မီးလောင်မှုငြှိမ်းသတ်ရန် မောင်းနှင်လာသည့် မီးသတ်ယာဉ်တိုက်မှုကြောင့် တစ်ဦးဆုံး ၂ ဦးဆေးရုံရောက်

 ခေတ္တရာမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ရေကစားမဏ္ဍပ်ရှေ့မှ ဖြတ်ဝင်လာသော ဆိုင်ကယ်ကို တိုက်မိခဲ့ခြင်းဖြစ်သည် (ဓါတ်ပုံ-ပြေလင်းဆက်)
အိဖြူလွင်
ရန်ကုန်၊ ဧပြီ- ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် မီးလောင်မှုကို ငြှိမ်းသတ်ရန် သွားရောက်သည့် မီးသတ်ယာဉ်နှင့် ရေပက်ခံထွက်ဆိုင်ကယ်တစ်စီးတိုက်
မိ၍ သင်္ကြန်အတက်နေ့က ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။

ယင်းနေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ပြည်မြို့ရွာဘဲနယ် မြေ၊ အောင်သုခရပ်ကွက်ရှိ ကြက်ခြံတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးလောင်မှုကို စုစုပေါင်းမီးသတ်ယာဉ် ၆ စီးဖြင့် မီးငြှိမ်းသတ်ရန်သွားရောက်ခဲ့ပြီး

 ခေတ္တရာမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်သည် ရေကစားမဏ္ဍပ်ရှေ့မှ ဖြတ်ဝင်လာသော ဆိုင်ကယ်ကို တိုက်မိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယာဉ်တိုက်မိမှုကြောင့်ဆိုင်ကယ်မောင်းသူ ဦးဇင်မင်းအသက် ၃၂ နှစ်နှင့် အသက် ၃၅ နှစ်ရှိ ဒေါ်လှလှဌေးတို့မှာ ဒဏ်ရာရရှိခဲ့ ပြီးပြည်သူ့ဆေးရုံတွင်အတွင်းလူနာ အဖြစ်ကုသခံနေရသည်။ ဆိုင်ကယ်နောက်တွင်ပါလာသည့် သမီးဖြစ်သူ အသက် ၇ နှစ်ရှိ မအေးဇာဇာထွန်းမှာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုနှင့်ယာဉ်တိုက်မှုတို့ကို ပြည်မြို့အမှတ် (၂) ရဲစခန်းမှ (ပ)၁၅၀/၂၀၁၂ ဖြင့် ဆက်လက်ဆောင်ရွက်နေကြောင်း မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

 7Day News Journal
မီးလောင်မှုငြှိမ်းသတ်ရန် မောင်းနှင်လာသည့် မီးသတ်ယာဉ်တိုက်မှုကြောင့် တစ်ဦးဆုံး ၂ ဦးဆေးရုံရောက် မီးလောင်မှုငြှိမ်းသတ်ရန် မောင်းနှင်လာသည့် မီးသတ်ယာဉ်တိုက်မှုကြောင့် တစ်ဦးဆုံး ၂ ဦးဆေးရုံရောက် Reviewed by သစ်ထူးလွင် on 06:03 Rating: 5

5 comments:

Rainbow Worrior said...

သေဆုံးသွားရှာတဲ့ ခလေးငယ်အတွက် ကိုယ့်ခလေးလို ခံစားပြီး စိတ်မကောင်းပေမယ့် ဒီကိစ္စမှာ ဆိုင်ကယ်မောင်းသူရော မီးသတ်ယာဉ်မောင်းသူမှာပါ တာဝန်ရှိပါတယ်။ သို့သော် မီးသတ်ယာဉ်မောင်းသူမှာ အရေးပေါ်တာဝန်ထမ်းဆောင်နေသူဖြစ်လို့ သူ့ရဲ့မီးသတ်ယာဉ်ဟာ အခင်းဖြစ်ပွားချိန်မှာ အရေးပေါ်အချုက်ပြမီးနဲ့ အချက်ပေးသံတွေ ဖွင့်ပြီးမောင်းနှင်လာတယ်ဆိုရင် သူ့အပြစ်မဖြစ်သင့်ပါဘူး။ အဲဒါဆိုရင် ဆိုင်ကယ်မောင်းသူမှာလဲ ကိုယ့်အမှားကြောင့် ခလေးငယ်ဆုံးရှုံးလိုက်ရပြီဖြစ်တဲ့အတွက်ကြောင့် ထပ်ပြီး အရေးမယူသင့်တော့ပါဘူး။ ဒီလိုမဟုတ်ပဲ မီးသတ်ယာဉ်မှာ အထက်ပါအချက်များနဲ့ မပြည့်စုံရင် မီးသတ်ယာဉ်မောင်းကို အပြစ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒါကလည်း ယာဉ်နှစ်စီးရဲ့ လမ်းကြောင်း အနေအထားကို ပြန်ကြည့်ရဦးမှာဖြစ်ပြန်ပါတယ်။

Paing Soe said...

အင် ဒါကတော.မီးသတ်ကားသွားတဲ.လမ်းကိုတော. ပြည်သူတွေက အလိုက်သိစွာနဲ.ဖယ်ထားသင်.တယ်ထင်တယ်။

သရဲလေး(Harry) said...

ဖမ်းစီးသင့်ပါတယ်။ တိုက်ခဲ့တဲ့ မီးသတ်ကားကိုလည်းဗျာ။

Anonymous said...

အဓိက..က လူတွေ အခြေခံ စိတ်ဓာတ်အဆင့်အတန်း မြင့်မားဖို့ပဲ..
မီးသတ်ကားကလည်း တာဝန်အရဆိုပေမယ့် ရိုးရာသင်္ကြန်ပွဲတော် ဆင်နွဲနေတယ်ဆိုတဲ့အသိ ရှိသင့်တယ်။ မီးလောင်နေရင် မီးသတ်ကားက ဘာမှ ဂရုစိုက်နေစရာမလိုဘူး၊ ငါတို့သာအရေးအကြီးဆုံး ဘယ်သူ့ကိုမှ သောက်ဂရုမစိုက်ဘူးဆိုတဲ့ အတွေးမျိုး မရှိသင့်ဘူး။ အခုဖြစ်စဉ်မှာ မီးသတ်ကားမောင်းသူမှာ အဲလိုစိတ်ရှိနေတယ်လို့ မစွတ်ဆွဲလိုပေမယ့် မီးလောင်ရင် အဲဒီလိုမျိုးတွေ မကြာခဏ တွေ့မြင်နေရလို့ပါ။
ဆိုင်ကယ်သမားကတော့ ဘယ်သူကမှ မိုက်မဲစွာနဲ့ မီးသတ်ကားနဲ့ရင်ဆိုင် မတိုက်ချင်ပါဘူး။ ဒါပေမယ့် အခုလို အရေးပေါ်အခြေအနေမှာ သတ်မှတ်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းတွေ လိုက်နာရကောင်းမှန်း မသိပဲ.. သူ့အနေနဲ့ သတိလေးတစ်ချက် လွတ်သွားသလား မပြောတတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပျော်နေတဲ့ သူတို့ရဲ့ မိသားစုဘ၀လေး တဒင်္ဂလေးအတွင်းမှာတင် ပျက်စီးပျောက်ဆုံးသွားရရှာပြီဗျာ.. စိတ်မကောင်းပါဘူး.........

minmin said...

စိတ်မကောင်းစရာပါပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားတာပဲ။

Powered by Blogger.