ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုကို ကျေးဇူးတင်စကားပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အနိုင်ရအောင်မဲပေးခဲ့ကြတဲ့ ပြည်သူ လူထုကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်။
ဒီကနေ့မနက်က ရန်ကုန်မြို့ အန်အယ်လ်ဒီ ဌာနချုပ်မှာ  (၅)မိနစ်ကြာမိန့်ခွန်း ပြောကြားရာမှာ  ပြည်သူ လူထုတွေ ထောက်ခံအားပေးတဲ့အတွက် အနိုင်ရရှိတာဖြစ်တဲ့ အကြောင်း အောင်ပွဲခံနေရုံနဲ့ မပြီးသေးဘဲ ရှေ့ဆက်ပြီး ဒီထက်ပိုပြီးလုပ်ဆောင်စရာတွေ ရှိသေးတယ်လို့ ပြောပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ (၄၄)နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ( ၄၃) နေရာမှာ အနိုင်ရတယ်လို့  အန်အယ်လ်ဒီက ကြေညာထားပါတယ်။  ရှမ်းပြည်မြောက်ပိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) မှာတော့ မဲစာရင်းတွေ အပြည့်အစုံမရသေးလို့ ရလဒ်မသိရသေးပါဘူး။

ဒီဗွီဘီ
ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုကို ကျေးဇူးတင်စကားပြောကြား ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုကို ကျေးဇူးတင်စကားပြောကြား Reviewed by သစ်ထူးလွင် on 15:01 Rating: 5

17 comments:

thu said...

ဂုဏ်ယူဝမ်းမြောက်စွာဖြင့်အမှန်တကယ်သာယာအေးချမ်းသောတိုင်းပြည်သစ်ကြီြး
ဖစ်ပေါ်လာပါစေလို့

thu said...

ပျော်လွန်းလို့ဘာလုပ်ရင်ကောင်းမလဲနော်:P

Toe Toe said...

သေချာအောင်လဲစုံစမ်းကြ ပါအုံး ၂၀၁၀တုံးကလို နေ့ကူးသွားမှရှုံးနေပါအုံးမယ်
ကျားဖြူပါတီကလားရှိုးကိုသေချာပေါက်နိုင်မယ်လို့ကြိုပြောထားတာအကြောင်း
ရှိနိုင်ပါတယ်။စောင့်ကြည့်ရ မှာပေါ့။ရစေချင်ပါတယ်။လွှတ်တော်မှာအားကောင်း
တာပေါ့။

Aung San Win said...

ပျော်စရာကောင်းလာသလို တာဝန်တွေလည်းများလာပြီနော်

Anonymous said...

အတိုင်းထက်အလွန်ဝမ်းဝာတယ်ဗျာ

phyu hninhtwe said...

ဝမ်းသာပါတယ် ။အမေစုနိုင်တဲ.အတွက်ပါ။ ရှေ.လျှောက်အမေစုပြောသလိုကြိုးစားရမှာပါ။

Anonymous said...

ဒီချုပ်ကို နိုင်စေချင်ပေမယ့်.. ကျားဖြူပါတီနိုင်လည်း ပျော်တာပဲ.. သူတို့လည်း တိုင်းပြည်အပေါ် တကယ်စေတနာရှိ အနစ်နာခံတဲ့ သတ္တိရှိတဲ့ ပါတီပါ..

CHIT SAN said...

အမေစုတကယ်နိုင်ပြီဆိုရင်အမေ့ဆီသားပြန်လာမယ်

shwebochokyi said...

ပျော်လိုက်တာဗျာ....ရင်ထဲအသည်းထဲတောင်ပျော်တယ်..အမေ....ကျန်းမာချမ်းသာပါစေ

tkm said...

စစ်မှန်တဲ့ရွှေပေါ်မှာ.ဘယ်လိုပဲ
ဖယောင်းတွေ...သုတ်ထားပါစေ
နောက်ဆုံးတော့လဲ အရည်ပျော်သွားတာပါပဲ...

အတာ.. said...

အတိုင်းမသိဝမ်းသာရပါတယ်...အမေစုရယ်...နောင်လာမယ့်အနာဂတ်မှာလည်း.အမေစုရဲ့ရည်မှန်းချက်တွေအောင်မြင်ပါစေ...။။။

အတာ.. said...

အတိုင်းမသိဝမ်းသာရပါတယ်...အမေစုရယ်...
နောင်လာမယ့်အနာဂတ်မှာလည်း..
.အမေဒီထက်ပိုအောင်မြင်ပါစေ..တိုင်းပြည်တာဝန်များကိုလည်း ဆထက်ထမ်းပိုးဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းရင်း......

အတာ.. said...

အတုင်းထက်အလွန်ဝမ်းသာရပါတယ်...နောင်အနာဂတ်မှာဒီထက်မကအမေစုအောင်မြင်ပါစေလို့..ဆုတောင်းရင်း..။။။။။။

koko said...

နှစ်ပေါင်းများစွာအနစ်နာခံပြီးမှ၇လာတဲ့ ဒီလိုအောင်မြင်တဲ့နေ့မှာ အချိန်၅မိနစ်ပဲအသုံးပြုခဲ့တာ စံပြုအတုယူထိုက်စ၇ာပါပဲ။

min naing tun said...

၂၀၁၀တုန်းက ရွေးကောက်ပွဲမ၀င်ခဲ့တာ၇ယ်၊ ၀င်တဲ့သူတွေကိုသပိတ်မှောက်ခိုင်းခဲ့တာရယ် အတွက်ဖြေရှင်းချက်ပေးစေချင်ပါတယ် အမေစုခင်ဗျား။

ခန့်လေး said...

NLD ပါတီမှာကျွန်တော်ပါတီဝင်တစ်ယောက်ဖြစ်ချင်ပါတယ်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော့်ရဲ့ lovesparrow01@gmail.com ကိုစာပို့ပေးပါလို့
တောင်းဆိုပါတယ်.....ကျေးဇူးပြုပြီးလက်ခံပေးပါ.....။

ခန့်လေး said...

ခြေဖြစ်မဲမှာအောင်နိုင်ခဲ့တာကိုနိုင်ငံတစ်ကာကသိခဲ့လို့ လက်ဖြစ်မဲမှာရှုံးနိမ့်ခဲ့မယ်ဆိုရင်တောင်ဝမ်းမနည်းပါဘူး....ဒါပေမဲ့ခုလိုနိုင်ခဲ့တော့လည်းအရမ်းကိုဝမ်း
သာမိပါတယ်ဗျာ.....။

Powered by Blogger.