မြန်မာအစိုးရတပ်အား နေရာမရွေးတိုက်ခိုက်ရန် KIO အမိန့်ပေး

 13 April 2012
မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား (၁၀)လ ကျော် ထိုးစစ်ဆင်လာပြီးနောက် KIO က ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ ၎င်း၏ တပ်ဖွဲ့များသို့ “အစိုးရတပ်အား နေရာမရွေး တိုက်ခိုက်ရန်” လွန်ခဲ့သည့်အပတ်က အမိန့်ပေးခဲ့ကြောင်း KIO အရာရှိများဆိုသည်။

ယခု အမိန့်အရ အစိုးရထိန်းချုပ်ဒေသများသို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်သားများ ၀င်ရောက်တိုက်ခိုက်ခြင်းကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

သင်္ကြန်ပြီးနောက် သမ္မတဦးသိန်းစိန် အစိုးရက စစ်အင်အား ထောင်ဂဏန်းဖြင့် KIO ဗဟိုဌာနချုပ် လိုင်ဇာအား တိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေးအစီစဉ်များ ပြုလုပ်နေခြင်းကြောင့် အစိုးရ စစ်ရေးပစ်မှတ်များ အားလုံး မည်သည့်နေရာတွင်မဆို တိုက်ခိုက်ရန် KIA တပ်များသို့ အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

နောက်ဆုံး စစ်မိန့်နှင့် ပတ်သက်ပြီး KIO မှ တရားဝင်ကြေညာချက်ထုတ်ပြန်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့်နှစ် ဇွန်လမှ ယခု မတ်လအထိ မြန်မာ့တပ်မတော်၏ KIO ပေါ် စစ်ဆင်ရေးပြုလုပ်ရာတွင် KIO က အစိုးရတပ်အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုရန် ၎င်း၏ လက်နက်ကိုင်တပ်များကို တားမြစ်ထားသော်လည်း မိမိနယ်မြေထဲ ကျူးကျော်လာသည့် စစ်ကြောင်းများကို အကန့်အသတ်ဖြင့် ခုခံတိုက်ခိုက်ရန် ခွင့်ပြုထားခဲ့သည်။

မြန်မာအစိုးရနှင့် KIO အဖွဲ့သည် တရုတ်ပြည်၊ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ပြီးခဲ့သည့် မတ်လအထိ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခြင်း (၃) ကြိမ်ပြုလုပ်ခဲ့သည်။ သို့သော် အနှစ် (၅၀) ကျော်ကြာ နှစ်ဖက် နိုင်ငံရေးပြဿနာဖြေရှင်းရန်ကိစ္စ သဘောတူညီမှု မရခဲ့ပေ။

နှစ်ဖက်ကြား အဓိက ခြားနားနေမှုမှာ ဦးသိန်းစိန် အစိုးရက အပစ်ခတ်ရပ်ဆိုင်းရေး ပထမ ပြုလုပ်ပြီး ယင်းနောက် ၂၀၀၈ အခြေခံဥပဒေအတိုင်း နိုင်ငံရေးဆွေးနွေး လိုသည်။ သို့သော် KIO ဘက်မှ တင်ပြထားခြင်းသည် ပြည်ထောင်စုအစပြုခဲ့သည့် ၁၉၄၇ ပင်လုံစာချုပ် ကတိက၀တ်အတိုင်း နိုင်ငံရေးပြဿနာကို အရင်ဆုံးဖြေရှင်းပြီးမှ နောက်ဆုံး နက်လက်ကိုင်တပ် ကိစ္စ ဆွေးနွေးရေးဖြစ်သည်။

၁၇ နှစ် ကာလ အပစ်ခတ်ရပ်ဆိုင်းထားမှု အတွေ့အကြုံအရ KIO က နောက်ထပ် မြန်မာအစိုးရနှင့် အပစ်ခတ်ဆိုင်းရန် မလိုတော့ဘဲ နိုင်ငံရေးဆွေးနွေးရန်သာရှိကြောင်း KIO က ဆိုထားသည်။

KNG ကချင် သတင်းဌာန
မြန်မာအစိုးရတပ်အား နေရာမရွေးတိုက်ခိုက်ရန် KIO အမိန့်ပေး မြန်မာအစိုးရတပ်အား နေရာမရွေးတိုက်ခိုက်ရန် KIO အမိန့်ပေး Reviewed by သစ်ထူးလွင် on 08:52 Rating: 5

18 comments:

Anonymous said...

KIO/KIA အနေနဲ့ လက်နက်ကိုင်ရတာကို အတော်ပျော်မွှေ့နေပုံရတယ်... အခြားတိုင်းရင်းသားတွေတောင် ဆွေးနွေးနိုင်ကြသေးတယ်လေ... သူတို့အဖွဲ့က ဘာမို့လို့ မဆွေးနွေးနိုင်ရတာလဲ...မသိဘူးနော်...ကိုယ်ဒေသက တိုင်းရင်းသား ပြည်သူတွေကို မသနားကြဘူးလား မသိဘူး.. (မိုးပေါ်ကို တံတွေလှန်မထွေးချင်ကြပါနဲ့လို့ အကြံပေးချင်ပါတယ်..) ကချင်ပြည်သူတွေကို သနားလို့ပါ...

Sunmoon said...

Please stop all these immediately.

ဖိုးတောက် said...

ဒီလောက်မှ ပြောမရဖြစ်နေကြရင်လည်း ချကြကွာ... အကုန်သေ အေးရော....

COBRA said...

စစ်မတိုက်ကြပါနဲ.တော.ဗျာ ----- ။ ၂ ဘက် ပြန်ညှိနှိုင်းကြပါ ဗျာ ၊

Anonymous said...

တိုက်ရင်လည်းတဖက်ဖက်ကိုနိုင်အောင်တိုက်
ကြပါလား။တိုင်းပြည်ချွတ်ခြုံကျနေတဲ့ကြားက
သူတို့ကတမှောင့်..ကြားထဲကပြည်သူတွေ
တိုင်းရင်းသားတွေနစ်နာထိခိုက်ပါတယ်။
အာဏာရူးနေကြသလား။
ပင်လုံညီလာခံဆိုလည်းလုပ်ပေးလိုက်။
၂ဖက်လုံးတင်းနေရင်လည်းတဖက်ကလျှော့ကြပါလား။
စိတ်ဆင်းရဲတယ်။ဟန်ပြတိုက်နေသလားပဲ။
ထွက်လာတဲ့သယံဇာတတွေကိုတော့
ခွဲဝေယူကြပြီးကိုယ့်ပြည်နယ်ကိုယ့်လူမျိုးကို
ဘာတခုမှမလုပ်ပေးနိုင်ကြတဲ့ခေါင်းဆောင်တွေ
သေမှာအေးမယ်။

bo choke baw gyi said...

KIO/KIA ကချင်ပြည်နယ်မှာရှိနေတဲ. ကလေးသူငယ်တွေ၊ အမျိုးသမီး တွေနဲ. သက်ကြီးရွယ်အိုတွေကို မသနားကြတော.ဘူးလား မြန်မာစစ်တပ်ဆိုတာ အာရှတိုက်မှာ အဆိုးဝါးဆုံး စစ်တပ်ဆိုတာရော မေ.နေသလား။ ငြိမ်းချမ်းရေးဖော်ဆောင်ဖို. ဒီမိုကရေစီ ရအောင် ပူးပေါင်းဆောင်ရွက်ပြီးမှ ဆွေးနွေးကြရင် အကောင်းဆုံးဖြစ်လိမ်.မယ်လို. အကြံပေးပါရစေခင်ဗျာ။ စစ်ရေးအရ ဘယ်လိုမှ နိုင်ချေမရှိတဲ.မြန်မာစစ်တပ်ကို မိုက်ရူးရဲဆန်ဆန် အံတုနေမယ်.အစား ကချင်ပြည်သူတွေအတွက် လိမ္မာပါးနပ်စွာ စဉ်းစားပေးသင်.ပါတယ်။

ပုဂံစစ်သည် said...

ကျုပ်တို့တိုင်းပြည်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံပါ၊ ကျောသားရင်သားမခွဲတမ်း အုပ်ချုပ်နေတဲ့နေရာမှာ ဟိုတစ်စု ဒီတစ်စုကွဲနေလို့ကတော့ ဘယ်တော့မှ ပြည်တွင်းစစ်က ရပ်တန့်သွားမှာမဟုတ်ပါဘူး။ အင်္ဂလိပ်တွေကို တွန်းလှန်တုန်းကလဲ စုစုစည်းစည်းနဲ့တိုက်ခိုက်ခဲ့လို့ ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာ ဖြစ်လာတာပါ။ ရှေ့ဆက်ပြီးတော့လဲ စုစုစည်းစည်းနဲ့ ပူးပေါင်းမယ်ဆိုရင် အာရှရဲ့ရွှေနိုင်ငံကြီးဖြစ်လာမှာ အသေအချာပါပဲ။ ဒါ့ကြောင့် ယုံကြည်ချက်တွေကို ဘေးဖယ်ပြီး အသိပညာချင်းဖလှယ်ရင် ပြည်တွင်းစစ်ကြီးဟာ ရပ်တန့်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Myannnmar said...

ဘယ်အဖွဲ့မှ မကောင်းဘူး .. တကယ်ပြောတာ ကိုယ်တွေ့ကြုံခဲ့ရတာ... ဘယ်သူ့ကိုမှ မယုံနဲ့ ... သူတို့ကြိုက်သလိုလုပ်တာ ... သူများပစ္စည်းခိုး၊ မုဒိမ်းကျင့် (သူများသားမယားတောင် မချန်ဘူး)၊ မကောင်းတာ အကုန်လုပ်။။ အခုထိတောင် ရင်ထဲထိ နာတယ်.. ကောင်းတဲ့အစိုးရ တက်လာပါစေလို့ဆုတောင်းရပါတယ်...........

Anonymous said...

ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ စစ်စခန်းကို သိမ်းပိုက်တာလွယ်တယ်ဘဲထား ... ရေရှည်ထိမ်သိမ်းဖို့ အလွန်ခဲယဉ်းတယ် ... ပျောက်ကျားစစ်၊ ဗုံးခွဲ ...၊ စတဲ့ နည်းတွေနဲ့ နှစ်ပေါင်းများစွာ နယ်မြေအေးချမ်းမှု မရှိစွာ နေခဲ့ကြရတာတွေ သတိရတယ် ... စစ်ရေးဟာ လုံးဝ မရွေးချယ်သင့်တော့တဲ့ အဖြေ တစ်ခုပါ ..
မြစ်ကြီးနားမှာ ၅ နှစ်နေခဲ့ဘူးတယ် မြစ်ဆုံကို မသွားခဲ့ဘူး ဗုံးကြောက်လို့ ၊ ရထားစီးလဲ ရထားမိုင်းကြောက်ရ၊ ရုပ်ရှင်ရုံထဲလဲ ဗုံးထောင်တယ်၊ ကားဂိတ်လဲ ဗုံးထောင်တယ် ... အကုန်လုပ်တဲ့ ကကြီးခခွေးတွေ ... (ကချင် လို့ပြောတာ) .. KIA KIO ဆိုတာ ဘယ်သူတွေလဲလို့ အဖေ့ကို မေးမိတော့ .. ကကြီးခခွေးအားလုံးဟာ အချိန်တန်ရင် KIA KIO ပဲတဲ့ .. အေးရော .. ဒါပေမဲ့နော် သူတို့က သိပ်ပွင့်လင်းပြီး ချစ်စရာကောင်းတယ် ..မာယာမများတတ်ဘူး..

မောင်ငြိမ်းချမ်း said...

KIO နဲ့ကတော့ရိုးရိုးဆွေးနွေးနေရုံနဲ့ပြီးမှာမဟုတ်ဘူး၊ အပြတ်သာချပစ်။ မဟုတ်လို့ကတော့သူတို့ကတစ်ဆင့်တက်ပြီးပြည်နယ်ကိုသီခြားခွဲပေးဘို့ပြောလာမှာ။

pyaponthu said...

KIA တွေကို တရုတ်က တဘက်လှည့်နဲ့ကူညီနေတား။သတ္တိရှိရင် မြစ်ဆုံက တရုတ်ကို ကချင်နယ်ထဲက အရင်မောင်းထုတ်ပါ။တရုတ်ကိုတော့ KIAတွေ မလွန်ဆန်ရဲဘူး။အခြင်းခြင်းတိုက်နေကြတယ်။ကိုယ်ကချင်လူမျိုးတွေဒုက္ခရောက်နေကြတာမသနားကြဘူး။အာဏာဘဲရူးနေကြတယ်။

jotika said...

အပစ်အခက်တွေရပ်ဆဲကြပါတော့

ZAWAUNG said...

ကချင်ပြည်နယ်ကိုကချင်တွေကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်ရင်ဒီပြသနာတွေ
ဖြစ်လာစရာမရှိဘူး..
ဘာဖြစ်လို့မပေးနိုင်ရတာလဲ???ဘာဖြစ်လို့ကချင်ကိုဗမာကအုပ်ချုပ်ချင်ရတာလဲ?
အဲလိုလုပ်တာ ကိုလိုနီပြုတာပဲ..အဲဒါ၂၀ရာစုမှာနိဂုံးချုပ်ခဲ့ပြီ..
မြန်မာပြည်လွတ်လပ်ရေးယူတုန်းက ဗမာတွေဘာကိုသဘောတူခဲ့လဲ..
ပင်လုံစာချုပ်သာမချုပ်နိုင်ခဲ့ရင်မြန်မာနိုင်ငံဆိုတာပေါ်လာစရာမရှိ..
တိုင်းရင်းသားတွေကိုတပတ်လှည့်ခဲ့တာ ဘယ်သူတွေလဲ..
တခြားတိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေးယူတယ်..ဒီလိုသဘောထားမမှန်ပုံနဲ့
ဘယ်လောက်ကြာကြာငြိမ်းချမ်းနိုင်မလဲ..
ကချင်ကိုမုန်းနေတဲ့အပေါ်က ကွင်မန်းပိုင်ရှင်များ ကိုယ့်ရေးထားတဲ့ ကွင်မန်း
ကိုကိုယ်ပြန်ဖတ်ကြပါ..ဘယ်လောက်ရှက်စရာကောင်းသလဲ..
လက်ရှိဖြစ်နေတဲ့စစ်ဟာကချင်နယ်မှာနော..ဗမာနယ်ထဲမှာမဟုတ်ဘူး..
အိမ်ရှင်ကသူခိုး သူခိုးကအိမ်ရှင်ဖြစ်နေပြီ..ကချင်တွေကိုအားပေးတယ်..
ဆက်တိုက်..ဒေါ်အောင်ဆန်းစုကြည် သမတ္တမဖြစ်သရွေ့ ဒီယုတ်ညံ့တဲ့
ဗမာစစ်အစိုးရ ဆီမှာလက်နက်မချနဲ့..မြန်မာပြည်သမိုင်းဟာ သွေးနဲ့ပဲ
ရေးသင့်တယ်..

la woon said...

အောင်မလေး။။။
အထက်က comment ကကြောက်စရာပါလား
ကချင် နဲ့မြန်မာ ဘာကွာနေလိုလဲ
မြန်မာပြည်မြောက်ဖျားမှာနေပြီးတရုတ်ကို အဖေခေါ်ချင်နေပါလား
သစ်ထူးလွင်ကလဲ ဒီလိုမျိုး comment တွေကိုဘာလိုတင်ပေးရတာလဲ မသိဘူး
ဘာတဲ့
မြန်မာသမိုင်းကိုသွေးနဲ့ပဲ ရေးသင့်တယ်တဲ့
ဦးနောက်မှကောင်းသေးရဲ့လားမသိဘူး
ဒီလောက်သွေးဆာနေရင်လဲ နင်ပါနင့်အဖေတွေနဲ့သွားနေ
ငါတိုနိုင်ငံထဲ လာမနေနဲ့
ငါတိုမြန်မာတွေကတိုင်းရင်းသားအားလုံးကို ခွဲချားတာမရှိဘူးလူမျိုးစု ၈စုထဲမှာရှေးဆုံးကစပြီးတင်ထားတာ
နင်တိုသာခွဲချား ခွဲချားနဲ့၊၊ နင်တိုလူမျိုးကိုအုပ်ချပ်ခွင့် ပေးရအောင် နင်တိုက ဘလောက်ဦးနောက်ရှိလိုလဲ
တိုက်ဖိုခိုက်ဖိုလောက်ပဲ သိပြီးတော့များ လာပြောနေသေးတယ်
နင်တိုလူမျိုးကိုတောင်ဝအောင်ကျွေးနိုင်လိုလား
ရီလိုက်ချင်တယ်

TT said...

သတင်းမှာ ပင်လုံစာချုပ်ကတိက၀တ်အတိုင်း နိုင်ငံရေးပြသနာကို အရင်ဆုံးဖြေရှင်းပြီးမှ နောက်မှ လက်နက်ကိုင်တပ်ကိတ်စကို ဆွေးနွေးမယ်လို့ဖေါ်ပြထားတော့ နှစ်ဖက်စလုံးမှ ( နိုင်ငံတော်အစိုးရတာဝန်ရှိသူတွေကော KIO ဖက်မှ တာဝန်ရှိသူတွေကော ) သမိုင်းဝင် ပင်လုံစာချုပ်ရဲ့ တကယ့်ဆိုလိုရင်းကို ကိုယ့် အတ်တနဲ့ ယှဉ်ပြီး အဓိပါယ်ဖွင့်ကြလို့ အခုထိ ငြိမ်းချမ်းရေးမရသေးတာလို့ဘဲထင်တယ်။ ပထမဆုံးက အမေဒေါ်အောင်ဆန်းစုကြည်ပြောသလို နှစ်ဖက် အပစ်အခတ်ချက်ခြင်းရပ်ပြီး သူရှင်းပြတဲ့ ဖက်ဒရယ်မူကို သေသေချာချာနားလည်လက်ခံခဲ့ရင် ဒီနိုင်ငံဟာ ကဘာ့အင်အားကြီး အမေရိကန်ပြည်ထောင်စုပုံစံနဲ့ ရေရှည်သွားလို့ရမယ် ၊ အဓိကကတော့ နှစ်ဖက်လုံး ရိုးသားဖို့ ၊ အမြင်မကျဉ်းမြောင်းဖို့ ၊ သဘောထားကြီးဖို့က Win Win Situation အတွက်ကောင်းမယ်လို့မြင်ပါတယ်။ တကယ်တော့ ပင်လုံစာချုပ်ဟာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်ဦးအောင်ဆန်းတို့က အမြော်အမြင်ကြီးလှစွာ ချုပ်ဆိုခဲ့တဲ့စာချုပ်ဖြစ်ပါတယ်၊

Oakar said...

KNU နဲ့ငြိန်းချမ်းရေးဆွေးနွေး ပွဲလေးကိုTV မှာမြင်ရတော့အရမ်းပဲ ၀မ်းသာမိတယ်။နားလည်မှုတွေပြန်ရသွာတဲ့ညီအကိုတွေလိုပဲ.အစိုးရ နဲ့ ကရင်တိုင်းရင်းသားတွေအတူကခုန်ကြတဲ့မြင်ကွင်းကိုမေ့မရဘူး...ကချင်ပြည်နယ်မှာဘယ်တော့များဒါမျိုးတွေရမှာလဲဗျာ......

ပုဂံစစ်သည် said...

ZAWAUNG ဆိုတဲ့ကောင် မင်းကကချင်ပြည်နယ် ခွဲထုတ်ချင်ရအောင် ကချင်လူထုကကော ခွဲထုတ်ပါလို့ပြောနေလို့လား၊ ဦးနှောက်မရှိပဲနဲ့ ဝင်မရေးပါနဲ့လားကွာ။ ဒါကနိုင်ငံရေးကွ မင်းဘာသာခွဲထွတ်ချင်ရင် တစ်ယောက်ထဲထွက် ဗမာစစ်တပ်ကကော တစ်ဖက်သပ်တိုက်ပွဲဖြစ်နေလို့လား။ မင်းပြောတဲ့စကားတွေက သွေးခွဲစကားတွေပဲ၊ အားလုံးဟာညီအစ်ကိုမောင်နှမတွေပဲ၊ သေမိုင်းထောင်တာကော ဘယ်အဖွဲ့တွေလဲ၊ အခုလိုလုပ်နေတာက ကချင်ပြည်သူတွေပဲနာတယ်ကွ၊ အဲ့ဒီတော့ သူပုန်တပ်ဖွဲ့တွေအားလုံး အလင်းဝင်မယ်ဆိုရင် အားလုံးဟာအေးချမ်းမယ်ဆိုတာ ရှင်းနေတာပဲ၊ မင်းသိထားဖို့က ဗမာစစ်တပ်ဟာ မြန်မာအတွက်၊ ဒီတပ်ထဲမှာ တိုင်းရင်းသားညီအစ်ကို တွေအားလုံးပါဝင်လို့ရတယ်၊ ဘယ်တော့မှ တစ်ဦးကောင်းစားဖို့ လုပ်မယ့်တပ်မဟုတ်ဘူး၊ အေးလုပ်ခဲ့ရင်လဲ ညီအစ်ကို မောင်နှမတွေ အားလုံးတွန်းလှန်ခွင့်ရှိတယ်၊ အဲ့ဒါ မင်းမြဲမြဲမှတ်။ ကိုလိုနီပြုတယ်ပြောရအောင် ကိုလိုနီရဲ့ဝေါဟာရကော မင်းကောင်းကောင်းသိလို့လား၊ တိုင်းရင်းသားတွေကို တစ်ပတ်လှည့်ခဲ့တာဘယ်သူတွေလဲ ဆိုတာကဘာစကားလဲကွ၊ အခုဗမာလူမျိုးတွေက မင်းကိုဘာလုပ်နေလို့တုန်း၊ ကချင်ပြည်နယ်ကိုကော ကိုလိုနီစနစ်နဲ့ အုပ်ချုပ်နေလို့လား၊ ဘာမှမသိပဲနဲ့ နိုင်ငံရေးကို ကလေးအတွေးနဲ့ ဝင်မပြောစေချင်ဘူး၊

နေမျိုးပိုင် said...

ကချင်ပြည်နယ်ကို အခုခွဲထုတ်ကြည့်လိုက်ပါလား။ မနက်ဖြန် တရုတ်က ဝါးသွားလိမ့်မယ်။ အခုတောင် တစ်ပြည်နယ်လုံး တရုတ်တွေချည်းပဲ။တော်သွေးဆာနေတယ်ဆိုရင် တောထဲသွား
တော့။

Powered by Blogger.