သင်္ကြန်တွင် အဆို​တော်အချို့​ သီဆိုခွင့်​မရ


    ထူး​အယ်လ်​လင်း​နှင့်​​ ​မီး​မီး​ခဲ​ (ဓာတ်​ပုံ-​အံ့​ဘုန်း​​မြတ်)
မြန်မာ့​ရိုး​ရာမဟာသင်္ကြန်အတွင်း​ ​နေပြည်​တော်မှာ သွား​ရောက် သီဆို​ဖျော်​ဖြေမယ့်​ အဆို​တော်တချို့​ သီဆို​ဖျော်​ဖြေဖို့​ ကုမ္ပဏီနဲ့​ ကန်ထရိုက်ယူပြီး​မှ ပယ်ချခံခဲ့​ရပါတယ်။

 လာမယ့်​ ၁၂ ရက်​နေ့​မှာ ​နေပြည်​တော်က ACE မဏ္ဍပ်မှာ ​ဖျော်​ဖြေမယ့်​ အဆို​တော် ထူး​အယ်လင်း​နဲ့​ မီး​မီး​ခဲ ခုလိုပယ်ချခံလိုက်ရတာလို့​ ကာယကံရှင်က ​ပြောပါတယ်။

နေပြည်​တော်က ပါမစ်မ​ပေး​လို့​ လာစရာ မလို​တော့​ဘူး​လို့​ ပွဲကို စီစဉ်​ပေး​တဲ့​ အင်ဂျင်နီယာက အ​ကြောင်း​ကြား​လာတယ်လို့​ ထူး​အယ်လင်း​က ​ပြောပါတယ်။

“အပိတ်ခံရတယ်လို့​ ကျ​နော်တို့​ ​သေချာမသိဘူး​။ စား​ရင်း​တင်တဲ့​အထဲမှာ ကျ​နော်တို့​ မပါဘူး​။ ပါမစ်မ​ပေး​ဘူး​လို့​ ​ပြောတယ်။ ကျ​နော်တို့​လည်း​ တိတိကျကျသိ​အောင် ​သေချာစုံစမ်း​နေတယ်။ အနီး​ကပ်မှ ဖြုတ်လိုက်​တော့​ ကျ​နော်တို့​ဘက်က ​တော်​တော်​လေး​ ထိခိုက်တယ်။ ကျန်တဲ့​ကိစ္စက​တော့​ ကျ​နော်မ​ပြောတတ်ဘူး​။ ​ငွေ​ရေး​ကြေး​ရေး​က​တော့​ နစ်နာတာ​ပေါ့​။ ​တွေး​ကြည့်​ရင်း​နဲ့​ ပတ်ပြီး​ ဖြစ်​နေမှာစိုး​လို့​ ဘာမှကို မ​တွေး​တော့​ဘူး​။ ပယ်တယ်ဆိုရင်လည်း​ မတတ်နိုင်ဘူး​ပေါ့​။ မနက်ဖြန်ကျရင် ခရီး​စထွက်မယ်ဆိုပြီး​ အား​လုံး​ ပြင်ပြီး​နေမှ ဒီက​နေ့​ကျမှ သိတာ။”

ပုံမှန်အား​ဖြင့်​ သင်္ကြန်မှာ မဏ္ဍပ်​ဆောက်ပြီး​ရင် မဏ္ဍပ်ပါမစ်အရ ​ဖျော်​ဖြေခွင့်​ရပြီ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ဘာ​ကြောင့်​ သူတို့​ကို သီဆိုခွင့်​မရှိတာလည်း​ ဆိုတာကို မသိရဘူး​လို့​ ​ပြောပါတယ်။

မန္တ​လေး​မှာ ​ဖျော်​ဖြေမယ့်​ အဆို​တော်လင်း​လင်း​ကလည်း​ အလား​တူ အပိတ်ခံရတယ်လို့​ သိရပါတယ်။

ဒီဗွီဘီ
သင်္ကြန်တွင် အဆို​တော်အချို့​ သီဆိုခွင့်​မရ သင်္ကြန်တွင် အဆို​တော်အချို့​ သီဆိုခွင့်​မရ Reviewed by သစ်ထူးလွင် on 04:46 Rating: 5

18 comments:

mae ei said...

မြန်မာပြည်က ဒီမိုကရေစီဆိုတာကလည်း ဘယ်လိုကြီးလည်။ နေရာတကာ ဟိုပါဒီပါနဲ့။

Thet said...

ကြားရတာ စိတ်မကောင်းဘူး။ ဒါကြောင့်မို့လည်း တချို့တွေက ဝင်မပါရဲကြတာ အပြစ်မမြင်ပါဘူး။

sanda said...

လွတ်လပ်ရေးအတုလိုပဲ....
အခုလည်း ဒီမိုအတုကြီးဖြစ်နေပြီထင်တယ်၊ ပြည်သူတွေ အလိမ်မခံရပါစေနဲ့လို့ ဆုတောင်းမိပါရဲ့

အမြင်သစ် said...

ဒီအမိန့်ကဘယ်ကလာတာလဲ။ ဂျပု ဆီကဘဲဖြစ်ဖို့များပါတယ်။
လွှတ်တော်ကနေ သမ္မတကြီးအထိတင်ပြဖို့ကောင်းပါတယ်။
ဘာဆိုင်လို့လည်း အောင်နိုင်ရေးစည်းရုံးပွဲမှာပါလို့ သင်္ကြန်မဆိုရ
တာ။ အန်အယ်ဒီတောင် အောင်နိုင်လို့လွှတ်တော်ထဲရောက်တော့
မယ်။ဒီ သောက်ဂျပုက ဘာဖြစ်တာလဲ။ နောက်ထပ်အနုပညာရှင်
တွေ ထပ်ပါမလာအောင် ဖိန့်ခြောက်ခြောက်တာလား။ ဒါတွေမရှိ
သင့်တော့ဘူး နော်။ သက်ဆိုင်ရာတာဝန်ရှိသူများ သောက်ရှက်ရှိ
တတ်ကြပါတော့ဗျာ။

tkm said...

ဆိုးပါတယ်ဟ..ဒါလားဒီမိုကရေစီ

Anonymous said...

ဒါဟာလုံးဝတရားမျှတမှုမရှိတာဘဲ ဒိုဘက်မပါလို ဒိုအသိမှတ်မပြုဘူး လက်မခံဘူးဆိုတာသေးသိမ်တဲလုပ်ရပ်တွေဘဲ ခင်ဗျားတိုပြောနေတဲဒီမိုကရေစီတို တရားမျှတမှုလိုဆိုတာတွေဟာဘယ်ကိုရောက်ကုန်ပြီလဲ
ပြန်စဉ်းစားပါ ခင်ဗျားတိုရဲအောက်တန်းကြတဲလုပ်ရပ်တွေကြောင့်ပြည်သူတွေမယုံကြည်တာ လက္မခံတာဟာရွေးကောက်ပွဲမှာခွက်ခွက်လန်အောင်ရှုံးတာသက်သေဘဲ

su said...

မကောင်းတဲ့ စိတ်ဓာတ်တွေက ကြာလေ ပေါ်လာလေပဲ။ ဒီလောက်လေးတောင်မှ သဘောထားမကြီးရင် ဒီမိုကရေစီ ကို ဘယ်လိုလုပ် သွားကြမလဲ။ ရင်လေးစရာပဲ။

su said...

မကောင်းတဲ့ စိတ်ဓာတ်တွေက ကြာလေ ပေါ်လာလေပဲ။ ဒီလောက်လေးတောင်မှ သဘောထားမကြီးရင် ဒီမိုကရေစီ ကို ဘယ်လိုလုပ် သွားကြမလဲ။ ရင်လေးစရာပဲ။

အိတုတ် said...

အော် မြန်မာပြည်မှာ ရနေပြီးဆိုတဲ့ ဒီမိုကရေစီ ဆိုတာ အဲတာမျိုးကိုပြောတာလား

Lu Hman Gyi said...

ဒီနှစ် ACE မဏ္ဍ် မဆောက်တာတော့ သိတယ် ကျန်တာတော့မသိဘူး။ကျွန်တော် က နေပြည်တော်မှာ နေတာပါ။

lwannaymie said...

သီချင်းဆိုတာတော့...ခွင့်ပြုသင့်ပါတယ်။
သူတို့ကအမေစုအား...ကူညီတဲ့အထဲပါလို့လား။
ပါလဲဘဲ...မြန်မာနိုင်ငံကောင်းကျိုးအတွက်လုပ်တာဘဲ...
ဘာဖြစ်တာလဲ...ဝန်ချီးကျပု...စောက်ပေါဘဲ။

Alfie said...

လွတ်တော် ထဲမှာ မသိဘဲ နေတဲ့ သူတွေ အများကြီးရှိတယ် အမေ၊ အနေချောင်လို့လား မသိဘူး အမေ၊ အမေ လွတ်တော်ထဲ အမြန်ရောက်မှ ကောင်းတော့မယ် အမေ၊ ဒီကောင်တွေ လုပ်ချင်တိုင်း လုပ်နေတာပဲ အမေ၊ လွတ်တော်ထဲ အမေ သွားရင်လည်း ဂရုစိုက်ပါ အမေ၊
ဒီကောင်တွေက ပြောရတာမဟုတ်ဘူးအမေ၊
ဗိုလ်ချုပ်ပြောတာ မှန်တယ်နော် ငါမရှိရင် ဒီနိုင်ငံ ဖာသည် နိုင်ငံ ဖြစ်မှာဆိုတာ၊ တစ်ယောက်တစ်မျိုးပြော ၊ တစ်ယောက်တစ်မျိုး ပြောနဲ့ ၊ ဒီ စနစ်တွေ အမေ အမြန် ပပျောက်အောင် လုပ်ပေးပါအမေ၊ အမေ ထာဝရ ကျန်းမာပြီး တိုင်းပြည်လူထု အတွက် အလုပ် တွေ လုပ်နိုင်ပါစေ အမေ။

သားငယ်လေး said...

ACE မဏ္ဍပ်ပါဆိုမှ ဘယ်လက်ခံတော့မလဲ။

kyawminmin said...

ကဲ့ လာပြီ အောက်တန်းစားသောက်ကျင့်တွေ
ပြည်သူတွေကိုချစ်တဲ့အနုပညာရှင်တွေ သတ္တိမကြောင်
သွားကြပါနဲ့ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးအတွက်
သင်တို့ရဲ့အားသည်လည်း အရေးကြီးသောအခန်းကဏ္ဍ
တစ်ခုတွင်တည်ရှိနေပါသည်။ဘာကြောင့်ဘယ်လိုဇစ်မြစ်
လိုက်စုံစမ်းစေချင်ပါသည်။

ကိုကြီးမင်းကိုနိင်ရေ့ ဒါပွင့်လင်းတဲ့လူ့ဘောင်မဟုတ်သေး
ဘူးနော်

Bravo said...

ကိုဇာဂနာရဲ့ စကားငှါးပြောလိုက်အုံးမယ်။
သတင်းစာထဲတော့ ဒီမိုကရေစီလမ်းလျှောက်နေတာ တော်တော်တောင်ခရီးပေါက်နေပြီ။
ဟေ-ဟေ့။

tun win said...

အစိုးရနဲ့ပြည်သူ တထပ်တည်းမကျတာ အဲဒါဘဲ...နိုင်ငံနဲ့လူမျိုးအပေါ် ဘယ်တော့မှ သစ်စာမဖေါက်ဘူး ဆို...ဘာလို့သဘောထားသေးနေတာလဲ...ဒါပြည်သူ့ သဘောထားဘဲ..အနုပညာရှင်ဆိုတာပြည်သူကျွေးတဲ့ထမင်းစားနေတာ .အစိုးရကျွေးတဲ့ထမင်းစားနေတာမဟုတ်ဘူး..မနူးမနပ်လေး နန်းဆုတော့ မပြောတတ်ဘူး..

Anonymous said...

လွတ်တော်ထဲကလူကြီးတွေ
နဲနဲပါးပါးအောက်ခြေ၊အလယ်အဆင့်ဆင့်မှာ
ပညာမဲ့ငကန်းတွေနေရာပေးထား
လုပ်ချင်တာတွေလုပ်နေတယ်။
သေချာစီစစ်ပြီးအရေးယူပေးပါ။
ဗမာပြည်ဒီမိုကရေစီကိုမယုံချင်ကြတာ
ဒါတွေကြောင့်ပဲအနှစ်၂၀လုံးလုံးအောက်တန်းကျကျ
အုပ်ချုပ်အနိုင်ကျင့်နေတာကိုကျမတို့တွေမခံစားနိုင်တော့ဘူး။
အနုပညာသမားတွေပညာပေးလို့
နောက်ရွေးကောက်ပွဲအတွက်တပ်လှန့်ခြင်းလား။
နာမည်ပျက်ပြီးပြည်သူတွေရဲ့အမုန်းတရားသာထပ်ပြီး
ရမယ်။ထောက်ခံဖို့နောက်ကမ္ဘာသစ်တည်တောင်မရနိုင်တော့
ဘူးမှတ်။ပြည်သူတွေကိုလက်နက်တယောက်တခုစီပေးပါ။
တယောက်ချင်းအသက်ခြင်းရင်းရမယ်ဆိုရင်းလိုက်တော့မယ်။
သူသေကိုယ်သေပဲ။ခုလိုဗမာပြည်ကြီးပျက်စီးနေတာကို
ကမ္ဘာကြီးကိုရှက်လှပြီ။မရှက်ကြဘူးလား။
ယုတ်ညံ့ခြင်းဟာဘုရားလည်းမကြိုက်
နတ်လည်းမကြိုက်...
စိတ်နာလာပြီ...

mkthurein said...

ကျွန်တော့အထင်ကတော့ KNU နဲ့တွေ့ဆုံပွဲမှာသွားပြီး ပတ်သက်မိလို့ လို့ထင်ပါတယ်။

Powered by Blogger.