ရန်ကုန်တိုင်းတွင်းက လယ်ယာမြေတွေ ကုမ္ပဏီဘူဒိုဇာထိုး ဖျက်ဆီး

လယ်ယာမြေတွေ အသိမ်းခံခဲ့ရတဲ့ ရန်ကုန်တိုင်း ဒေသကြီး နယ်မြေ (၄) ခုက တောင်သူ လယ်သမားတွေဟာ မိမိတို့ ဆုံးရှုံးရမှုတွေအတွက် မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာနရုံးရှေ့ကို ဒီမနက် သွားရောက်စုဝေးပြီး မိမိတို့နစ်နာဆုံးရှုံး ရမှုတွေအတွက် ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်၊

လယ်ယာမြေ ဧက စုစုပေါင်း ၃၂၀၀ကျော် အသိမ်းဆည်းခံရတာကို
ဖြေရှင်းပေးဖို့ မင်္ဂလာဒုံမြို့နယ် ရွှေနံသာကျေးရွာ လှိုင်သာယာမြို့နယ် ပဒန်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့ သင်္ကန်းကွှန်းကြီးက လယ်သမားများ စုစုပေါင်း အယောက် (၆၀) ကျော်က သွားရောက် တောင်းဆိုကြတာ ဖြစ်ပါတယ်။

ဒီလိုလယ်မြေတွေ အသိမ်းခံရတာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဝန်ကြီး ဦးဥာဏ်ထွန်းဦးက လယ်ယာမြေကို စိုက်ပျိုးခွင့်ပဲ ပေးထားတာဖြစ်ပြီး အခြားရည်ရွယ်ချက်နဲ့ လုပ်ကိုင်ဆောင်ရွက်ရင် လယ်ယာမြေဖျက်ဆီးမှုနဲ့ အရေးယူမယ်လို့ တရားဝင် ပြောခဲ့ကြောင်း၊ ဒါပေမယ့် အခုအခါမှာ
တောင်သူတွေရဲ့ လယ်ယာမြေတွေ ဖျက်ဆီးခံနေရတာကြောင့် အခုလို လာရောက်တောင်းဆိုရတာပါလို့ လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ မတူကွဲပြား ခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောပါတယ်။

“၂၄ရက်နေ့ ၂၅ရက်နေ့ ဒီနေ့ပေါ့ ၂၆၊ ဘူဒိုဇာကြီးတွေနဲ့ လယ်ကန်သင်းတွေကို ဖျက်နေတယ်ဗျ၊ အဲဒီတော့ ဒါလယ်ယာမြေ ဖျက်ဆီးမှုပဲ။ အစိုးရက လယ်ယာမြေအငြင်းပွားမှုကြီး ဖြစ်နေတဲ့ဟာကို ဆုံးဖြတ်ချက်လည်း ချမပေးဘူး။ လယ်ယာမှုခင်းတွေကို အစိုးရသိအောင် ကျနော်တို့ နည်းမျိုးစုံ တင်ပြထားပြီးပြီ အစိုးရသိပါလျှက်နဲ့ အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တယားတွေက အလုပ်မလုပ်ဘူး။ အဲဒါကိုကျနော်တို့က ဒီနေ့လာပြီးတော့ ထပ်မံပြီးတော့ pressure လာပေးတာပါပဲဗျ”

ဒီလိုလာရောက်တောင်းဆိုတာကို လက်ထောက်ညွှန်ကြားရေးမှူး
ဒေါ်ခင်မေအေးက လက်ခံတွေ့ဆုံ ဆွေးနွေးပေမယ့် အခုလို လယ်ယာမြေ အငြင်းပွားမှုတွေကို ဘယ်ဌာနက တာဝန်ယူဖြေရှင်းမှန်း အခုထိ မသိရသေးကြောင်း ဦးနေမျိုးဝေက ပြောပါတယ်။

တောင်းဆိုရာမှာ ပါဝင်တဲ့ ရွှေနံသာကျေးရွာက လယ်သူမကြီး
ဒေါ်အုံးမြင့်ကတော့ သူတို့လယ်ယာမြေတွေကို ဇေကမ္ဘာကုမ္ပဏီက သိမ်းယူခဲ့ပြီး အခုဆိုရင် စက်ယန္တယားတွေနဲ့ ဖြိုချဖျက်ဆီးနေတယ် လို့ ပြောပါတယ်။

“ကျမတို့လယ်ကို အခုဘူဒိုဇာနဲ့လေ အကုန်လုံးဖြိုနေတာ အခု(၃)လုံးတောင် ထိုးနေပြီ ကုန်ပြီ၊ သူတို့က လက်ဦးတုန်းကတော့ လယ်ကို ဝန်ကြီး အမိန့်တွေက လယ်ပဲလုပ်ပိုင်ခွင့်ပေးထားတယ်လေ။ အခုကျမတို့ ကန်သင်းတွေကို အကုန်လုံးဖြိုတော့ သွားတိုင်တော့ လယ်ယာဦးစီးဌာနက ၇ရက်မှ ကျမတို့ကိုပြောမယ်တဲ့။ အခုဘာမှမပြောတော့ ဘူဒိုဇာနဲ့ ဒီလိုပဲထိုးနေတာလေ အကုန်လုံးကန်သင်း တွေကုန်ပြီ၊ "

လယ်သမားတွေအနေနဲ့ လယ်ယာမြေသိမ်းခံရတာကို ရန်ကုန်တိုင်း
ဒေသကြီးကိုတိုင်ကြားထားပေမယ့် တစုံတရာဖြေရှင်းပေးမှုမရှိတဲ့အတွက် အခုလို အိုးအိမ်ဦးစီးဌာနကို ထပ်မံတင်ပြ ဖိအားပေးရတာပါလို့လည်း ယနေ့တောင်းဆိုရာမှာ ဦးဆောင်ပါဝင်သူ ဦးနေမျိုးဝေက ပြောဆိုပါတယ်။


RFA Burmese 

ရန်ကုန်တိုင်းတွင်းက လယ်ယာမြေတွေ ကုမ္ပဏီဘူဒိုဇာထိုး ဖျက်ဆီး ရန်ကုန်တိုင်းတွင်းက လယ်ယာမြေတွေ ကုမ္ပဏီဘူဒိုဇာထိုး ဖျက်ဆီး Reviewed by သစ်ထူးလွင် on 08:14 Rating: 5

7 comments:

mon lay said...

ဟုတ်ပါတယ် ကျွန်တော်ဖေရဲ့လယ်ယာတွေလဲပါပါတယ် မိုးကကျတော့မှဆိုတော့ ကန်သင်းတွေ ထွန်တုံးအစစအရာရာ
ပြင်ဆင်နေပြီးလေ လယ်သမားတွေမှလဲတော်တော်လေးကိုသနားဖို့
ကောင်းပါတယ်ဗျာ မနှစ်ကကခံထားရတာတွေများလို့ ငွေကြေးမနိုင်
လို့ဘားမှကိုမပြင်ဆင်ရဲသေးဘူးဗျ..နိုင်ငံခေါင်းဆောင်ဖြစ်တဲ့အစိုးရတွေက
မသိချင်ယောင်ဆောင်နေတာ နှစ်နဲ့တောင်ကြာခဲ့ပြီးဗျာ..တစ်ခုခုတော့လုပ်ကြ
ပါဗျာ ..ရှိပြီးသားလူတွေကိုကူပြီး မရှိတဲ့လူကိုနှိမ်ဖို့စဉ်စားနေတာမဖြစ်ပါစေနဲ့..(လယ်သမား ဦကျော်မြင့်သား)

mon lay said...

ဇေကဘာ ကဘယ်လိုပါဝါတွေနဲ့လုပ်ချင်သလိုလုပ်နေတာလဲ
ဒါလေးကိုဖြေရှင်းဖို့ အရေအချင်းတော့ရှိကြမှာပါနော်..
( ရွှေနံ့သာလယ်သမားဦးကျော်မြင့်သား)မွန်လေး

မြန်မာပြည်သား said...

ကျွန်တော်တို့ နိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဆိုတာ အားလုံးသိပြီးသားပါ
တိုင်းပြည်တိုးတက်လို့ လက်နဲ့မစိုက်ပဲ စက်နဲ့စိုက်လည်း ထမင်းရှင်ကို
မေ့မထားသင့်ပါဘူး
ဒါကြောင့် လယ်သမားလူတန်းစားရဲ့ဘ၀ကို အစဉ်လေးစားပြီး ကာကွယ်စောင့်ရှောက်ပေးရမှာ ထမင်းစားပြီးကြီးတဲ့သူတိုင်း လိုက်နာရမှာကျင့်ဝတ်တစ်ခုပဲ

la woon said...

တော်တော်ယုတ်မာတဲ့ ဇေကမ္ဘာ မိသားစု
နောင်ဘဝ အဲ့ဒီ လယ်တွေမှာ မကောင်းဆိုးဝါးလာဖြစ်မယ့် ဟာတွေ

freedom said...

လယ်ယာမြေနဲ့ပတ်သက်လာရင် အစိုးရက အမြဲတမ်းအနိုင်ယူခဲ့ကြတာပါ တောင်သူလယ်သမားတွေဟာ အသိပညာနည်းပါးမှု၊ ကြောင့်ရွှံ့တတ်တဲ့စိတ်တွေကြောင့် အမြဲတမ်းခေါင်းငုံခံခဲ့ကြရတယ်ဗျ၊ အရင်အစိုးရလက်ထက်က ပိုဆိုးတယ် တောင်သူတွေမျက်စိပိတ်နားပိတ် အသိပညာမပေးဘူး မိမိလယ်မြေနဲ့ပတ်သက်ပြီး သူတို့က ကျီးလန့်စာစားပဲ အစိုးရကသိမ်းချင်တဲ့အချိန်သိမ်းမယ် လာသိမ်းရင်ပေးရမှာပဲဆိုတဲ့အတွေးပဲ သူတို့သိတယ် သူတို့လယ်ယာမြေကို ဘယ်လိုကာကွယ်စောင့်ရှောက်ရမယ် သူတို့ရဲ့ အခွင့်အလမ်းတွေကဘာတွေလဲသူတို့မသိဘူး အခုဒီမိုကရေစီခေတ်ကိုဦးတည်လာမှ မီဒီယာတွေရဲ့ လွတ်လပ်စွာ ပြောဆိုပညာပေးမှုတွေနဲ့အတူ သိခွင့်ရလာတယ်။ တကယ်တော့ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ကျွန်တော်တို့နိုင်ငံမှာ တောင်သူလယ်သမားတွေအပေါ် အစိုးရက ပြည့်ပြည့်၀၀ရပ်တည်ပေးရမှာပါ အရင်အစိုးရရဲ့ အသိပညာမရှိမှုကြောင့် သဘာဝသဃံဇာတတွေနဲ့ တောင်သူလယ်သမားထုတ်ကုန်တွေနဲ့ပဲ နိုင်ငံကိုရပ်တည်လာရတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒါကြောင့်လယ်ယာမြေနဲ့ပါတ်သက်ပြီး တောင်သူလယ်သမားတွေရဲ့အကျိုးကို ကြည့်ကြပါ။ ထမင်းရှင်ကို လက်မဖြတ်ပါနဲ့။

sean said...

ဒါမျိုးတွေ လွတ်တော်ထဲ မှာပြောစေချင်တာ..အစိုးရအဖွဲ့က ပြတ်ပြတ်သား ချီတုံချီချ ဖြစ်နေတဲ့ ကိစ္စ လွတ်တော်ထဲမှာ ပြောဆိုရင် တမျိုးဖြစ်သွား နိုင်တတယ်..အနိုင်မရခဲ့တဲ့ပါတီ ကတော့လှုပ်ရှားနေဆဲ..

Soe said...

ဒီအ၇င်း၇ှင် ကိုလိုနီစစ်အာဏာ၇ှင်စနစ်ကြောင့် ပြည်သူတွေ
ဒုက္ခ တွင်းထဲက မတက်နိုင်ခဲ့ပါဘူး စီပွားေ၇းလုပ်ငန်းမှန်သမျှ
စစ်တပ် နဲ့ သူတို့ တစ်တွေ၇ဲ့ အသိုင်းအဝိုင်းပဲ လုပ်ခွင့် ၇ှိပါတယ်
တစ်နိုင်ငံလုံးမှာ ဗိုလ်ချုပ်တွေ နဲ့ ထို အသိုင်းအဝန်းနဲ့ ပါတ်သက်တဲ့
သူတွေ၇ဲ့ စီးပွားေ၇းလုပ်ငန်းတွေချည်းပါပဲအခု အောက်ခြေမှာ၇ှိတဲ့
လယ်သမားတောင် လယ်လုပ်လို့မ၇တော့ဘူး မြစ်တွေချောင်းတွေ အင်းအိုင်တွေနားမှာနေတဲ့ သူတွေ ဝမ်းစာအတွက်တောင် ငါးမဖမ်း၇တော့ဘူး ဒီလူတွေ၇ဲ့ဘဝတွေ ဒီ အသက်မွေးဝမ်းကြောင်းတွေမှ မလုပ်၇ယင် ဘဝပျက်ပီပေါ့
စစ်တပ်က အာဏာ ထပ်သိမ်းချင်လို့ တမင် ပဲ
တောင်သူလယ်သမားတော်လှန်ေ၇း မဖြစ် ဖြစ်အောင် လုပ်နေတာလား တော့ စဉ်းစားစ၇ာပါပဲ

Powered by Blogger.