လွှတ်တော်တွင်တပ်မတော်သားကိုယ်စားလှယ်များက ပြည်သူဘက်က ရပ်တည်နေ

ဗိုဟိန်+ရှု့မ၀(မြစ်မခ)
ဧပြီ(၂၄)ရက်၊၂၀၁၂ခုနှစ်။

 အစားထိုးပြောင်းလဲလိုက်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှာ ဒီမိုကရေစီမိတ်ဘက် ပါတီများက တင်သွင်းသည့်အဆိုများအား ထောက်ခံအားပေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ထံက သိရှိရသည်။

မတ်လ(၂၄)ရက်လွှတ်တော်အစည်းအဝေးတွင် ရှေ့နေနှင့်တရားသူကြီးများ အဂတိလိုက်စားသည့် တရားစီရင် ရေး မဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်စေရန်အတွက် ၀ိုင်းဝန်းကူညီထောက်မပေးရေး အဆိုအား အမျိုးသားဒီမိုကရေစီ ပါတီသစ်က ပြည်သှုလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များက တင်သွင်းရာ တပ်မတော်သားကိုယ်စားလှယ်များက ထောက်ခံအားပေးခဲ့ ခြင်းဖြစ်သည်။

“မနေ့ကတင်သွင်းခဲ့တဲ့ ရှေ့နေတွေ တရားသူကြီးတွေအဂတိလိုက်စားမှုကို အဆိုတင်သွင်းရာမှာ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေနဲ့တသားထဲ အဲ့ဒီအဆိုကို လက်ခံတဲ့အတွက် ကျေနပ်အား ရတယ်၊”ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီက ပြည်သှုလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြော သည်။

တပ်မတော်သားကိုယ်စားလှယ် အစားထိုးပြောင်းလံနေရာချထားမှုကြောင့် အရာရှိငယ်များအစား အရာရှိကြီး များရောက်ရှိလာသဖြင့် လွှတ်တော်တွင်းရှိ ကိစ္စရပ်များအား အကဲ့ဖြတ်ရာတွင် ပိုမိုအားကောင်းစေနိုင်ကြောင်း ၄င်းက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်သို့ ၀င်ရောက်လာမည် ဖြစ်သဖြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွင် အရာရှိကြီးများအား အစားထိုးပြောင်းလဲမှုနှင့် ပတ်သက်၍  အထင်နှင့်မှတ်ချက်မပေးလိုကြောင်း ဦးသိန်းညွှန့်က ဆက်လက်ပြောဆိုခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ကိုယ်စားလှယ်များ လွှတ်တော်အတွင်း ၀င်ရောက်မည်ဖြစ်သဖြင့် တပ်မတော်သား ကိုယ်စားလှယ်များဘက်က ကြိုတင်ပြင်ဆင်မှု အနေဖြင့် အစားထိုးပြောင်းလဲခြင်းဖြစ်ကြောင်း အငြိမ်းစားတပ်မတော်သားဟောင်းတစ်ဦးက သုံးသပ်သည်။
‘’အခုဆို လွှတ်တော်မှာ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်တွေလည်း ၀င်ရောက်ရမယ်ဆိုတော့ စစ်တပ်ဘက်က ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အစားထိုးတာဖြစ်နိုင်တယ်”ဟု တပ်တော်ကြည်း အငြိမ်းစားဗိုလ်မှူးဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပထမအကြိမ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမည် စာရင်းတင်သွင်းထားသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအနက်  ပြည်သူ့လွှတ်တော်တွင် (၃၉)ဦး၊ အမျိုးသားလွှတ်တော်တွင် (၂၀)ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစစ်၍ ဗိုလ်မှူးချုပ် အဆင့်၊ ဗိုလ်မှူးကြီးအဆင်နှင့် ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိ တပ်မတော်သားများအား သက်ဆိုင်ရာလွှတ်တော် များတွင် ပြောင်းလဲတာဝန်ထမ်းဆောင် စေခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများက သတင်းထုတ်ပြန်သည်။

“လွှတ်တော်ထဲမှာ NLD ပါလာမှာမို့လို့ ပြင်ဆင်တာလားဆိုတာ သူတို့ကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်၊ တကယ်တမ်းကျတော့ တကယ့်ကောင်းကျိုးလုပ်မယ်ဆိုရင် အရာရှိငယ် အရာရှိကြီးဆိုတာ မရှိပါဘူး အကုန်ပါလာပါလိမ့်မယ်၊ တကယ်လို့ လွှတ်တော်မှာ တစ်ခုခုမကောင်းတာရှိရင် အရာရှိငယ်တွေက မပယ်ဖျက်နိုင်ဘူး၊ အရာရှိကြီးတွေကတော့ တားနိုင်လိမ့်မယ် “ ဟု တပ်မတော်တွင် တာဝန်ထမ်း ဆောင်ဖူးသည့် ဦးမျိုးသန့်ကပြောသည်။


နိုင်ငံသားတစ်ဦးနှင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးအနေဖြင့် လွှတ်တော်တွင် အရာရှိငယ်များအား တာဝန်ပေးခြင်းထက် လုံခြုံရေးအသိအပြည့်အ၀ရှိသည့် အရာရှိကြီးများအား တာဝန်ထမ်းဆောင်စေခြင်းက ပိုမိုသင့်လျော်ကောင်းမွန်ကြောင်းကိုလည်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အဆိုပါထုတ်ပြန်ချက်ကို ကြေညာချက်အမှတ်(၂၂/၂၀၁၂)နှင့်(၂၃/၂၀၁၂)ဖြင့် ဧပြီလ(၂၂)ရက်နေ့တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၅၉)ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဝင်းကိုက အစားထိုးပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ကျင်းပပြုလုပ်နေသော လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်တစ်ရပ်လုံး၏ ၂၅%ရှိသော တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်(၁၁၀)ဦးနှင့် အမျိုးသားလွှတ်တော်တွင် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၅၆)ဦး တတ်ရောက်တာဝန်ထမ်းဆောင်နေရာမှာ ယခုကဲ့သို့ လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားကိုယ်စားလှယ် (၅၉)ဦးအား ပြောင်းလဲ အစားထိုးတာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ(၂၃)ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး(၁၉)ရက်မြောက်ကို နေပြည်တော်ရှိ သက်ဆိုင်ရာလွှတ်တော်ခန်းမအသီးသီးတွင် ကျင်းပခဲ့သည်။




Shwe Myitmakha Media Group
လွှတ်တော်တွင်တပ်မတော်သားကိုယ်စားလှယ်များက ပြည်သူဘက်က ရပ်တည်နေ လွှတ်တော်တွင်တပ်မတော်သားကိုယ်စားလှယ်များက  ပြည်သူဘက်က ရပ်တည်နေ Reviewed by သစ်ထူးလွင် on 17:49 Rating: 5

32 comments:

Human Right said...

တပ်မတော်သား ကိုယ်စားလှယ်တွေ ဒီလိုမျိုး ပြည်သူတွေဘက်ကနေရပ်တည်ပေးတာကို ပြည်သူလူထုကြီးတစ်ရပ်လုံးက ကြိုဆိုပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးတစ်ချက်ကတော့ အခုဝင်ရောက်လာတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေဟာ နိုင်ငံနဲ့ ပြည်သူကိုကောင်းကျိုးဖြစ်ထွန်းစေရမည် ဆိုတဲ့ ရင်ထဲက စေတနာပါလာဖို့လိုပါတယ်။ ကျွန်တော်ဆိုလိုတာက တကယ့်ရင်ထဲကလာတဲ့စေတနာကိုပါ ။ ပါးစပ်ကလာတဲ့စေတနာကိုတော့ မဆိုလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုဆိုရင် ဒီမိုကရေစီကို သွားတဲ့နေရာမှာ တပ်မတော်ဟာလည်း အရေးကြီးပါတယ်။

san san said...

မှန်ကန်တဲ့ဘက်ကရပ်တည်တဲ့ ပြည်သူ့တပ်မတော်ဖြစ်ပါစေ

Human Right said...

တပ်မတော်သား ကိုယ်စားလှယ်တွေ ဒီလိုမျိုး ပြည်သူတွေဘက်ကနေရပ်တည်ပေးတာကို ပြည်သူလူထုကြီးတစ်ရပ်လုံးက ကြိုဆိုပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးတစ်ချက်ကတော့ အခုဝင်ရောက်လာတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေဟာ နိုင်ငံနဲ့ ပြည်သူကိုကောင်းကျိုးဖြစ်ထွန်းစေရမည် ဆိုတဲ့ ရင်ထဲက စေတနာပါလာဖို့လိုပါတယ်။ ကျွန်တော်ဆိုလိုတာက တကယ့်ရင်ထဲကလာတဲ့စေတနာကိုပါ ။ ပါးစပ်ကလာတဲ့စေတနာကိုတော့ မဆိုလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုဆိုရင် ဒီမိုကရေစီကို သွားတဲ့နေရာမှာ တပ်မတော်ဟာလည်း အရေးကြီးပါတယ်။

Unknown said...

နိုင်ငံနဲ့ လူမျိုးအတွက်ဆိုမောင်ဖြူမှမောင်မဲမှမဟုတ်ပါဘူး.........ကောင်တာလုပ်တဲ့အားလုံးကိုထောက်ခံပါတယ်...............................

tommy said...

အခုမှနာမည်ယူနေတာပါဗျာ ... တရားစီရင်ရေးမဏ္ဏိုင်ကိုဖျက်စီးခဲ့တာလည်းတပ်မတော်ပါပဲ ...
ရှေ့နေတွေတရားသူကြီးတွေကအရင်ကစစ်တပ်ကအမိန်.ပေးတဲ့အတိုင်းလုပ်ခဲ့ရတာပါ ... တစ်ချို.နိုင်ငံရေးအမှုတွေဆိုရင်တရားသူကြီးတောင်အမိန်.မချရသေးဘူး၊ စစ်တပ်က
ဘာမှုနဲ.ဘယ်နှနှစ်ထောင်ချမယ်ဆိုတာတောင်ဆုံးဖြတ်ပြီးသွားပြီ ၊အခုမှရှေ့နေတွေတရားသူကြီးတွေကိုလွဲမချပါနဲ. ....

ဇာမဏီ said...

ဒီလောက်လေးကတော့ ရပ်တည်ပြရမှာပေါ့ဗျာ။ ဒါလောက်လေးနဲ့
ပြည်သူ့ဘက်ကရပ်တည်တယ်လို့ပြောလို့မရပါဘူး ။အဓိကကျတဲ့
အခြေခံ ဥပဒေ ပြင်ဆင်ရေးတင်သွင်းလာတဲ့အခါကျရင် အန်အယ်
ဒီဘက်ကရပ်တည် ပေးဖို့ဘဲလိုပါတယ် ။ ဒါမှ ပြည်သူနဲ့တသားထဲ
လို့ ပြောလို့ရမှာပါ ။

Anonymous said...

အမေစုရဲ့အမှန်တရားကို
မဖျက်စီးပစ်ပါနဲ့လို့တောင်းပန်လိုက်တယ်။

aristhteinwin said...

သိပ်ပြီး ခြီးမွမ်းထောပနာ ပြုမနေနဲ့ ဦး- ဒီ ယုန်မြင်လို့  ဒီခြုံထွင်တာဖြစ်နေဦးမယ်။ နာမည်ပျက်နေတဲ့ စစ်တပ် နာမည်ကောင်းပြန်ရအောင် မင်းတို့  ထောက်ခံလိုက်- ကြံ့ ဖွတ်ပါတီက ရေငုံနှုတ်ပိတ်နေလိုက်- ကျန်တဲ့ လူ ဘာမှ မလုပ်နိုင်ဘူးကွ- ဟဲဟဲ မပိုင်ဘူးလားလို့  ရယ်မောနေကြမယ်။

မင်းမြတ် said...

အစကတော့ဒီလိုပဲအယုံသွင်းရတာပေါ့။တနိုင်ငံလုံးရင်ဆိုင်နေရတဲ့ ပြသနာပဲလေ၊ ကချင်တိုင်းရင်းသူစွန်ရွတ်လွယ်ဂျာ ကို မတရားပြုကျင့်ပြီး၊ အစဖျောက်လိုက် တဲ့ အမှုမှာ တပ်ရင်းမှူးက ဖမ်းဆီးမှုမရှိ၊ ကျူးလွန်မှုမရှိဆိုပြီး ညင်းပယ်ခဲ့လို့ တရားလွှတ်တော်မှာ ရှေ့တော်သွင်း စာချွန်လွှာ တင်ပြီး ခေါ်ယူ စစ်ဆေး ပေးဖို့တောင်းဆိုတာ ဘာမှဖြစ်မလာတာက ထင်ရှားတဲ့သာဓက တခုပဲလေ၊ ယုံကြည်ဖို့တော့ခက်သေးတယ်။

a said...

အချိန်ကုန်ခံပြီးဘာလို့ဝိုင်းဝန်းကူညီထောက်မပေးရေးလုပ်နေကြတာလဲ၊ဥပဒေအရတိတိကျကျအရေးယူကြည့်လိုက်ပါဘာလို့တစ်ခုထဲကိုပြောနေကြတာလဲဌာနအားလုံးနီးပါးအဂတိလိုက်စားတာမဟုတ်ဖူးလား၊တက်ညီလက်ညီနဲ့အပျော်ဆော့နေကြသလိုပဲအံ့သြစရာပါလား၊နိုင်ငံတကာကလည်းကောင်းချီးတွေပေးလို့၊ပြည်သူအများစုကလည်းဖွတ်ဖွတ်ညက်ညက်ကျေလို့၊လွှတ်တော်ထဲကပဲပြောပြောအပြင်ကပဲပြောပြောပြည်သူတွေအတွက်ကတော့အစိုးရတစ်နှစ်ကျော်အတွင်းကောင်တဲ့သက်ရောက်မှုမရှိသလောက်ပဲ။မတရားတာတွေလုပ်ခံနေရစဲပဲ။

Anonymous said...

အစပိုင်းပဲ ရှိသေးလို့ အသေအချာ မပြောနိုင်ပေမယ့်.. ဒီသတင်းကြားရတာ ၀မ်းသာပါတယ်ဗျာ..

Unknown said...

အော် သာဓုပါဗျာ။ အဲဒါမှ ပြည်သူ့ တပ်မတော်သားတွေပဲ။ယ္ခုကစပြီး ပြည်သူ့ အကျိုးကိုများများသယ်ပိုးနိုင်ပါစေဗျာ။

paukpauk said...

အဲဒီပို့စ် တင်တာ တစ်ခုခုတော့ တစ်ခုခုပဲ

komyo said...

ပြည်သူဘက်ကရပ်တည်ရှေးရှူ့ပြီးကြည့်တာတော့ကောင်းတဲ့အပြုမူပါ စစ်တပ်ကိုယ်
စလယ်တွေပြောင်းလဲလိုက်တဲ့ကာချုပ်မင်းအောင်လှိုင်ရဲ့ရွှေ့ ကွက်ကိုစောင့်ကြည့်ရ
ပါလိမ့်မယ်ပညာသားတော့ပါတယ်ဗျလွတ်တော်ထဲမှာလိုက်လျှာ်မှု့တွေအနည်းငယ်
ပြုလုပ်ပြီးစစ်တပ်ကိုအာရုံပြောင်းမယ် တဖက်မှာလဲ သူ့ ရဲ့အာဏာတည်မြဲဖို့အတွက်
ယုံကြည်သူတွေကိုပြောင်းလဲခံအပ်မယ်ဒါဟာသတိထားစရာအချက်တခုပါ။

ဖြိုးသီဟ said...

တပ်မတော်နဲ့ပြည်သူကြည်ဖြူစွာနဲ့လက်တွဲသွားချင်ပါတယ်

minsoeaung said...

တပ်မတော်းသားကိုယ်စားလှယ်ကြီးများကပြည်သူ့
ဘက်ကပါဝင်နေကြဘီ။ဝမ်းသာစရာပါဘဲ။ တ စ ည
ကိုယ်စားလှယ်အိုကြီးတွေဘာလုပ်နေကြလဲ။ ပြည်သူ့အတွက်အလုပ်လုပ်ကြပါ။စိတ်ထားကောင်း
သောအသိပညာပြည့်ဝကုန်သောတပ်မတော်သားကိုယ်
စားလှယ်များဗိုလ်ချုပ်အောင်ဆန်းနှင့်ပြည်သူ့မျက်နှာကို
ကြည့်ပြီးလွှတ်တော်မှာမဲထည့်ကြဘို့နိုးဆော်အပ်ပါ
သည်။

Anonymous said...

ငယ်တဲ့သူတွေကြတော့ ငဲ့စရာ သိပ်မရှိတဲ့အပြင် အကြောက်လည်းနည်းတာကြောင့် ထိမ်းမရမှာ စိုးရိမ်ရတယ်....

la woon said...

နိုင်ငံတကာကိုကြည်လိုက်ပါအုံး
သက်ကြားရွတ်တွ ကြီးတွေ စိုးမိုးတဲ့ခစ် ကုန်ပြီ

tapaungthi said...

Human Right said...

တပ်မတော်သား ကိုယ်စားလှယ်တွေ ဒီလိုမျိုး ပြည်သူတွေဘက်ကနေရပ်တည်ပေးတာကို ပြည်သူလူထုကြီးတစ်ရပ်လုံးက ကြိုဆိုပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးတစ်ချက်ကတော့ အခုဝင်ရောက်လာတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေဟာ နိုင်ငံနဲ့ ပြည်သူကိုကောင်းကျိုးဖြစ်ထွန်းစေရမည် ဆိုတဲ့ ရင်ထဲက စေတနာပါလာဖို့လိုပါတယ်။ ကျွန်တော်ဆိုလိုတာက တကယ့်ရင်ထဲကလာတဲ့စေတနာကိုပါ ။ ပါးစပ်ကလာတဲ့စေတနာကိုတော့ မဆိုလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုဆိုရင် ဒီမိုကရေစီကို သွားတဲ့နေရာမှာ တပ်မတော်ဟာလည်း အရေးကြီးပါတယ်။

ဟုတ်ပါတယ် အရမ်းကိုမှန်ကန်ပါတယ် ၀ိုင်းဝန်းကြိုးစားပေးကြပါ..။

Anonymous said...

အိပနေတဲ့ကောင်လေးတွေနေရာမှာ...ငိုက်နေမဲ့ကောင်ကြီးတွေနဲ့အစားထိုးတာမဖြစ်ပါစေနဲ့ ပြည်သူ့တပ်မတော်ဘ၀ ပြန်ရောက်ပါစေ...

Reformation said...

ကောင်းပါတယ်ဗျာ တိုင်းပြည်အတွက်ပဲ နှစ်သစ်ကူးမှာ သတင်းထူးလေးပေါ့

Anonymous said...

တပ်မတော်သားပြည်သူတွေဘက်ကရပ်တည်တယ်
ဆိုတာအသာထားတပ်ထဲကစစ်သားတွေရဲ့ဘ၀ကို
ကယ်တင်ပေးလိုက်ပါ။တပ်မတော်ကိုသာအဆင့်အတန်း
ရှိတဲ့တပ်တခုဖြစ်အောင်ထိမ်းသိမ်းပါ။
တိုင်းပြည်ကိုပြည်သူကရွေးချယ်တင်မြောက်သော
ခေါင်းဆောင်များကသာအုပ်ချုပ်သင့်ပါတယ်။
လွတ်တော်ထဲဝင်လာပြီးအမေစုပါတီကိုလုပ်ကြံဖို့
ပြည်သူတွေကိုအယုံသွင်းဖို့ဆိုရင်တော့
ဖြောင့်ဖြူးတဲ့ဒီမိုကရေစီလမ်းကွေ့ကောက်နေမည်သာ။
ဘာလို့မဲထည့်ရမှာလဲ...ပြည်သူဘက်ကပါဝင်နေတယ်ဆိုတာ
ဘယ်လိုအထာက်ထားကသက်သေခံနေသလဲ...

Nay Nwaye said...

ပြည်သူတွေရဲ့ ခန်ဓာကိုယ်ထဲကိုပစ်သွင်းခဲ့တဲ့ကျည်ဆံတွေ သူတို့ဘယ်လိုပြန်ထုတ်ပေးမှာလဲ

pyisoe said...

စစ်မှန်သော ဒီမိုကရေစီ
စစ်မှန်သော မျိုးချစ်စိတ်ဓာတ်
စစ်မှန်သော ပြည်သူ့ကိုယ်စားလှယ်
စစ်မှန်သော -- စစ်မှန်သော ---
စစ်သားတွေက မှန်ကန်ပါမှပဲ ပြည်သူတွေရင်အေးရမယ်ပေါ့။

aye koko said...

တပ်မတော်သားပဲဖြစ်ဖြစ် အရပ်သားပဲဖြစ်ဖြစ် တိုင်းပြည်အတွက် တကယ်စေတနာရှိပြီးအလုပ်လုပ်တဲ့သူဆိုရင် အားလုံးထောက်ခံ ပါတယ် လူဆိုးလူကောင်းဆိုတာ စစ်သား အရပ်သားဆိုတာနဲ့ မဆိုင်ပါဘူး နေရာတိုင်းမှာရှိပါတယ်

sawsaw said...

တပ်မတော် စစ်သားဆိုတာ ပြည်သူက ပေါက်ဖွားလာတာပဲလေ။

naung said...

ဒို့ကတော့စောင့်ကြည့်လိုက်အုံးမယ်.... ဟေး....
သာ.....ဓု။သာ.....ဓု။ ( လောလောဆယ်နှစ်ကြိမ်သာ.....)
အဆိုးမြင်ဝါဒီ မဟုတ်ပါ...။ အင်း..လှည့်စားခံရပေါင်းက
ကိုယ့်တစ်သက်မကတော့ဘူးဆိုတော့လည်း...။

solonlay said...

အဆိုးထဲက အကောင်းပေါ့ ဗျာ

mgmg said...

သတိ...သန်းရွှေမသေသေးပါ...။

that said...

ပြာ်သူချစ်သောတပ်မတော်ဖ်ြအောင်ကြိုးစားကြပါ

ကိုကြည်နိုင် said...

စောင့်ကြည့်ဦးမယ်.. အခုတော့ မယုံသေးဘူး

ko pwa said...

တပ်မတော်ဆိုတာ ပြည်သူ့ဘက်ကပါပဲ ဒီတပ်နဲ့ပဲ လွတ်လပ်ရေးကို ကာကွယ်ခဲ့တယ် ဒီတပ်နဲ့ ပဲ ကျူးကျော်သူကို တွန်းလှန်ခဲ့တယ်. ခေါင်းဆောင်မကောင်းတာနဲ့ ကျန်တပ်တစ်ခုလုံး နာမည်ပျက်ခဲ့ရတာပါ. အတူ လက်တွဲ ဆောင်ရွက်ကြပါစို့

Powered by Blogger.