယ်တဲ့..ကျန်တဲ့ 3 နေရာက ဘယ်နေရာတွေလည်းပြောပါအုံးဗျို့...ကိုသစ်ထူးလွင်ရေ......

Anonymous said...

သိတ်ဝမ်းသာတယ်

amtkhunlay said...

ကလောမြို့နယ် အဖြေမထွက်သေးဘူးလား ကိုသစ်ရေ။

Anonymous said...

ဝမ်းသာလွန်းလို့ မျက်ရည်များတောင် လည်ရှာတယ် . . . ဆိုတဲ့ ကိုမင်းနောင် သီချင်းကိုတောင် ဆိုချင်မိတယ် . . ဒီနေ့ မှစ၍ "လူယုတ်မာများလက်မှ ကင်းဝေးကြစေကုန်သတည်း ". . .လို့ မြန်မာနိုင်ငံသားအပါအ၀င် ကမ္ဘာပေါ်ရှိ လူသား အားလုံးအတွက် အောင်နိုင်ခြင်းများနှင့်အတူ ဆုတောင်းပေးလိုက်ရပါသည် . . .

လွမ်းသူ said...

ပျော်တယ်ဗျာ ပြောမပြတတ်အောင်ပါပဲ......

MgMgHla said...

၂၂ နှစ်တာခရီးအတွင်း ဒုက္ခပေါင်းများစွာ ခါးစီးခံခဲ့သော အမျိုးသားဒီမိုကရေ စိအဖွဲ့ မှ နိုင်ငံရေး အကျဉ်းသား/သူ ဟောင်းများ လက်ရှိကျခံဆဲ နိုင်ငံရေးသမားများ သူတို့ နှင့်အတူ မျက်ရည်ကြီးငယ်ကျခဲ့ရသောမိသားစုများ၊ အမေသေတာကိုမသိလိုက်ရသောသားများ၊ သားသေတာကိုမသိလိုက်သောအမေအဖေများ။ အကို၊ညီ။မောင်နှစ်မ။ဦးလေး အစရှိသည်ဖြင့် တစ်ဦးတစ်ယောက်၏နိုင်ငံရေး ဇွဲသတ္တိကြောင့် ဒုက္ခကိုခါးစည်းခံခဲ့ရသောမိသားစုများအား သည်အောင်ပွဲမှ အပြုံးပန်းလေးတပွင့် လက်ဆောင် ပေးနိုင်သည့် အတွက် ခေတ္တမျှဖြစ်စေ ပျော်ရွင်မှုပေးနိုင်သည့်အတွက် အားလုံးအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျား

Anonymous said...

Wish for all of the Myanmar country and peoples peacefully.

Sugar Moon said...

အမေရေအရမ်းပျော်တယ်ဗျ

mg mg said...

I will come back to myanmar bcos i want to work in myanmar with our people, i trust AMAY SU. Im very happy for NLD. thanks ko thit htoo lwin

thiha said...

ဝမ်းသာလိုက်တာဗျာ ညက အိပ်လို့တောင်မပျော်ဘူး ထမင်းလည်းမစားနိုင်ဘူး ပျော်လို့ဗျ
၂၀၁၅ ကိုမြန်မြန်ရောက်ချင်ပါတယ်
ဂုဏ်ယူပါတယ် အမေစု

pyaponthu said...

မှန်မှန်ကန်ကန် သမာသမတ်ကြပါစေ.

အရှိအတိုင်း said...

အမေစု နိုင်ပြီ ဟူသောကြွေးကြော်သံများ 1.4.2012 ရက်နေ့ညပိုင်းတွင်ဗဟန်း မြို့နယ်တစ် ၀ိုက် လွင့်ပျံ............................

Nyein Chan said...

အနိုင်ရတဲ့စာရင်းဆိုတော့ ရှုံးတဲ့စာရင်းလည်း ရှိမှာပေါ့..အဲဒါတွေလည်းပြလေ

သုဘရာဇာ said...

ငါးမင်းဆွေရေ အမျှအမျှအမျှ
မအူပင်ခြင်ကြားရေ အမျှအမျှအမျှ

aung said...

ကြံ့ဖွတ်ကောင်တွေရေ မင်းတို့တွေအတွက်တော့နေစောင်းနေပြီကွ နေဝင်ဖို့ နည်း၂ ပဲလိုတော့တယ် ကိုယ့်အခြေအနေကိုယ်သိသင့်နေပြီကွ...

ANGELA SINGAPORE said...

we are very very happy .

Anonymous said...

ပုသိမ်မှာ ကြံဖွတ်မဲဆွယ်တယ် အိမ်ဂရံ၊ ကြာစံ ထုတ်ရယ်ပေးမယ် မဲပေးးကြပေါ့နော်။ အဲ့ဒါကိုလူထုက လေ 'ဂရံမလို ၊ ကြာစံမစား ၊ အမေစုသား' တဲ့လေ။

wai said...

ကြံ့ဖွတ်ရဲ့နေဝင်ချိန်ရောက်တော့မှာပါ။

ရဲလင်းထွန်း said...

it may not be the final result.....cos they will lie then...................when did they tell the truth............

thihathuya said...

ပုဇွန်တောင်မြို့နယ်ကောမပါဘူးလားဗျ..

Web Walker said...

ဒီရလာဒ်တွေကို၊ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းအသိအမှတ်မပြုပြန်ဘူးလားမသိဘူးနော်၊ဟိုရုပ်ရှင်အစည်းအရုံးဥက္ကဌသစ်၊ဦးဇင်ဝိုင်းကိုလဲအများက၀ိုင်းပြီးရွေး
ချယ်တင်မြှောက်လို့၊သူအသိအမှတ်မပြုခဲ့ဘူး။

Aung Thu Win said...

Yes , very very good new ...
Congratulation Daw Su .... & the group

ခင်မျိုးချစ် said...

အလွန်ကို မင်္ဂလာရှိတဲ့ ကျက်သရေရှိတဲ့ အပြင်အဆင် ဓါတ်ပုံလေးကို တစိမ့်စိမ့်ကြည့်ရင်း ပီတိတွေဖြစ်နေမိပါတယ်။ ဖန်တီးပေးသူကို ကျေးဇူးတင်မိပါတယ်။ ကိုသစ်နဲ့အဖွဲ့လည်း အတော်ကို မောသွားပြီပေါ့။ (သတင်းတွေ ရှာဖွေရ တင်ပေးရ မှတ်ချက်တွေ စီစစ်ရနဲ့ဆိုတော့ တစ်ယောက်တည်းမဖြစ်နိုင်ဘူးလားလို့ပါ) ခနနားသင့်ပါတယ်။ သတင်းငတ်နေတဲ့ ကမ္ဘာတစ်ဝှမ်းက မြန်မာအားလုံးရဲ့ ဆန္ဒကို ဖြည့်ပေးတာ အထူး ကျေးဇူးတင်မိပါတယ်။ မိမိတတ်နိုင်တဲ့ ဘက်ကနေ နိုင်သလောက် လုပ်ဆောင်ပေးနေတဲ့ တာဝန်ကျေတဲ့ နိုင်ငံသားတစ်ဦး အဖြစ် ဂုဏ်ပြုပါရစေ ...

ရဲလင်းထွန်း said...

သူတို့  မဲလိမ္မာမြင်ယောင်သေးတယ်....

shan lay said...

တို့ပြည်တို့မြေအတွက်မျှော်လင့်ချက်ရောင်ခြည်တွေရှင်သန်လာ
ပါပြီ

Honey said...

အခက်ခဲတွေကြားမှ အောင်မြင်ခဲ့သည့်အတွက် ဂုဏ်ယူပါတယ်။ ပတ္တမြားမှန်ရင် နွံ့မနစ်ပါဘူး

ကိုကို said...

မနေ့ကတစ်နေ့လုံးပင်ပန်းသွားတယ်ထင်တယ်.
ဒီနေ့.သတင်းတစ်ခုမှတောင်တက်မလာတော့ဘူး.
အိပ်နေကြပီထင်တယ်.

Myanmarchitthu said...

အားရတယ်ဗျာ ငယ်ငယ်တုန်းကစာမေးပွဲတွေမှာ အဆင့်(၁)ရလို့ ပျော်တဲ့အပျော်နဲ့အတူတူဘဲ

babylon said...

မဲနိုင်တာနဲ့ ပက်သက်လို့ ကတော့ ဒါအမှန်တရားပဲလေ..ဒေါ်စုနိုင်
ရမှာပေါ့ မှန်ပါတယ်..ဒါပေမယ့် တစ်ခုပြောစရာရှိတာက..ပိာုမြင်
နေရတာပေါ့နော်..အထူးသဖြင့်မန္တလေးလိုနေရာမျိုးမှာဆိုရင်...
တစ်ချို့ သောလူငယ်တွေက..NLD အနိုင်ရလို့ ဝမ်းမြောက်စွာကြို
ဆိုတာထက်ကို ပိုလွန်ကဲနေတာတွေ့ ရတယ်..တော်တော်ကို ရုပ်
ပျက်ဆင်းပျက်နိုင်ပါတယ်..မဖြစ်သင့်တာတွေပါ.မပျော်နဲ့ မပြော
ဘူးပျော်ရမှာပေါ့ အမေစုနိုင်တာပဲ..ဖြစ်သင့်နေတာပဲ...ဒါပေမယ့်
ပျော်လွန်းအားကြီးလို့ ပဲလား..ဘာလို့ လည်းတော့သေချာမပြောတတ်ဘူး..မြင်နေရတာက ပျော်တာထက်ပျက်တဲ့ ဘက်ကိုရောက်နေတယ်ဆိုတာပဲ..ဘာမပာုတ်တဲ့ ကိစ္စလေးကြောင့်တော့
NLD ကိုလူတွေအထင်သေးအောင် အပေါစားဆန်အောင် မလုပ်စေချင်ဘုး...

MyintOo said...

NLDအဖွဲ.ချူပ်မှ၄၁နေရာအနိုင်ရရှိတဲ.သတင်းကြားသိရတဲ.အတွက်ဝမ်းမြောက်မိပါတယ်..........အမေစု။

သားကြီး said...

နဂိုကတည်းက တရားမျှတစွာ ယှဉ်ကြပါလား ခုတော့ ရှက်ရှက်တွဲပါဘီဂျ ဖွတ်တို့ရေ

M.ZawLatt said...

ဒီကိစ္စနဲ့ ပတ်သတ်တဲ့ လူကြီးမင်းများ ဒီမိုကရေစီ နိုင်ငံတွေမှာ ကျင့်သုံးတဲ့ လမ်းစဉ်အတိုင်း ကိုယ်တာဝန်ယူတဲ့ ကဏ္ဍကို ကောင်းအောင်မစွမ်းဆောင်နိုင်ရင် ရာထူးက နုတ်ထွက်ပေးရပါတယ် . . ဒီတော့ မြန်မာနိုင်ငံက သက်ဆိုင်သူ လူကြီးမင်းများ . .ဘာဆက်လုပ်မလဲ . . ကိုယ့်အသိစိတ်နဲ့  ကိုယ်နုတ်ထွက်မလား . . မောင်းထုတ်မှ ထွက်မှာလား . . . အဖြေကတော့ ဧပြီ ၁ ရက်နေ့ မှာ ထွက်ထားပြီးသားနော် . .၂၀၁၅ အထိ ရသလောက်လေး နေချင်သေးတာလား . .အရှက်နဲ့ သိက္ခာကို တန်ဖိုးမထားဘူးဆိုရင်တော့ သဘောပါ . .

aung said...

ကိုသစ်ရေ နောက်ထပ်သတင်းလေးလဲတင်ပေးပါအုံး နောက်သတင်းလေးတွေအဆက်ပြတ်နေလို့

philosophermgmyathar said...

အေးဟ .. သုံးမြို့နယ်က ဘယ်သူတွေရသွားတာလဲ ..သိချင်တယ်

Unknown said...

3 မြို့နယ်လေး ပြောပါအုံး ကိုသစ်ထူးလွင့်ရေ...

မြန်မာပြည်သား said...

နောက်ဆုံးတော့လည်းပြည်သူတွေက အမှန်တရားဘက်မှာ မားမားကြီးရပ်တည်ပေးခဲ့ကြပြီ...ဒါဟာကောင်းမွန်တဲ့အလားအလာတစ်ခုပါ..
ကြောက်တတ်တဲ့စိတ်ကို တွန်းလှန်နိုင်ခဲ့လေပြီ
အမေစုနှင့်တကွNLDပါတီဝင်များအားလုံး ကောင်းမွန်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်လာအောင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ပါစေ

Pearl Thwe said...

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် များ

ရန်ကုန်တိုင်း
၁။ ကော့မှူး - ဒေါ်အောင်ဆန်းစုကြည်
၂။ သုံးခွ - ဒေါ်စုစုလွင်
၃။ ဒဂုံမြို့သစ် (ဆိပ်ကမ်း) - ဒေါက်တာမျိုးအောင်
၎။ လှည်းကူး - ဦးဖြိုးမင်းသိန်း
၅။ မရမ်းကုန်း - ဒေါက်တာမေ၀င်းမြင့်
၆။ မင်္ဂလာတောင်ညွန့် - ဒေါ်ဖြူဖြူသင်း

မန္တလေးတိုင်း
၇။ မဟာအောင်မြေ - ဦးအုန်းကြိုင်
၈။ မိတ္ထီလာ - ဦးဝင်းထိန်
၉။ တံတားဦး - ဒေါ်ခင်သန္တာ
၁၀။ ပြင်ဦးလွင် - ဦးကျော်သီဟ
၁၁။ နွားထိုးကြီး - ဦးပေါခင်
၁၂။ ကျောက်ပန်းတောင်း - ဒေါက်တာဇော်မြင့်မောင်

ကြပ်ပြေး နေပြည်တော်
၁၃။ ဇမ္ဗူသီရိ - ဒေါ်စန္ဒာမင်း
၁၄။ ပုဗ္ဗသီရိ - ဦးဖြိုးဇေယျာသော်
၁၅။ ဒက္ခိဏသီရိ - ဦးနိုင်ငံလင်း
၁၆။ ဥတ္တရသီရိ - ဦးမင်းသူ

မကွေးတိုင်း
၁၇။ တောင်တွင်းကြီး (အမျိုးသားလွှတ်တော်) - ဦးအောင်ကြည်ညွန့်
၁၈။ မကွေး - ဦးမြင့်သိန်း
၁၉။ ပွင့်ဖြူ - ဒေါက်တာအောင်မိုးညို
၂၀။ ရေစကြို - ဒေါက်တာ တင်ဌေးအောင်
၂၁။ မြိုင် - ဦးမြင့်အောင်
၂၂။ ပခုက္ကူ - ဦးပိုက်ကို

ရှမ်းပြည်နယ်
၂၃။ လားရှိုး (အမျိုးသားလွှတ်တော်) - ဦးစိုင်းမြင့်မောင်
၂၄။ ကလော - ဒေါက်တာဒေါ်သန်းငွေ

ပဲခူးတိုင်း
၂၅။ ထန်းတပင် - ဦးစိန်ထွန်း
၂၆။ လက်ပံတန်း - ဦးကျော်မင်း
၂၇။ တောင်ငူ - ဦးအောင်စိုးမြင့်
၂၈။ က၀ (၂) (တိုင်းလွှတ်တော်) - ဦးမျိုးခိုင်
၂၉။ သနပ်ပင် - ဦးမြင့်ဦး
၃၀။ သနပ်ပင် (အမျိုးသားလွှတ်တော်) - ဦးမင်းဦး

မွန်ပြည်နယ်
၃၁။ မော်လမြိုင် - ဒေါ်ခင်ဌေးကြွယ်

ဧရာဝတီတိုင်း
၃၂။ မအူပင် - ဦးစိန်ဝင်းဟန် (ခ) ဦးစိန်ဝင်း
၃၃။ ၀ါးခယ်မ - ဒေါ်မြင့်မြင့်စန်း
၃၄။ ပုသိမ် - ဦးဝင်းမြင့်
၃၅။ မြောင်းမြ - ဦးမန်းဂျော်နီ
၃၆။ မြန်အောင် - ဦးကျော်မြင့်
၃၇။ ဖျာပုံ၊ ဒေးဒရဲ (အမျိုးသားလွှတ်တော်) - ဦးသိမ်းဆွေ
၃၈။ ရေကြည် (၂) (တိုင်းလွှတ်တော်) - ဒေါက်တာလှမြတ်သွေး

စစ်ကိုင်းတိုင်း
၃၉။ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် (စစ်ကိုင်းတိုင်း မဲဆန္ဒနယ် (၃) အမျိုးသားလွှတ်တော်) - ဒေါက်တာမြင့်နိုင်
၄၀။ ပုလဲ - ဒေါ်ခင်စန်းလှိုင်
၄၁။ စစ်ကိုင်း - ဦးခင်မောင်သိန်း
၄၂။ မင်းကင်း - ဒေါ်ခင်မွှေးလွင်

ဧရာဝတီတိုင်း
၄၃။ ကျွန်းစု - ဒေါ်တင်တင်ရီ
၄၄။ လောင်းလုံ - ဦးအောင်စိုး

Anonymous said...

ဝမ်းသာလိုက်တာ

missboy93 said...

အကိုသစ်ထူးလွင်ခင်ဗျာ
အနိုင်စာရင်းက41မြို့လား။စိတ်ပူလို့ဗျာ။ဒါပေမယ့်အကြောင်း
မဟုတ်ပါဘူး။ရာနှုန်းပြည့်နီးနီးဆိုတော့ဝမ်းသာရပါတယ်။မတင်မကျပေါ့ဗျာ။အကုန်နိုင်စေချင်တာပါ။ကျန်တဲ့3မြို့ကကြံခိုင်ရေးနိုင်
တာလားသိချင်ပါတယ်။

babylon said...

ကောင်းပါတယ်.ဒေါ်စု နိုင်တာ..ဒီလိုပဲဖြစ်ရမှာပေါ့ ဒါပေမယ့်လေ..
တစ်ခုတော့ရှိတာပေါ့..မန္တလေးမှာတော့ မဲနိုင်တာကိုအကြောင်းပြ
ပြီးတော့တော်တော်လေးကိုသောင်းကျန်းနေကြတယ်..လူငယ်တွေပါပဲ...ဒီလိုတော့မဖြစ်သင့်ပါဘုး..ဒါကိုအကြောင်းပြပြီးဒီလိုတွေ.မူးရူးသောင်းကျန်းနေတာလုံးဝလုံးဝကိုမကောင်းပါဘူး..ဒေါ်စုကိုချစ်ရင်
ဒီလိုမလုပ်သင့်ပါဘူး..ဒေါ်စုသိက္ခာကျပါတယ်...ပါးစပ်ကတော့..
အမေစု..အမေစုဆိုအော်နေပြီးတော့အပြုအမူတွေကအမေစုမ
ကြိုက်တဲ့ အပြုအမူတွေပါ..

မောင်ငွေ said...

သည်တစ်ခါတော့ တကယ်ဘဲ လွှတ်တော်ထဲ ၀င်ရပြီလို့ ... မှတ်လိုက်ပါပြီ။

Unknown said...

ပျော်ပါတယ်ဗျာတတိုင်းပြည်လုံးဆန္ဒတွေပြည့်ဝလို့နေပါပြီ..ပြည်သူကတင်မြှောက်တဲ့အမတ်များကလဲပြည်သူအတွက်တာဝန်ကျေပါစေဗျာ..ပြည်သူတွေဖက်ကလဲတာဝန်ကျေခဲ့ပါပြီ

ထက်နိုင်ဦး said...

မြန်မာပြည်သူတွေဘ၀ကိုအေးချမ်းချင်တွေပေးစွမ်းနိုင်တဲ့ အမေစုနိုင်လို့ပျော်တယ် သတင်းတွေကိုတိုက်ရိုက်တင်ပြပေးတဲ့ ကိုသစ်ထူလွင်ကိုလဲကျေးဇူးတင်တယ်

mg htoo said...

အရမ်းဝမ်းသာတယ်ဗျာ။ ကျွန်တော်တို့ မြန်မာတွေ ကမ္ဘာအလယ်မှာ ပြန်ဝင့်ကြွားနိုင်ဖို့ ပထမဆုံး ခြေလှမ်း လှမ်းလိုက်နိုင်ပြီပေါ့။

Anonymous said...

I would like to honor you that Ko Thit Htoo Lwin is the Hero of Myanmar Media according to his effective effort as a hidden journalist. All of Ko Thit Htoo's news are more update than Minister U Kyaw San.

mashwemya said...

အရမ်းကိုပျော်ရွှင်ရတယ်။ ဖော်ပြလို့ မရအောင်ပဲ။ အမေစု က ပြည်သူတွေ အတွက် တစ်ဆင့်ပြီး တစ်ဆင့် လုပ်ပေးသွားနိုင်မယ်လို့ ယုံကြည်တယ်။ ဘာပဲဖြစ်ဖြစ်လေ လွှတ်တော်ထဲကို အမေစု ရောက်သွားရင် ဘယ်နှစ်နေရာပဲ ရရ အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် ပူးပေါင်း ဆောင်ရွက်မှုရဲ့ ရလဒ်ပဲ မဟုတ်လား။ ဟိုပါတီကို မကြိုက်ဘူး။ ဒီပါတီကို မကြိုက်ဖူး ဆိုတာ မရှိပါဘူး။ အဓိကက ကိုယ့်ကျိုးမျက်နှာကို မကြည့်ပဲ ပြည်သူ့မျက်နှာကို ကြည့်တဲ့ ဘယ်သူ့ကိုမဆို ပြည်သူတွေ လိုလားပါတယ်။ ဘာပဲဖြစ်ဖြစ် အရမ်းကို ပျော်ရွှင်ပါတယ်။

guidingstar4u said...

ပျော်၏.... ဝမ်းသာ၏......

htay oo said...

ကိုသစ်ဟာ နိုင်ငံသားကောင်းတစ်ယောက်ပါပဲဗျာ......ဂုဏ်ယူပါတယ်ကိုသစ်အတွက်........အမြဲးတမ်း ဒီလို နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းရင်း ကျေးဇူးအထူးတင်ပါတယ်....

thetsarko said...

ပျော်တယ်ဗျာ အရမ်းကိုပျော်တယ် အမေစုနဲ့ အနိုင်ရရှိတဲ့ NLD ကိုယ်စားလှယ်တွေအားလုံး ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ပါစေ

KoTOE said...

ရဲဘော်တို့ .....
တပ်နယ်မဲရုံများအားလုံးတွင်ကြံ့ဖွံ့ ကမဲအပြတ်နှင့်အနိုင်ရရှိမှုသည်...ကြားဖြတ်ရွေးကောက်ပွဲတွင်စစ်တပ်သည်သမာသမတ်မရှိဟုပြောလျင်မမှားပေ
တိုင်းပြည်ရဲ့ တပ်မတော်သည်ဤသို့ မဖြစ်သင့်ဟုယူဆမိပါသည်၊
နောင်အနာဂါတ်ရွေးကောက်ပွဲများတွင်အလားတူဖြစ်ရပ်များကိုရှောင်ရှားသင့်ပါ
သည်၊ပြည်သူများရဲ့ အားကိုးယုံကြည်မှုကိုပျက်ပြယ်စေပြီးတပ်မတော်၏သိက္ခာ
ကိုကျဆင်းစေပါသည်၊
" သင်တို့ လက်ထက်ကြမှ...တပ်မတော်သိက္ခာကျရမှာလား "

အမြင်သစ် said...

အိပ်ပီဗျို့။ David Henry ရေ .....စိတ်ချသွားပီ။ သတင်းစောင့်ဖတ်နေလို့မအိပ်ရသေးတာ
နှစ်နေ့နဲ့တစ်ညရှိပီ။ ပထမခြေလှမ်းတော့အောင်မြင်သွားပီပေါ့ဗျာ။
၂၀၁၅ ကျရင်တော့ ပြည်လုံးကျွတ် တာဝန်ကျေဖို့လိုသေးသဗျ။
ဒါမှ အမေစုရဲ့ဆန္ဒပြည့်ဝမှာ။ လွှတ်တော်ထဲမှာ 80 ရာနှုန်း ဒီမိုကရေစီအင်အားစုတွေရောက်မှ ဖြစ်မယ်ဗျို့။ အင်း.........စောင့်တောင်မစောင့်နိုင်တော့ဘူးဗျာ 2015 ကို ။

aung naing said...

ပြည်သူတွေအနေနဲ့အမေစုကိုဆက်လက်ဝန်းရံပေးကြပါ၊ဒါဟာပထမခြေလှမ်းဘဲရှိပါသေးတယ်၊ပြည်သူတွေစစ်အာဏာရှင်တွေလက်ကလုံးလွတ်မြောက်အောင်ဆက်လက်ကြီုးစားကြရအုံးမယ်၊ဒါမှနောင်လာနောင်သားတွေအေးအေးချမ်းချမ်းနေနိင်မှာပါ။

အိတုတ် said...

ဝမ်းသာလွန်းလို့ကြက်သီးများတောင်ထမိတယ်

ကျော်ဟိန်း said...

ဝမ်းသာလွန်းလို့
မျက်ရည်တောင်ကျမိပါတယ်တကယ်ပါ

MR said...

NLD လည်းအနိုင်ရပါရဲ့ ကလောမှာတော့ အဲ့ဒီနေ့ကစပြီး
မီးပျက်တယ်.ေ၇မလာဘူး ကလောအောင်ပန်းကြားက လမ်းခွန် ပိုကောက်လာတယ် မြို့နယ် အတွင်းသွားတာတောင် ၃၀၀ ကောက်တယ်
အဲ့ဒီဂိတ်ကို ကလောမြို့နယ် အပြင်ကိုပို့သင့်တယ်

Powered by Blogger.