အန်အယ်လ်ဒီ အောင်ပွဲခံရာမှ သေနတ်ပစ်မှုဖြစ်ပွား

ဧပြီ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ ညနေ ၅ နာရီ (YPI)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မဲအောင်နိုင်သည့် အထိမ်းအမှတ် အောင်ပွဲခံရာမှ ကျေးရွာ လူကြီးတဦးနှင့် တပ်မတော်မှ ဗိုလ်ကြီး တဦးအချင်းများကာ သေနတ်ဖြင့် ပစ်ခတ်မှု ဧပြီလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ကြားသိရသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်ဖောင်ကြီးအပိုင်
ပန်းတောကုန်း ကျေးရွာလူကြီး ဦးသိန်းဇော် မှာ ဦးခေါင်းတွင် ရှပ်ထိသွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်ဟု လှည်းကူးမှ ရရှိသည့် သတင်းများအရ သိရှိရသည်။

အဖြစ်အပျက်နှင့် ပတ်သက်၍ ရန်ကုန် ဆေးရုံ ဦးနှောက်နှင့် အာရုံကြောဋ္ဌာနသို့ ဆက်သွယ်မေးမြန်းရာ လှည်းကူးမှ သေနတ်ပစ်ခတ်မှုကြောင့် ဆေးရုံသို့ ဦးသိန်းဇော်ရောက်ရှိလာသည်မှာ မှန်ကန်ကြောင်းနှင့် ဒဏ်ရာ သက်သာသွားသဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်ဟု YPI သို့ဖြေကြားသည်။
ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး သို့ဆက်သွယ်ရာ ယနေ့ ညနေပိုင်းထိ အဆက်အသွယ် မရရှိသေးပါ။ ။ 
 Yangon Press International
အန်အယ်လ်ဒီ အောင်ပွဲခံရာမှ သေနတ်ပစ်မှုဖြစ်ပွား အန်အယ်လ်ဒီ အောင်ပွဲခံရာမှ သေနတ်ပစ်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 17:38 Rating: 5

24 comments:

kmkomin3 said...

သေနတ်ရှိတိုင်း ရမ်းကားလို့ရနိုင်နေပါသေးလား အရေးယူပေးပါ အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့

yelpaing said...

တပ်မတော်က ဗိုလ်ကြီးဆိုတဲ့ကောင် ။သေနတ်ဆိုတာ မင့်အမေလင်မဟုတ်သလို လူကြားထဲလဲ အရမ်းကာရောမပစ်ရဘူးကွ။သေနတ်ရှိလို့ ကြောက်တယ် ပစ်ပြလိုက်ရင်ကြောက်တယ်လို့ တော့မထင်နဲ့ ကိုယ်လူ ။လူတိုင်းမှာလက်ညိုးရှိတယ်ဆိုတာမင့်ခေါင်းထဲထည့်ထားကွ။သိပ်ပစ်ချင်နေရင်တော့ မြုင်ကြီးငူ ကိုလာခဲ့ကွာ။သေနတ်ပစ်တမ်း ကစားကြမယ်။ ။

Mplus said...

လက်နက်အားကိုးတဲ့အာဏာရူးတွေရှိနေသမျှတော့ ဗိုလ်ချုပ်ပြောတဲ့ဖါနိုင်ငံပဲဖြစ်နေမှာပဲ တော်သေးတယ်နိုင်ငံကိုကယ်တင်နေတဲ့အမေစုရှိနေလို့ပါလား......

kpg thar said...

ရမ်းကားတာပဲ ... သမ္မတကြီးနှင့် ခေါင်းဆောင်ကြီးတွေကို မလေးမစား ပမာမခန့်၊ လက်နက်အားကိုးနဲ့ လူလူချင်းမစာနာ၊ ပြည်သူတွေအားလုံး ကြိုးစားနေကြချိန်မှာ ဒီလိုစုန်းပြူးကို လုံးဝ ရှုံ့ချပါတယ်။

Love & Peace said...

သေနတ်ဆိုတာပြည်သူကိုကာကွယ်ဘို့ကွ။

Unknown said...

လူလူချင်းဖြစ်တဲ့ပြသနာမှာဘယ်အ၇ာမဆို
လက်နက်ကိုင်ပြီးဆုံးဖြတ်တတ်တဲ့ပြည်သူ့တပ်မတော်သား
တွေကိုအတော်လေး လေးစားမိပါတယ်၊ပြည်သူချစ်မြတ်နိုး
အားကိုးတဲ့ပါတီအနိုင်၇၇ှိမှတော့ အားလုံးဟာလွတ်လပ်စွာ
ပျော်၇ွှင်ကြမှာပါဘဲ၊ဒါကိုမနာလိုမ၇ှုစိတ်တွေ ၇ှိနေမယ်ဆို၇င်
ဒီပြသနာတွေက၇ှိနေအုံးမှာပါဘဲ

မောင်ငွေ said...

ဒါတွေမြင်လို့အမေစုက ကြေငြာချက် ချက်ခြင်းထုတ်ခဲ့တာပါ။ သတိနဲ့ ပျော်ကြဖို့လိုပါတယ်။

မောင်ငွေ said...

ဒါ့ကြောင့် အံတီက ချက်ခြင်း ကျေငြာချက်ထုတ်ပြီး သတိနဲကပျော်ကြဖို့ တားဆီးရတာဘဲ...။

Unknown said...

သေနတ်ရှိတိုင်းပစ်ချင်သလိုပစ်လို့ ရပါသလားခင်ဗျာ

ဘဘကျော် said...

ဟာ.. မဖြစ်သင့်ပါဘူး.....

genius said...

အဲဒီ ဗိုလ်ကြီးကသေနတ် ပစ်ခွင်. ရှိပါသလား ?

duyinthee said...

ဘယ်လိုလဲ အရှုံးကိုလက်မခံနိုင်ဘူးလား

thethnin said...

ဒါတွေသိလို့ အမေက ကြိုမှာထားတယ်
အမေ့စကားကို နားထောင်သင့်တယ်

taegufcmm said...

ပညာရှိပီသပါတယ်အမေရယ်သူများထက်ခြေ၁၀လှမ်းကြိုမြင်နေတဲ့အမေ့စကား နားထောင်ကြတဲ့ပြည်သူတွေ အမေကို ချစ်လို့ပါ။

Kyi said...

ကြံဖွံ့တွေနိုင်တုန်းကဒီလိုပုံမျိုးထွက်မလာပါဘူးဗျာ။ အထက်ပိုင်းမှာရောက်နေတဲ့မြန်မာတွေစိတ်ဓာတ်တွေကိုအတော်လေးပြင်ဆင်သင့်တယ်။ နောက်ဆိုရင်တော့ NLD ကစပြီးတော့ပြင်ပေးတော့မှာပါ။ ၅နှစ် ၁၀နှစ်အတွင်းပြောင်းလဲမှုတွေအများကြီးဖြစ်လာမှာပါ။

sarchintal said...

ဘယ်အဖွဲ့ အစည်းကိုမှရှော့မတွက်ပါနဲနော်။ NLD ပါတီ က လွဲ ရင်အားလုံမှာ သေနက်ရှိတယ်။
အသိ-သတိ ရှိကြပါ။

mad dog said...

ဗိုလ်ကြီး ဆိုတဲ့လူေ၇.... မင်းမဲ့စ၇ိုက်တွေ အာဏာ၇ှင်ဆန်တဲ့ ပုံစံမျိုးတွေ လာမလုပ်နဲ့။ အေ၇းယူပေးကြပါ။ မဟုတ်၇င် နောက်ထပ် လူလိုက်သတ်နေအုံးမှာပဲ။

အရှိအတိုင်း said...

သူ့ကို ဘယ်လိုအရေးယူမှာလဲ

zayar htut said...

ဘာတွေလည်း ဒီလို့လုပ်တာမတ၇ားဘူးနော် ပြင်းးပြင်းထန်းထန်းအေ၇းယူပေးပါ ....

Bravo said...

စည်းကမ်းရှိမှ ဒီမိုကရေစီအစစ်အမှန်ဖြစ်မှာပါ။ ဗိုလ်ချုပ်အောင်ဆန်း အသေအချာပြောခဲ့ပါတယ်။ စည်းကမ်းမရှိရင် ငါတို့နိုင်ငံ ဖါနိုင်ငံဖြစ်သွားပါလိမ္မယ်။

Unknown said...

ဥပဒေဘောင်ကိုကျော်ပြီးဖြစ်ပျက်ခဲ့တာတွေဟာများနေပါပြီ
ဒါကိုဘာလို့ခုထိအဆုံးမသတ်ရတာလဲ
လက်နက်ကိုင်တာအဲလိုသောင်းကျန်းဖို့လားဗျာ
လက်နက်ဆိုတာကျူးကျော်သူတွေကိုကာကွယ်ဖို့
ပြည်သူတွေအကြောက်တရားငြိမ်းအောင်လို့မဟုတ်လား
ဒါတွေမေ့နေပြီထင်ပါရဲ့ဗျာ
မဖြစ်သင့်တဲ့ကိစ္စတွေဆက်တိုက်လုပ်ပြီးရာဇဝင်တွေရေးနေတယ်နဲ့တူပါရဲ့

Myanmar said...

ဘ၀တပါးသို့ သွားလေသူ ဗိုလ်ရှုပ်ကြီးဟောင်း ဦနေ၀င်း စကားကို နားထောင်တာပါ။။ သေနတ်ဆိုတာ တည့်တည့်ပစ်ဖို့ပါ ။။။
လူကြီးတဦးနှင့် တပ်မတော်မှ ဗိုလ်ကြီး တဦးအချင်းများကာ သေနတ်ဖြင့် ပစ်ခတ်မှု ဧပြီလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ကြားသိရသည်။

The Nature Myanmar said...

တရားဥပဒေကို စံပြလေးစားလိုက်နာသော၊
စည်းကမ်းပြည့်ဝသော အမျိုးကိုချစ်သော တပ်မတော်၊ ပြည်သူက ကြည်ညိုလေးစားသော၊ ပြည်သူကို ကာကွယ်သော ပြည်သူ့တပ်မတော် အဖြစ် မြင်ချင်ပါတယ်...
ကျနော်ငယ်ငယ်တုန်းက စစ်သားရူး ရူးခဲ့ဘူးတယ်...စစ်သားဖြစ်ချင်တာမှ တစ်ပိုင်းကို သေနေတာဘဲ...
နွားတင်းကုပ်ထဲမှာ စစ်တိုက်တမ်း ကစားခဲ့ကြတယ်...
ဗိုလ်ချုပ်အပါအ၀င် ရဲဘော်သုံးကျိပ်ရဲ့ မျိုးချစ်တပ်မတော် ဖြစ်လို့လေ...
ဒါပေမယ့်...
၁၉၈၈ အရေးအခင်းကို ကိုယ်တိုင်ကြုံခဲ့ရတာရယ်၊
၂၀၀၇ မှာ ဗုဒ္ဓဘာသာဝင်တို့ ဦးခိုက်ပူဇော်ကြတဲ့ ဘုရားသားတော် ဘုန်းကြီးတွေကို ရိုင်းရိုင်းစိုင်းစိုင်း စော်ကါးခဲ့တာတွေကြောင့်
ကျနော် အဲဒီ့ယူနီဖောင်းနဲ့ လူတွေကို ကြည့်လည်း မကြည့်တော့ဘူး...အသံကြားရင်လည်း အာရုဏ်ပြောင်းပစ်လိုက်တယ်...မြင်ရင် တွေ့ရင်လည်း ချီးပုံကိုဘဲ ရှာကြည့်တော့တယ်...အော်...အပင်တွေအတွက်၊ ပတ်ဝန်းကျင် သာယာလှပဖို့အတွက် မြေသြဇာတွေပါလားလို့...
ဘ၀ဆက်တိုင်း ဆက်တိုင်း ထိုလူများနဲ့ မဆုံပါရစေနဲ့လို့...
မြန်မာပြည်သူတွေလည်း ၀ဠ်ရှိခဲ့ရင် ဒီဘ၀မှာဘဲ ကျေပါရစေလို့...

WELCOME TO SUNSET INN IN KOHSAMUI said...

ကိုယ့်ရဲ့ကြိုးစားမှုကြောင့် ရရှိလာတဲ့ အောင်မှုကို ကျွန်တော်တို့ မပျော်သင့်ဘူးလို့ ထင်တယ်ဆိုရင် သင်ဟာ စားမေးပွဲ မဖြေဘူး မအောင်ခဲ့ဘူးတဲ့ သူပဲဖြစ်မယ်။ အတိတ်က ကျွန်တော်တို့ မျက်ရည်တွေ သွေးတွေ ချွေးတွေ အသက်တွေ ရင်းခဲ့ရလို့ ကျေကွဲဖွယ်ရာတွေကို သတိမရနိုင်အောင် ပျော်ပါရစေဗျာ ပျော်ပါရစေ.....၂၀၁၅ကျရင်လည်း ပျော်နိုင်အောင် ကြိုးစားကြပါဦးဗျို့

Powered by Blogger.