ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၀)

ပုသိမ်မြို့နယ် မဲရုံများမှ မဲပေးပြီး မဲရုံမှပြန်ထွက်လာသူများကို မေးမြန်းစုံစမ်းမှုများအရ NLD ကိုသာ မဲပေးခဲ့ကြသည်ဟု အတိအလင်းပြောကြားကြကြောင်း၊ ထိုအထဲတွင် မီးရထားဝန်ထမ်းများနှင့် အငြိမ်းစားဝန်များလည်းပါဝင်ကြော
င်း၊ လူငယ်အချို့ဆိုလျှင်"ခွပ်ဒေါင်းကိုပဲမဲပေးခဲ့တယ်ဟေ့"ဟု အော်ဟစ်ပြီးပင်ပြောဆိုနေကြကြောင်း၊ ပုသိမ်သတင်းထောက်ထံမှ သတင်းပေးပို့သည်။

 ပုသိမ်မြို့တွင် ယနေ့ ဧပြီလ (၁)ရက်နေ့ဝယ် ပိတောက်ပန်းများ အထူးပွင့်နေကြကြောင်း၊ တစ်မြို့လုံးမှာ ကြားဖြတ်ရွေးကောက်ပွဲကိုသာ အာရုံစိုက်နေကြပြီး ဈေးဆိုင်အများစုမှာ ဆိုင်ပိတ်ထားကြကြောင်း သိရသည်။

 ပြည်ထောင်စုဝန်ကြီး ဦးတင့်စန်း လာရောက်မဲပေးစဉ်
 
နေပြည်တော်ကောင်စီနယ် ဇဗ္မူသီရိမြို့နယ် ဇေယျသိဒ္ဒိရပ်ကွက် အ.ထ.က ၅ မဲရုံအမှတ် ၁/၁ ၊ ၂/၂ သို့ပြည်ထောင်စုဝန်ကြီး ဦးတင့်စန်း လာရောက်မဲပေးခဲ့ပြီး "၂၀၁၀ ရွေးကောက်ပွဲနဲ့ အခုကြားဖြတ်ရွေးကောက်ပွဲ မဲပေးရတာအတူတူပါပဲ။ နိုင်ငံတော်အကြီးအကဲတွေကလည်း နိုင်ငံ တိုးတက်ဖို့လုပ်နေပါတယ်။ ၂၀၁၀ ပြီးတော့လဲ ပွင့်လင်းလာတာမြင်ရတာပဲ အခုရွေးကောက်ပွဲပြီးရင်လဲ ဒီထက်ပိုပြီး ပွင့်လင်းလာတာ မြင်ရမှာပါ " ဟုPopular News ဂျာနယ်၏ မေးခွန်းတိုအားပြန်လည် ဖြေကြားခဲ့သည်။
 
 Popular Myanmar News Journal
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၀) ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၀) Reviewed by သစ်ထူးလွင် on 09:37 Rating: 5

5 comments:

tkm said...

ကိုသစ်ထူးလွင်ရေ..ဒီမှာတော့ရင်တွေခုန်..ရင်တွေတုန်နေတယ်ဗျ..
NLDနိုင်ပါစေပဲဆုတောင်းနေရတယ်ဗျာ....
သတင်းတွေကိုအမြန်ဆုံးတင်ပေးတာကိုကျေးဇူးတင်ပါတယ်
နောက်ဘာတွေဖြစ်လတြင်ပေးပါအုံး...
သတင်းကိုစောင့်မျှော်နေလို့..ချစ်သူဆီတောင်ဖုန်းမဆက်နိုင်ဘူးဗျာ...
NLD အောင်မြင်ပါစေ......

Myanmar said...

တင့်ဆန်းကတော့ ၀န်ခံသွားပြီ။ အ၇င်ေ၇ွးကောက်ပွဲနဲ့အတူတူဘဲတဲ့။ အ၇င်လိုဘဲ ခိုးလို့၇တာခိုး တိုက်လို့၇တာတိုက်ပီးယူပါတယ်လို့ သဘောက်ပေါက်မိပါတယ်။ ။

KoTOE said...

တပ်မတော်ဗိုလ်ဟောင်းကြံ့ဖွံ့ အပေါင်းတို့ ...
သင်တို့ မတရားအာဏာသိမ်းပိုက်အုပ်ချုပ်မှုကြောင့်...ကျုပ်တ့ို့ တိုင်းပြည်ကြီးသည်...အနူတစ်ရာစုပ်သည့်...သရက်စေ့ပမာ...ချွတ်ခြုံကျခဲ့ရပါပြီ။
သို့ ပေငြားလည်း....သင်တို့ နှင့်သင်တို့ မိသားစုများမှာ...ဆယ်သက်စားမကုန်ချမ်းသာနေကြပြီဖြစ်နေကြပါပြီ။
သို့ ပေမဲ့...ယနေ့ ထက်တိုင်...ဆက်လက်ခိုးရန်ရည်ရွယ်လျှက်...ယခုကြားဖြတ်ရွေးကော်ပွဲတွင်...မသမာမှုများပြုနေကြပြန်ပြီ။
တော်ပါတော့...တော်ကြပါတော့...ကြေနပ်ကြပါတော့...တိုင်းပြည်ကိုသိပ်ချစ်ပါတယ်ဆိုတဲ့...ဗိုလ်မှူးကြီးတို့ု..ဗိုလ်ချုပ်ကြီးတို့ .....
လေးစား...ရိုကြိုး..ရွံရှာစွာ....တောင်းပန်အပ်ပါတယ်၊

tharzaw said...

သစ်ထူးလွင်ကို အထူးကျေးဇူးတင်ရှိပါကြောင်း။

KoTOE said...

ကြံ့ဖွံ့ တို့ ရေ..................
ရွှေ...အကြောင်း..ဖရောင်းသက်သေတဲ့
အခုတော့.....ဖရောင်းမဲလက်မှတ်တွေက...သက်သေပြနေပြီလေ

"သမိုင်းတစ်ခေတ်...သူတို့ ဖွင့်လှစ်
ကလိမ်ကကျစ်....တို့ ကြံ့ဖွံ့ 

Powered by Blogger.