စစ်တွေ- ရန်ကုန်ကားလမ်း တိုးချဲ့မှုကြောင့် ရှေ့ဟောင်း ရခိုင်မြို့ရိုးများ ပျက်စီးနေ

ရန်ကုန်-စစ်တွေ ကားလမ်းတိုးချဲ့ရာတွင် ရခိုင်ရှေ့ဟောင်း မြို့ရိုးများကို မြေတူးစက်ကြီးများဖြင့် တူးယူပြီး လမ်းကို ဆည် ဖို့နေသဖြင့် ရခိုင်ရှေ့ဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးနေရကြောင်း သိရှိရသည်။
၂၀၁၀ ခုနှစ်က စစ်တွေ- အမ်း ရထားလမ်း ဖေါက်လုပ်စဉ် ရှေးဟောင်းဘုရားကို ဖြိုတူးနေစဉ်။
၂၀၁၀ ခုနှစ်က စစ်တွေ- အမ်း ရထားလမ်း ဖေါက်လုပ်စဉ် ရှေးဟောင်းဘုရားကို ဖြိုတူးနေစဉ်။

ယခုကဲ့သို့ ရှေ့ဟောင်းမြို့ရိုးများ ဖျက်စီးခံနေရသည့် နေရာမှာ မြောက်ဦး စစ်တွေ လမ်းပိုင်းရှိ မြောက်ဦးမြို့ အရှေ့တောင်ဘက် ပေါင်းတုတ်ရပ် အနီးတွင် ဖြစ်သည်။

စစ်တွေ-ရန်ကုန် ကားလမ်း တိုးချဲ့ရာ၍ မြေများကို တူးယူနေခြင်း ဖြစ်ပြီး လုပ်ကိုင်နေသည့် ကုမ္ပဏီမှာ "သိန်းကျော်" ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

" အခုဖြစ်နေတဲ့နေရာက လေသာတောင်ခံတပ်အနီးက မြေသား မြို့ရို့တံတိုင်းတွေပါ။ အဲဒီနေရာကို ရှေ့ ဟောင်းသုတေသန ဌာကနည်း ရှေ့ဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားတဲ့နေရာထဲမှာ ပါတယ်။ အဲဒါကို မြေသားမြို့ရိုးတွေကို စက်ကြီးတွေနဲ့တူးပြီး လမ်းကိုဖို့နေတာပါ။ အခုက မြို့ရိုးတွေ ပျက်သွားပြီး ပရမ်းပတာ ဖြစ်နေပါတယ်။ တကယ်လို့ ဒီလမ်းဆုံးအောင်အထိ မြေတွေ တူးမယ်ဆိုရင် မြို့ရိုးတွေ ပျောက်ကွယ်သွားနိုင်တဲ့ အနေအထားမှာရှိပါတယ်။"ဟု ရှေ့ဟောင်း ယဉ်ကျေးမှု သုတေသတနဌာနမှူး (ငြိမ်း) ဦးကျော်ထွန်းအောင်က ပြောသည်။

ယခုပျက်စီးသွားသည့် မြို့ရို့တံတိုင်းများမှာ မြောက်ဦးခေတ် မြို့ရိုးတံတိုင်းများ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

"အတွင်းပိုင်းက မြို့ရိုးတွေကို အုတ်တွေ၊ ကျောက်တွေနဲ့လုပ်ထားပြီး အပြင်ဘက် မြို့ရိုးတွေကို မြေသားတွေနဲ့ လုပ်ထားဖြစ်တယ်။ တောင်တလုံးနဲ့ တလုံးဆက်ပြီး မြေသားတွေနဲ့ လုပ်ထားတဲ့ မြို့ရိုးတွေပါ။ ဂျပန်နဲ့ အိန္ဒိယ ဘက်မှာတော့ မြေသားတံတိုင်းတွေ အများအပြားတွေ့ရတယ်။ ဒီလိုရှေ့ဟောင်း တံတိုင်းတွေ ဆုံးရှုံးသွားရင် ကျွန်တော်တို့အတွက် ဆုံးရှုံးမှုပါဘဲ။"ဟု သူက ဆက်ပြောသည်။

မြောက်ဦးမြို့ လက်ဆေးကန်အနီးရှိ လေသာတောင်ခံတပ်နှင့် မြတောင်ခံတပ်ရှိ မြို့ရိုး တံတိုင်းများကိုလည်း မြေတူး စက်များဖြင့် ဖြိုတူးနေသည်ဟု သိရသည်။

" ကျွန်တော်တို့က ဒီနေရာဟာ သမိုင်းဝင်နေရာတွေ ဖြစ်တဲ့ အတွက် တစ်ခြားနေရာက မြေတွေကိုဘဲ တူးစေလိုပါတယ်။ အခုလို တူးနေတာကို သက်ဆိုင်ရာနဲ့ မီဒီယာတွေကို အသိပေးရန် အတွက် တူးဖေါ်နေတဲ့ ဓါတ်ပုံတွေကို ပို့ပေးလိုက်ပြီ ဖြစ်ပါတယ်" ဟု ဦးကျော်ထွန်းအောင်က ပြောသည်။ သိန်းကျော် ကုမ္ပဏီအား ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။

၂၀၁၀ ခုနှစ် နိုဝင်ဘာလကလည်း စစ်တွေ အမ်းရထားလမ်းဖောက်လုပ်ရာတွင် မြောက်ဦးမြို့ရှိ ရှေ့ဟောင်း အမွေအနှစ်များဖြစ်သည့် ပြည်စိုးကြီးဘုရား၊ မင်းလှခံတပ်၊ မင်းသမီးတံတိုင်း၊ ရဲလှကုန်း၊ သံဇင်တံဘုးရားများ အပါအ၀င် ရှေးဟောင်း သမိုင်းဝင် နေရာ အများအပြားဖြတ်သန်း ဖေါက်လုပ်ခဲ့သဖြင့် ပျက်စီး ဆုံးရှုံးမူများ ရှိခဲ့သည်။

  နိရဉ္စရာ
စစ်တွေ- ရန်ကုန်ကားလမ်း တိုးချဲ့မှုကြောင့် ရှေ့ဟောင်း ရခိုင်မြို့ရိုးများ ပျက်စီးနေ စစ်တွေ- ရန်ကုန်ကားလမ်း တိုးချဲ့မှုကြောင့် ရှေ့ဟောင်း ရခိုင်မြို့ရိုးများ ပျက်စီးနေ Reviewed by သစ်ထူးလွင် on 17:14 Rating: 5

11 comments:

Topsidon21 said...

ယဉ်ယဉ်ကျေးကျေးပြောလိုက်ပါတယ် -
သမိုင်းမရှိတဲ့လူတန်းစား၊သမိုင်းကောင်းမချန်တတ်တဲ့လူတန်းစား ဆိုတာ -
အဟိတိရိစ္ဆာန် အောက်တန်းစား တွေပါဘဲဆိုတာ ကိုယ့်ကိုသိတတ်ဘို့
ကောင်းပါတယ်...
သိန်းကျော်ကုမ္ပဏီ ဆိုတာ ဒီဂိုဏ်းဝင်အောက်တန်းအဆင့်မရှိတဲ့လူ့ဘာလနံ
အသိုင်းအ၀ိုင်းကဖြစ်လို့နေမှာပါ။

Jone said...

သူများနိုင်ငံတွေကရှေးဟောင်းသမိုင်းဝင်အမွေအနှစ်ကိုနှစ်ကြာရှည်အောင်ထိန်း
သိမ်းပြီးနိုင်ငံခြားခရီးသွားတွေကိုဆွဲဆောင်ဖို့ကြိုးစားနေတဲ့အချိန်မှာဒီသိန်းကျော်ကုမ္ပဏီကဖျက်ဆီးနေတာကိုဘာမှအရေးယူတာ၊ တားဆီးတာမလုပ်ဘဲနဲ့လွှတ်
ပေးထားတဲ့လူတွေဟာဒီနိုင်ငံမှာမွေးဒီနိုင်ငံမှာကြီးပြီးဒီနိုင်ငံရဲ့သမိုင်းဝင်နေရာတွေ
ကိုဖျက်ဆီးဖို့များမွေးလာကြသလားမသိပါဘူး ခပ်ရိုင်ရိုင်းပြောရရင်တော့ သိန်းကျော်ကုမ္ပဏီကကောင်တွေရော သူတို့နဲ့အလိုတူအလိုပါတွေရောအားလုံး
ဟာသရေပေါ်အိပ်သရေနားစားတဲ့ကာင်တွေဘဲ

မုန်းနိုင်ဦး said...

ဒီလိုကြီးတော့မဖြစ်သင့်ဘူးထင်တယ်။ခင်းဗျားတို့လိုတဲ့မြေကတခြားနေရာမှရှာလို့မတွေ့တော့ဘူးလား။တစ်ဘ၀အတွက်ကြည့်တဲ့လူတွေများလာပါလားနော်။စိတ်ပျက်အောင်မလုပ်ကြပါနဲဗျာ။

မောင်မောင် said...

ဘာတွေလည်းဗျာ တိုင်းပြည်ကို ဦးဆောင်တဲ့သူတွေက စဉ်းစားတွေးတောပြီးမလုပ်ကြဘူးဗျာ..တကယ့်ကိုစိတ်ညစ်စရာပါ..

Anonymous said...

ေ၇ှးဟောင်းဘုရားကလဲ တော်တော်ပဲတန်ဘိုးထားထိန်းသိမ်းထားတာပဲ..လူပိန်းတွေ သတိမထားမိတာလဲမပြောနဲ့

ZAWAUNG said...

ရခိုင်ပြည်ကသမိုင်းဝင်ပစ္စည်းတွေကိုဖျက်စီးတာ ရခိုင်လူမျိုးကိုဖျက်စီးတာပဲ..
တနည်းအားဖြင့်သမိုင်းကိုဖျောက်တာပဲ..
တစ်ကမ္ဘလုံးမှာ သမိုင်းကိုထိန်းသိမ်းနေတာ ရခိုင်မှာကျမှာ ဖျက်ဆီးခံနေရတယ်.
တော်တော်အောက်တန်းကျတဲ့ စနစ်ပါလား စိတ်ဓါတ်ပါလား..
အခုချက်ချင်းရပ်ပါ..ခွေးလုပ်ရပ်ကိုချက်ချင်းရပ်ပါ..
ဘုရားဖြိုပြီးလမ်းဖို့တဲ့ လုပ်ရပ်ချက်ချင်းရပ်ပါ..
မင်းတို့ဗုဒ္ဒဘာသာမဟုတ်ဘူးလား..

ZAWAUNG said...

အစိုးရက ဒီလိုပဲ လူမျိုးတစ်မျိုးရဲ့သမိုင်းအမွေအနှစ်တွေကိုဖျက်စီးခိုင်းထား
တာလား..ဘယ်လိုအစိုးရလဲ..ဘယ်လိုပြည်ထောင်စုလဲ..ဘယ်လိုဒီမိုကရေစီလဲ..
ဓားပြ သူခိုး ဖက်ဆစ်အစိုးရ ဖြစ်နေပါလား..တိုင်းရင်းသားတွေဒီလိုအစိုးရကို
ဘယ်လိုလက်ခံယုံကြည်လို့ရမလဲ..
ပုံဂံမှာရော အဲလို ဘုရားနဲ့တံတိုင်းတွေကိုဖြိုဖျက်ပြီး လမ်းလုပ်ခွင့်ပြုထားလား..
နယ်ပြည်တော်က လူကြီးတွေ ယုတ်မာတာ လွန်လှပြီ..

ZAWAUNG said...

တိုင်းရင်းသားတွေအပေါ်ကျင့်သုံးနေတဲ့ ကိုလိုနီစနစ် နဲ့ဖက်ဆစ်စနစ်ကိုချက်
ချင်းရပ်ပါ..သမိုင်းအမွေအနှစ်တွေဖျက်ဆီးနေတာတွေချက်ချင်းရပ်ပါ..

naylintun said...

သိန်းစိန်ဘာလုပ်နေတာလဲ

kotut said...

အကုသိုလ်သိန်းကျော်လောက်ရတော့မှာပဲ။

Anonymous said...

ဘာသိန်းစိန်လဲ .. နှစ်ပေါင်းငါးဆယ်ကျော်စောင့်ပြီးမှ ရလာတဲ့ သမတနော် လာမထိနဲ့ .. ပြည်နယ်ဝန်ကြီးချုပ်နဲ့ရှင်း .. ဘုရားတွေကိုလဲဘုရားမှန်းသိအောင်တော့ လုပ်ကြအုံးဟေ့ ဘတ်ဂျက်လိုရင် ပြည်နယ်အစိုးရထံတင်ပြကြ .. မပေးရင် လူထုကို စည်းရုံးပြီးဆောင်ရွက်.. စွက်အော်မနေနဲ့ ဗုဒဘာသာတွေပဲမဟုတ်လား ..ဘုရားတရားကြည်ညိုကြတယ် မဟုတ်လား ..မခက်ပါဘူး ..နောက်တစ်ခါ ဘုရားစေတီကို အဲဒီလို ခြုံပုတ်တွေကြားမှာ မမြင်ချင်ဘူး .. နိုင်ငံခြားသားတွေ တိုး၇စ်တွေလာရင် ဘယ်လိုပြရမှာလဲ
ရိုးရိုးသားသား အကြံပြုတာ .. ရခိုင်ဒေသက နောက်ဆိုရင် တိုးရစ်တွေ လာတော့မှာ.. ပုဂံမှာ အသက် ၈ နှစ်လောက်ကလေးတွေက ဘာသာစကားတော်တော်များများ ပြောပြီး ခရီးသွားတွေဆီက ငွေ ယူတတ်နေပြီ .. ရခိုင်မှာ ရှစ်သောင်းဘုရား၊ကိုးသောင်းဘုရား ..သမိုင်းပြောပြမဲ့ လူမရှိ ဝေး .. ၊ ကိုယ်တွေ့ ..၊

Powered by Blogger.