တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား နာရီသန်းပေါင်း ၁၉ဝ ထုတ်လုပ်နိုင်မည့် ကွန်း ရေအားလျှပ်စစ်စီမံကိန်း မေလတွင်ဖွင့်မည်

တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား နာရီသန်းပေါင်း ၁၉ဝ ထုတ်လုပ် နိုင်မည့် ကွန်းရေအားလျှပ် စစ်စီမံကိန်းကို မေလအတွင်း ဖွင့်လှစ်နိုင် မည်ဟု သတင်း ရရှိသည်။ အဆိုပါ စီမံကိန်းသည် ဖြူးမြို့နယ်အတွင်း တည်ရှိပြီး မြန်မာနိုင်ငံ တွင် အရှည်ဆုံးရေသွယ်ဥမင်လိုဏ်၊ အမြင့်ဆုံး ရေထိန်းမျှော်စင်ဖြစ်ကြောင်း ၊ ရေသွယ်ဥမင်လိုဏ်အရှည်မှာ ၅၇၅၇ ပေဖြစ်ကြောင်း၊ မဂ္ဂါဝပ် ၂ဝ စီထုတ် လုပ်နိုင်သော စက်သုံး လုံးဖြင့် ပုံမှန်လည်ပတ်ပါက မဂ္ဂါဝပ် ၆ဝ ထုတ် လုပ်နိုင် မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို ၂ဝဝဝ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ အမှတ် (၃) တည်ဆောက်ရေးမှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းပြီး စီးခဲ့ပြီဖြစ်၍ လျှပ်စစ်ဓာတ်အားပြည့်ပြည့် ဝဝရရှိတော့မည် ဟု ဒေသခံပြည်သူ များ မျှော်လင့်နေကြကြောင်း သတင်းရရှိသည်။

 Popular Myanmar News Journal
တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား နာရီသန်းပေါင်း ၁၉ဝ ထုတ်လုပ်နိုင်မည့် ကွန်း ရေအားလျှပ်စစ်စီမံကိန်း မေလတွင်ဖွင့်မည် တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား နာရီသန်းပေါင်း ၁၉ဝ ထုတ်လုပ်နိုင်မည့် ကွန်း ရေအားလျှပ်စစ်စီမံကိန်း မေလတွင်ဖွင့်မည် Reviewed by သစ်ထူးလွင် on 04:38 Rating: 5

9 comments:

ကိုဖြိုး said...

လျှပ်စစ်ဓါတ်အားတွေကိုတော့ ထုတ်ပါတယ် .ဒါပေမယ့် မီးတွေကတအားပျက်နေတယ် ဘယ်နေရာက ဘယ်လောက်မဂ္ဂါဝပ်ထုတ်တယ်ဘာညာပေါ့နော် .......
ဒါပေမယ့် မီးတွေပျက်နေပါတယ်

zzmyoe said...

ဓါတ်အားထွက်တာကို ပြောမနေနဲ့တော့၊မီးလာမလာဘဲပြော။

ud designer group said...

ပြောပြန်ပြီ... မကြာခင် မီတာခဈေးချပေးတော့မယ်ထင်တယ်...

ဖိုးပွကြီး said...

ဖွင့်ချင်တာဖွင့်.
အချိန်တန်၇င် မီးပျက်တာရော မီးဖြတ်တာရော.လုပ်မြဲလုပ်လျက်ပါဘဲ.

toelay said...

ဖွင့်လိုက်တဲ့ ရေအားလျှပ်စစ် .. ကျိုင်းတောင်းရေတံခွန် . ရဲရွာ ရေအားလျှပ်စစ်
ပိုလို့တောင် ပြည်ပကိုရောင်းစားနေတယ်ပြောတာပဲ ..
အခုကျ ဖြတ်လိုက်တဲ့ လျှပ်စစ် .. လာပြန်တော့လဲ 220V မဟုတ်ဘူး 80V ရတယ်
ဘာလုပ်မရ ငုတ်တုတ်လေးပဲ မေ့နေရတဲ့ ဘဝပါ ...

စည်သူ said...

၁၂ နှစ် ကြာ ဆောက်ခဲ.တာဆိုတော. ----... တိုက် တွေ၊ ကားတွေ ၊ လည်း ပြည်.စုံ သွားပြီပေါ. ၊ ပြောင်ရှိုေ၇အားလျှပ်စစ် စီမံကိန်း ဆိုတာကတော. ကျနော် ၇ တန်းလောက်က စခဲ.တာ ၊ အခု ကလေး ကဘွဲ.၇သွားပြီ ၊ ပြီးတယ်လို.မကြားသေးပါ ။

စည်သူ said...

နေပြည်တော် ပင်မဓါတ်အားလိုင်း ထဲကို တစ်ဝက်ထည်.မယ်ဆိုဘဲ ၊

Anonymous said...

ဒီလိုပဲ ရေအားလျှပ်စစ်တွေ ဘယ်လောက်မဂါဝပ် ဘယ်မှာထုတ်မယ်။ ဘာ..ညာ..နဲ့ သတင်းစာကိုင်လိုက်ရင်တောင် ဓာတ်လိုက်မှာ ကြောက်နေရတယ်။ တကယ်တမ်း ဓာတ်ကြိုးသွားကိုင်ကြည့် ဓာတ်ကိုမလိုက်ဘူး။
နှစ်၂၀ကျော်အုပ်ချုပ်လာတာ မီးတောင် မှန်အောင်လုပ်မပေးနိုင်တာ အတော်ကို ဆိုးရွားလွန်းတယ်ဗျာ.. ဟိုဟာပြီးရင် မီးမှန်မယ်၊ ဒီဟာပြီးရင် မီးရမယ်နဲ့ အညာခံရပေါင်းများလို့ အရေထူနေပါပြီ။
ဘ၀င်မြင့်ပြီး ဗျောင်လိမ်ဗျောင်စား လုပ်တတ်သူက လျှပ်စစ်ဝန်ကြီးတက်လုပ်နေတော့ ဘယ်လိုမှ တိုးတက်မှုမရှိနိုင်ဘူး။ ရေအားလျှပ်စစ်နဲ့ ပတ်သက်ရင် မြန်မာပြည်မှာ သူ့လောက်သိတဲ့၊ တတ်တဲ့လူမရှိဘူးတဲ့.. မီးလာအောင်၊ မီးပျက်အောင်လုပ်တဲ့ နေရာမှာလည်း သူ့လောက် တုံးတဲ့လူ၊ ယုတ်မာတဲ့ဝန်ကြီး မရှိတော့ပါဘူး။ လက်ရှိတရားဝင် ကျန်သေးတဲ့ သက်တမ်း ၄နှစ်အတွင်းမှာ ဘာတွေလုပ်ပေးနိုင်မလဲ။ ကြံဖွံ့ပါတီ အာဏာရသက်တမ်းအတွင်းမှာ မီးလေး မှန်အောင်တောင် လုပ်မပေးနိုင်ရင် နောက်သက်တမ်းတစ်ခုအတွက် အိပ်မက်တောင် မမက်သင့်ပါဘူး။
ဦးဌေးဦးက ကျွန်တော်တို့ပါတီက ပြည်သူအတွက် လုပ်ပေးနေတာတွေ မျက်မြင်ပဲလေ..တဲ့..။ တိုင်းပြည်တိုးတက်မှုအတွက် အခြေခံဖြစ်တဲ့ လျှပ်စစ်မီးတောင် မှန်အောင်လုပ်မပေးနိုင်ပဲနဲ့များ သူမို့ မျက်နှာပြောင်တိုက် ပြောရဲတယ်။ အခု ဘိုင်အီလက်ရှင်မှာ ဘာကြောင့်ခွက်ခွက်လန်ရှုံးရသလဲဆိုတာ အဖြေရှာနေစရာ မလိုပါဘူး။ တိုင်းပြည်ကို ဗြောင်ညာနေလို့..

seanltt said...

လသန်ခဲ့တဲ့ ၁၅နှစ်လောက်က ဇာဂနာ ၏ အဖြစ်မှန် ဟာသ က ယနေ့ထိ မှန်နေဆဲဘဲ..
သတင်းစာတွေ ကိုင်ရင် ဓါတ်လိုက်လိမ့် မယ် သတိထား တဲ့ မဂ္ဂါဝပ်တွေ ကီလိုဗို့တွေ အများကြီးမို့လို့တဲ့

Powered by Blogger.