အနှစ် ၂၀ ပိတ်ဆို့မူတွေကြောင့် နောက်ကျကျန်နေခဲ့တယ်..ပြန်ရုပ်သိမ်းပေးမယ်ဆိုရင်တော့…. သမ္မတ ဦးသိန်းစိန် (ရုပ်/သံ)


အနှစ် ၂၀ ပိတ်ဆို့မူတွေကြောင့် နောက်ကျကျန်နေခဲ့တယ်..ပြန်ရုပ်သိမ်းပေးမယ်ဆိုရင်တော့….
သမ္မတ ဦးသိန်းစိန်
အနှစ် ၂၀ ပိတ်ဆို့မူတွေကြောင့် နောက်ကျကျန်နေခဲ့တယ်..ပြန်ရုပ်သိမ်းပေးမယ်ဆိုရင်တော့…. သမ္မတ ဦးသိန်းစိန် (ရုပ်/သံ) အနှစ် ၂၀ ပိတ်ဆို့မူတွေကြောင့် နောက်ကျကျန်နေခဲ့တယ်..ပြန်ရုပ်သိမ်းပေးမယ်ဆိုရင်တော့…. သမ္မတ ဦးသိန်းစိန် (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 15:05 Rating: 5

12 comments:

tommy said...

ဒီနှစ် ၂၀ တွင်းမှာခင်ဗျားတို.စာရင်းမရှိအင်းမရှိခိုးတာဝှက်တာတွေကြတော့ရောမပြောတော့ဘူးလား ?

လင်းသစ် said...

...စီးပွားရေး .ပိတ်ဆို့တာ.. ဒို့မမှုပါ ...
ဒီသီချင်းလေး MRTV မှာ မလာတာ တော်တော်ကြာသွားပြီနော်..
အဲ သမ္မတကြီးတောင် အပြောင်းအလဲတွေ လုပ်ပေးတာ
ပိတ်ဆို့မှုကြောင့်မဟုတ်ပါဘူးလို့မကြာသေမီ နိုင်ငံခြားသတင်းစာကြီးတစ်ခုရဲ့ တွေ့ဆုံမေးမြန်းတုန်းက ရဲရဲဝံ့ဝံ့ ပြောကြားသွားခဲ့သေးတယ်နော်...
အင်း.... ခုနကပြောတာနဲ့ အခုပြောတာနဲ့ ........
အထက်ကပြောတာနဲ့ အောက်ကပြောတာနဲ့......
အထက်ကပြောတာနဲ့ အောက်ကလုပ်တာနဲ့......
အထက်ကလုပ်တာနဲ့ အောက်ကပြောတာနဲ့......
စဉ်းစားစရာတွေတော့ဖြစ်နေတာ ကြာ..ကြာခဲ့ပြီ.....

sm said...

အနှစ်20 ပိတ်ဆို့မှုတွေကြောင့် နောက်ကျကျန်ခဲ့တယ်ဆို၇င် ဘာလို့ အနှစ် 20 ကြာအောင် လုပ်နေသေးလည်း

Mr Bee said...

အဲဒီလို အကောင်းမမြင်ဘဲပြောနေပြီး ကိုယ်နိုင်ငံကို စတွေးကွက်ထဲရောက်အောင်လျှောက် အပုတ်ခတ်နေမယ့်အစာ ကိုယ်နိုင်ငံကိုကောင်းအောင် ဝိုင်းဝန်းပြီးစဉ်းစာပေးကြပါလားခင်ဗျာ။ အနှစ် ၂၀ တွေ ၃၀ တွေ အတိတ်တွေ ကို ပြန်ပြောမနေပါနဲ.တော. အခု ကိုယ့်နိုင်ငံအတွက် ဖြစ်သင့်တာ လုပ်သင့်တာ ကိုယ်.နိုင်ငံကို ကောင်းအောင် အကြံညဏ်ကောင်းများ ကိုမျှဝေ ပေးကြရအောင်လားခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

အမြင်သစ် said...
This comment has been removed by the author.
kaungkin said...

သမ္မတကြီးလဲ...အ၇မ်းသနားပါတယ်ဗျာ...သူမှာဖိအာတွေနဲ့...သူလဲအမေစုလိုလေးစားထိုက်တဲ့သူပါဗျာ....

pheasant said...

ကျွန်တော်တို့တွေကလည်း အတိုက်ခံ ဆိုပြီး မျက်စိစုံမှိတ်ထောက်ခံနေတာ မဟုတ်ပါဘူး အစိုးရကလည်း ပြည်သူအတွက်တစ်ကယ် ကောင်းတာ လုပ်ရင် ဘယ်သူမဆို ကြိုဆိုတယ် ထောက်ခံပါတယ် ၊ အနှစ် နှစ်ဆယ်လုံးလုံး ပြည်သူအကျိုးအတွက် ဘာကြည့်ခဲ့တာလဲ ၊ ကိုလိုနီ ကိုလိုနီ ကျွန်ဖြစ်သွားမယ်ဆိုတဲ့ ဒီခောတ်နဲ့ယုတ်တိမတန်တဲ့ ဆင်ခြေတွေပေးပြီး သူတို့မိသားစုအကျိုးအတွက်ပဲ များများလုပ်နေကြတဲ့ တပ်မတော်က နိုင်ငံချစ်လှပါတယ် ဆိုတဲ့ ကောင်တွေ မင်းတို့ဒီတစ်ကြိမ် ခေါင်းရှိရှိနဲ့ မဆင်ခြင်နိုင်ရင် ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို ကောင်းကောင်းကြီးခံရမယ်ဆိုတာမှတ်

a said...

အန်ကယ်ဒီအကြောင်းအရာတစ်ခုကိုနှစ်ခါ comment ရေးပါတယ်၊ပါမလာပါဘူး၊အမြင်မတော်တဲ့စာသားတွေမပါပါဘူးဘယ်လိုဟာမျိုးကိုမတင်ပေးတာလည်းသိချင်ပါတယ်မြန်မာပြည်က၀င်ကြည့်ရတာအဆင်ပြေတဲ့နေရာမို့ဒီတစ်နေရာမှာပဲcomment ရေးချင်တာပါအကြောင်းပြန်ပေးစေချင်ပါတယ်၊

Anonymous said...

စစ်အာဏာရှင်နှစ်၂၀အုပ်စိုးတဲရလပ်ပါဘဲ

Anonymous said...

စကားတွေက တင်စီး ပြီး တစ်ဖက်ကို အပစ်တင် ဆင်သေကို ဆိတ်သရေ နဲ့ ဖုံးသကဲ့သို့ ဖြစ်နေသည်....
အကြည်ညိုလည်း ပျက်ရပါသည်....
စကားနိုင်ထိုးနေရမယ့် အချိန် မဟုတ်လို့ လောလောဆယ်တော့ မေ့လိုက်ပါမည်....

အမြင်သစ် said...

ကိုသစ်ထူးလွင်ခင်ဗျား ကွန်မန့်တွေစိစစ်တာ နည်းနည်းလေးများ
နေသလားလို့ပါ။ အရှိအတိုင်းအမြင်ကိုရေးသားတဲ့ကွန်မန့်တွေကို
ဖော်ပြတာနည်းလာပါတယ်။ သမ္မတကြီးအရမ်းကောင်းပါတယ်
လို့ ရေးထားတဲ့ကွန်မန့်ကျတော့ ချက်ချင်းဖော်ပြတာတွေ့ရပါ
တယ်။ မဖြစ်သင့်ဘူးလို့ထင်ပါတယ်ခင်ဗျား။
အရမ်းဆိုးဝါးတဲ့ အရေးအသားများဆိုရင်တော့တမျိုးပေါ့။
။ကျေးဇူးတင်ပါတယ်။

tin said...

ဟုတ်ပါတယ် သမ္မတဦးသိန်းစိန်က လူတော်တစ်ယောက်ပါ သူများမျက်ချေးပဲ မြင်တဲ့လူတွေ တော်တော်လေးများနေပါတယ် မကောင်းပြောနေမယ့်အစား တူတူတက်နိုင်သမျှဝိုင်းလုပ်တာ ပိုအကျိုးရှိပါလိမ့်မယ်လို့ပြောချင်ပါတယ်

Powered by Blogger.