ရထားဝန်ကြီး ဦးအောင်မင်း နော်ဝေးနိုင်ငံကို ရောက်ရှိ

သမ္မတဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ မီးရထားဝန်ကြီးဦးအောင်မင်းဟာ နော်ဝေးနိုင်ငံအော်စလိုမြို့ကို မနေ့က ရောက်ရှိလာပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့
မြန်မာအစိုးရကြား အပစ်အခတ် ရပ်စဲရေးတွေ့ဆုံဆွေးနွေးနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နော်ဝေအစိုးရကို ရှင်းလင်းပြောဆိုဖို့
ဖြစ်တယ် လို့ နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် နော်ဝေးနိုင်ငံဘက်က မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းလိုက်တာရဲ့ အကျိုးသက်ရောက်မှု တစ်ရပ် ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အလားတူ ကေအင်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူး တူးတူးလေး လည်း ညှိနှိုင်းဆွေးနွေးရေး သင်တန်း တက်ရောက်ဖို့ နော်ဝေးနိုင်ငံကို
ရောက်ရှိနေပါတယ်။ ယော်ဗစ်မြို့က နော်ဝေး-မြန်မာ မိတ်ဆွေများအသင်းနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်မှူး တူးတူးလေး က အခုလို ၀န်ကြီးဦးအောင်မင်း ရောက်ရှိ နေချိန်အတွင်း နော်ဝေးရောက် မြန်မာတိုင်းရင်းသားများအနေနဲ့ မြန်မာအစိုးရ ကို ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ အတွက် အခုထက်ပိုပြီး ဆောင်ရွက်ဖို့ တိုက်တွန်းသင့်ကြောင်း
ပြောဆိုခဲ့တယ်လို့ အသင်းဝင် ဦးဇော်ဝင်း က ပြောပါတယ်။

နော်ဝေးအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တွေ့ဆုံ ဆွေးနွေးရေးကိစ္စ တွေ မှာ ပါဝင် ကူညီလိုတဲ့ ဆန္ဒရှိကြောင်း
နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြောဆိုပါတယ်။

မြန်မာအစိုးရအပေါ် ဗီဇာပိတ်ပင်ထားတာနဲ့ ရင်းနှီးမြှုပ်နှံမှုပိတ်ပင်
ထားတာတွေကို ရုတ်သိမ်းကြောင်း နော်ဝေးအစိုးရက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လက်နက်ရောင်းချရေးနဲ့၊ ကျောက်မျက်၊
သတ္ထု၊ သစ် စတဲ့ ကုန်သွယ်မှု ကဏ္ဍကိုတော့ နော်ဝေးနိုင်ငံက ဆက်လက် ပိတ်ပင် ထားမှာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂ အီးယူ ဟာ လာမယ့်ဧပြီလ (၂၃)ရက်နေ့မှာ
မြန်မာ့အရေးဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။
By: RFA Burmese
ရထားဝန်ကြီး ဦးအောင်မင်း နော်ဝေးနိုင်ငံကို ရောက်ရှိ ရထားဝန်ကြီး ဦးအောင်မင်း နော်ဝေးနိုင်ငံကို ရောက်ရှိ Reviewed by သစ်ထူးလွင် on 09:03 Rating: 5

6 comments:

lwannaymie said...

သမ္မတကြီးရဲ့ပြုပြင်ပြောင်းလဲမှုကြောင့်...မြန်မာပြည်ကဝန်ကြီးတွေလဲ...မရောက်ဖူးတဲ့နိုင်ငံတွေ၊ရောက်ဖူးနေတယ်...ပြည်သူအတွက်ကောင်းအောင် လုပ်ပါ အားပေးပါတယ်။ (ရှေ့ကဝန်ကြီးတွေနဲ့နောက်ဝန်ကြီးတွေ စိတ်ဓါတ် မတူတော့ နောင်ခံစားခွင့်လဲ မတူတော့ပါဘူး) ဆက်လက်ကြိုးစားပါ။

aungaung said...

လွှတ်တော်ထဲမှာလူတွေအများကြီးရှိရဲ့ သားနဲ့ ဦးအောင်းမင်းကြီးမီရထားအလုပ်ကိုမလုပ်ရတော့ ဘူး ငြိမ်းချမ်းရေးဆွေးနွေးတာဦးအောင်မင်းအရမ်းတော်နေရင်ငြိမ်းချမ်းရေးခေါင် ဆောင်ထားပြီး မီးရထားဝန်ကြီးအသစ်ခန့် လိုက်တော့ ဗျာ တော်ကြာမီးရထားမှာခေါင်ဆောင်မရှိလို့ အခက်ခဲပေါင်းဆုံနဲ့ ရင်ဆိုင်နေရအုံးမယ် ဆင်းရဲသားပြည်သူတွေကမီးရထားပဲအားကိုးနေရတာဗျ

Unknown said...

တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်တာဆိုရင်ဘယ်ပါတီပဲဖြစ်ဖြစ် ကြိုဆိုပါတယ်

ေ၇ာသမမွှေ said...

၇ထားအောင်မင်းက လျပ်စစ်မီးေ၇ာ လက်နက် ငြိမ်းချမ်းေ၇းေ၇ာ မဲဆွယ်စည်း၇ုံးေ၇းေ၇ာ အားလုံးပါဝင်နေပါလား အကျိုးမျှော်လို့ ညောင်ေ၇မသွန်းလိုက်ပါနဲ့ခင်ဗျာ

pyaponthu said...

လူမှန်နေရာမှန်ဖြစ်သင့်တယ်။

Anonymous said...

ကိုယ့်မြန်မာပြည်သူတွေကိုမေတ္တာတရား
ထားပေးပါ။မိမိကိုယ်ကျိုးကိုစွန့်လွတ်အနစ်နာခံ
နိုင်သောအမေစုလိုစိတ်နှလုံးသွင်းပြီး
လုပ်ဆောင်မယ်ဆိုရင်မဝေးတော့ပါဘူး။
ခုဆိုရင်ဒီလောက်လိုက်လျောခဲ့လို့
အမေစုရဲ့မေတ္တာရပ်ခံမှု(အမိန့်မပါ)
သင်္ကြန်မှာအရင်နှစ်တွေလို
တယောက်နဲ့တယောက်ရန်လိုခြင်း။
၊အချင်းချင်းခိုက်ရန်ဒေါသဖြစ်ခြင်းများ
မတွေ့ရလို့ကျမတို့ပြည်သူတွေရင်ထဲက
အမျက်ဒေါသတွေပြေပျောက်စပြုပြီလို့ယူဆတယ်။
ဒါဟာစစ်မှန်တဲ့ဒီမိုကရေစီရဲ့အောင်မြင်မှုအစပါ။
ကျမတို့ပြည်သူတွေမရိုင်းကြပါဘူး။
ကျမတို့ပြည်သူတွေလိုလားတောင်းတနေသော
အမေစုနဲ့အတူယှဉ်တွဲပြီးထပ်တူကျအောင်
တိုင်းပြည်အတွက်တကယ်ဖြည့်ဆည်းပေးကြမယ်ဆိုရင်
အားလုံးသောပြည်သူတွေစည်းကမ်းရှိလာပြီ။
အမေစုလိုစိတ်မျိုးကိုအတုယူနေကြပါပြီ။
အမေစကားတခွန်းကရင်ဘက်ထဲကိုတဒင်္ဂလေးအတွင်း
စိမ့်စမ်းရေပမာစီးဝင်လာ..အသိတ၇ားကိုသတိနဲ့ဆင်ခြင်
နေကြပြီ။
လူကြီးမင်းတို့ဆက်သွယ်မှုဧရိယာထဲမှာ
အမြဲရပ်တည်ဖြေကြားနိုင်ပါစေ။

Powered by Blogger.