တရုတ်ထံ ရောင်းပြီး လျှပ်စစ် ပြန်ဝယ်မည်ဟု ရန်ကုန် လျှပ်စစ်ဝန်ကြီးဆို

ရန်ကုန်တိုင်းတွင်း လျှပ်စစ်မီး ပြည့်ဝစွာ ရရှိစေရေးအတွက် ယခင်က တရုတ်နိုင်ငံသို့ ရောင်းချ ထားသော လျှပ်စစ်ဓါတ်အားများထဲမှ မဂ္ဂါဝပ် ၁၀၀ ကို ပြန်ဝယ်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက လွှတ်တော်ကိုယ်စားလှယ်များကို ဖြေကြားလိုက်သည်။

ဗုဒ္ဓဟူးနေ့က ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး၊ ဒုတိယနေ့တွင် တက်ရောက်လာကြသော ကိုယ်စားလှယ်များ၏ မေးခွန်းများအပေါ် ဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း
ဖြစ်သည်။

“လျှပ်စစ်သုံးစွဲမှုဟာ ဒီနှစ်မှာ ပိုများလာတဲ့အတွက် အလှည့်ကျ ဓါတ်အားပေးတဲ့ စနစ်ကို ဆောင်ရွက်ခဲ့ရတာပါ။ အလှည့်ကျ စနစ်ကို ကျော်လွှားနိုင်ဖို့အတွက် စက်မှုဇုန်တွေကို ပေးတဲ့ လျှပ်စစ်ကို လျှော့ပြီး ပြည်သူသုံးအတွက်
ဖြန့်ဝေပေးလျက် ရှိပါတယ်။ ယခင်က ပိုလျှံလို့ တရုတ်ကို ရောင်းချထားတဲ့ လျှပ်စစ်ဓါတ်အား ၁၀၀ မဂ္ဂါဝပ်ကိုလည်း
ပြန်ဝယ်ယူပြီးတော့ မိမိပြည်သူတွေအတွက် ဖြည့်ဆည်း ဖြန့်ဝေနိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်”ဟု ဦးဉာဏ်ထွန်းဦး က ဖြေကြားသွားခဲ့သည်။
unyantunoo1
ရန်ကုန်တိုင်းအစိုးရ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦး အား ပထမအကြိမ် ရန်ကုန်တိုင်းလွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့ ဖြစ်သည့် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါ်ကြည်ကြည်မာ၏ “၂၄ နာရီ မီးရရှိရေးကို မည်သို့ဆောင်ရွက်မည်ကို သိလိုသော မေးခွန်း” နှင့် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါက်တာ ဒေါ်ညိုညိုသင်း၏ “ရန်ကုန်တွင် ယနေ့
ပေးဝေနေသော လျှပ်စစ်မီး ပေးဝေရေးမှာ အလှည့်ကျဟု သိရပြီး ယင်းထက် သာလွန်ကောင်းမွန်သော အစီအစဉ် ရှိမရှိ” မေးသော မေးခွန်းတို့အပေါ် ဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုသည် ယခင်က မဂ္ဂါဝပ် ၅ဝဝ နှင့် ၆ဝဝ ကြား သုံးစွဲခဲ့သော်လည်း ၂ဝ၁၂ ခုနှစ်တွင် တနေ့လျှင် မဂ္ဂါဝပ် ၇ဝဝ ထိ သုံးစွဲကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဝန်ကြီးက ဗုဒ္ဓဟူးနေ့ လွှတ်တော်တွင် ပြောကြားသွားသည်။

ရန်ကုန်မြို့ပေါ်အား အုပ်စု လေးစုခွဲ၍လည်းကောင်း၊ မြို့ပြင်အား အုပ်စုနှစ်စု ခွဲ၍လည်းကောင်း ဧပြီ ၂ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး အလှည့်ကျပေးလျက် ရှိသည်။

အမှတ် ၁ လျှပ်စစ် ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း က “ကျနော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့” ဟု ၂ဝ၁၁ ခုနှစ် စက်တင်ဘာက နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောဆိုခဲ့ဖူးသည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းအတွက် လျှပ်စစ်သုံးစွဲရန် တရုတ်နိုင်ငံထံ ရောင်းချပြီးဖြစ်သော လျှပ်စစ်မဂ္ဂါဝပ် ၁ဝဝ အား မည်သည့်ဈေးဖြင့် မည်သို့ ပြန်လည် ဝယ်ယူမည်ကိုမူ မသိရှိရသေးပေ။

ရန်ကုန်တိုင်းဒေသကြီး ပြင်ပတွင် ရှိသော ကျွန်းချောင်း၊ မန်း၊ ရွှေတောင်၊ မြန်အောင်၊ သထုံ မြို့နယ်တို့တွင် ရှိသော စွမ်းအားပြည့် မလည်ပတ်နိုင်သည့် သဘာဝဓါတ်ငွေ့ဖြင့် လည်ပတ်ရသော ဓါတ်အားပေး စက်ရုံများကိုလည်း ပြန်လည် လည်ပတ်နိုင်ရေး သဘာဝဓါတ်ငွေ့ ထပ်မံတိုးချဲ့ရရှိစေရေး စီမံနေသည်ဟုလည်း ဦးဉာဏ်ထွန်းဦး က ဆိုသည်။

တိုးတက်လာမည့် စက်ရုံ၊ အလုပ်ရုံ၊ လူနေအိမ်နှင့် အဆောက်အအုံများအတွက် လျှပ်စစ် ဓါတ်အားပေး စက်ရုံသစ်များ ကိုလည်း ထပ်မံတည်ဆောက်ရန် ဆောင်ရွက်နေကြောင်းလည်း ပြောကြားသွားခဲ့သည်။

မင်းသက် - ရန်ကုန် (မဇ္ဈိမ)
တရုတ်ထံ ရောင်းပြီး လျှပ်စစ် ပြန်ဝယ်မည်ဟု ရန်ကုန် လျှပ်စစ်ဝန်ကြီးဆို တရုတ်ထံ ရောင်းပြီး လျှပ်စစ် ပြန်ဝယ်မည်ဟု ရန်ကုန် လျှပ်စစ်ဝန်ကြီးဆို Reviewed by သစ်ထူးလွင် on 09:25 Rating: 5

81 comments:

ranongfishermans said...

သေစမ်းကွာ..........ကိုယ့်ဥစ္စာ ကိုပြန်ဝယ်ရမယ်တဲ့...
တော်တော်အကျိုးအမြတ်ကြီးမယ့်အလုပ်ပဲ့...
လျှပ်စစ်မီးက အဓိက အကျဆုံး ပါဗျ...လူနေမှုအဆင်းအတန်းတိုးတက်ကောင်းမွန်ဖို့အတွက်လေ...
ဘယ်လိုဖြစ်ဖြစ်ပေါ့ ....အရင်တုန်းက ထက်စာရင်တော့ နှမ်းစေ့တစ်စေ့စာလောက်တော့တိုးတက်လာပါပြီ........

twttaygn said...

ဘလိုဖြစ်ကုန်တာလဲ။စိတ်ညစ်စရာကြီးဘာလားအရပ်ကတိုးကောင်းကြသေးရဲ့လား

ThetOo said...

အဲလိုလုပ်ချင်သလိုလုပ်မယ်ဆိုရင်တော့ရွာပြန်ပြီးလယ်သွားထွန်ပါလားဗျာ
ဘာလုပ်လုပ် ဘယ်သူမှပြောမှာမဟုတ်ဘူးမိန်းမကလွဲပြီး

တောင်ဇလပ်ပန်း said...

ဟ . မင်းတို့တတွေနော် ... ပြည်သူတွေကို မျက်စိမပါ၊နားမပါများ အောက်မေ့နေကြလား။ ရန်ကုန်မြို့တောင်မီးမှန်အောင်ဘယ်တုန်းကများမင်းတို့ပေးခဲ့ဖူးလဲ ပြောစမ်းပါ ၀န်ကြီးရာ.. ဘာ ပိုလို့ (ဦးဇော်မင်း) မင်းအမေကို သွားမေးကြည့်ပါလား...တခါတည်း မင်းလည်မျိုကို တက်နင်းလိမ့်မယ် ..
ကျနော်တို့နှိုင်ငံမဂါဝပ် ၁၇၀၀လောက်တယ်ဟုတ်လား .. ဒါဆိုရင် ရန်ကုန် ၇၀၀ ကို ဘာလို့မပေးနှိုင်တာလဲ .. မင်းတို့ ၀န်ကြီးလုပ်တာ ခိုးစားဖို့ပဲ သိတာလား .. နှိုင်ငံအတွင်း သုံးမကုန်လို့ တို့နှိုင်ငံမှာ ဘယ်တုန်းကများ မီးမီး ထိန်ထိန် လင်းခဲ့ဖူးလဲ .. Super Market တွေဆိုရင် မီးစက်နဲ့ မောင်းနေရတာမတွေ့ဘူးလား .. စူပါမတ်တွေဆိုရင်လဲ လေအေးပေးစက်မရှိ အကုန်မရှိတာတွေကြီးဆိုတာ နားမလည်ဘူးလား .. Current ရှိရင်ဒါတွေ ဖြစ်လာဖို့ လွယ်တယ်ဆိုတာနားမလည်ဘူးလား .. အတတ်ပညာမရှိ၊ အသိပညာမရှိ မင်းလိုလူတွေကြောင့် ..တို့နှိုင်ငံ နောက်ကျနေတာ.. တန်ဖိုးမရှိတဲ့ဟာတွေ မြန်မြန်တာ နှုတ်ထွက်ကြပါတော့ .. နံလွန်းလို့ပါ...

မိုက်ကယ် said...

ကုန်အောင်မသုံးနိုင်ဘူးတဲ့လားဗျာ။ ခင်ဗျားကို ကျွန်တော်နားရွက်ဆွဲပြီးလိုက်ပြမယ်။ မဟုတ်ရင်ကျုပ်ကိုကြိုက်တာလုပ်။ ဟုတ်ရင် ခင်ဗျားနှုတ်ထွက်။ ဘယ်လိုလဲ။

freedom said...

တရားကျဖို့ကောင်းပါတယ် ပညာမတတ်တော့ အကုန်ရောင်းစားဖို့ပဲတတ်တာကိုး အခုဒီမိုကရေစီခေတ်အတွင်း ပြောကြဆိုကြတော့မှ ပြူးတူးပြဲတဲ ရောင်းပြီးသားကို ပြန်ဝယ်သုံးရတဲ့ အဖြစ်ကိုရောက်လာတယ် တကယ်တော့ လျှပ်စစ်ဟာ အရင်ဘယ်တုန်းကမှ မပိုလျှံခဲ့ဘူးဆိုတာ အားလုံးသိပါတယ် တစ်နိုင်ငံလုံး လျှပ်စစ်မီးဒုက္ခကိုခံခဲ့ကြရတာပါပဲ ဒါကိုပိုတယ်လို့ပြောတာကတော့ သူတို့အိမ်တွေမှာ လျှပ်စစ်မီးတွေ ပိုနေတာကို ပြောတာနေမှာပါ

မောင် said...

နည်းနည်းလေးမှသောက်သုံးမကျတဲ့ ၀န်ကြီးတွေကို ပြည်သူတွေက ဘယ်လို တရားစွဲလို့ရသလဲ။ ဘယ်လိုဖြုတ်လို့ရလဲ။

လမ်းမထွက် ဆန္ဒပြရမှာလား။
လေးဂွနဲ့ခြောင်းပစ်ရမှာလား။
အိမ်ကိုသွားပြီး ချီးထုပ်နဲ့ပေါက်ရမှာလား။

ပြောပြစမ်းဘာ။
ုလုပ်ချင်လွန်းလို့။

Nwe Yin Win said...

သုံးမကုန်လို့ ရောင်းစားရပါတယ်ဆိုတဲ့ ဦးဇော်မင်းက ဘယ်ရောက်သွားလဲ၊ အခုတော့ ရှုးချင်ယောင်ဆောင်နေပြီပေါ့. ပြည်သူ့ရှေ့တောင် မထွက်ရဲတော့ဖူး။ ကိုယ့်ပစ္စည်း ကို သူများဆီက ပြန်ဝယ်ရတဲ့ အထိစီမံကွပ်ကဲမှု ညံ့ဖျင်းနေမှတော့ ရာထူးကအမြန်ဆုံး နုတ်ထွက်လိုက်ပါတော့၊ ဒါမှမဟုတ် ၆ထပ်တိုက်ပေါ်က ခုန်ချလိုက်တော့၊

koko heav said...

စောက်သုံးမကျတဲ့ တိုင်းပြည်ကိုအုပ်ချုပ်နေကြတဲ့သူတွေ သူတို့အတွက်ဘဲ တဘို့တည်းကြည့်တယ် မလုပ်တတ်ရင်သူများကိုလွဲပေးပါဆိုတော့လဲ မလွဲပေးချင် လုပ်လဲမလုပ်တတ် မင်းတို့ရဲ့ အုပ်ချုပ်မှုအောက်မှာနေရတဲ့ ပြည်သူတွေကတော့ဘယ်တော့မှဝဋ်ကျွတ်မလဲ မသိတော့ဘူး

Unknown said...

လျှပ်စစ်ဝန်ကြီးရေ
ခုတစ်မျိုးတော်ကြာတစ်မျိုးနှင့်ယောင်္ကျားစကားပြောဗျာ
သောက်ရှက်မရှိ ၀န်ကြီးနေရာယူထားပြီး ပထွေးတွေအလိုကျ
မိုးပြော ဂျိုးပြောမပြောနဲ့
ဟိုပြေးကပ် ဒီပြေးကပ်နဲ့ ဆိတ်ဂွေးစိလိုလူစားမျိုး မဖြစ်စေနဲ့
ဒီအသက်အရွယ်ရောက်နေပြီ ခံယူချက်နဲ့ရပ်တည်ဖူးအောင်
နေကြည့်စမ်းပါ

mad dog said...

လုပ်ကြဟေ့။ ကောင်းေ၇ာ။ေ၇ာင်းလို့၇တဲ့ ငွေကြတော့ မင်းတို့အိတ် ထဲထည့် ပြန်ဝယ်တော့ နိုင်ငံတော်ငွေ နဲ့ ပြန်ဝယ်။ ငါတို့နိုင်တော့ လူမွေးပြောင်အုံးမယ်....ဖွတ် လဒ တွေ၇ဲ့..

mon lay said...

မှတ်တောင်ထားအုံးမယ်..ခင်ဗျာကြီးတို့နဲ့ကျွန်တော်တို့ပြည်သူတွေနဲ့က
ဆရာတော်နဲ့ ဘုန်းကြီးကျောင်းသားလိုပဲ..ဆရာတော်ကတိုက်မိလို့မှောက်ရင်
ငါလိုးမ ကျောင်းသားတွေ ဒါပစ္စည်းသိမ်းတဲ့နေရာလားကွ
ကျောင်းသားကတိုက်မိရင် နှမလိုးတွေမျက်လုံးကန်းနေလားတဲ့..
အဲဒီလိုဖြစ်နေတယ်သိလား..ဒါပဲ..

ရင် said...

လျှပ်စစ်ဝန်ကြီး ဇော်ဖျင်း နဲ့ ရန်ကုန်တိုင်း လျှပ်စစ်ဝန်ကြီး ဥာဏ်ကြီးရှင် နှစ်ယောက်က တရုတ်ကို ရောင်းထားတဲ့ လျှပ်စစ်ကို ပြန်ဝယ်မလို့တဲ့.......ဪ.........

tapaungthi said...

နည်းနည်းလေးမှသောက်သုံးမကျတဲ့ ၀န်ကြီးတွေကို ပြည်သူတွေက ဘယ်လို တရားစွဲလို့ရသလဲ။ ဘယ်လိုဖြုတ်လို့ရလဲ။

လမ်းမထွက် ဆန္ဒပြရမှာလား။
လေးဂွနဲ့ခြောင်းပစ်ရမှာလား။
အိမ်ကိုသွားပြီး ချီးထုပ်နဲ့ပေါက်ရမှာလား။

ပြောပြစမ်းဘာ။
ုလုပ်ချင်လွန်းလို့။

တော်လွန်းအားကြီးလို့ တော်တီးတီးတော်တွေပဲ..။
ှရှက်လိုက်တာ ကိုယ်ပစ္စည်း ကိုယ်ပြန်ဝယ်ရတယ်လို့ ..။

aphrodite said...

ဟားဟားဟား ...သူခိုးလူမိတော့ ကျွန်တော်ခိုးထားတာပြန်ပေးပါ့မယ်လို့ပြောသလိုမျိုးပဲ၊မြန်မြန်လုပ်၊မြန်မြန်လုပ် မင်းတို့စောက်ပြစ်ပြောနေလို့မီးလင်းလာမှာမှမဟုတ်တာ၊ပြန်ဝယ်မယ်ဆိုလည်းမြန်မြန်ဝယ် ကိုယ့်လူကစောက်သုံးမကျတော့သူများကိုကျေးဇူးတင်ရမလိုဖြစ်နေပြီ။နောကပြီးဘာတွေလုပ်ထားသေးလဲ.........

Unknown said...

ကို့ နိုင်ငံထွက်ပစ္စည်းကို သူများနိုင်ငံကပြန်ဝယ်သုံး၇တာ သဘာဝမကျဘူး ခိုးစားဘို့ ဥဏ်များတာဘဲ ဖြစ်မယ် ဦးဏှောက်မရှိတဲ့ လူတွေ လွှတ်တော်ထဲ ဆွဲခန့် ပြီး နားလှည့် ပါးရိုက်လုပ်နေတဲ့  သူတို့ ဘာသာအာဏာတက်လုထားတဲ့  သူခိုး ဓါးမြ အစိုး၇ မြန်မြန် ဆင်းကြပါ။

Si Thu said...

လျှပ်စစ်(၁)၊ လျှပ်စစ် (၂) တဲ့ ..၀န်ကြီးဌာန နှစ်ခု တုံးလိုက်တဲ့ အစိုးရဖွဲ့ စည်းပုံ တည်ဆောက်ရေး နဲ့ ဖြန့်ဖြူရေး စာပေါက်တွေ ဝေစားမျှ စားလုပ်လို့ရအောင် ၀န်ကြီးဌာနတွေ ပေါက်ကရ ခွဲထားတာပါ။ အဲဒီရဲ့ အကျိုးဆက်က (၁) နဲ့ (၂) လည်းမတည့်ကြပါဘူး။ (၁)ထုတ်လုပ်ရေး ဇော်မင်းက ပိုတယ်ဆိုပြီး ကော်မရှင် အိတ်ထဲထည့်ပြီးရောင်းစား .. (၂) က ဖြန့်ဖြူးရေးက မလောက်တော့ပြန်လိုက်ဝယ်။ ကောင်းကြသေးရဲ့ လား?

Unknown said...

ဆယ်တန်းမအောင်ဘူးဆိုတာ အဲဒါကိုပြောတာနေမယ်ဗျာ့

konamazu said...

လျှပ်စစ်မီးကိုတော့ အချိန်ပြည့်ရမယ်ဆိုရင် အကောင်းဆုံးပါပဲ။ရာသီဥတု ကလည်းအရမ်းပူတော့ အဓိက အကျဆုံးလျှပ်စစ်က မရှိမဖြစ်လိုအပ်လို့ပါ။ကျန်တာတွေက တော့ ကျွန်တော် ကောင်းတယ်လဲမပြောဘူး ဆိုးတယ်လဲ မပြောချင်ပါဘူးဗျာ။စာဖတ်သူများအား ကျေးဇူးတင်ပါတယ်...

ye gyi said...

ရီပြီနော်...ဦးဇော်မင်း...ဟားးးးးး(၁,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀)အားလုံးကန်တော့နော်...ဝန်ကြီးတွေမပါ(လျှက်စစ်ဝန်ကြီး)လူတွေနားထောင်ကောင်းအောင်တော့ပြောတတ်သား မူကြိုကျောင်းမှာသွားပြောပါလားဝန်ကြီးရယ် တောင်းပန်ပါတယ်...ဝန်ကြီးတွေနဲ့မတူတော့ဘူး လူရွှင်တော်တွေအတိုင်းဘဲနော် ရီရတယ်

nat khat said...

သူတို့ပဲအမျိုးမျိုးလုပ်နေကျတာ အခုပိုတရ် အခုလိုတရ် ပြန်ဝယ်တရ် ပိုလျှံနေလို့ ပြန်ရောင်းတရ် :(

Ni Ni said...

လွှတ်တော် ကိုယ်စားလှယ်တွေ ဆက်မေး ပေးကြပါဗျာ ၊ ဘယ်တုန်းက ပိုလျှံသွားခဲ့ဘူးလဲလို့ ။ အိမ်တိုင်းမှာ မီးစက် တွေ ၊ အင်ဗာတာတွေ ဆောက်ပြီး နားညည်း ခံ ပိုက်ဆံကုန်ခံ ကျန်းမာရေး အပျက်ခံ ပြီး မီး လင်းအောင်လုပ်နေရတာ ဆယ်စုနှစ် နဲ့ချီပြီ အခုထိပဲ ဆိုတာ သိရဲ့သားနဲ့ ။
မက်ဂါဝပ် (၇၀၀) (၈၀၀ ) ဆို လောက်ပြီလို့ ဘယ်သူပြောလဲ ၊ ( ၂၀၀၀ ) ( ၃၀၀၀ ) ပေး နိုင်တောင် အကုန်သုံးနိုင်တယ် ၊ ဒီကနေ ကုန်ထုတ် စွမ်းအားတွေ တိုးလာအောင် ရှာလို့ရတယ် ။
ရန်ကုန် မြို့တော်တောင် အပြည့် မပေးနိုင်သေးတာ ၊ မီးကြိုး တောင် မသွယ် ရသေးတဲ့ ကျေးရွာတွေ ဆိုတာ တော့ ပြောမနေနဲ့တော့ ။ ဘယ်သူ မှ အလကား ယူသုံးချင်နေတာ မဟုတ်ပါဘူး ၊ တောင်းသလောက် ပိုက်ဆံ ပေးနေရတာပဲမို့လား ။
အုပ်ချုပ်မူ ညံ့ဖျင်းလွန်းလို့ အကျင့်ပျက်ချစားနေကြလို့ မီးလုံလောက်အောင် မပေးနိုင်သေးဘူးဆိုတာ ဖြေသာ နိုင်သေးတယ် ၊ ပိုလျှံ လို့ ပါဆိုပြီး သူများနိုင်ငံ ရောင်းစား ၊ အခြေအနေဆိုးမှန်းသိလို့ ပြန်ဝယ်ပေးမယ် ပြောတာလောက် အသည်းနာစရာ ကောင်းတာ မရှိဘူး ။ မြန်မာတွေကော ဟုတ်ကြရဲ့လားဗျာ ၊ တရုတ်တွေ များ ဖြစ်ကုန်ကြပြီလား မသိဘူး ။ ဒါဆို မောင်းထုတ်ရတော့မယ် ။
အသက်သာ ကြီးသွားကြပြီ ၊ အချိန်မစီးကြတဲ့ လူကြီးတွေ ၊ ၀န်ကြီးတွေ ၊ ရှက်ကော ရှက်တတ်ကြရဲ့လား မသိဘူး ။ လွန်လွန်းတယ်ဗျာ ။
တရုတ် ခေါင်းဆောင် တွေက မြန်မာပြည်က မီးဝယ်တာ သူ့နိုင်ငံ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး ၊ အကျင့်စာရိတ္တ တွေ ကောင်းလာဘို့ ရည်သန်ပြီး အခြေခံ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်တာ .. ..
မြန်မာ ခေါင်းဆောင်တွေက တရုတ် ကို လျှပ်စစ်ရောင်းတာ ကိုယ့်မြန်မာ ပြည်ကြီး ရဲ့ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး ၊ အကျင့်စာရိတ္တ တွေ ပျက်ပြားအောင် ဒုစရိုက် ထူပြောအောင် တမင် ကြံရွယ် ဖျက်ဆီး လုပ်ဆောင် လိုက်ခြင်းသာ ဖြစ်တာ ထင်ရှားလွန်းလှတယ် ။

aungzawmoe said...

ဟဲ့ကောင် ဇော်မင်း လျှပ်စစ်ဝန်ကြီးဆိုတော့ ရှိသမျှလျှပ်စစ်တွေကို အိမ်နီးချင်းနိုင်ငံတွေဆီ ရောင်းစားတယ်။ ပြည်တွင်း သုံးစရာမရှိတော့ ကိုယ့်ပစ္စည်း ကိုယ်ပြန်ဝယ်သုံးရတယ်။ မင်းသာ သမ္မတဖြစ်ရင် နိုင်ငံကိုရောင်းပြီး နေစရာမရှိမှ ပြန်ငှားပြီးနေမယ့်ကောင်။
တော်သေးတာပေါ့ လျှပ်စစ်ဝန်ကြီးလောက်သာဖြစ်လို့၊ မင်းလိုကောင်သာ သမ္မတဖြစ်ရင် မြန်မာနိုင်ငံ ကမ္ဘာ့မြေပုံပေါ်က ပျောက်တာကြာပြီ။

The Nature Myanmar said...

ယိုးဒယားရောက် မြန်မာအဖြစ် အပျက်အမှန်ကိုဘဲ ပြောချလိုက်တော့မယ်...
အဲဒါပုံပြင် မဟုတ်ဘူးနော်...
တကယ့်အမှန်...ပြောပြသွားတဲ့ ကျနော်တို့ နောင်တော်ကြီးကတော့ ဆုံးသွားရှာပြီ...လွန်ခဲ့သော ၁၅နှစ်လောက်က...
ထိုင်းမှာ ကျင်းပတဲ့ Workshop တစ်ခုမှာ မြန်မာနိုင်ငံက အရပ်ဖက်ရောက်လာတဲ့ အရာရှိတစ်ယောက်ရယ်၊ ပညာရှင် အရာရှိငယ်တစ်ယောက်ရယ် တက်ကြတယ်...ကျင်းပနေစဉ် တစ်ချိန်လုံး အရာရှိကြီးက ဘာမှ ၀င်မဆွေးနွေးဘူးတဲ့...ကင်မရာနဲ့ ဓာတ်ပုံတော့ တဖျက်ဖျက်ရိုက်ပါတယ်တဲ့...ပညာရှင်လေးကတော့ ဒိုင်ခံဆွေးနွေးနေရတာပေါ့...အဲဒါကို ရိပ်မိတဲ့ ထိုင်းက နေ့လည်ပိုင်း ထမင်းစားနားချိန်မှာမေးတယ်းတဲ့...
ထိုင်း...ဆရာတို့ အရာရှိကြီးက ဘာမှလည်း မဆွေးနွေးပါလားပေါ့...
မြန်မာ...ပညာရှင်လေးကတော့ ပါးနပ်စွာဘဲ တို့ နိုင်ငံမှာ အရာရှိကြီးတွေက အရာရှိငယ်တွေပါရင် လုပ်စရာမလိုဘူးကွ။
ထိုင်း...မိုက်လှချေလား...အေးဆေးဘဲနော်...
မြန်မာ...အေး ဟုတ်တယ်။
ထိုင်း...ငါက ပျင်းတာနဲ့ တော့ မင်းတို့ နိုင်ငံမှာလာပြီး အရာရှိလုပ်ရရင် ကောင်းမှာဘဲ...ဘာမှပြောတတ်ဖို့ လည်း မလိုဘူး...
(မှတ်ချက်။ ။တကယ်တော့ အရာရှိကြီးက English လိုလည်း မပြောတတ်ဘူး...ပညာရပ်ပိုင်းဆိုဝေးရော...နာမည်သိပေမယ့် ဘယ်သူဆိုတာ မပြောပါရစေနဲ့ )

Anonymous said...

မီးကိုမတရားသုံးသူတွေဆီကမီတာခမတောင်းပဲနဲ့(စစ်အာဏာရှင်များ)
ပြည်သူတွေဆီကမတရားမီတာခတိုးတောင်းတယ်။
မီးကိုအခုလည်းနိုင်ငံအုပ်ချုပ်သူတွေအလကားသုံးနေကြတာ
ဘိုးစဉ်ဘောင်ဆက်တဆွေလုံးတမျိုးလုံး
တကယ်ဒီမိုကေ၇စီစစ်စစ်အရတိုင်းပြည်က
လူတန်းစားအားလုံးမီတာခဆောင်သင့်ပါတယ်။
လုပ်ငန်းတွေကိုလည်းမီတာခဆောင်သင့်ပါတယ်။
ဥပမာဦးသန်းရွေပိုင်ဟိုတယ်များ...
ဦးအောင်သောင်းစသည်ဖြင့်....
မီးကိုအလွဲသုံးစားသုံးနေကြပါသည်.

aungzawmoe said...

ဟဲ့ကောင် ဇော်မင်း လျှပ်စစ်ဝန်ကြီးဆိုတော့ ရှိသမျှလျှပ်စစ်တွေကို အိမ်နီးချင်းနိုင်ငံတွေဆီ ရောင်းစားတယ်။ ပြည်တွင်း သုံးစရာမရှိတော့ ကိုယ့်ပစ္စည်း ကိုယ်ပြန်ဝယ်သုံးရတယ်။ မင်းသာ သမ္မတဖြစ်ရင် နိုင်ငံကိုရောင်းပြီး နေစရာမရှိမှ ပြန်ငှားပြီးနေမယ့်ကောင်။
တော်သေးတာပေါ့ လျှပ်စစ်ဝန်ကြီးလောက်သာဖြစ်လို့၊ မင်းလိုကောင်သာ သမ္မတဖြစ်ရင် မြန်မာနိုင်ငံ ကမ္ဘာ့မြေပုံပေါ်က ပျောက်တာကြာပြီ။

Anonymous said...

ချီးထုတ် ဇော်ဖျင်း တစ်ယောက် အခု ဘယ်ဂျောင်သွားခွေနေလဲ သိချင်လိုက်တာ . . သူ့ အတွက် အချိန်လဲ သိပ်မကျန်တော့ပါဘူး . .နိုင်ငံတစ်နိုင်ငံကို ဦးဆောင်ဖို့ ဆိုတာ အရည်အချင်းရှိဖို့ လိုတယ်ဆိုတာ သိပြီမလား . . သေနတ်ပြစ်တဲ့လက်က ဦးနှောက်မလိုဘူး လက်ညှိုးလေး ကွေးတတ်ရင်ရပေမဲ့ . . manage & control ဆိုတာ ဦးနှောက်ရှိတဲ့လူပဲ လုပ်လို့ ရတယ်ဟဲ့ . . .

Akar said...

ဆောက်သုံးမကျတဲ့ ၀န်ကြီးတွေ ... အမတ်တွေ ... ချီးထုပ်ကြီးတွေ ... ရှိရင် အခုထွက် ... ချီးဥဏှောက်နဲ့ထင်ရာမြင်ရာတွေ ပြောမနေကြနဲ့ ... နားကြားပြင်းကပ်တယ် ...

MMT said...

အမျှော်အမြင် တော်တော်ကြီးတဲ့ အစိုးရပါလား။ ဆန်တွေ ပါ ကုန်အောင်ရောင်းပြီး ပြန်ဝယ်လေ။

ThetOo said...

ရောင်ရင်ကော်မရှင်ရပြီးဝယ်ရင်လည်းရမယ်ထင်တယ် ထင်တယ်ပြောတာနော်

Anonymous said...

ရန်ကုန်တိုင်း လျပ်စစ်ဝန်ကြီးကို ဦးထွန်းညိမ်း လို့ အမည်ပြောင်းရင်ကောင်းမယ် ထွန်းလိုက် ညိမ်း လိုက် မို့

konay said...

ကျွန်တော်တို့ မြန်မာ့အကြီးအကဲခေါင်းဆောင်ကြီးများဟာ ရှေ့ကို ကြိုပြီးစဉ်းစားလေ့မရှိဘူး(သူတို့နေရာတည်မြဲရေး ကိုတော့ စဉ်းစားချင် စဉ်းစားလိမ့်မယ်) နောင် အနှစ် ဘယ်လောက် မှာ ဘာတွေဖြစ်လာမယ်။ ဘာတွေကြိုတင်ပြီး လုပ်ထားရမယ်ဆိုတဲ့ ကြိုတင်စီမံချက်ဆိုတာမရှိဘူး။ ပညာမဲ့တာကြောင့်လား ၊ ကိုယ့်အတွက်ပဲစဉ်းစားနေရလို့ လား၊ နှစ်ခုစလုံးကြောင့်လားဆိုတာကတော့ မပြောတတ်ဘူး။ အခုလုပ်လိုက် အခုဖျက်လိုက် ၊ အခုပဲရောင်းလိုက် အခုပဲဝယ် လိုက်နဲ့ ဘာမှကို စနစ်မကျ၊ စနစ်မရှိနဲ့ ။ ဒီလိုလူတွေခေါင်းဆောင်ရင် ဒီနိုင်ငံဘယ်လိုလုပ် တိုးတက်လာမလဲ။ စဉ်းစားကြည့်ကြပါ၊ ကိုယ့်အတွက်ရောထည့် စဉ်းစားရင် ဘယ်တော့မှ အများအကျိုးအတွက် မကောင်းနိုင်ဘူး။ ခေါင်းဆောင်လုပ်တဲ့လူတွေ၊ နောင်မှာ တက်လာမယ့်လူတွေ ကို တောင်းဆိုချင်ပါတယ်။ တိုင်းပြည်အတွက် ပညာပြည့်ဝတဲ့ ပြည့်မှီတဲ့ နောင်အနာဂတ်ကို အရှည်တွေးပြီး အမြော်အမြင်ရှိစွာ နဲ့စဉ်းစားဆုံးဖြတ်လုပ်ဆောင်စေချင်ပါတယ်လို့ -------

Anonymous said...

လျှပ်စစ်ဝန်ကြီးကသူ့ မိန်းမတောင်တရုတ်ရောင်းပြီးမှပြန်ဝယ်စားတာနဲ့ တူတယ်

kokomaung said...

ပိုလို.ရောင်းသူကရောင်း
လိုလို. ပြန်ဝယ်တဲ.သူက၀ယ်၊
သူတလူငါတမင်း
အရူးတွေ နေရာရ
တို.ပြည်သူတွေ အနာဂတ်ကတော. နံဆော်နေတာပဲ။

kmkomin3 said...

ငါတို့နိုင်ငံ တရုတ်မပါရင် မပီးဘူးလားကွာ အဲတရုတ်တွေနဲ့ မဆက်ဆံပဲမနေနိုင်ဘူးလား တောင်းပါတယ်တယ် အကြွေးကိုမင်းတို့ပဲကြေအောင်ဆပ်ပါ ငါတို့ အမှောင်ထဲမှာနေနိုင်ပါတယ် နောက်နောင် အဲတယုတ်တွေနဲ့ မဆက်ဆံနဲ့လို့ အကြံပေးချင်တယ်

Unknown said...

တော်လွန်းတဲ့ဥာဏ်ကြီးရှင်တွေပဲနော် ဘာတဲ့ ၁၅၀၀ မဂ္ဂါဝပ်ကိုမကုန်ဘူးတဲ့
ပြောချက်ကပေါက်လွှတ်ပဲစားနိုင်လိုက်တာ ဘယ်လိုလုပ်ဝန်ကြီးဖြစ်နေပါလိမ့်
ရှေ့လျှောက်ဒီလိုလူတွေကိုဖယ်ရှားနိုင်အောင် ဘယ်လိုလုပ်ရမလဲ တိုင်းပြည်
ရှေ့ရေးကဒီလိုလူတွေကြောင့်မလွယ်ပါဘူး..

kmkomin3 said...

ငါ့ ပစ္စည်းငါပြန်ဝယ်ရတယ်လို့ ကြားကြားဖူးပေါင်ဗျာ ခင်းဗျားတို့ပိုင်ဆိုင်မူ့တွေအားလုံး ကျူပ်တို့ကိုပေးပီး ခင်ဗျားတို့ ပြန်ဝယ်ပါလားဗျာ
ပါးပါးလေးစဉ်းစားကြည့်ပီး ခင်ဗျားတို့ ပစ္စည်း ကျူပ်တို့ ပြည်သူတွေဆီက ပြန်ဝယ်ကြည့်ပေါ့ စဉ်းစားတတ်ဖို့ပြောတာနော် လွှတ်တော်က မသာကောင်တွေ

Unknown said...

မီးပေးနေတဲ့စက်တွေကေ၇အားကပေး၇တာဆို၇င်ေ၇အားလုံလောက်စွာမ၇၇င်ဓါတ်ငွေ.။နေစွမ်းအင်။ဒီေ၇လိုင်း။တွေနဲ.အစားထိုးပေးဘို့ကြိုတင်ပြင်ဆင်မူ့မ၇ှိဘဲနွေေ၇ာက်လို.ေ၇မ၇၇င်အလှည်ကြဖြတ်၊မိုးေ၇ာက်၇င်မီးပြန်ပေး၊အ၇မ်းအမျှော်အမြင်ကြီးလွန်းတဲ့လျှပ်ညစ်ဌာနကြီး

konay said...

ဒီဝန်ကြီတွေမီးမပျက်ဘူးတော့သိမှာမဟုတ်ဘူးကွ။မြန်မာနိုင်ငံမှာလျှပ်စစ်တွေမပိုပါဘူးဆိုတာသိအောင်ဝန်ကြီးအိမ်ကိုပြည်သူတွေပေးသလိုအလှည့်ကျစနစ်လေးနဲ့မီးပေး ပေးပါလို့သမ္မတကြီးကိုတင်ပြလိုက်ပါတယ်ခင်ဗျာ။

Khin Lwin said...

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊စရပ်ကွက်၊ရတနာပုံမြို့သစ်၊ (တတ) အပိုင်းမှာ ထရန်စဖော်မာပျက်လို့ဆိုပြီး လျှပ်စစ်မီးမပေး
တာလနဲ့ချီနေပြီ။ အဲဒီလိုဘဲ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့
လျှပ်စစ်မီးမပေးနိုင်တာ ဘယ်သူ့တာဝန်လဲ။
ရှက်လည်းမရှက်ကြဘူးနော်။

cherish said...

ယခင်က မဂ္ဂ၀ပ် ၅၀၀ နဲ့ ၆၀၀ ကြားသုံးစွဲသော်လည်း ၂၀၁၂ ခုနှစ်တွင် တနေ့လျှင် မဂ္ဂ၀ပ် ၇၀၀ သုံးစွဲတယ်တဲ့။ ယခင်က ဆိုတဲ့ အချိန်ကာလ ကိုတိတိကျကျ သိချင်လိုက်တာ။ လွှတ်တော်မှာ ပြောတာ၊ဆိုတာတွေက တိတိကျကျ ဖြစ်ရင် နောင်ကာလအတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးရလာဒ်တွေ မျှော်လင့်နိုင်တာပေါ့။

zhkk said...

ရှက်တတ်ရင် ရာထူးမှနှုတ်ထွက်ပေးပါ။

yan yan said...

ပိုတယ်ဆိုတာ ခင်ဗျားအိမ်မှာလား။ လူကြီးတွေ လူကြီးတွေနဲ့ဆက်စပ်တဲ့နေရာတွေမှာ 24နာရီ မီးလာမယ် တစ်ခါ လောက်ပဲပြည်သူတွေနဲ့တစ်သားတည်းနေကြည့်စမ်းပါ..... ဒီသတင်း ကွန်မင့်ရေးရတာတောင် ရွံတယ် ကိုယ့်သယံဇာတတွေအဖြုန်းခံပြီး ရောင်းခုတော့ကောင်းကြသေးရဲ့လား...အဲဒီရောင်းရငွေတွေရော ဘတ်လို့ကုန်ပြီမို့လား.....ခင်ဗျာဆို့ဦးနှောက်မရှိခဲ့လို့ ကျန်တော်တို့ new Generation တွေ ဒုခတွေခံစားနေရပြီ...တောက်!!

ရာရာ said...

ဟိုးတစ်ချိန်တုန်းကတော့ ပြည်သူတွေကိုလုပ်ချင်သလိုလုပ်၊ ထားချင်သလိုထားခဲ့ပြီး အမှောင်ထဲမှာနေရလည်းဘာမှမပြောသာဘူးဆိုတော့ ရောင်းချင်သလိုရောင်းလိုက်တယ်။ အခုက အဲ့ဒီလိုမဟုတ်ပဲ မီဒီယာကတစ်ဆင့် ပြည်သူ့ဟစ်သံတွေညံဝေလို့လာတဲ့အတွက် ရောင်းပြီးသားကြီးကိုပြန်ဝယ်ရတော့မယ်....တဲ့။ မြန်မာ့သမိုင်းမှာတင်မဟုတ်...ကမ္ဘာ့သမိုင်းမှာတောင် မကြုံစဖူး ထူးခြားတဲ့ အဖြစ်ပေပဲ။ မှတ်သားလောက်ပါပေရဲ့....။

zzmyoe said...

ကိုဇော်မင်း ရေခင်ဗျားကြီးဘေးထွက်ထိုင်နေသင့်ပြီ၊ရှက်တတ်စမ်းပါဗျာ....

khittayarmaung said...

သောက်ရှက်မရှိတဲ့ ဇော်မင်း၊ ဘယ်ပျောက်နေလဲ၊ ဘာသံမှမကြားရပါလား၊ ဘယ်သွားနှပ်နေလဲ၊ ပြည်သူကို ငါ့စကားနွားရ ပြောချင်သလိုပြောပြီး ဘာအခုမှ ရုးချင်ယောင်ဆောင်နေတာလဲ၊ ဧရာဝတီရောဂါရနေတယ်ဆိုပြီး ပြည်သူကို ချိုးချိုးဖဲ့ဖဲ့ ပြောတာလည်းမင်းပဲ၊ ပြည်သူက ငြိမ်ခံတဲ့ ခေတ်က ကုန်တော့မယ်၊ သတိထားးးးးးးးးးးးးးးးး၊ အကူအပြောင်းကာလမှာ သမတကြီးလို ကျင့်ကြံရတယ်၊ အဲဒါမှ ပြည်သူ သောက်ညင်ကပ် ခံရသက်သာတာ၊ အရင်ခေတ်လိုထင်မနေနဲ့၊ အရင်ခေတ်ကိုတမ်းတမနေနဲ့၊ ပြည်သူကို ပြေပြေလည်လည်ဆက်ဆံတော့၊ ကောင်းကောင်းမွန်မွန် အရှင်ထွက် ထွက်ဖို့ ကြိုးစားတော့……………………………………

me: me: said...

ရောင်းပြီးလျှပ်စစ်ပြန်ဝယ်ရင်တော့ ကိုယ်ရောင်းတဲ့ဈေးနဲ့ဝယ်ရမှာမဟုတ်တာတော့ သေချာတယ်။
ရှက်ဖို့ကောင်းလိုက်တာ။
ဦးဇော်မင်းကတော့ရေအားလျှပ်စစ်အကြောင်း သူ့လောက်သိတဲ့သူမရှိဘူးတဲ့။
ကိုယ့်ကိုကိုယ်မသူတော်တဲ့။
အဆံပြည့်သော စပါးနှံတို့သည် ညွှတ်ကိုင်းကြသည်။

kozay said...

အရင်ကတကယ်ရောပိုလိုလားကိုညဏ်ထွန်းဦးရယ်....
စစ်လက်နက်ဝယ်ဖို့မလောက်လို့ရောင်းပြီးမှ..ဘာအခုမှပြန်ဝယ်မှာလည်း..
စောက်ပေါရ..

ဖိုးတောက် said...

အော်အော်.. ဒီတပွဲလည်း မြန်မာပဲ ရှုံ့းပြန်ပြီလား...
မူရင်းဈေးနဲ့တော့ ပြန်မရလောက်ဘူးနော်...
စိတ်ပျက်ရတယ်.. ဘယ်လောက်တောင် အရှုံးပေါ်ပြန်ပြီလဲမသိဘူး..
သိတဲ့လူ ပြောကြပါဦး..

burma thwe said...

ငါနော်....ဆဲလိုက်ရရင်မကောင်းရှိရော့မယ်
အစကတည်းက ရှေ့ရေးကိုသေချာကြည့်ကြပါလား
အခုမှ ရောင်းပြီးပစ္စည်းပြန်ဝယ်မယ်ဆိုတော့
ဟိုခွေးသား တရုတ်စုတ်တွေက သူတို့ဝယ်တုန်းကဈေးနဲ့
ပြန်ရောင်းမယ်ထင်လား...
ကျွန်တော်တော့ မထင်....မထင်ရေးချမထင်

ဇင်မင်းထွန်း said...

ဟားဟား....အရှူးတွေ ကိုယ်ဟာကိုယ်ရောင်း ကိုယ့်ဟာကိုယ်ဝယ်နဲ့ ...ရှုတ်နေတာပဲ...။

Anonymous said...

ဒါနဲ့ပဲ ဒို့နိုင်ငံ ပြာပုံထဲကထွက်မှာမဟုတ်တောဘူး...

နေကြာရိုး said...

သေလိုက်ကြပါတော့။ ကချင်ပြည်နယ်မှာ မြစ်ဆုံကြီး ခဏရပ်ထားပေမယ့် တခြား မြစ်သွယ်တွေမှာ တရုတ်က သုံးနေတယ်။ အရင်းအမြစ်တွေကျတော့ တရုတ်ကို ရောင်းစားပြီး အဲဒီကထွက်တဲ့ လျှပ်စီးမီးကျတော့ ပြန်ဝယ်အုံးမယ်တဲ့။ ရှက်ဖို့ကောင်းလိုက်တာ။ အဲဒီဝန်ကြီးတွေ ပြုတ်မှ တိုင်းပြည်က နလန်ထူမယ်။

မောင်ဇော် said...

ဟားဟားဟား....တော်တော် ၇ယ်၇ပါလား

komyo said...

စကောလောက်လဲစောက်မနက် ဖြုတ်လောက်လဲဦးနောက်မရှိ တစ်တီတူးလေက်လဲ
အတွေးခေါ်မကောင်း ဘယ်လိုလုပ်ဝန်ကြီးဖြစ်လာသလဲ ခန့်တဲ့သူကပိုလို့တောင်မှ
ဆိုးမယ်ထင်ပါတယ် ဒီလိုလူမျိုးတွေအုပ်ချုပ်ခဲ့တာတိုင်းပြည်မမွဲရိုးရှိမလား။
(မောင်ငယ်ရင်သွေးအစိုးရ)ဟဟဟ...တကယ်ရယ်ရတယ်နော် အံ့ပါရောဗျာ
ရှက်ကြောမရှိတဲ့ခေါင်းဆောင်တွေအားလုံးကိုအရူးထောင်ပို့ဖို့ပဲကောင်းပါတယ်နော်
ဦးနှောက်ကိုဆေးစစ်ဖို့လိုတယ်တော်ကြာ(GAS)တွေပါပြန်ဝယ်နေဦးမယ်။

ဧ၇ာထွန်း said...

"လျှပ်စစ်သုံးစွဲမှုဟာ ဒီနှစ်မှာ ပိုများလာတဲ့အတွက် အလှည့်ကျ ဓါတ်အားပေးတဲ့ စနစ်ကို ဆောင်ရွက်ခဲ့ရတာပါ။ အလှည့်ကျ စနစ်ကို ကျော်လွှားနိုင်ဖို့အတွက် စက်မှုဇုန်တွေကို ပေးတဲ့ လျှပ်စစ်ကို လျှော့ပြီး ပြည်သူသုံးအတွက်
ဖြန့်ဝေပေးလျက် ရှိပါတယ်။" နိင်ငံတော့တော်တော်တိုးတက်အုံးမှာ ကို့ယ့်ပစ်စည်း မတန်ေ၇တန်ေ၇နဲ့ေ၇ာင်း ပြီးတော့ အဆမတန်ဈေးနဲံပြန်ဝယ် တော်တော် ၇ယ်၇သလို ၇ှက်ဖို့လဲကောင်းလိုက်တာ အမျှော်မြင်အတွေးခေါ်လဲမ၇ှိ ဒီတိုင်းတာဆက်သွားဆက်လုပနေ၇င်တော့ နိုင်ငံ မွဲသထက်မွဲအုံးမှာ

မောင်မောင် said...

ခေါင်းသုံးပါလို.ပြောတော့...ခေါင်းတော့သုံးပါတယ်..ဒါပေမဲ့ ဂျွန်းထိုးတာဆိုတော့ခက်တယ်..ဟားဟား..ဒီလိုအတွေးမျိုးဘယ်ကမ္ဘာက လူသားတွေမှ မတွေးတတ်ဘူး..မှတ်ပလား..အဒါမြန်မာဝန်ကြီး...ကွ

Ar Ga said...

လျှပ်စစ် ၀န်ကြီးဌာနက ပိုနေတဲ့ လျှပ်စစ်တွေကို တင်ပို့ေ၇ာင်းစားဖို့ Container တွေတောင် ၀ယ်ထားပြီးပြီတဲ့၊ နောက်တော့မှ အ၇မ်းတော်တဲ့ ဇော်မင်းက သိသွားပြီး ၀န်ထမ်းတွေကို ဟဲ့.. လျှပ်စစ်ဆိုတာ container နဲ့ပို့တာ မဟုတ်ဘူး၊ ခြင်းကြားနဲ ထုတ်ပြီးပို့၇တာလို့ ပြောလိုက်တော့မှ ၀န်ထမ်းတွေလဲ သဘောပေါက်ပြီး လက်ခုပ်တီးကြတယ်တဲ့... အခုတော့ အဲဒီ ခြင်းကြားနဲ့ တင်ပို့ထားတဲ့ လျှပ်စစ်ကို လိုင်းနဲ့ ပြန်ဝယ်နေ၇ပြီလေ...

Acmv Org said...

၁) ရှေကလူတွေ လုပ်သွားတဲ့အမှားကို ရဲရဲဝံ့ဝံ့ပြင်ပါ။ ဖြစ်သင့်တဲ့အမှန်တရားအတိုင်းဆောင်ရွက်ပါ။ ဘယ်သူလုပ်သွားတဲ့အမှားမို့ မပြင်ရဲဘူးဆိုရင် အဲဒီပြင်ရမည့်နေရာရောက်အောင်မကြိုးစားပါနှင့်၊ "ကိုမှားကြီးတို့နိုင်ငံမှာ ပြင်စရာတွေ အများကြီးပါ။" အခုခေတ်က မတတ်ပဲနှင့် လူကြီးလုပ်မရတော့ပါဘူး။ အခုလက်ရှိကိုယ်အလုပ်ကိုယ်မလုပ်တတ်တဲ့ လူကြီး၊ ဝန်ကြီးတွေ သွားရတော့မှာပါ။
၂) ရောင်းတုန်းက တစ်ယူနစ်ကို တစ်မတ်၊ ပြန်ဝယ်ရတော့ ၁ကျပ်။ တရုပ်က ဘာမှ မလုပ်ရပဲ ၃ယူနစ်မြတ်နေပါပြီ။ မရောင်းဘူးဆိုပြီး မူနေရင်ကျေးဇူးတင်ပြီး ကိုယ်ပစ္စည်းကိုယ်ပြန်ဝယ်ရမဲ့အပေါက်မျိုး။
ရှက်တယ်ရင်လဲသေလို့ရနေပြီး။ (တောင်းပန်ရုံ၊ ထွက်ပေးရုံတင်မကဘူး၊)

junight said...

တရုပ်ထံရောင်းပြီးသားပြန်ဝယ်တဲ့အကျိုးဆက်က မီတာခဈေးတက်အုန်းမည့်
အကျိုးဆက်ပဲရှိမှာပေါ့၊တရုပ်ကိုဘယ်သူရောင်းခဲ့တာတုန်း၊

ဝေဖန်သူတစ်ဦး said...

ဒီဦးနှောက်နဲ့ခေါင်းဆောင်လုပ်ချင်သေးတယ်....တော်တော်ကို အသိပညာနည်းတဲ့လူတွေက ခေါင်းဆောင်လုပ်နေမှတော့ မြန်မာနိုင်ငံကြီးသိသိသာသာ တိုးတက်မလာတာ မဆန်းဘူး...

Anonymous said...

ဇော်ဖြင်း အခုဘယ်ဂျောင်မှာ သွားငိုင်နေလဲ . . တိုင်းပြည်ကို လက်ညိုးလေး ကွေးတတ်ရုံနဲ့ အုပ်ချုပ်လို့ မရဘူး . . iQ မြင့်တဲ့ဦးနှောက်လိုတယ် . . manage, arrange, decision ဆိုတာ ပညာတတ်တဲ့လူပဲ လုပ်လို့ ရတယ် နားလည်လား . . ငဖြင်း ဇော်မင်း

မျိုးချစ်ဗမာ said...

မောင်ဇော်မင်းတို့များ ပိန်းချက် တုံးချက် စောက်သုံးမကျချက်ကတော့ ကန်းကုန်အောင်ပါပဲလားမောင်တို့ နှုတ်ထွက်ရုံတင်မကဘူး ကိုယ့်ကိုကိုယ်တောင် သတ်သေသင့်တယ်ဗျို့။။။

me: me: said...

တရုတ်ရောင်းပြီး လျှပ်စစ်ပြန်ဝယ်မယ်ဆိုတော့
ရောင်းတဲ့ဈေးနဲ့တော့ပြန်ဝယ်လို့မရမှာ သေချာတယ်။
ရှက်ဖို့ကောင်းလိုက်တာ။
ဦးဇော်မင်းကတော့ ရေအားလျှပ်စစ်အကြောင်း သူလောက်သိတဲ့သူမရှိဘူးတဲ့။
ကိုယ့်ကိုကိုယ်ဖော်မသူတော်။
အဆံပြည့်သောစပါးနှံတို့သည် ကိုင်းညွှတ်ကြ၏။
အဆံချောင်သော စပါးနှံတို့သည် ထောင်လွှားကြ၏။

yenai said...

ဘိန်းစားတွေ..
ရှိတာရောင်းဖို့ပဲသိတယ်. တယုတ်ကိုတော့အရင်းအမြစ်တွေရောင်းစားပြီးပြည်သူတွေကျတော့ တယုတ်ဆီက လုပ်တဲ့ မီးစက် အင်ဗာတာ တို့ ဘက်ထရီတို့ ဖယောင်းတိုင် စသဖြင့်ဝယ်သုံး ကြရတယ်..ရင်နာလိုက်တာဗျာ အရပ်ကတို့..ကြားကောင်းသေးရဲ့လား..ကို့လျှပ်စစ်ကို ကိုယ်ပြန်ပြီးဝယ်သုံးမယ်တဲ့...မင်းးတို့တတွေကြောင့်ပြည်သူတွေနိုင်ငံတကာအလယ်မှာမျက်နှာငယ်နေရတာကြာပါပီ..ထွီး...ရှက်လိုက်တာ...

pyeitphyo said...

ကျွန်တော့်ဆီ မှာ ဖယောင်းတိုင် ၃ချောင်းရောင်းဖို့ ရှိတယ်. ဝယ်မယ်ဆိုဖုန်းဆက်ပါ.၁၉၉ကိုဆက်လိုက်ပါ. လာပို့ ပေးပါ့မယ်.

ksho said...

အသာလုပ်ကြပါဝန်မင်းတို့ရေ ဦးအောင်သင်းပြောသလို ဖင်ထဲရွှံ့တစ်ပိသာာလောက်ဝင်မှာပေါ့ စာမှမတတ်ပဲ

ShweKayin said...

သောက်ရူးတွေ...ပိုလို့ ရောင်းတယ်ပြောလိုက်..... လိုလို့ ပြန်ဝယ်တယ် ပြောလိုက်နဲ့ အရူးချီးပမ်း လျှောက်ပြောနေတယ်......
သောက်ရူး အစိုးရတွေ...ဆိုတော့...သောက်ရမ်းတွေ လုပ်နေမှာပေါ့... ဦးနှောက်မှ မရှိဘဲ....

win aung said...

ဝန်ကြီးပြောတာမှန်ပါတယ်.မီးတွေပိုနေတယ်ဆိုတာသိပ်ကိုမှန်ပါတယ်.ကျနော်တို့အိမ်းမှာ.မီးချောင် ၁၁ ချောင်ရှိတယ် မိးအားနည်းလို့ တစ်ချောင်ပဲသုံးတယ်. ၁၀ ချောင် ပိုတယ်.သုန်းလို့မရရင် market ရဲ့သဘေားအရပြန်ေ၇ာင်းစားရမှာပေါ. မှားပါတယ် ဇော်မင်းရယ်

Anonymous said...

ချီးအုန်းဏှောက် ၀န်ကြီးတွေ
ဥာဏ်ကြီးရှင်တွေအုပ်ချုပ်နေမှတော့
ငါတို့တိုင်းပြည်ကြီး ချီးထုတ် ဖြစ်နေအုံးမှာဘဲ
ချီးအုန်းဏှောက် ၀န်ကြီးတွေ ရှက်တတ်ရက်
ကိုယ့်ဟာကိုထွက် - မထွက်ရင်ထုတ်ပစ်ပါ
တိုင်းပြည်ကောင်းစေရင်ပေါ့

Anonymous said...

လူရွှင်တော် ဇော်မင်း က ဦးဇာဂနာ တို့ထက် ရယ်စရာစကားတွေပြောတတ်တာကို အခုမှသိတော့တယ်

Anonymous said...

ပွင့်ပွင့်လင့်လင့်စိတ်ထဲမှာရှိတဲ့အတိုင်းပဲပြောမယ်။ "စောက်သုံးမကျတဲ့ကောင်"။
ရင်နာလွန်းလို့ ပြောစရာများလွန်းလို့ သူနဲ့သင့်တော်တဲ့ စကားလုံးကိုပဲ ရွေး
ရေးလိုက်တာပါ။

Unknown said...

ဘယ်လိုလုပ်များပြောလိုက်ပါလိမ့်..ပြောချင်ရာပြောလုပ်ချင်ရာလုပ်ကြီးပါလား..အုပ်ချုပ်နေတဲ့လူတွေဘာမှပြောင်းလဲတာလုပ်မပေးသေးဘုး..ဆင်းရဲသားတွေအတွက်..ဒီလူကြီးကြည့်ရတာ..ဘယ်လိုအဖေ..ဘယ်လိုအမေကမွေးလာတာလဲမသိ..ဘယ်လိုဆရာဆီမှာပညာသင်ပြီး..ဘယ်ဘာသာဝင်ပါလိမ့်..လူရောဟုတ်ပါသလား?..ရှင်းရှင်းလေး..ခင်ဗျားအိမ်ကကားကိုကျွန်တော်ငှားမယ်..ပြီးရင်ခင်ဗျားကိုအမြတ်နဲ့ပြန်ငှားစားမယ်..ခင်ဗျားသဘောတူလား..ဒါမျိးလူတွေမလုပ်ဘူးတိရိဆ္စန်တွေဘဲလုပ်လိမ့်မယ်..ဘာမှမသိလို့..ခင်ဗျားလုပ်တာနဲ့ခင်ဗျားအသိုင်းအ၀ိုင်ကြားမှာ..ခင်ဗျားတော့သွားပြီ...

pyaponthu said...

အဲ့လို ခေါင်းမပါတဲ့သူတွေအုပ်ချူပ်လို့မြန်မာပြည်အဲ့လိုဖြစ်နေတာ။ခေါင်းထဲမှာ ဦးဏှောက်ရှိသေးရဲ့လား။တသက်လုံးမှောင်ထဲမှာနေလာတဲ့မြန်မာပြည်ကလျှပ်စစ်ပိုသတဲ့လား။သက်ဆိုင်ရာလူကြီးမင်းများဝန်ကြီးအားလုံးကိုအနားပေးသင့်ပြီး။ခေါင်းပါတဲ့သူတွေအုပ်ချူပ်ပါစေ။

Rubber Myanmar said...

ဒီ post က Comment တွေကို မပျောက်ပျက်အောင် ဘယ်လိုသိမ်းထားရမလဲ။ လျှပ်စစ်ဝန်ကြီးရဲ့ နောက်သားစဉ်မြေးဆက်တွေကို ပြဘို့။ မင်းတို့အဖိုးက ဒီလိုတော်ခဲ့တယ်ဆိုတာ...

zhkk said...

Comment တွေက Container နဲ့မှသိမ်းထားလို့မရတာ ပွဲစားဇော်မင်းနဲ့ တရုပ်ပြည်ကိုရောင်းခိုင်းပါလား။

NaungYoe said...

ကိုဇော်မင်း ရေခင်ဗျားကြီးဘေးထွက်ထိုင်နေသင့်ပြီ၊ရှက်တတ်စမ်းပါဗျာ.... Should be remove this Two Minister!

honey said...

အမေစုရေ...
ခေါင်းပြတ်ကြီးတွေအုပ်ချုပ်နေသောတိုင်းပြည်ကို
အစကနေပြန်လည်ပြုပြင်လို့ရအောင်
သူတို့ရဲ့ရာဇ၀တ်မှုတွေကိုပြည်သူတွေကျေအေးပေးမယ်။
ပြန်ပြီးတော့လည်းမတုန့်ပြန်ဘူးဆိုင်းထိုးပေးမယ်။
သူတို့ခေါင်းပြတ်တွေအားလုံးရထားတဲ့စည်းစိမ်ဥစ္စာများစွာနဲ့
အငြိမ်းစားယူပြီးလွတ်တော်ထဲကအမြန်ဆုံးထွက်သွားကြရင်
ကောင်းမယ်နော်..လွတ်တော်ကြီးသန့်ရှင်းအောင်
ရှင်းထုတ်လိုက်မှတစ်ကနေစပြီးစိတ်အေးသက်သာစွာနဲ့
မြန်မြန်လုပ်ကိုင်လို့ရနိုင်မယ်။
ပြည်သူတွေလည်းခေါင်းကိုက်လွန်းတယ်။သူတို့လုပ်ကိုင်နေသမျှ
ပြည်သူတွေစိတ်ဆင်းရဲစေဖို့ပဲဖြစ်နေတယ်။
ကောင်းအောင်လည်းလုပ်နိုင်မှာမဟုတ်တော့ဘူး။
သမ္မတကြီးလည်းရှေ့လှမ်းလိုက်နောက်ပြန်ကြည့်၇နဲ့
သူလည်းရောနှောထားတဲ့ပျော်ဝင်ပစ္စည်းတခုဖြစ်လာခဲ့တော့
အချိန်တွေကုန်လှပြီ။ထိရောက်မှုကိုမပေးစွမ်းနိုင်ဘူး။
တပ်မတော်လည်းသူ့နေရာသူနေကြ။
အမေစုပါတီဦးဆောင်မှုနောက်ကလိုက်ကြရင်လည်းတော်သေးတယ်။
သူတို့နောက်အမေစုလိုက်ရတာ
သူတို့ကကန့်လန့်သွားနေသူတွေ။ဘာလုပ်ကြမှာလဲရှင်...
ရှင်တို့တွေကအဆိပ်အတောက်တွေပါလား။
ဟူး..........ရင်လေးတယ်..

တန`င်္လာကိုကို said...

Rubber Myanmar ရေ ဒီ post က comment ကိုသိမ်းပြီးလျှပ်စစ်
ဝန်ကြီးမြေးမြစ်တွေပြမလို.လားဒါဆိုတယုတ်လိုဘာသာပြန်မှရမှာဗျ၊
သူ.မြေးတွေပိုလို.တယုတ်တွေဆီရောင်းလိုက်ရတယ်လေ။ သူ.ခမျာလည်း
ဆုံးလို.မီးသဂြိုလ်တော.မီးပျက်လို.ဒီအတိုင်းထားလိုက်တာ၊ပိုပါတယ်ကွာ
တယုတ်ဖြစ်ဝက်အူချောင်းလုပ်ဘို.ဆိုပြီးသမက်ကရောင်းထုတ်လိုက်တာကွ။
ဟိတ်ကောင် ! ဘီယာခွက်ဘေးက၀က်အူချောင်းသွားမနှိုက်နဲ.ဓါတ်လိုက်မယ်။

Soe said...

ဒီလို အတွေးအခေါ်ကောင်းတဲ့ သူတွေကို စစ်ခေါင်းဆောင်သန်းေ၇ွှ က
သူမဆင်းခင်မှာ တိုင်းပြည်နဲ့လူမျိုး အတွက် သူစိတ်ချ၇တဲ့ သူတွေချည်း သေသေချာချာေ၇ွးပေးထားတာေ၇ွးပေးခဲ့တာပါ

Ven.Khe said...

အော်.... ခုမှသတိရတယ်.. သူတို့ရောင်းစားသလိုပဲငါလဲ
ဒီကွန်မင့်တွေကို .. တရုတ်တွေဆီသွားရောင်းစားရမယ်..ဟိဟိ

Powered by Blogger.