နှစ်သိန်း ဖုန်းများ သတ်မှတ်ဈေးထက် တင်ရောင်းပါက မြန်မာ့ဆက်သွယ်ရေးက အရေးယူမည်

ရန်ကုန်၊ ဧပြီ ၂၄
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ဂဏီများ ပူးပေါင်း၍ ယခုလမှ စတင်ကာ ကျပ်နှစ်သိန်းဖြင့် ရောင်းချပေးသည့် GSM ဖုန်းများကို ဈေးတင် ရောင်းပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အကြောင်းကြား ထားကြောင်း ယင်းဖုန်းကတ်များ ဖြန့်ဖြူးနေသည့် E-lite ကုမ္ဂဏီမှ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက ပြောကြားသည်။

ယင်းကဲသို့ အကြောင်းကြားထားသည် ဆိုသည်မှာ မှန်ကန်ပါကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ်ဖုန်း အတွက် တာဝန်ရှိသူ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

"သတ်မှတ်ဈေး အတိုင်း ရောင်းရမှာပေါ့၊ ဆက်သွယ်ရေး ပစ္စည်းကို ဈေးတင် ရောင်းလို့မရဘူး၊ ဥပဒေတွေ ရှိတယ်" ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ်ဖုန်း အတွက် တာဝန်ရှိသူ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားပြီး ဖုန်းရောင်းသည့် စာချုပ် ကျောဘက်တွင် ဖော်ပြထားသည်ကို တွေ့နိုင်မည် ဖြစ်ပြီး မည်သို့ အရေးယူမည်ကိုမူ အသေးစိတ် မပြောကြား သေးပေ။ဖုန်းအရောင်းဆိုင် များတွင် ဈေးနှုန်းများ သတ်မှတ်ဈေးထက် ကျော်လွန်နေခြင်းမှာ မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ပေးထားသည့် E-lite နှင့် ရတနာပုံ ကုမ္ဂဏီတို့က အရောင်းဆိုင်များနှင့် ပေါင်းကာ ဈေးကစားခြင်း၊ ဈေးတင်ခြင်းများ ပြုလုပ်နေသည်ဟု ပြင်ပတွင် သတင်းများ ထွက်ပေါ်လျက် ရှိသည်။

The Voice Weekly
နှစ်သိန်း ဖုန်းများ သတ်မှတ်ဈေးထက် တင်ရောင်းပါက မြန်မာ့ဆက်သွယ်ရေးက အရေးယူမည် နှစ်သိန်း ဖုန်းများ သတ်မှတ်ဈေးထက် တင်ရောင်းပါက မြန်မာ့ဆက်သွယ်ရေးက အရေးယူမည် Reviewed by သစ်ထူးလွင် on 05:58 Rating: 5

31 comments:

Aung Myin said...

နှစ်သိန်းတန်ဖုံးကိုနှစ်သိန်းခွဲနှစ်သိန်းလေးသောင်းနဲ့ဝယ်ခဲ့သူတွေအားလုံးဆိုင်လိပ်စာနဲ့တကွမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအင်ဂျင်နီယာချုပ်နဲ့ဦးဆောင်ညွှန်ကြားရေးမှူးဆီကိုအမြန်တိုင်ကြပါတဲ့။ဒါမှသူတို့ကအဲဒီဆိုင်တွေကိုဆက်ကြေးဘယ်လောက်
ကောက်လို့ရမယ်ဆိုတာအမြန်တွက်ချက်လို့ရမှာမို့ပါတဲ့။
ဦးမိုဘိုင်း

aungmyinttun5 said...

တကယ်လားဗျာ

Pho Chan said...

ကြိုမသိဘူးလားဗျာ

MMS said...

ဖုန်းအရောင်းဆိုင်တွေကဈေးကြီးနှင့်ဘာကြောင့်ရောင်းချကြရတယ်ဆိုတဲ့အချက်သေချာစီစစ်သင့်ပါတယ်
မိုဘိုင်း CE ခင်ဗျာ...ဒီဖုန်းဖြန့်ဖြူရောင်းချရေးမှာဦးသိန်းဝင်းမှာအဖွဲ့ခေါင်းဆောင်လိုသိရပါတယ်၊ဒါဆို CE ရဲ့စီမံခန့်ခွဲမှုညံ့လိုဒီလိုပြသာနာတွေဖြစ်ရတာပါ၊
ဒီဖြစ်စဉ်တွေက ရန်ကုန်မှာ ဧပြီ၎ရက်နေ့မှစဖြစ်တာပါ...Elite ကနေအရောင်းကိုယ်စာလှယ်ပေးထားတဲ့ကျော်ဖုန်းဆိုင်မှ အခြားဆိုင်များသို့
ICTS တံဆိပ်ပါစာချုပ်တွေနှင့်အလုံး၅၀အနည်းဆုံးယူရမည်၂သိန်းကို ၁% ၂၀၀၀ ပေးမည်ကဒ်ကို နောက်ရက်မှရမည်ဖုန်းလိုင်းကတော့
၉ရက်နေ့မှလိုင်ဖွင့်မည်ဟုဖုန်းဆိုင်မှားကိုလိုက်လံဖြန့်ချိပါတယ်...အဲဒီချိန်တုံးကဖုန်းဈေးမှာ၂သိန်း...၂သိန်း၅ထောင်ဆိုတအလွန်တုံးဘဲ..
နောက်ပိုင်းရက်တွေကြတော့ Elite ကဆက်ပြီးကဒ်တွေကိုမရောင်းချပေးတော့ဘဲဘာကြောင့်မသိရပ်လိုက်ပါတယ်၊အဲဒီမှာတင်ဈေးကစတက်လာပါတော့တယ်၊
ဝယ်လိုအားများပြီးရောင်းစရာကဒ်မတော့တဲ့အနေအထားရောက်သွားပြီး...၆ရက်နေ့မှာတော့ရတနာပုံတယ်လီပို့မှာကဒ်များစတင်ရောင်းချပါတယ်.....ဘယ်သူတွေကိုရောင်း
သလဲဆိုတော့အရင်သူတို့နဲ့လိုင်းဝင်ပြီးသားလူတွေနဲ့ပတ်သတ်ရာတွေဘဲရောင်းတယ်...ဖုန်းဆိုင်များမှာထိုသူများဆီမှာ ၁%မရသည့်အပြင်အမြတ် တလုံးကို ၅၀၀၀ မှာ၂၅၀၀၀၀ခွဲ
ထိပေးကာဝယ်ယူနေကြရပါတယ်။၂၅ ရက်နေ့ထိ အခွင့်ထုခံများဆီ GSM ကို ၁၀၀၀၀,WCDMA ကို ၈၀၀၀ ထိပိုပေးပြီးဝယ်နေရပါတယ်၊၀န်ကြီးမှာ ပြည်သူကိုတိုက်ရိုက်ရောင်းချ
ဘို့ပြောတော့ Elite ကသူဆိုင်များနဲ သူရဲ့ဒီလာဆိုင် (Kyaw,Touch) ၂ဆိုင်ဘဲအပြင်မှာ GSM ၂သိန်း၊WCDMA ၂သိန်းခွဲ နဲ့ရောင်းချပြီးအခြားဆိုင်တွေမှာတော့သူတို့ရဲ့နောက်က
ထုတ်ရောင်းတဲ့ကဒ်လေးတွေကိုအမြတ်ပေးပြီးပြန်ရောင်းနေကြရပါတယ်၊သမ၀ါယမစနစ်တခုကိုပြန်ရောက်သွားသလိုပါဘဲ..ဖြစ်သင့်တာကတော့ဖုန်းဆိုင်အားလုံးကိုခေါ် ဘယ်
လောက် %ယူဈေးအရင်းတိုင်းရောင်းပိုရောင်းရင်အရေးယူဝယ်လိုအားရှိသလောက်ကဒ်ချပေးဒါဆိုအဆင်ပြေသွားမှာပါ...

KKZ said...

စနစ်တကျ ဖြစ်စေချင်ပါတယ်

N2N said...

ဝိသမတ်အမြတ်ကြီးစားခြင်း-မတော်လောဘ ကို ရှောင်ကျဉ်ပါ
နောက်ဆိုဝယ်မယ့်သူမရှိတော့လျှင် ရင်းနှီးထားတာတွေ ဆုံးရူံးကုန်လိမ့်မယ်

KKZ said...

စနစ်တကျ ဖြစ်စေချင်ပါသည်။

Anonymous said...

မင်းတိုစကားတွေကနားရှိလိုတာကြားနေရတာပြည်သူ
တွေကမယုံဘူးကွ။တကယ်ဖြစ်ချင်ရင် တကယ်လက်
တွေလုပ်ပြဒါမှယုံမှာ။

bk said...

မရောင်းခင်ကတည်းက ထိရောက်စွာအရေးယူပါမယ်လို.ပြောရမှာ။
ဒါမျိုးတွေကကျွန်တော်တို.အတွက်ရိုးနေပြီး။

htakekhaungtin said...

ထိရောက်စွာအရေးယူမဲ့ကိစ္စပေါ်ပေါက်ရခြင်းဟာ ၊ထိရောက်စွာစီမံခန့်ခွဲမှုမလုပ်ခဲ့လို့ဖြစ်ပါတယ် ၊

aung naing said...

MPTကသူတို့ဈေးတင်ရောင်းတုံးကဘာမှမပြောဘူး၊အခုပုဂ္ဂလိကကိုင်မှလာပြီးအမှတ်ယူနေတယ်၊အေ၇းယူမယ်ဆိုပြီးဂွင်ဖန်နေတယ်၊စည်းမြင်းစည်းကမ်းတွေက၀န်ထမ်းတွေအတွက်ဂွင်တွေလေ။

pioneer.leo said...

ဘာတွေလဲ မသိဘူး ဖုန်းကဒ်တွေကို ပုဂ္ဂလိက တွေအရင်ပေး ပေးပြီမှ နှစ်သိန်းအတိနဲ့မရောင်းရင် တရားစွဲမယ်
နောက်ပြီ ရှိတဲ့ လျှပ်စစ်ကို တရုတ်ရောင်း ရောင်းပြီမှ ပြန်ဝယ် ဘာတွေလဲ ဘာတွေလုပ်နေတာလဲ

konay said...

မြန်မာ့ဆက်သွယ်ရေးက တကယ်အရေးယူမှာလား ၊ ဘယ်လိုအရေးယူမှာလဲ ၊ ချိုးဖောက်တဲ့သူတွေက တကယ်ချိုးဖောက်ပြီးပြီ အရေးယူပါမယ်ဆိုတဲ့သူတွေ အရေးယူချင်တယ်ဆိုရင် လုပ်လို့ရပါပြီ။ ကြားလို့ကောင်းအောင် လျှောက်ပြီးပြောမနေပါနဲ့ ။ ဘာမှ အရေးမယူရင် ဆက်လုပ်မှာပေါ့ ။ ဒီစကားတွေက အမြဲတမ်း ပြောနေတာဆိုတော့ ဘယ်သူမှ စောက်ဂရုစိုက်မှာ မဟုတ်ဘူး။ ရောင်းတဲ့လူတွေက ဆက်ရောင်းနေမှာ ၊ နံပါတ်ကောင်းရင် (၂)သိန်းခွဲ၊ (၃)သိန်းအထက်မှာ တင်ပြီးရောင်းတယ် ဆိုတာကတော့သေချာတယ် ။ ဘယ်သူ့မေးမေးသိတယ်။ ဆက်သွယ်ရေးတို့ ဘယ်လိုလုပ်ကြမှာလဲ ------------------

Nay Nwaye said...

တို့ကတော့ ၅၀၀၀ တန်မှမထွက်ရင်မဝယ်ဘူး။

tawtar said...

တိုင်းကဒ် နှင့် ပြည်နယ်ကဒ်တွေကို လိုင်းအမြန်ဖွင့်ပေးလိုက်နိုင်ရင် ဘယ်ဆိုင်တွေကမှ ဈေးပိုရောင်းလို့ရမှာမဟုတ်ပါဘူး တကယ် ဖုန်းအသုံးပြုချင်နေတဲ ပြည်သူတွေလည်း အကုန်အဆင်ပြေသွားမယ်လို့ထင်ပါတယ်

good egg. said...

madalay မှာ.....ဘယ် ဆိုင် မှာ ၀ယ် ရ မ လဲ...သိ ချင် ပါ တယ်......ပို မ ပေး ချင် လို့  ပါ....ပြော ပေး ကြ ပါ သူငယ် ချင်း များ.......

la woon said...

အေးလေ ရိုးနေပြီ
အစမကောင်း အနှောင်မသေချာ

kuro kosan said...

WCDMA ၄၄နဲ့ စတာတွေ လိုင်းချခံထားရတာကြတော့ မဆွေးနွေးကြဘူးလား...E-Lite ကလည်း စားခွက်အရမ်းလုတာပဲ....

kaungkinn said...

မင်းတို့ ဆက်သွယ်ရေးက ကောင်တွေ ချီးထုပ်တွေချည်းပဲ... အလကား မင်းတို့ အချင်းချင်း ပေါင်းပြီး လုပ်ကြံနေကြတာ...မသိဘူးများ မှတ်နေလား...

pyisoe said...

ဥပဒေရှိရင် အရေးယူပြမှ ဝိသမလောဘသမားတွေ ရပ်တန်းကရပ်မှာပါ။ ဥပဒေကို မြန်မာတွေက လူကြီးတွေရိုက်စားဘို့လုပ်ထားတဲ့ လက်ကိုင်တုတ်အနေနဲ့ နားလည်ထားတာ နှစ်ကအတော်ကြာတော့ အရေးယူဘို့ လုပ်ထားတာလို့ မမြင်ကြသေးဘူး။ ဥပဒေအထက်မှာ ဘယ်သူမှမရှိရဘူးလို့ သတင်းစာထဲမှာ ပါဘူးတယ်။ အဲဒါက ပုံပြင်ပြောတာလား၊ ယုံတမ်းစကားလား၊ တကယ် တကယ်လား၊ ပြည်သူ့အမတ်များက မေးပေးကြပါခင်ဗျာ။

kalay said...

အင်း..အရေးယူမယ်ဆိုရင်တော့ ရန်ကုန်တမြို့လုံးကဆိုင်တွေ အကုန်ပါပဲ
မြန်မြန်အေ၇းယူပေးကျပါ....

သုခ said...

သတ်မှတ်ဈေးနုန်းထက်ပိုရောင်တာ ဒါတင်မကပါ၊အရေးယူမယ်ပြောပီးလဲ ပီးသွားတာပါပဲ၊ဘယ်တော့မှ အရေးမယူကြပါ၊(လစဉ် ဖွင့်နေတဲ့ ထီ လက်မှတ် ကိုအမြဲတမ်းဈေးပို ရောင်းနေတာ ၁၀ စုနှစ်တခုကျော်ခဲ့ပီ) စာသင်ကျောင်းတွေပြန်ဖွင့်တော့မည်-လာဒ်အစားဆုံးကျောင်း(၁၀)ကျောင်းစာရင်း ပညာရေးဝန်ကြီးမှကြေညာသည်၊ဘယ်တော့မှအရေးမယူခဲ့ပါ၊ပြောချင်ရာပြောနေသော ဌာနဆိုင်ရာ လူချီးများဟုသတ်မှတ်ရမလိုဖြစ်နေပီ၊သတ်မှတ်ရတော့မလား

a said...

သိန်းဝင်း..ဥပဒေတွေကတကယ်ရှိတာလား၊ငါတို့ပြည်သူတွေကတော့မင်းတို့အဆက်ဆက်ပြောင်းလာတာတောင်တစ်ခါမှသတ်မှတ်ဈေးနဲ့မရဖူးပါ၊ရောင်းထားသူများကိုအရေးယူဖို့တိုက်တွန်းပြောကြားပေးပါအုံး၊သိန်းစိန်ကဥပဒေရှိမှန်းသိချင်မှသိမှာဒါကြောင့်အရေးမယူတာနေမှာ၊အခုအေ၇းယူကြည့်ပါလားသိပ်မခက်ပါဘူး၊အခုဖုန်းသုံးနေတဲ့သူတွေကိုအမည်ပေါက်ကဘယ်သူလဲလို့မေးလိုက်ရုံပဲဟာ၊(မင်းတို့မှာလည်းလိမ်လို့ပတ်လို့ကိုမဆုံးနိုင်တော့ဘူး။)

kscs said...

ကျမ ဖုံးဆိုင်တစ်ခုဖွင့်ထားပါတယ်။ ဖုန်းဆိုင်တွေနဲ့ မြန်မာ့ဆက်သွယ်ရေးရဲ့ အခြေအနေကို ပြောပြချင်တာပါ။ ကျမတို့ ဆိုင်မှာလဲ ၅သိန်းတန် ကာလကရော၊ လက်ရှိ ၂သိန်းတန် တွေပါ ရောင်းပါတယ်။ ဧပြီ ၄ ရက်နေ့တည်းက ထွက်တဲ့ဖုန်းတွေမှာ ၄၂... နဲ့ ၄၀... ဆိုပြီးစရောင်းပါတယ်။ အားလုံးသိပြီးသားအတိုင်း ၄၀... တွေ ပြသနာတက်ပါတယ်။ ကျမတို့လို ပြင်ပဖုံးဆိုင်များအနေနှင့် မြန်မာ့ဆက်သွယ်ရေးအပါအ၀င် မည်သည့် company တွင်မှ တိုက်ရိုက်မ၀ယ်ယူနိုင်ပါ။ သွားမေးလျှင်လည်း ကိုယ်စားလှယ်လျှောက်ရမည့်အကြောင်းပြောပါတယ်။ လျှောက်ပါမည်ဆိုလျှင်လည်း လက်မခံပါ။ မည်သည့်အကြောင်းပြချက်တစုံတရာမပေးပါ။ ကျမတို့ဆိုင်က ဖုံးကဒ်ရောင်းရန်သာ ရပ်တည်နေသောဆိုင်မဟုတ်လို့ ထိုအခြေအနေကိုလစ်လျူရှုနိုင်ပါတယ်။ ထိုကဲ့သို့ အရင်းရှင်စနစ်မျိုးကိုလည်း အားမပေးနိုင်ဘူးဆိုပြီး ကျမတို့တင်းခံပါသေးတယ်။ သို့သော် ကျမတို့သူတို့ကိုသာ လစ်လျူရှုနိုင်သည်။ customer တွေဧ။် demand ကိုလစ်လျူမရှုနိုင်ခဲ့ပါ။ ဈေးကွက်ကိုလည်းကြည့်ရသေးတယ်လေ။ သူများရောင်းပြီး ကိုယ်မရောင်းရင် ကိုယ့်ဆိုင်နာမည်ထိခိုက်နိုင်ပြန်ရော။ demand ကလည်းအရမ်းများတော့ ကျမတို့လိုအပြင်ဆိုင်တွေက သူတို့နဲ့ကပ်နိုင်တဲ့ ဆိုင်တွေကို ဆရာခေါ်ရတော့တာပေါ့။ ဆရာခေါ်လည်းခေါ်နိုင်လောက်ပါရဲ့။ သူတို့ကသိန်းကို ရာ၊ထောင် ဂဏန်းလှည့်ကစားနိုင်တာကိုး။ ဒီတော့ ဆရာပေါ့။ ဆိုတော့ အဘတွေနဲ့ ဆရာတွေရဲ့ လက်ကတဆင့်ပြီးတဆင့်ထွက်လာတာဆိုတော့ ဒီကောင်တွေလည်း ၂သိန်းတန်ပေမဲ့ ၂သိန်းမဖြစ်တော့ဘူး။ ကျမတို့လိုဆိုင်တွေကလည်း ၂သိန်းထက်ကျော်တဲ့ ၂သိန်းတန်ကို ၂သိန်းနဲ့ ဘယ်လိုမှကို အရှုံးခံမရောင်းနိုင်တော့ဘူးလေ။ ကျမတို့က ဖုံးဆိုင်ဆိုတော့ ဖုံးတို့ accessories တို့ရောင်းရင် အမြတ်ရတော့ အရင်းအတိုင်းလည်းရောင်းတာပဲ။ သူတို့ခမျာမှာတော့ ဒီလိုင်းပေါ်မှာပဲ အမြတ်ရအောင်လုပ်ရတော့လေသတည်းပေါ့။

မင်းရဲနန္ဒသူ said...

အပြင်မှာဈေးတင်ပြီးရောင်းနေတာကုန်တောင်ကုန်ပြီ.. ခုမှ အရေးယူမှာတဲ့လား..။ ဟုတ်တော့ဟုတ်နေပါပြီ..။ စဖြန့်တုန်းကမှ အရစ်ကျ စနစ်တွေဘာတွေနဲ့ရသေးတယ်..။ ရောင်းရမှန်းလဲသိရော အရစ်ကျကို ပိတ်ပစ်ပြီး ဈေးအဆမတန်တင်ရောင်းကြတော့တာပါပဲ..။ ဥပဒေတွေဘာတွေတောင် ဂရုစိုက်မနေတော့ပါဘူး..။ ၀ိသမသမားတွေ ပီသပါပေတယ်..။ ဘယ်သူသေသေ ငတေမာရင်ပြီးတာပဲဆိုတဲံလူစားမျိုးတွေပေါ့..။ ကမ္ဘာမီးလောင်ရင်တောင် သူတို့ပူမှာစိုးလို့ သူတို့သားသမီးတွေကို ချနင်းမလားတောင်မသိပါဘူး..။ အံ့သြစရာတွေပါလား..။

Your sister said...

မြန်မာပြည်မှာ ဖုန်းရောင်းတာ ဘာတွေဖြစ်နေတာလဲ..တခြားနိုင်ငံ တွေမှာအလားကားနီးပါး ပေး နေတာ..မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတာလဲ..ဆက်သွယ်ရေးက အင်ချုပ်တို့ ၀န်ကြီးတို့ စားလို့မ၀သေးဘူးလား

လွင်ပြင် said...

အော် ဖြစ်ရလေဗျာ
ခေါင်းဖြတ်လိုက် အမြီးဖြတ်လိုက် ကဘလန်ထိုးလိုက်နဲ့ ဆင်းရဲသူတွေက ပိုပြီးဆင်ရဲဖို့ပဲ ကျန်တော့တယ် ... တရားခံဘယ်သူလည်း

လင်းလင်း said...

လောဘသိပ်မကြီးကျပါနှင့်ဗျာ

Alfie said...

မင်းတို့ တွေပဲ ရောင်းနေတာလေကွာ ၊ မြန်မာပြည်မှာ ဘာပဲထွက်ထွက် စီးပွားရေး သမာတွေက ပြည်သူလူထု အပေါ် အမြတ်ထုတ်ပဲ စောင့်နေကြတာလေ
အကုန်လည်း ၂ သိန်း ၊ နောက် ၂ သိန်းခွဲ ၊ တဲ့ဗျာ သူများ နိုင်ငံတွေလည်း ခင်ဗျာ တို့ သွားရောက်လေ့လာနေတာပဲ မဟုတ်လား
သူများနိုင်ငံတွေ မှာ ဘယ်လို သုံးလဲ ကြည့်လေဗျာ၊ ခင်ဗျာ တို့ ထုတ်ရဲရင် ၅ ထောင်တန် ကဒ် ထုတ်လိုက်လေဗျာ ၊ ဒါဆို မြန်မာပြည်မှာ ဘယ်သူ မဆို ဖုန်းကိုင် လို့ ရပြီး မဟုတ်ဘူးလား
ဘယ်သူ ဈေးတင်မရောင် ခင်ဗျာ ဆီမှာကိုက ဈေးတင်နေတာလေ၊ မြန်မာနိုင်ငံက ဆက်သွယ်ရေးက ဘယ်လို အခြေအနေ ရှိလဲ ဆိုတာ ခင်ဗျာတို့ မသိဘူးနော်။ သူများနိုင်ငံတွေ သွားပြီးလေ့လာ နေတာ ဘာလုပ်မို့လဲ ၊ ဟုတ်ကဲ့ ၊ ခေါင်းညိတ် ၊ ပြီးပြန်လာတာလား။ အင်းလေ ဟုတ်မှာပေါ့ ၊

zaw hlaing oo said...

အခုမှဖမ်းမလို့စဉ်းစားတုန်းလား လုပ်လိုက်ရင်စောက်တလွှဲတွေကြီးပဲ

Thi Han said...

... Mr. Phone ကတော့ မိုက်တယ်... နှစ်သိန်းက နှစ်သိန်းပဲ..
နှစ်သိန်းခွဲက နှစ်သိန်းခွဲပဲ... သူ့မျက်စောင်းထိုးက ACE မှာတော့ နှစ်သိန်းတစ်သောင်းနဲ့ နှစ်သိန်းခြောက်သောင်းရောင်းတယ်...

Powered by Blogger.