မလုံတလုံ ဝတ်စားဆင်ယင်လျှင် ဥပဒေကြောင်းအရအရေးယူနိုင်



7294
Facebook ပေါ်တွင် ပျံ့နှံ့နေသော သင်္ကြန်ကာလ မြင်ကွင်းဓာတ်ပုံများ
Eleven Media Group
၂၀၁၂ ခုနှစ်မဟာသင်္ကြန် ကာလအတွင်း သင်္ကြန်မဏ္ဍပ်များတွင် ရေကစားခဲ့ကြသူ၊ ရေပက်ခံထွက်သူ အမျိုးသမီးငယ်များနှင့် မင်းသမီးငယ် အချို့၏ သင်္ကြန်ကာလအတွင်း ၀တ်စားဆင်ယင်မှုများမှာ အမြင်မသင့်တော်သည့် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများ ဖြစ်ခဲ့ပြီး ယင်းသို့ဝတ်စား ဆင်ယင်ခြင်းဖြင့် ယဉ်ကျေးမှု ကျင့်ဝတ်အရ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အပြင် ဥပဒေကြောင်းအရလည်း အရေးယူမှုများ ပြုလုပ်နိုင်သည်ဟု ထောက်ပြဝေဖန်မှုများ ရှိလာခဲ့သည်။ ယခုနှစ် သင်္ကြန်ကာလအတွင်းတွင် အမျိုးသမီးငယ်အချို့နှင့် မင်းသမီးငယ်အချို့တို့၏ ၀တ်စားဆင်ယင်မှုများမှာ အများအမြင်တွင် မသင့်တော်သည့်အပြင် ၀တ်ဆင်သူသာမက မိဘဆွေမျိုး ပတ်ဝန်းကျင် အသိုင်းအ၀န်းများ၏ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေနိုင်သည့် ၀တ်စားဆင်ယင်မှုများ ၀တ်ဆင်ခဲ့ကြပြီး အဆိုပါ သရုပ်ပျက် ၀တ်စားဆင်ယင်ကြသူများ၏ ဓာတ်ပုံများသည်လည်း သင်္ကြန်ကာလအတွင်းကပင် အင်တာနက်စာမျက်နှာများထက်နှင့် Facebook တို့တွင် ပျံ့နှံ့လျက်ရှိနေခြင်းကြောင့် ထောက်ပြဝေဖန်မှုများ ပိုမိုများပြားလာခဲ့သည်။
အခုနှစ်သင်္ကြန်မှာ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုက အဆိုးဆုံးလို့ ဆိုလို့ရတယ်
ယခုနှစ် သင်္ကြန်ကာလအတွင်းတွင် မြန်မာ မိန်းကလေးတချို့၏ ၀တ်စားဆင်ယင်မှုများမှာ ယခင်နှစ်များထက် ပိုမိုဆိုးရွားခဲ့ပြီး အများစုမှာ ကျောသား၊ ရင်သားနှင့်ပေါင်သားများကို လှစ်ဟသည့် ၀တ်စားဆင်ယင်မှုဖက်ရှင်များနှင့် သင်္ကြန်ကာလ ကို ဆင်နွှဲခဲ့ကြသည်ကို တွေ့မြင်ခဲ့ရ သည်။ “အခုနှစ်သင်္ကြန်မှာတော့ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုက အရင်နှစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဆိုးဆုံးလို့ ဆိုလို့ရတယ်။ အများစုက ကျောပြောင်၊ ရင်ပြတ်တွေ ၀တ်လာကြရုံသာမကဘူး ဘောင်းဘီတို တွေဆိုလည်း တချို့ဆို လက်တစ်ဝါးကျော်လောက်ပဲ ရှိတာမျိုးတွေတောင် ၀တ်ဆင်လာကြတယ်။ ဒီလိုဝတ်ဆင်ပြီးတော့ မဏ္ဍပ်ပေါ်မှာ တက်ကနေတာမျိုး၊ ကားပေါ်မှာ ကတာမျိုးတွေ မြင်ရတဲ့အခါ တော်တော်ကို စိတ်မကောင်းဖြစ်ရတယ်။ ကန်တော်ကြီး ကန်ပတ်လမ်းတစ်လျှောက်က မဏ္ဍပ်တွေမှာဆို မဏ္ဍပ်တိုင်းလိုလိုမှာ အဲဒီလိုမိန်းကလေးတွေ အများကြီးတွေ့ ရတယ်။ သင်္ကြန်ပွဲတော်ကို လာနွှဲကြတဲ့ နိုင်ငံခြားသူတွေတောင် ဘောင်းဘီရှည်နဲ့ လာကြပြီး မြန်မာမိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုကို အထူးအဆန်းအနေနဲ့ ဓာတ်ပုံတွေရိုက်၊  ဗီဒိယိုတွေ ရိုက်နေကြတာတွေ့ရတော့ စိတ်ထဲမှာ တော်တော်ကို ခံရခက်ပါတယ်။ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုက ကိုယ့်တန်ဖိုးကိုယ်ချသလို ဖြစ်နေတာ၊ တစ်ဖက်သားရဲ့အမြင်မှာလည်း အထင်သေးစရာဖြစ်တာ၊ နောက်ဆက်တွဲ အန္တရာယ်တွေကို ဖိတ်ခေါ်သလို ဖြစ်နိုင်တာတွေကို စဉ်းစားကြသင့်ပါ တယ်”ဟု ကိုယ်တိုင်တွေ့မြင်ခဲ့သူ ကျောက်မြောင်းမှ မလင်းလင်းက သုံးသပ်ပါသည်။

ဒါမှမဟုတ် ဒီထဲမှာရိုက်ကူးထားတဲ့ သူတွေရဲ့ပုံတွေကရော ပြန်ပြီးမပျံ့ နိုင်ဘူးလား။ တွေးစရာတွေကတော့ အများကြီးပါပဲ။ အခုလိုပုံစံအမျိုးမျိုးနဲ့ အင်တာနက်ပေါ် ရောက်သွားနိုင်တဲ့ အချိန်မျိုးမှာ မြန်မာမိန်းကလေးတွေနဲ့ မင်းသမီးတချို့ ဒီလိုဝတ်ဆင်ခဲ့ကြတာက ဒါဟာ ထင်ပေါ်ကျော်ကြားစေတဲ့ နည်းတစ်ခုလို့ ယူဆလို့ပဲလားဆိုတာ  .  .  .
ထို့အပြင် ဒါရိုက်တာကြည်ဖြူသျှင်ကလည်း “သင်္ကြန်ဆိုတာ မြန်မာ့ ယဉ်ကျေးမှုပွဲတော် တစ်ခုပါ။ ဒီလို ပွဲတော်မျိုးမှာ ၀တ်ဆင်တဲ့ အ၀တ်အစားက ခေတ်မီလို့ရတယ်။ ဒါပေမယ့် ခေတ်လွန်ပြီး အထင်သေးစရာတော့ မဖြစ်သင့်ဘူးလေ။ သင်္ကြန်တုန်းက မြန်မာမိန်းကလေးတွေ ၀တ်ဆင်ခဲ့တာတွေကို အင်တာနက်မှာ တွေ့လိုက် ရတဲ့အခါ တော်တော်လေးကို တုန်လှုပ်မိပါတယ်။ မိန်းမကောင်းလေးတွေ မှဟုတ်ရဲ့လားလို့တောင် အတွေးဝင် မိတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ၂၀၁၂ က တကယ်တမ်း ပြောရရင် ပျော်စရာကောင်းတဲ့ နှစ်တစ်နှစ်လို့ ပြောလို့ ရပါတယ်။ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်မှာ လျှောက်လှမ်းနေတဲ့အချိန်မှာ အခုလိုမျိုးတွေ ပြုလုပ်တယ် ဆိုတာကတော့ တော်တော်လေးကို ဆိုးရွားသွားတယ်လို့ ဆိုရမှာပါ။ နိုင်ငံအတွက် ဘာမှ မကူညီနိုင်ရင်တောင် ကိုယ့်နိုင်ငံကိုသူများက အထင်သေးစရာ မဖြစ်အောင်၊ လက်ညှိုးထိုးစရာ မဖြစ်အောင် နေသင့်တာလေ”ဟု သူ၏အမြင်အား သုံးသပ်ပြခဲ့သည်။
ရှက်စရာကို မရှက်တာနဲ့ ဂုဏ်ယူစရာ မဟုတ်တာကို ဂုဏ်ယူနေတာ
သင်္ကြန်ကာလအတွင်း မြန်မာ အမျိုးသမီးငယ်များ အနေဖြင့် ယင်းသို့ သရုပ်ပျက် ၀တ်စားဆင်ယင်ခဲ့ကြရာ၌ အချို့မှာ အတွင်းခံ အ၀တ်အစားများသာ ၀တ်ဆင်ထားသည်အထိ လွန်ကျူးစွာ ၀တ်ဆင်ခဲ့ကြပြီး ယင်းသို့ဝတ်ဆင်သူများထဲတွင် မင်းသမီးငယ်အချို့သည်လည်း ပါဝင်ခဲ့ သည်။ “ဒီသင်္ကြန်မှာတွေ့ရတဲ့ မိန်းကလေးတွေအများစုကတော့ ရှက်စရာကို ရှက်ရကောင်းမှန်းမသိသလို ဂုဏ်မယူသင့်တာကိုလည်း ဂုဏ်ယူနေကြပုံပါပဲ။ ကိုယ့်ရဲ့ဝတ်ဆင်မှုအရ ကိုယ့်ကိုတစ်ဖက်သား အထင်အမြင် သေးနိုင်တာကို ထည့်မတွက်ဘဲ ဒါဟာပေါ်ပြူလာဖြစ်တဲ့ အလုပ်တစ်ခု၊ ဂုဏ်ယူစရာတစ်ခုလို့ တွေးနေကြပုံရတယ်။ ဒီလို အဖြစ်အပျက်တွေ ရှိလာတာဟာ ဖောဖောသီသီ ၀ယ်လို့ရနေ တဲ့ နိုင်ငံခြားခိုးကူးခွေတွေရယ်၊ လူငယ်ထုကြားမှာ လွှမ်းမိုးထားတဲ့ ကိုရီးယားယဉ်ကျေးမှုရယ်၊ အင်တာနက် အသုံးပြုမှုတွေရဲ့ နောက်ဆက် တွဲဂယက်လို့ပဲ ဆိုလို့ရပါတယ်။ သရုပ်ပျက် ၀တ်ဆင်ခဲ့ကြတဲ့သူတွေထဲ မှာ ဆယ်ကျော်သက် မိန်းကလေးတွေလည်း ပါဝင်ခဲ့တာကြောင့် မိဘတွေ ရဲ့ အုပ်ထိန်းဆုံးမမှုကလည်း အရေးပါတယ်ဆိုတာ စဉ်းစားစရာဖြစ်လာပါ ပြီ။ ကိုယ့်သမီး မဏ္ဍပ်သွားတယ်ဆိုရင် ဘာဝတ်သွားလဲ၊ ၀တ်သွားတဲ့ အ၀တ်အစားက ကိုယ့်သားသမီးရဲ့ ဂုဏ်သိက္ခာနဲ့ အန္တရာယ်ကို လုံခြုံစေရဲ့ လား၊ ၀တ်ထားတဲ့ အ၀တ်အစားက ရေစိုရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတာတွေအထိ  ကြပ်ကြပ်မတ်မတ် ဆုံးမဖို့တော့ လိုမယ်ထင်ပါတယ်”ဟု ဗဟန်း မြို့နယ်တွင် နေထိုင်သူ မိခင်တစ်ဦး ဖြစ်သူ မစိုးစိုးခိုင်က ဆိုသည်။
“မဏ္ဍပ်တွေမှာ စီစီတီဗီ ကင်မရာတွေတပ်ဆင်ထားပါတယ်။ အဲဒီ ကင်မရာထားတဲ့ အဓိက ရည်ရွယ်ချက်က အကြမ်းဖက်မယ့်သူတွေကို စောင့်ကြည့်နိုင်ဖို့ပဲလား၊ မသင်္ကာ စရာသူကို ပြန်လည်ရှာဖွေနိုင်ဖို့ပဲလား။ ဒါမှမဟုတ် ဒီထဲမှာ ရိုက်ကူးထားတဲ့ သူတွေရဲ့ပုံတွေကရော ပြန်ပြီး မပျံ့နိုင်ဘူးလား။ တွေးစရာတွေကတော့ အများကြီးပါပဲ။ အခုလိုပုံစံ အမျိုးမျိုးနဲ့ အင်တာနက်ပေါ်ရောက် သွားနိုင်တဲ့အချိန်မျိုးမှာ မြန်မာမိန်းကလေးတွေနဲ့ မင်းသမီးတချို့ ဒီလို ၀တ်ဆင်ခဲ့ကြတာက ဒါဟာ ထင်ပေါ်ကျော်ကြားစေတဲ့ နည်းတစ်ခုလို့ ယူဆလို့ပဲလား ဆိုတာလောက်အထိ တွေးစရာဖြစ်လာပါပြီ”ဟု ကမာရွတ် မြို့နယ်တွင် နေထိုင်သူမအိအိက သုံးသပ်ပါသည်။
အနုပညာရှင်ဆိုတာ အများအတုယူသူမို့ ပိုမိုသတိထားသင့်
သင်္ကြန်ကာလအတွင်း သရုပ်ပျက်ဝတ်စားဆင်ယင်ခဲ့ကြသူများ တွင် လူငယ်သရုပ်ဆောင် အချို့လည်း ပါဝင်ခဲ့ပြီး အများသိပြီး သူများဖြစ်သည့်အတွက် ၎င်းတို့၏ဓာတ်ပုံများမှာလည်း အင်တာနက်စာမျက်နှာ များထက်နှင့် facebook ပေါ်တွင် ပျံ့နှံ့နေခဲ့သည်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက “ယဉ်ကျေးမှု လှိုင်းတွေ ရိုက်ခတ်လာတဲ့အချိန်မှာ လူတွေရဲ့ ဆင်ခြင်တုံတရား ကိုယ်ခံစွမ်းအားတွေ အဆင်သင့် မဖြစ်သေးတော့ လူးကြလိမ့်ကြ ဖြစ်တာပေါ့လေ။ အဲဒီထဲမှာ လူသိများတဲ့ ထင်ပေါ် ကျော်ကြားတဲ့သူတွေ ဖြစ်နေတော့ ပိုပြီး ထင်ရှားတာပေါ့။ ရုပ်ရှင်အစည်းအရုံး ဆိုတာကတော့ အာဏာပိုင်အဖွဲ့ အစည်းတစ်ခု မဟုတ်ဘဲ NGO ဖြစ်နေတဲ့အတွက် အဲဒီလိုဝတ်ဆင်ခဲ့တဲ့ သူတွေကို ခေါ်ယူ အသိပေးဆွေးနွေးမယ်၊ သတိပေးဆုံးမမယ် ဆိုတာမျိုး တွေပဲ လုပ်ရမှာပါ။ အဓိကတော့ ဒါကတစ်ဦးချင်းရဲ့ ကျင့်ဝတ်စောင့်ထိန်းခြင်းနဲ့ပဲ သက်ဆိုင်နေတယ်လေ။ ဒီတော့ ဒီလိုဝတ်ဆင်ခြင်းဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး၊ အဓိကတော့ အနုပညာရှင်ဆိုတာ ပရိသတ်ရှိပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်အားဖြင့် ပရိသတ် က အပြစ်ပေးခြင်း၊ ဒဏ်ခတ်ခြင်းဆိုတာကတော့ ရှိလာမှာပါ။ ဒီအခါမှာတော့ ဒါကရှောင်ကြဉ်စရာပါလား ဆိုတာသိလာမယ်လို့ ယူဆပါတယ်” ဟု ရှင်းပြခဲ့သည်။
“သင်္ကြန်ဆိုတဲ့ အချိန်ကတော့ ခေတ်နဲ့အညီလေး ၀တ်ဆင်ကြတဲ့ အချိန်ဆိုတော့ အနုပညာရှင်တွေအနေနဲ့ လည်း အခွင့်ကောင်းတစ်ခုအဖြစ် ခေတ်နောက်ကိုလိုက်ပြီး ၀တ်ဆင်ကြတယ်လို့ မြင်ပါတယ်။ အသက်အရွယ် အရနဲ့ အခြေအနေ အချိန်အခါအရလည်း အခုလိုမျိုး ဖြစ်သွားတာ ပါပါ လိမ့်မယ်။ အရမ်းတော့ စိတ်ပူစရာမလိုဘူးလို့ ထင်ပါတယ်”ဟု သရုပ်ဆောင် ဆွေဇင်ထိုက်က သူ၏အမြင်အား ပြောဆိုပါသည်။
မိန်းကလေးတွေ ဘီယာသောက်တာ ဖက်ရှင်လား
ယခုနှစ်သင်္ကြန်ကာလတွင် မဏ္ဍပ်များ၌ ရေကစားထွက်သူ မိန်းကလေးငယ်များ၊ ရေပက်ခံထွက်သူ မိန်းကလေးငယ်များနှင့် လမ်းလျှောက် ရေပက်ခံသူ မိန်းကလေးအများစုပါ ဘီယာသောက်ခဲ့ကြသည်ကို တွေ့မြင်ရပြီး ဖက်ရှင်တစ်ခုအသွင်ဖြင့် သောက်သူလည်း များပြားခဲ့ကို တွေ့ မြင်ရသည်။ ပုံမှန်သောက်သုံးလေ့ရှိသူ မဟုတ်ခြင်း၊ ကိုယ်ခံစွမ်းအားချင်း နှိုင်းယှဉ်ပါကလည်း မိန်းကလေးမှာ ယောက်ျားလေးထက် နည်းပါးခြင်းကြောင့် ယခုနှစ်သင်္ကြန်တွင် အမူးလွန်သူ မိန်းကလေးများလည်း ရှိလာခဲ့ကာ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်း မရှိတော့ခြင်း၊ အရှက်အကြောက် တရားများ နည်းပါးသွားခြင်းများကိုပါ တွေ့မြင်လာခဲ့ရသည်။ “အခုနှစ် သင်္ကြန်မှာ ကောင်မလေးတွေ တော်တော်များများက ဘီယာဗူးတွေကိုင်ပြီး သောက်နေကြတာကို တွေ့ရတယ်။ ဘီယာသောက်တာကို ဖက်ရှင်တစ်ခု ပုံစံမျိုး ကျင့်သုံးလာကြတယ်။ တော်တော်လေးကို လွဲမှားတဲ့အယူအဆလို့ ဆိုနိုင်သလို အန္တရာယ်လည်း များပါတယ်။ ဘီယာမူးသွားဖို့ဆိုတာကလည်း ယောက်ျားလေးတစ်ယောက် ထက်ကို ပိုပြီးမြန်ဆန်နိုင်ပါတယ်။ အဲဒီရဲ့နောက်ဆက်တွဲ အနေနဲ့တော့ ဆင်ခြင်တုံတရား၊ အရှက်အကြောက်  တရားဆိုတာတွေပါ ပျောက်ဆုံးသွားနိုင်ပါတယ်”ဟု လသာမြို့နယ်တွင် နေထိုင်သူ မိခင်တစ်ဦး ဖြစ်သည့် မမိုးမိုးအောင်က ဆိုပါသည်။
ယခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်အချို့၌ မိန်းကလေးများသည် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများသာမက အနောက်တိုင်း အကများကိုလည်း လွန်ကျူးစွာ ကခုန်ခဲ့သည်များ ရှိခဲ့ပြီး အဆိုပါ မိန်းကလေးများတွင် အချို့မှာ လုပ်ငန်းသဘောတစ်ခုအဖြစ် မဏ္ဍပ်မှ ငှားရမ်းထားသူများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ အချို့မှာ ကာယိနြေ္ဒကို စော်ကားရန် ကြံရွယ်ချက်ဖြင့် ပြောဆိုခြင်း၊ ကိုယ်အမူအရာပြခြင်းများ ပြုလုပ်သည့် အမျိုးသား အမျိုးသမီးများလည်း ရှိခဲ့ကြောင်း ရေကစားသူ များထံမှ သိရသည်။
“တချို့မဏ္ဍပ်တွေမှာ ကနေတဲ့ မိန်းကလေးတချို့က တော်တော်လေး ဆိုးကြတယ်။ အဲဒီတချို့ကမဏ္ဍပ်က သူတို့မဏ္ဍပ်စည်အောင် ဆိုတဲ့သဘောနဲ့ အလုပ်သဘော ငှားထားတာမျိုးတွေ ပါတယ်။ ဒီတော့ကကြတဲ့ မိန်းကလေး တွေကလည်း သူတို့အလုပ်သဘော သူတို့ပေါ့လေ။ ဒါပေမယ့် အဲဒါမျိုးတွေ ရှိနေတဲ့ အခါကျတော့ မိကောင်း ဖခင် သားသမီးလေးတွေ ဖြစ်ပေမယ့် ခေတ်လွန် ၀တ်စားထားကြတဲ့ မိန်းကလေးတွေကိုပါ အုတ်ရောရော ကျောက်ရောရော အထင်ခံစရာဖြစ်နိုင်တယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူ ကိုကျော်မိုးက သုံးသပ်ခဲ့သည်။
မလုံ့တလုံ ၀တ်ဆင်ခြင်းဖြင့် ဥပဒေအရ အရေးယူခံရနိုင်
သင်္ကြန်ကာလတွင် ညစ်ညမ်းသော ပြုလုပ်ခြင်းများဖြစ်သည့် မလုံ့ တလုံ ၀တ်စားဆင်ယင်မှုများ၊ ထိုသို့ ၀တ်စားဆင်ယင်ကာ ညစ်ညမ်းသော အမူအရာပြုလုပ်ခြင်းများသည်  ရာဇ၀တ်မှုပင် မြောက်နိုင်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄(က) အရပြစ်မှု ထင်ရှားစီရင်ခြင်း ခံရပါက ထောင်ဒဏ် သုံးလအထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ (က)တွင် ပြဌာန်းထားသည်မှာ မည်သူမဆိုအခြားသူများ စိတ်ငြိုငြင်အောင် အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ညစ်ညမ်းသော ပြုလုပ်မှုတစ်ခုခုကိုပြုလျှင် ထိုသူကိုသုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ Eleven Media Group အင်တာနက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါသညည်။

Eleven Media Group 
မလုံတလုံ ဝတ်စားဆင်ယင်လျှင် ဥပဒေကြောင်းအရအရေးယူနိုင် မလုံတလုံ ဝတ်စားဆင်ယင်လျှင် ဥပဒေကြောင်းအရအရေးယူနိုင် Reviewed by သစ်ထူးလွင် on 09:16 Rating: 5

37 comments:

ဇာမဏီ said...

ပြောရအုံးမယ် ။။ စည်းကမ်းပျက်တဲ့သင်္ကြန်ပွဲတော်ကြီးဖြစ်နေတာကြာပါပြီဗျာ ။။ ကျွန်တော်တို့ တွေသင်္ကြန်ဆိုတာကိုစပြီးပျော်တတ်တဲ့အချိန်ကတည်းကပါ။ လွန်ခဲတဲ့ နှစ်(၂၀) ကျော် လောက်ကတည်းကပေါ့ ။ အဓိက တရားခံကတော့ ခောတ်နဲ့စနစ်ပါဘဲ ။ ရေပေါ်ဆီ လူ့အသိုင်းအ၀ိုင်းတွေ ကြီးစိုးချယ်လှယ် ခဲ့ကြတဲ့ခောတ် မှာ လူငယ်တွေကလည်း အသိတရား ၊ ဆင်ခြင်တုံတရားတွေ တဖြည်းဖြည်း ကင်းမဲ့လာကြပါတယ်။ စိတ်ဓါတ်တွေပျက်ပြား
လာကြတယ် ။ ပညာရေးကလဲ မည်မည်ရရ အာမမခံနိုင် ၊
စီးပွားရေးဆိုတာ ဘာမှန်းတောင်မသိ. အလုပ်အကိုင်ဆိုတာ
ဗလာနတ္ထိ ။ ယဉ်ကျေးမှု ကအစ တဖြည်းဖြည်း ယုတ်လျော့
လာကြတပါ။ စိတ်ဓါတ်တွေ ဆိုတာကတော့ အနိမ့်ဆုံးမှာပေါ့
ဗျာ ။ သင်္ကြန် ပွဲတော်မှ မဟုတ်ပါဘူး ။ နေရာတိုင်း အချိန်တိုင်း
မှာ မြင်နိုင် တွေ့နိုင်ပါတယ် ။ လူငယ်တွေဆိုတာ အချိန်တိုင်း
သောက်မယ် စားမယ် ၊ ရိုက်မယ် နှက်မယ် ၊ အဲဒီလိုဖြစ်နေတာ
တတိုင်းပြည်လုံးမှာပါ ။ မြို့တိုင်း မြို့တိုင်း ၊ နယ်တိုင်း နယ်တိုင်း
ရဲ့ လူငယ် အများစု ဟာ သူတို့ရဲ့ဘ၀ကို သောက်စား၊မူးယစ်၊
ရမ်းကားရင်းနဲ့ အချိန်ဖြုန်းနေကြတာပါ ။ မယုံမရှိပါနှင့် ။ သေ
သေချာချာ လေ့လာကြည့်ပါ။ အဲဒီအထဲမှာ ငါမပါဘူးကွဆိုရင်
အဲဒီလူဟာ ရှားရှားပါးပါး ။ တစ်ရာမှာ ဆယ်ယောက်လောက်ထဲ
ကဖြစ်မှာပါ။ ပြောချင်တာက ကျွန်တော်တို့တိုင်းပြည်ဟာ
သင်္ကြန်ပွဲတော် တစ်ခုထဲမှာတင် ပျက်ဆီးနေတာ မဟုတ်ပါဘူး။
ဒါတွေကို အရေးယူမယ်ဆိုရင်လည်း ဘယ်သူ့ကို စပြီးအရေး
ယူမလဲ ..... ကိုယ်တိုင်ကိုက အကျင့်ပျက်နေလို့ ဖြစ်နိုင်ပါတယ်၊
ဒါကေပမယ့် အဓိက တရားခံက စိတ်ဓါတ်တွေကို ရိုက်ချိုးဖျက်
ဆီးလိုက် တဲ့ ခောတ် နဲ့စနစ် ပါဘဲ။

minkhanthtay said...

မြန်မာဆိုတာ ယဉ်ကျေးသိမ်မွေ့တဲ့ လူမျိုးပါ အရင်တုန်းက၀တ်တဲ့ အ၀တ်အစားနဲ့ အခုတော့တော်တော်ခြားနားသွားပါပြီ ခေတ်မှီတာကို လက်ခံပါတယ် ကိုယ်လူမျိုးအထင်သေးခံရမယ့် အ၀တ်အစားတွေကို မ၀တ်ဖို့တော့လိုပါတယ် ဖက်ရှင်စတိုင်ဆိုတာ ပေါာမှ ထင်ရှားတာ ခေတ်မှီတာမဟုတ်ပါဘူး လုံလုံခြုံခြုံနဲ့ ခေတ်မှီအောင်ဝတ်လည်းလှပါတယ် လူမှာအ၀တ် တောင်းမှာအကွတ်ဆိုသလိုဘဲ အ၀တ်စားဝတ်တာ မြင်ရုံနဲ့ မြန်မာလူမျိုး မိန်းကလေးတွေကို အထင်မသေးအောင် ၀တ်တတ်ကြပါစေ

ခင်မျိုးချစ် said...

ဒီနှစ်မြန်မာသင်္ကြန်ကို မြန်မာ့ယဉ်ကျေးမှုသင်္ကြန်လို့ ခေါင်းစဉ် တပ် သုံးနှုန်းကြတာကို ကန့်ကွက်ရမလိုတောင်ဖြစ်နေပါတယ်။ အင်တာနက် သတင်းတွေနဲ့ FB တွေမှာ မြင်ရတဲ့ မြင်ကွင်း ဓါတ်ပုံတွေ ဗီဒီယိုတွေမှာ တွေ့ရမြင်ရတဲ့ မိန်းကလေးအချို့ရဲ့ ၀တ်စားဆင်ယင်မှုတွေ နိုင်ငံခြား Night club တွေမှာ တိုင်ပွတ်ပြီး ကသလိုကနေတာတွေဟာ ယိုသူမရှက် မြင်သူရှက် စရာမြင်ကွင်းတွေဖြစ်ပါတယ်။ နှစ်သစ်ကူးပွဲတော်ရဲ့ လှပတဲ့ အနှစ်သာရကို အလွန်ကို အရုပ်ဆိုး အကျည်းတန်စေခဲ့ ပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ရမယ့် အဖြစ်မျိုး မဖြစ်စေလိုပါ။ အဲဒီ ငါးပုတ်မ တစ်ကောင်တစ်လေ တစ်စု နှစ်စုကို လူငယ်များအားလုံးက တိုင်းပြည်နဲ့လူမျိုးချစ်စိတ် မိမိနိုင်ငံယဉ်ကျေးမှုကို ထိန်းသိမ်းလိုစိတ်နဲ့ အချိန်မှီ ဖယ်ထုတ်ကြရပါမယ်။ အဆိုပါ အလွန်အကျွံပြုမူပြနေတဲ့သူတွေကို မိန်းမကောင်းတွေတော့ မဟုတ်နိုင်ဘူးလို့ သုံးသပ်မိတာ အခုဖတ်လိုက်ရတဲ့ ဆောင်းပါးအရ အတိုင်းအတာတစ်ခုအထိ တော့မှန်နေပုံရပါတယ်။

ဗုဒ္ဓဘာသာ ၀င်မြန်မာလူမျိုးတွေလို့ ဆိုင်းဘုတ်ရေးထား ကြပေမယ့် ဘုရားရှင်ရဲ့ အဆုံးအမတွေကိုလည်း ရင်ထဲနဲနဲ ကိန်းအောင်လုပ်ကြမယ်ဆိုရင် ဒါမျိုးတွေနည်းလာစေနိုင်ပါ တယ်။ ခေတ်မှီတာနဲ့ လော်လီတာ လုံးဝကွဲပြားပါတယ်။ ခေတ်နဲ့အညီ လုံလုံခြုံခြုံ လှလှပပ ၀တ်ကြတာ လူတိုင်းသဘောကျပါတယ်။ လော်လီတဲ့ ၀တ်စား ဆင်ယင်မှုကတော့ မိမိအဆင့်အတန်းကို မိမိဆွဲချ တာသာဖြစ်ပါတယ်။ ခုတော့ မူးရူးသောက်စားပြီး စည်းလွတ် ၀ါးလွတ် ရေသဘင်ပွဲဆင်နွဲနေတာ ကြည့်ရတာ အစုလိုက် အပြုံလိုက် ငရဲသွားနေတာ ကြည့်နေရသလိုပါပဲ။ ပုထုဇဉ် လူသားတွေမို့ အပျော်အပါးဆိုတာ မကင်းနိုင်ကြသူတွေ ဆိုပေမယ့် နောင်နှစ် သင်္ကြန်တွေမှာတော့ စည်းနဲ့ ကမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်း ပျော်နိုင် အောင် ကြိုးစားနိုင်ကြပါစေ လို့ပဲ ဆန္ဒပြု တိုက်တွန်းလိုက်ရပါတယ်။

Super User said...

ဥပဒေရှိပေမယ့် ထိထိရောက်ရောက်အရေးယူမှုမရှိရင်တော့ နောက်နှစ်နောက်နှစ်တွေမှာ ဒီထက်ပိုဆိုးရွားလာပြီး လူမျိုးသိက္ခာပါ ကျဆင်းလာနိုင်ပါတယ်။

Ko Nyo Khant ( Mdy university.) said...

ဒီမိုကရေစီကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုပြီးဝတ်စားဆင်ယင်နေကြသလဲ၊ကိုယ့်ဖာ
သာကိုယ်ဝတ် တာဘယ်သူကိုထိခိုက်တာမှတ်လို ဆိုပြီးဝတ်စားဆင်ယင်နေကြ ရင်ဖြင့်မှားကြမှာပေါ့၊

ellay said...

ပျော်လို့ ရတယ် ကဲလို့ ရတယ် စရိုက်မကြမ်းလာနဲ့ 
ကို့ တန်ဖိုးကိုသိအောင်နေထိုင်တတ်အောင် လေ့ကျင့် ပေးရမယ် ရိုင်းရိုင်းပဲပြောမယ် အခုသင်္ကြန်မှာ ဖြစ်ပျက်နေတဲ့ မိန်းကလေးတော်တော်များများက ကောင်းတဲ့ မိန်းကလေးရှားတယ် စဉ်းစားတာကြည့်တော့ 
ကျွှန်တော်တို့ တိုင်းပြည် ဘယ်ဘဝရောက်နေပြီလည်းဆိုတာကို
မိန်းကလေးတွေမိမိကိုယ် မိမိ ယုံကြည်မူ ရှိလာအောင် လမ်းပြပေးမဲ့ သူတွေ အများကြီးလိုအပ်တယ်
တနိုင်လုံးအတိုင်းအတာနဲ့ ဆိုရင်တော့ ဘာမှမဟုတ်လောက်ဘူးလို့ တော့ မထင်နဲ့  အဲဒီ မိန်းကလေးတွေက မွှေးဖွားလာမဲ့ကလေးတွေရဲ့ အနာဂတ်ကိုစဉ်းတောင်မစဉ်းစားရဲပါ

goldentiger.mhs said...

မိန်းမတွေဆိုတာနှာခေါင်းမပါရင်ဘာဖြစ်တယ်ဆိုလား
စကားပုံတွေကအလကားလျှောက်ရေးထားတာမဟုတ်ပါဘူး
ဒါမျိုးတွေရှိနေလို့ဒီလိုစကားပုံတွေပေါ်လာတာ
စာအပ်တစ်အုပ်ထဲမှာဖတ်ရတာက
မိန်းမတစ်ယောက်ဟာ
ပုံမှန်အချိန်မှာ ရမ် ခြောက်ပက်စာရှိတယ်တဲ့
ချိန်သာကြည့်ကြပါအရပ်ကတို့ရေ

မီးအိမ် said...

နည်းလမ်းရှာကြရအောင်ပါ၊ တိုင်းပြည်က နိမ့်ကျနေသောအခြေအနေမှ ကျော်ဖြတ်နေချိန်မှာ ယင်းကိစ္စများအား သတိဖြင့်စီမံခြင်းမရှိခဲ့ပါလျှင် ရှေ့တွင်တွေ့ကြုံရမည်မှာ ဆိုဖွယ်ရာမရှိတော့ပေ၊ ကုသရမည့်အချိန် မရောက်မှိ ထိရောက်သောကာကွယ်ခြင်းအား နည်းလမ်းရှာကြရအောင်ပါ

မီးအိမ် said...

နည်းလမ်းရှာကြရအောင်ပါ၊ တိုင်းပြည်က နိမ့်ကျနေသောအခြေအနေမှ ကျော်ဖြတ်နေချိန်မှာ ယင်းကိစ္စများအား သတိဖြင့်စီမံခြင်းမရှိခဲ့ပါလျှင် ရှေ့တွင်တွေ့ကြုံရမည်မှာ ဆိုဖွယ်ရာမရှိတော့ပေ၊ ကုသရမည့်အချိန် မရောက်မှိ ထိရောက်သောကာကွယ်ခြင်းအား နည်းလမ်းရှာကြရအောင်ပါ

Nay Nwaye said...

ထိုကဲ့သို့ ဝတ်စားထားသော မင်းသမီးများ၏ ဗီဒီယို၊ ရုပ်ရှင်နှင့် အခြားလုပ်ရှားမှုမှန်သမျှ မကြည့်ရှုခြင်း အားမပေးခြင်းနည်းဖြင့် ကျွန်ုပ်တို့ဝိုင်းဝန်း ကန့်ကွက်ကြပါစို့။

Anonymous said...

အမျိုးသမီးရေးရာတို့ မိဘဆရာတို့ တွေနဲ့ ဝိုင်းဝန်းထိမ်းသိမ်းပေး
ရင်၇ပါတယ် တခုရှိတာက သူတို့ တွေကမြန်မာသွေးအစစ်တွေ
ဟုတ်မဟုတ်စိစစ်ဖို့ လိုတယ် သွေးနှောတွေဆို၇င်တော့ ဥပဒေ
ကြောင်းအ၇ဆောင်ရွက်ဖို လိုတယ်ဘာကြောင့်လဲဆိုတော့
အိမ်နီးချင်းနိုင်ငံမှာက ဒီိလိုဝတ်စားဆင်ယင်မှု ကအလေ့အထလို
ဖြစ်နေပြီ

Yeyint said...

ဟုတ်တယ် မြန်မာဆိုတာ အဆင်အလာကြီးမြတ်တယ် ဒီလိုဥပဒေထွက်လာတာအရမ်းပျော်ပါတယ် ဖမ်းမယ်ဆို ရင် ရန်ကုန် မှာ မိန်းခလေးမကျန်လောက်တော့ဘူနော်

lwannaymie said...

ခောတ်ရေစီးကြောင်းကြောင့်ပြောင်းလဲတာလက်ခံပါတယ်။ဒါပေမဲ့ဒီလိုပုံစံတွေဟာနိုင်ငံတကာမှာ(disco, night club, party,)တွေမှာတာဖြစ်တတ်တာပါ၊ သူတို့နိုင်ငံရဲ့ရိုးရာပွဲတော်တွေမှာဒါမျိုးမရှိပါဘူး။ သင်္ကြန်ဆိုတာ၊မြန်မာလူမျိုးတွေရဲ့ရိုးရာပွဲတော်ပါ၊ဒီပုံစံလွတ်လပ်မှု့နဲ့ဘာမှမဆိုင်ပါဘူး၊ သူ့နေရာနဲ့သူပေါ့။ (ငါလဲ အပတ်တိုင်း club တက်တာဘဲ၊ ဒါပေမဲ့သင်္ကြန်ကိုတော့မြတ်နိုးတယ်။) အခုဖြစ်ပျက်နေပုံက နေ့ခင်းကြီး လမ်းပေါ်မှ club ဖွင့်ခွင့်ပေးသလိုဖြစ်နေပြီ၊ မိကောင်းဖခင် မိန်းကလေးတွေအချောင်နစ်နာပါတယ်။ အဓိက၊ကမြို့တော်စီပင်တာဝန်ပါ။ သူတို့ပါမစ်ချပေးတုံးကစည်းကမ်းတွေရှိပါတယ်၊ အဲဒါကိုသူတို့အရေးမယူ တာပါ။ သင်္ကြန်ပထမရက်၊အတွင်းမန်းတပ်တခုလောက်ပိတ်ပြလိုက်ရင်၊အားလုံး ငြိမ်သွားပါမယ်။ မန်းတပ်ဆောက်သူဘက်ကတော့ သူ့မန်းတပ် စည်ကားအောင် ကြေးစားခေါ်တာရော၊လွတ်လပ်ခွင့်ရောပေးမှာပါဘဲ။ မန်းတပ်ပေါ်ကမိန်းကလေးတွေက အလွတ်ဆုံးပါ။ ကားနဲ့လည်တဲ့ မိန်းကလေးတွေသိပ်မလုပ်ရဲဘူး(အနိုက်ခံရမှာစိုးလို့)။ ဒါကြောင့်ဘယ်သူ့မှာတာဝန်အရှိဆုံးလဲ???????????????

kokomaung said...

thinzarwintkyaw ကိုအရင်လုပ်ပြလိုက်။ ဒီမိန်းမတော်တော်လွန်နေပြီ။

Thitsar said...

ရှက်ဖွယ် . . . ရှက်ဖွယ် . . .
၁။ မိဘ
၂။ အစ်ကိုတွေ . . . မောင်တွေ . . .

မင်းရဲနန္ဒသူ said...

သားသမီးမကောင်း.. မိဘခေါင်း..။ တပည့်မကောင်း.. ဆရာ့ခေါင်းတဲ့..။ အဲဒီလိုစည်းကမ်းပျက်နေတာ.. အရှက်အကြောက်ကင်းမဲ့တာဟာ သူတို့ရဲ့ မိဘတွေကိုယ်တိုင်က အဲလိုဖြစ်နေတဲ့အတွက်နေမှာပါ..။ တံငါနားနီး..တံငါ..။ မုဆိုးနားနီး..မုဆိုး ဆိုသလို မိဘတွေရဲ့ မကောင်းတဲ့အကျင့်တွေကို အတုလိုက်ခိုးလို့နေမှာပါ..။ ရွှေပင်မှာနားမှ ရွှေကျေးဖြစ်လာမှာပေါ့..။ အရင်းစစ်ရင်တော့ အမြစ်မြေကဖြစ်တာပါပဲ..။ ဒါကြောင့် မိဘတွေမှာတာဝန်အရှိဆုံးပါပဲ..။ အရေးယူမယ်ဆိုရင်တော့ မိဘတွေကို အရင်ဆုံးအရေးယူရပါမယ်..။ ရာဇ၀င်ပုံပြင်ထဲကလို သားတယောက်လုံးသူခိုးဖြစ်နေတာကို သိရက်နဲ့မတားပဲ မြှောက်ပေးခဲ့တဲ့ မိခင်ဟာ သားအဖမ်းခံရတဲ့အချိန်မှာ နားရွက်ကိုက်ဖျက်ခံရတာ အားလုံးသိမှာပါ..။ ပေါ့ပေါ့နေ.. ပေါ့ပေါ့စား မိဘကြောင့် ပေါ့ပေါ့နေ..ပေါ့ပေါ့စား သားသမီးဖြစ်လာရတာပါပဲလေ..။ ဆင်ခြင်နိုင်တတ်ကြပါစေ..။ အမျိုးဘာသာ သသနာကိုချစ်တယ်..မချစ်ဘူးဆိုတာ အဲဒီမှာသွားပေါ်တာပါပဲ..။ အဲဒီလိုလူမျိုးတွေက ပါးစပ်ကနေသာအော်နေပြီး ရင်ထဲကမပါတာ ပေါ်လွင်ပါတယ်..။ အမျိုးကိုဖျက်မယ့်သူတွေမဖြစ်အောင် ထိန်းသိမ်းနိုင်ကြပါစေလို့ ဆုတောင်းပါတယ်..။

thurakyaw(မန္တလေး)) said...

မြန်မာပြည်သူတွေ လူ့အခွင့်ရေးချိုးဖောက်ခံနေရတယ် ဆိုပြီးတော့လူပြောများပါ
တယ်ဒီလိုဝတ်စားဆင်ယဉ်ထုံးဖွဲ့တာဟာ မိမိကိုယ်တိုင်ချိုးဖောက်နေတာဖြစ်ပါတယ်
ဆွေမျိုးအသိုင်းဝိုင်းအဖွဲ့အစည်းတို့နှင့်မသက်ဆိုင်ပါ သူသည်(၁၈)နှစ်ပြည့်ပြီးသူ
ဖြစ်သည့်အတွက်သူနဲ့ပဲတိုက်ရိုက်သက်ဆိုင်ပါတယ်အဲဒီလိုဝတ်စားဆင်ရင်ထုံးဖွဲ့ချင်
ရင်အကြံတခုပေးလိုက်ပါ့မယ်မိမိအိမ်မှာဝတ်ပါဒီထက်ကျော်ကြားချင်ရင်တော့
ဒေါက်တာချက်ကြီးနဲ့ဆက်သွယ်လိုက်ပါ သူကူညီပေးပါလိမ့်မယ်။

Unknown said...

ူအင်း.......ကိုယ်ပိုင်အခွင့်အရေးဆိုတာကို ဘယ်အတိုင်းအတာအထိ နားလည်လက်ခံပေးရမလဲ မသိတော့ပါ။ ၎င်းတို့သည် ခေတ်ရေစီးကြောင်း၏ရိုက်ခတ်မှူကြောင့် ထိုသို့ဝတ်စားချင်သည်။ သို့သော် မဝတ်ရဟုတားမြစ်သည်။
သေချာတာတစ်ခုတော့ရှိသည်။ ၎င်းမှာ ယခုခေတ် သူအများသည် ယခင်ကဲ့သို့ ဝတ်စားဆင်ယင်ခြင်းမရှိကြတော့။
အိနြ္ဒိယကိုကြည့်ပါ။ ၎င်းတို့သည် ယခင်ကာလတွင် ဒူးပေါ်၊ပေါင်ပေါ် ဝတ်စားဆင်ယင်ခြင်းမရှိခဲ့ကြ။ ယခု ထိုသို့မဟုတ်ကြတော့ပြီ။ သို့သော်ငြား ဆာရီကိုမြတ်မြတ်နိုးနိုးဝတ်ဆင်သေးသောသူများလည်း ဒုနှင့်ဒေးပင်။ အသို့ပြုရမည်နည်း။ မြန်မာ့ယှဉ်ကျေးမှူသည် တိုးတက်လာသောယနေ့ခေတ်နှင့် လိုက်လျောညီထွေပြီး ဘက်မျှသည့်ယှဉ်ကျေးမှူမျိုး မဖြစ်၊မရနိုင်သလော။ ဤသို့ဆိုသဖြင့် မြန်မာ့ယှဉ်ကျေးမှူအား ဈေးလျှော့ခိုင်းသည်မဟုတ်ရပါ။ ဤကိစ္စသည် ဖြေရှင်းရ်ျမလွယ်ကူသောကိစ္စဟုမြင်ပါသည်။ မြန်မာ့ယှဉ်ကျေးအား ထိန်းသိမ်းလိုသူများမှ ထိန်းသိမ်းရန် ကျယ်လောင်စွာသံချောင်းခေါက်ရင်း၊ အနှီယှဉ်ကျေးမှူအား နားမလည်သောသူများနှင့်၊ နားလည်သော်လည်း လွတ်လပ်စွာနေလိုသူများ မိမိအလိုရှိသလိုနေရင်းဖြင့် ဤသို့ပင်ရှေ့သို့သွားကြပါလိမ့်ဦးမည်ဖြစ်ပါကြောင်း။
အထက်ပါဆောင်းပါးအား အလွန်တရာနှစ်ခြိုက်လှသည် မဖြစ်ပါ။

Unknown said...

ူအင်း.......ကိုယ်ပိုင်အခွင့်အရေးဆိုတာကို ဘယ်အတိုင်းအတာအထိ နားလည်လက်ခံပေးရမလဲ မသိတော့ပါ။ ၎င်းတို့သည် ခေတ်ရေစီးကြောင်း၏ရိုက်ခတ်မှူကြောင့် ထိုသို့ဝတ်စားချင်သည်။ သို့သော် မဝတ်ရဟုတားမြစ်သည်။
သေချာတာတစ်ခုတော့ရှိသည်။ ၎င်းမှာ ယခုခေတ် သူအများသည် ယခင်ကဲ့သို့ ဝတ်စားဆင်ယင်ခြင်းမရှိကြတော့။
အိနြ္ဒိယကိုကြည့်ပါ။ ၎င်းတို့သည် ယခင်ကာလတွင် ဒူးပေါ်၊ပေါင်ပေါ် ဝတ်စားဆင်ယင်ခြင်းမရှိခဲ့ကြ။ ယခု ထိုသို့မဟုတ်ကြတော့ပြီ။ သို့သော်ငြား ဆာရီကိုမြတ်မြတ်နိုးနိုးဝတ်ဆင်သေးသောသူများလည်း ဒုနှင့်ဒေးပင်။ အသို့ပြုရမည်နည်း။ မြန်မာ့ယှဉ်ကျေးမှူသည် တိုးတက်လာသောယနေ့ခေတ်နှင့် လိုက်လျောညီထွေပြီး ဘက်မျှသည့်ယှဉ်ကျေးမှူမျိုး မဖြစ်၊မရနိုင်သလော။ ဤသို့ဆိုသဖြင့် မြန်မာ့ယှဉ်ကျေးမှူအား ဈေးလျှော့ခိုင်းသည်မဟုတ်ရပါ။ ဤကိစ္စသည် ဖြေရှင်းရ်ျမလွယ်ကူသောကိစ္စဟုမြင်ပါသည်။ မြန်မာ့ယှဉ်ကျေးအား ထိန်းသိမ်းလိုသူများမှ ထိန်းသိမ်းရန် ကျယ်လောင်စွာသံချောင်းခေါက်ရင်း၊ အနှီယှဉ်ကျေးမှူအား နားမလည်သောသူများနှင့်၊ နားလည်သော်လည်း လွတ်လပ်စွာနေလိုသူများ မိမိအလိုရှိသလိုနေရင်းဖြင့် ဤသို့ပင်ရှေ့သို့သွားကြပါလိမ့်ဦးမည်ဖြစ်ပါကြောင်း။
အထက်ပါဆောင်းပါးအား အလွန်တရာနှစ်ခြိုက်လှသည် မဖြစ်ပါ။

kgmalay said...

ဘယ်အချိန်ပဲဖြစ်ဖြစ်သူ့ ရာသီနဲ့ သူအ၀တ်အစားကိုလုံခြုံအောင်ဝတ်ဖို့ လိုပါတယ်..မြန်မာတွေကိုအစတည်းကနိုင်ငံတကာကအထင်မြင်သေးနေရတဲ့အထဲရိုးရာသင်္ကြန်ကိုဝတ်စားထားတာတွေတွေ့ တော့တံတွေးခွက်ထဲမျောပြီးရင်းမျောတာပါပဲ...မိဘတွေကရောဒါတွေကိုမတားတာလား...သူတို့ ကိုယ်တိုင်မ၀တ်ရလို့ ပေးဝတ်ထားတာလား....သဉ္ဖာဝင့်ကျော်ကလည်းဖာသာသာပဲရှိတယ်...ခေါင်းပဲလုပ်စားပါတော့လားဟဲ့..ဥပဒေတခုတော့ကြပ်ကြပ်မတ်မတ်ချတာပိုကောင်းတယ်လို့ ထင်ပါတယ်..မလုံတဲ့ အ၀တ်အစားဝတ်တဲ့သူရောရောင်းချတဲ့ဆိုင်တွေကိုပါပြင်းပြင်းထန်ထန်အရေးယူသင့်ပါတယ်..

-crat said...

ခေတ်ကတော့ ခေတ်ပေါ့။ အဲ့ခေတ်အပေါ်မှာ တန်ဖိုးမရှိအောင် နေတတ်တာကတော့ ကိုယ်တိုင်နဲ့ပဲဆိုင်လိမ့်မယ်ထင်တယ်...
ကျွန်မတို့မြန်မာအမျိုးသမီးတွေ အားလုံးကို ယဉ်ယဉ်ကျေးကျေးနဲ့ အမြင်တင့်တယ်စေချင်မိတယ်။ လုံလုံခြုံခြုံဝတ်ပြီးတော့လည်းပဲ ခေတ်ဆန်လို့ရပါတယ်လို့.....................

မြန်မာအမျိုးသမီးတစ်ဦး

ရာရာ said...

ဒါမျိုးဝတ်စားဆင်ယင်မှုဟာ လူနည်းစုဖြစ်တဲ့ ပရိုစတီကျုတွေပါ။ ဒီသင်္ကြန်အတွင်းမှာ လျပ်ပေါ်လော်လီတဲ့ဝတ်ဆင်မှုမျိုးမရှိတဲ့ လူငယ်မိန်းကလေးတွေအများကြီးပါ။ ဒီလိုပုံမှန်မဟုတ်တဲ့ဝတ်စားဆင်ယင်မှုက ရာခိုင်နှုန်းအနည်းငယ်လောက်ပဲရှိပါတယ်။ ဒီပရိုစတီကျုတွေကို အရှက်တရားနည်းလှချည့်လားဆိုပြီး လက်ညိုးထိုးနေလို့လည်းအလကားပါပဲ။ အဓိကအချက်က အနှိပ်ခန်း၊ ကာရာအိုကေ တွေပေါများပြီး ငွေကိုအလွယ်လမ်းနဲ့ရှာနေတဲ့ မိန်းမပျက်တွေပေါလာတာကြောင့်ပါပဲ။ သူတို့ကိုတော့ ဘယ်လိုမှအရှက်တရားအကြောင်းကိုပြောလို့နားဝင်မယ်မထင်ပါဘူး။ ဒီလို လျပ်ပေါ်လော်လီတဲ့ အပြင်အဆင်တွေကိုပဲ ဟိုက်လိုက် လုပ်ပြီးပို့စ်တင်လိုက်တော့ ဒီသင်္ကြန်ကြီးတစ်ခုလုံးပဲ စုတ်ပြတ်သတ်နေသွားသလိုလိုဖြစ်နေပါတယ်။ တစ်ကယ်တော့ ဒါဟာ ရာခိုင်နှုံးအနည်းစုပါ။ ကာရာအိုကေတွေ၊ အနှိပ်ခန်းတွေ ကိုစီစစ်ပြီး နှိပ်ကွပ်လိုက်ရင် ဒါတွေအလိုလိုပပျောက်သွားမယ်လို့မြင်ပါတယ်။

kyawkyaw said...

အဓိကကတော့အနုပညာရှင်တွေပါဘဲ အပြင်လူတွေကသူတို့ကိုကြည့်ပြီး အတုယူပြီးလိုက်ဝတ်ကြတာ သူတို့ကအရင်ပြင်လိုက်ရင်ကောင်းမယ်ထင်တယ်သူဒို့ကရှေ့ဆောင်လမ်းပြလေသူဒို့အရင်ပြင်သင့်တယ် မြန်မာမိန်းကလေးတွေဖြစ်ပြီးအရှက်ရှိကြစမ်းပါဗျာ မိန်းကလေးဆိုတာအသက်နဲ့လူလုပ်တာမဟုတ်ဖူးအရှက်နဲ့လူလုပ်တာတဲ့ အခုတော့ဗျာကြည့်ကြပါအုံး လုပ်ကြပါအုံးဘယ့်နှယ်ဟာတွေလဲမသိ မျိုးမစစ်ဖူးထင်တယ်

မောင်ဆင်ကြီး said...

အင်း သင်္ကြန် မှာ တော့ တကယ်ကို လန်ထွက်နေတာပဲလို့ ပြောရတော့မယ် ......ကိုးရီးယားကားများထဲ က မင်းသမီးများက လဲ အရက်သောက်ပြ ဘီယာသောက်ပြ လေတော့ ရိုးရိုးအေးအေးလေးလို့ (ကျွန်တော်.အထင်) ရွာသူမ တောသူမ များတွေပင် ဘီယာ ဆိုင်မှာ ဘီယာခွက် ကိုယ်စီကိုင်ပြီး ကိုးရီးယားလို ချီးယား လို့ ဆိုလို တဲ့စကား တွေနဲ့ စည်စည် ဝေ ခဲ့ကြလေရဲ့..... ဒီလို မြန်မာ့ ယဉ်ကျေးမှုနဲ့မလိုက်ဖက် တဲ့ အကတွေ ကတတ်တဲ့ လူတန်းစားတွေမွေး ထုတ်ပေးတဲ့ စင်တင်တို့ ကေတီဗွီ တို့ ကိုလဲ တင်းကြပ်တဲ့ စည်းကမ်းတွေထုတ်ပြန် ပေးသင့်တယ်ဗျ....အင်း ဥပဒေနဲ့တားမြစ်တာမျိုးတော့ မလုပ်စေချင်ဘူးဗျာ....ပညာပေးဆွေးနွေး နိုင်မှ ပပျောက် မယ်လို့ ထင်မိလို့ပါ....

မောင်ဆင်ကြီး said...

အင်း သင်္ကြန် မှာ တော့ တကယ်ကို လန်ထွက်နေတာပဲလို့ ပြောရတော့မယ် ......ကိုးရီးယားကားများထဲ က မင်းသမီးများက လဲ အရက်သောက်ပြ ဘီယာသောက်ပြ လေတော့ ရိုးရိုးအေးအေးလေးလို့ (ကျွန်တော်.အထင်) ရွာသူမ တောသူမ များတွေပင် ဘီယာ ဆိုင်မှာ ဘီယာခွက် ကိုယ်စီကိုင်ပြီး ကိုးရီးယားလို ချီးယား လို့ ဆိုလို တဲ့စကား တွေနဲ့ စည်စည် ဝေ ခဲ့ကြလေရဲ့..... ဒီလို မြန်မာ့ ယဉ်ကျေးမှုနဲ့မလိုက်ဖက် တဲ့ အကတွေ ကတတ်တဲ့ လူတန်းစားတွေမွေး ထုတ်ပေးတဲ့ စင်တင်တို့ ကေတီဗွီ တို့ ကိုလဲ တင်းကြပ်တဲ့ စည်းကမ်းတွေထုတ်ပြန် ပေးသင့်တယ်ဗျ....အင်း ဥပဒေနဲ့တားမြစ်တာမျိုးတော့ မလုပ်စေချင်ဘူးဗျာ....ပညာပေးဆွေးနွေး နိုင်မှ ပပျောက် မယ်လို့ ထင်မိလို့ပါ....

konamazu said...

ကဲ...မီးမီးတို့ရေ နောက်ဆိုသင်္ကြန်ရောက်ရင်ဘယ်လို ၀တ်ရမယ်ဆိုတာ သိလောက်ပြီထင်တယ်နော်...ထပ်မပြောချင်တော့ဘူးနော်...ငါ့ကို နွေရာသီပူလို့ ဆိုပြီး အကြောင်းလာမပြနဲ့...နင်တို့ အိမ်ကထွက်လာတုန်းက ဒီပုံမဟုတ်ဘူး။ဒါပဲ။

ziwasoe144 said...

အားအားယားယား ချွတ်ချင်တိုင်းချွတ် ဖေါ်ချင်တိုင်း
ဖေါ်နေကြတယ်များ ထင်နေကြလားမသိဘူး၊
အဲဒါ cronies ကြီးတွေဆီက ဒေါ်လာများများ
ဆုချအောင် market promotion လုပ်နေတာ၊
ကိုယ့်မရှိရင် ပြည်မရှိဘူးတဲ့ ကြားဘူးလား၊
အခုလိုဖြစ်အောင်ဘယ်သူတွေလုပ်ခဲ့တာလဲ၊
ဆာလောင်မွတ်သိပ်ငတ်ပြတ်အောင်ဘယ်သူတွေလုပ်ခဲ့တာလဲ၊

Violin Angle said...

ခေတ်မှီတာကိုလက်ခံတယ် ဒါပေမယ့် ဒီလိုဝတ်တာတွေကတာတွေဟာ ခေတ်မှီတာမဟုတ်ဘူး သရုပ်ပျက်တာ ညီမတို့လည်းခေတ်ဆန်ဆန်ဝတ်ပါတယ် ဒါပေမယ့် အများကလက်ခံနိုင်တဲ့အတိုင်းအတာထိပဲဝတ်တယ် သင်္ကြန်ဆိုတာမြန့်မာရိုးရာပွဲတော်ပါ သရုပ်ပျက်အောင်တော့မလုပ်သင့်ဘူး ဒီလိုမိန်းကလေးတွေကြောင့် အမျိုးကောင်းသမီးတွေပါ အပြောခံနေရတာ ဒီလိုလူမျိုးတွေကို ထိထိရောက်ရောက်အရေးယူပေးသင့်တယ်

ကျော်စိုးသူ said...

ကြည်ံလို့ကောင်းတာပေါ့ ဘာဖြစ်လို့ပြောနေတာလည်း .. ဒီကောင်မလေးတွေ က မြန်မာတွေ မဟုတ်ဘူး ..မဟုတ်တရုပ်မတွေများတာဟ .. သူတို့ က သိတဲ့အတိုင်းပဲလေ .. ဒို့နိုင်ငံ ကို ဖာနိုင်ငံဖြစ်အောင်လုပ်ချင်နေတာ ........... သကြားမင်းဆိုရင်တော့ သူတို့ ကြေနပ်အောင် ဖန်တီးပေးလိုက်မယ် ..

mkt said...

သူများမပြောနဲ.ဦးကိုယ်.လူမျိုးကိုနိုင်အောင်လုပ်

kyawthetwin said...

မင်းသမီးတွေရဲ့  ဖက်ရှင်က စတဲ့ အစ ...အခုတော့ "မြန်မာရိုးရာသင်္ကြန်" ကိုပါ ထိခိုက်လာပြီ... မင်းသမီးတွေ မင်းတို့ မှာတာဝန်ရှိတယ်နော်....

ဝိုင် said...

မီဒီယာတွေကလည်း ထူးတော့ထူးဆန်းသားဗျ ... မိန်းကလေးတွေ သင်္ကြန်မှာ မကောင်းတာတွေလုပ်တာတော့ ရေးသားလိုက်ကြတာ စာမျက်နှာအပြည့်ပါပဲ ...၊ ဒါပေမယ့် မိန်းကလေးတွေ တရားစခန်းဝင် ကုသိုလ်ကောင်းမှုပြုလုပ်တဲ့ပုံတွေကြတော့ ဂျာနယ်ရဲ့ ဘယ်နေရမှာမှန်းတောင် မတွေ့မိပါဘူး ..၊ ကိုကိုသတင်းထောက်တွေ တရားစခန်း တို့ ရိပ်သာတို့ ၀င်ရမှာ ကြောက်နေလို့လားဗျာ .. ။ သတင်းတွေက တဖက်စောင်းနင်းဖြစ်လေတော့ မြန်မာအမျိုးသမီးငယ်လေးတွေ မကောင်းဘက်ရောက်သွားတာပေါ့။ တကယ်ဆိုရင် ကောင်းတဲ့ဘက်လည်း ရှိပါသေးတယ်ဆိုတာလည်း ပြည်သူတွေ သိအောင်ပြသင့်တယ်လို့ထင်ပါတယ် .. ။

thatonthar said...

အဲဒီလိုမျိုဝတ်တာကတော့မကောင်ဘူးပေါ

thatonthar said...

ဟုတ်တာပေါ့.....မလုံတလုံဆိုတော့မကောင်ဘူးပေါ့

aung lay said...

မင်းသမီး တွေကိုချည်းပဲအပြစ်ပြောလို့မရပါဘူး။ အရာရှိ သားသမီးတွေနဲ ပြည်တော်ပြန်ပိုက်ဆံရှိ သားသမီးတွေလည်း ပါပါတယ်။

realplayer said...

ဗိုလ်ချူပ်ပြောခဲ့တဲ့ ဖာနိုင်ငံ တကယ်ဖြစ်နေပီနဲ့တူပါတယ်
ကိုယ်နိုင်ငံသိက္ခာ ကိုယ်အမျိုးသိက္ခာ ကိုယ်ထိန်းကြပါ လို့ပြောချင်ပါတယ်။

SOE TINT said...

ခေါင်ကို အရင်မိုးလုံအောင်ကြိုးစားကြည့်လိုက်ကြရအောင် ရောင်းရင်းတို့ရေ

Powered by Blogger.