ရန်ကုန်သင်္ကြန်က ဈေးသည်များနှင့်ဗူးခွံကောက်သူများအား စီးပွားဖြစ်စေ


၂၀၁၂ ခုနှစ် ရန်ကုန်သင်္ကြန်တွင်း၌  လူစည်ကားရာနေရာ များတွင် ဈေးရောင်းချသည့် လမ်းဘေးဈေးသည်များ၊ ဘီယာဗူးခွံ့နှင့်ပုလင်းခွန်ကောက်သူများမှာ စီးပွားဖြစ်လျက်ရှိကြောင်း သိရှိရသည်။

၂၀၁၁ခုနှစ်က ရန်ကုန်တွင် ပြည်လမ်း၊ အင်လျားကန်အနီး၌ ပုဂံလေးကြောင်း (Air Bagan)မဏ္ဍပ်တစ်ခု သာရှိပြီး ၊ ယခုနှစ်တွင် အဆိုပါနေရာ၌ Air Bagan ရေကစားမဏ္ဍပ်အပါအ၀င်  Alpine ရေကစားမဏ္ဍပ်၊ChannelVရေကစားမဏ္ဍပ်တိုလာသည့်အတွက် ရောင်းအားနှစ်ဆခန့်တတ်လာကြောင်း ဈေးသည်များက ဆိုသည်။

“မနှစ်က ဒီ ပြည်လမ်းမှာ မဏ္ဍပ်တစ်ခုပဲရှိတယ် အခုဆိုသုံးခုတောင်ရှိတယ် ၊ဒီနေ့ဆိုမနက်ပဲရှိသေးတယ်ကြာဇံကြော်ဘူးတွေ တော်တော်ကုန်နေပြီ၊ ရောင်းကောင်းတယ်” ဟု ပြည်လမ်း၊အင်လျားကန်ဘောင်ရှေ့ရှိကြားဇံကြော်ရောင်းသူ ဒေါ်အုန်းခင်ကပြောသည်။

ယခုနှစ်ရန်ကုန်သင်္ကြန်၌ ကန်တော်ကြီးပတ်လမ်းတွင် ရေကစားမဏ္ဍပ် (၃၀)ရှိပြီး ၊ ပြည်လမ်းတွင် ရေကစား မဏ္ဍပ်(၃)ခုရှိကာ ထိုနေရာနှစ်ခုသည် လူအစည်ကားဆုံးဖြစ်သည်။
 

“သူများတွေကရောင်းကောင်းတယ်ရောင်းဆိုတာနဲ့ အမတို့က ဒီနှစ်မှစရောင်းတာပါ ၊ တကယ်လည်းရောင်း ကောင်းပါတယ် ’’ ဟု ကန်တော်ကြီးပတ်လမ်းတွင် ရေကစားမဏ္ဍပ်အနီး၌ ဈေးရောင်းသော မသီတာက ပြောသည်။

ယခုနှစ်သင်္ကြန်တွင် ဈေးသည်များဈေးရောင်းကောင်းခြင်းမှာ ရေပက်ခံထွက်သူများပြားခြင်း၊ သံချပ်အဖွဲ့များလှည့်လည် ဖျော်ဖြေခြင်းနှင့်ကန်တော်ကြီးမျှော်စင်ကျွန်းထွင် IBTCကုမ္ပဏီကICရှိုးပွဲအားအခမဲ့ ပြခြင်းတို့ ကြောင့် ဖြစ်ကြောင်း ဈေးသည်များကဆိုသည်။

ရေပက်ခံထွက်သူများပြားသည်နှင့်အမျှ အအေးဗူး၊ဘီယာဗူးနှင့်ပုလင်းများ ရောင်းအားတတ်မှု့ကိုအခြေပြု၍ ပုလင်းခွံနှင့် ဘီယာဘူးများအား ကားကြိုကားကြားများအတွင်း လိုက်လံကောက်ယူ၍ ပိသာာချိန်ဖြင့် ရောင်းချ သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာလည်း စီးပွားဖြစ်လျက်ရှိကြောင်း ပုလင်းနှင့် ဘီယာဗူးခွံကောက်ယူ ရောင်းချသူများထံက သိရသည်။

‘’တနေ့ကို ဘီယာဗူးခွံလိုက်ကောက်ထုရောင်းတာ (၅)ပိသာဝန်းကျင်လောက်ရတယ်၊ အဲ့ဒီတော့ ကလေးတွေ ခေါ်လာပြီး ဗူးခွံပုလင်းခွံလိုက်ကောက်ပြီးရောင်းချစားသောက်ပါတယ်၊အန္တရာယ်နည်းနည်းရှိပေမယ့် ကျွန်မတို့ မိသားစုအတွက် သင်္ကြန်တွင်း စားဝတ်နေရေးတော့ အဆင်ပြေနေတယ်’’ဟု ကလေး(၃)ယောက်မိခင် ၊ မြောက် ဥက္ကလာ ခြောက်ကွေ့က မအမီနာက ဘီယာဗူးခွံကို ထုချေရင်း ပြောဆိုသည်။

ထုချေပြီးသား ဘီယာနှင့် အအေးဗူးခွံ တစ်ပိသာလျှင် ကျပ်(၁၆၀၀)၀န်းကျင်ရရှိပြီ၊ ပုလင်းခွံတစ်လုံးလျင် ကျပ် (၅၀)၀န်းကျင် ဈေးရကြောင်း သိရသည်။



ကောင်းမြတ်ဖြိုး(မြစ်မခ)
by Myit Makha Mediagroup
ရန်ကုန်သင်္ကြန်က ဈေးသည်များနှင့်ဗူးခွံကောက်သူများအား စီးပွားဖြစ်စေ ရန်ကုန်သင်္ကြန်က ဈေးသည်များနှင့်ဗူးခွံကောက်သူများအား စီးပွားဖြစ်စေ Reviewed by သစ်ထူးလွင် on 06:45 Rating: 5

2 comments:

shingyi said...

ဥပဒေအ၇တားတာကလွဲလို့လွှတ်ပေး၇င်မျှသွားမှာပါ။

seamanလေး said...

သင်္ကြကတော့ဗျာတရုပ်တွေကအရက်တွေဘီယာတွေရောင်း၊ျြမန်မာတွေက၀ယ်သောက်၊ထွက်လာတဲ့ဘူးခွံတွေပုလင်းတွေကိုကုလားတွေက၀ယ်၊အင်းစဉ်းစားသာကြည့်ပေတော့။

Powered by Blogger.