မိုဘိုင်းဖုန်းများ လွတ်လပ်စွာရောင်းချနေပြီ

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ကျယ်ကျယ်ပြန့်ပြန့်အကျိုးတူပူး ပေါင်းဆောင်ရွက်ပြီး ပြည်သူအ များအတွက် မိုဘိုင်းဖုန်းများကို ဧပြီလ (၉)ရက်မတိုင်မီကပင် ပုဂ္ဂလိက ဖုန်းအရောင်းဆိုင်များမှ လွတ်လပ်စွာရောင်းချပေးလျက်ရှိ သည်။ ပုဂ္ဂလိက ကဏ္ဍနှင့်ဝန်ကြီး ဌာနတို့ ပူးပေါင်း၍ မိုဘိုင်းဆက် သွယ်မှုကွန်ယက်တိုးချဲ့လာစေရေး တို့ကို ရည်ရွယ်ဆောင်ရွက်ခဲ့ပြီး မတ်လ (၁၄)ရက်နေ့တွင် မိုဘိုင်း ဖုန်းများဖြစ်သော GSM ကိုကျပ် နှစ်သိန်း၊ CDMA 450 MHZ ကို ကျပ်နှစ်သိန်း၊  WCDMA ကိုကျပ် နှစ်သိန်းခွဲ၊ CDMA 800 MHZကို ကျပ်နှစ်သိန်းခွဲဖြင့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ တရားဝင် ဈေးနှုန်းလျှော့ချသတ်မှတ်ခဲ့ပြီးဖြစ် သည်။
အဆိုပါ ဖုန်းများကို ရန်ကုန် တိုင်းဒေသကြီးအတွက် ဧပြီ(၈) ရက်ညကပင် လိုင်းများစတင်ဖွင့် လှစ်ပေးခဲ့ပြီး GSM မိုဘိုင်းဖုန်း လိုင်းနံပါတ်မှာ (၄၂၁၀၀)ဖြစ် သည်။ ပုဂ္ဂလိက ဖုန်းအရောင်း ဆိုင်များမှ ဖုန်းဝယ်ယူသူ အမည် ပေါက်ကိုအချိန်တိုအတွင်းဆောင် ရွက်ပေးပြီး ၀န်ဆောင်ခယူကြ လေသည်။ အချို့ဆိုင်များတွင် ၀န် ဆောင်ခအပြင် အမြတ်တင် ရောင်းချနေရာလိုင်းဖွင့်ပြီးနောက် ဧပြီ (၉)ရက်နေ့ဆိုင်ကြီးတစ်ချို့ တွင် အမြတ်တစ်သောင်းခွဲတင် ထားပြီး ၄င်းတို့ဆိုင်မှ ဟန်းဆက် (Hand Set) ၀ယ်မှသာ လိုင်းကဒ် ကိုရောင်းပေးကြောင်း မြေနီကုန်း ပလာဇာ မြေညီထပ်ရှိ HPONE TRADIN ဆိုင်တွင် အရစ်ကျ ခွဲ၍ (၃)လဆိုင်းဖြင့်ရောင်းချနေ သည်။ ပထမအရစ်တွင် ၈၀၀၀၀ ကျပ်၊ ဒုတိယ၊ တတိယ၊ စတုတ္ထ အရစ်များမှာပင် ဖုန်းလိုင်းတစ် ရာကျော်ရောင်းချခဲ့ရပြီး ဧပြီလ (၉)ရက်နေ့တွင် ရောင်းစရာလုံး ၀မကျန်တော့ကြောင်းသိရသည်။
တာမွေအ၀ိုင်းနီးရှိ ဖုန်းအ ရောင်းဆိုင်တွင် မိုဘိုင်းဖုန်းအ တွက်ငွေချေနေသော လူငယ် တစ်ဦး က ““ဟန်းဖုန်းကိုင်ဖို့ ကြိုးစားနေ တာ သုံးနှစ်လောက်ရှိပြီ၊ ဈေးက မြင့်နေတော့ လိုက်မမှီဘူး။ အခု မှဘဲ ကိုင်နိုင်တော့တယ်။ သင်္ကြန် မှာ သုံးဖို့စုထားတဲ့ ပိုက်ဆံဖုန်းထဲ ရောက်သွားပြီလေ။ ဖုန်းတစ်လုံး အဖက်တင်သွားတာပေါ့ ငါး ထောင်တန်ဖုန်းဆိုရင်တော့ လူ တော်တော်များများကိုကိုင်ကြမှာ ပဲ””ဟု ပြောသံကြားရသလို ဖုန်း ရောင်းသည့်ဆိုင်မှလည်း ““ကျွန် တော်တို့အနေနဲ့ ဟန်းဆက်တွေ ကိုဈေးပေါပေါနဲ့ ရောင်းနေသလို ဖုန်းလိုင်းတွေကိုလည်း ဒီထက် သက်သာတဲ့ ဈေးနဲ့ရောင်းပေးချင် ပါတယ်။ ဒါမှ လူတိုင်းဖုန်းကိုင်နိုင် ပြီး အစစအရာရာ အဆင်ပြေမှာ ပေါ့နောင်ဆိုဒီထက်ဈေးပေါပေါနဲ့ ဖုန်းတွေကိုင် နိုင်ကြလိမ့်မယ်လို့ လည်း ယုံကြည်ပါတယ်”” ဟူ၍ ဖြည့်စွက် ပြောကြားသံကိုလည်း ကြားခဲ့ရသည်။

မိုးမြင့်ဆွေ (Hot News)
မိုဘိုင်းဖုန်းများ လွတ်လပ်စွာရောင်းချနေပြီ မိုဘိုင်းဖုန်းများ လွတ်လပ်စွာရောင်းချနေပြီ Reviewed by သစ်ထူးလွင် on 09:24 Rating: 5

12 comments:

တောသားလေး said...

MPT(မပုတု) ကတော့သူ့ကိုယ်သူ အကောင်းတွေဘဲပြောနေတာဘဲ

ZAWAUNG said...

ဗမာပြည်ကဖုန်းလိုင်းက နို့ဆီဗူးခွံကိုဖင်ဖေါက်ကြိုးဆက်ထားတဲ့
ကလေးတွေဆော့တဲ့ဖုန်းတွေလောက် အသံလိုင်းကော်လတီမကောင်းဘူး..
အဲဒါကိုတောင် မိုးထိအောင်အမြတ်တင်ရောင်းတယ်..
မြန်မာပြည်သူတွေကိုဖုန်းဆိုတာ သူဌေးတွေမှကိုင်တဲ့အရာလို့မြင်အောင်
နှစ်ပေါင်း၂၀လောက် ဖုံးကွယ်ထားခဲ့တယ်..
မြန်မာမလေးတွေနိုင်ငံခြားလာအလုပ်လုပ်ကြတော့ ဖုန်းကိုအသဲအသန် လိုချင်
ကြတယ်..သူတို့ထင်တာက မြန်မာပြည်လို သဌေးမှဖုန်းကိုင်နိုင်တယ်ထင်ကြတာ
ကိုး..အဲ ပြသနာကဘာလဲဆိုတော့ ..ဘကုန်းတွေ နဲ့မိန်းမကြိုက်တဲ့ကောင်တွေ
အကြိုက်တွေ့သွားတာပဲ...
ဖုန်းအကောင်းစားလေးတစ်လုံးပေးလိုက်ရင် မြန်မာမ ရတယ်ဆိုတာ
နိုင်ငံခြားသားတွေပါးစပ်ဖျားမှာရေပန်းစားသွားခဲ့ပါတယ်..
အခုတစ်ခါ မြန်မာမတွေကို နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ အိမ်ဖေါ်လွတ်မယ်တဲ့
..အိမ်ဖေါ်တော့ဖြစ်မှာမဟုတ်ဘူး.အိမ်-ါဖြစ်ဖို့များသွားမယ်..
နိုင်ငံတော်လူကြီးမင်းများအဆက်ဆက် တိုင်းပြည်ကို-ါတိုင်းပြည်ဖြစ်အောင်
သွတ်သွင်းခဲ့ကြတာ အော့နှလုံးနာစရာပါ..ဖုန်းကိုတောင် အမြတ်ကြီးတင်
မိသားစု ကောင်းစားရေးအတွက် အ၀ိသမ လောဘတွေနဲ့တိုင်းပြည်ကို
လိမ်နေကြတာ ရှက်တတ်ရင်တော့ ကိုယ့်ဟာကိုထုပြီးသေဖို့ကောင်းပါတယ်.
ဆက်သွယ်ရေးဝန်ကြီးရေ ဖုန်းတွေကိုရောင်းဖို့ထက် ဖုန်းလိုင်းတွေဆက်သွယ်
ရေးကောင်းအောင်အရင်ပြင်ပါအုံး..

KOSAICOS said...

ကျေးဇူးတင်ပါတယ် လက်ရှိအစိုးရကိုလဲ ကျေးဇူးတင်ပါတယ်။

konay said...

လွတ်လပ်စွာရောင်းချတာဆိုတာကတော့ မှန်ပါတယ်။ ဒါပေမယ့် (၂)သိန်းတန်ဖုန်းက (၃)သိန်းကျော်နေရတာက ဘာကြောင့်လဲ။ နံပါတ်ကောင်းတာတွေကို အဲဒီလိုရောင်း ကြတယ်။ ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်တို့ နယ်မြို့က တယ်လီဖုန်းအရောင်းဆိုင်တွေကို မေးကြည့်တော့ ဆက်သွယ်ရေး ကုမ္ပဏီက လုပ်ဆောင်ခိုင်းတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ဒါဟာ တကယ်ရောင်းခိုင်းနေကြ တာလား။ လုပ်ကြပါအုံး။ ရရင် ရသလို ယူချင်ကြတာ အတော်ကို အောက်တန်းကျတယ်။

ကိုသစ်ရဲ့ ပရိတ်သတ် said...

ကျန်ခဲ့ပါပြီ။
ဒို့တိုင်းပြည်က အခုမှ ကခ ရေးတတ်တာကို ဟုတ်လှချည်ထင်နေတယ်။
ပုဂ္ဂလိကပိုင် sim card မဖြစ်သေးသ၍ တိုးတတ်တယ်ဆိုတာအလကားပဲ။
gsm တွေဘာတွေနဲ့ကြီးကြီးကျယ်ကျယ်။
ဒီပြင်နိုင်ငံတွေမှာ အလကားတောင်ရတယ်။
ဘာလဲ လုပ်စားနိုင်လွန်းတယ်။
သိန်း၃၀တန်၊သိန်း၂၀တန်၊၅သိန်းတန်၊ခုလာပြန်ပြီ ၃သိန်း အခု ၂သိန်း၊၂သိန်းခွဲတဲ့။ ကဲကောင်းကြသေးရဲ့လား။
ပုဂ္ဂလိပိုင်အပြိုင်အဆိုင် quality နဲ့ customer service ကောင်းအောင်သူ့ထက်ငါ ကြိုးစားဖို့အခွင့်အရေးပေးလိုက်ရင် မဖြစ်နိုင်စရာမရှိပါဘူး။
အခုက လုပ်ပိုင်ခွင့်ကိုမပေးတာ။
မြန်မာတမျိုးသားလုံး ကိုငတုံးငအတွေလို့မထင်ပဲ အခွင့်အရေးလုပ်ပိုင်ခွင့်ကို တတ်မြောက်သူတိုင်းလုပ်ခွင့်ပေးစေ့ချင်တယ်။
ပညာတတ်၊ လုပ်တတ်ကိုင်တတ်သူတွေ အခြားတိုင်းပြည်ရောက်နေတာကိုက နိုင်ငံကိုချာတူးလန်စေတယ်။

NyiNyi said...

ငါးထောင်တန်ဖုန်းက ဒီနှစ်ထဲမှာ မဖြစ်နိုင်သေးဘူးဗျာ့..
အစိုးရနဲ့ ဒီ ပုဂ္ဂလိကုန် company တွေနဲ့ စာချုပ်တွေကချုပ်ထားကြတာဆို
တော့ မလွယ်သေးဘူး..နောက်ပြီး သိတဲ့အတိုင်း အစိုးရက call ၀င်ငွေကို
မက်နေတော့ လွယ်လွယ်နဲ့ သူတို့ ချမပေးချင်ဘူး..call တွေကိုသာ
အပြင် company တွေကို ပေးစားလိုက်ရင် ဖုန်းဈေးတွေ အင်မတန်ကျသွားပါလိမ့်မယ်။ လုပ်နိုင်တဲ့ company တွေလည်း ပိုများလာမှာပါ။ ကျွန်တော်ကိုယ်တိုင် ဖုန်းcompany တစ်ခုမှ အလုပ်လုပ်နေတော့ ဆက်သွယ်ရေးရဲ့ လုပ်ကွက်တွေကို သိနေလို့ပါ။
ခုထိ အာဏာရှင်ပါပဲဗျာ..

soe said...

နိုင်င်္ငခြားမှာ SIM ကဒ်တွေအလကားပေတယ် အထဲမှာ ပိုက်ဆံတောင် ပါလိုက်သေးတယ် အဲဒီလိုပေးတာ promotion လုပ်တဲ့ကာလတွေမှာနော် ဆိုင်တွေမှာဝယ်ရင်လဲ passport စာအုပ်လေးချပေးလိုက်ယုံပါပဲ..ဝယ်ပြီး ပြီးချင်းလိုင်းကချက်ချင်းပွင့်တာပါ။ ။ဝယ်ရတဲ့ SIM ကဒ်တွေထဲမှာလဲ ပိုက်ဆံကပါတာပါပဲ။ ။အဲဒီလိုလေးတွေကျွန်တော်တို့ နိုင်ငံကိုလည်းတိုးတတ်စေချင်ပါတယ်..ဒီလိုတိုးတတ်ဖို့ တာဝန်ရှိသူတွေက အစိုးဝန်ထမ်း မလုပ်ပဲ ပြည်သူတေရဲ့အကျိုးကိုလိုလားတဲ့ပြည်သူ့ ဝန်ထမ်းကောင်းတွေ ဖြစ်လာဖို့ လိုအပ်ပါတယ်..မတ္တရာကဆက်သွယ်ရေးဝန်ထမ်းတွေလိုမဖြစ်ပါစေနဲ့လို့ ဆန္ဒပြုလိုက်ပါတယ် (အဲလိုဝန်ထမ်းတွေ မြန်မာနိုင်ငံမှာများနေပါတယ် ဒါတွေကိုဖြေရှင်းပေးပါသမ္မတကြီးရယ်)

Anonymous said...

ဝှီး ... သောက်တလွဲတွေ
ဘယ်တိုင်းပြည်မှာမှ မရှိသေးတဲ့
နည်းစနစ်တွေနဲ့ အမျိုးမျိုးလုပ်နေကြတာ
အခုတမျိုး တော်ကြာတစ်မျိုး
ဟိုဟာက ဟိုလို ဒီဟာက ဟာ ..
ပြောရင်းနဲ့ ဒေါသကထွက်လာပြီ
ဘာဖုန်းမှ မကိုင်တော့ဘူးမ စိတ်ရှုပ်လို့
ပိုက်ဆံပေးပြီးဆက်တယ် အေး ရော
ခေတ်စကားနဲ့ပြောလိုက်မယ်
ချီးထုပ်တွေ

n/a said...

ကိုယ်ကိုကိုယ်သိပ်မြောက်မနေပါနဲ့ မြန်မာ့ဆက်သွယ်ရေး။ဟိုး မဆလ ခာတ်ကနေပြီးတော့ ဆက်သွယ်ရေး ဆက်သွယ်ရေးနဲ့  နာမည်ခံပြီးတော့ဘာတစ်ခုမှကောင်းအောင်လုပ်ပြတာမရှိသေးပါဘူး။ဖုန်းတွေရောင်းတော့စုတ်ပြတ်နေတဲ့ဟာတွေဖုန်လိုင်းတွေကျတော့ဘာတစ်ခုမှမကြည်လင် ပေးရတဲ့ဈေးကျတော့ခေါင်ခိုက် ဖုန်ဆက်တော့ လိုင်းခွဲ လိုင်းခွဲ နဲ့  ဘယ်တုန်းကမှအလုပ်မဖြစ်တဲ့မင်းတို့ အကျင့်တွေ ငွေမျက်နှာလောက်ပဲကြည့်တဲ့မင်းတို့ စောက်ကျင့်တွေယနေ့ အချိန်အထိမပျောက်သေးဘူး။မင်းတို့ လဲသိမှာပါယနေ့ အချိန်မှာ နိုင်ငံတော်တော်များများမှာ ဖုန်းဆိုတာအလကားနီးနီးပေးပြီး ဆက်တဲ့မိနစ်အပေါ်မှာပဲ ယူကြတယ်ဆိုတာ မြန်မာပြည်ထဲကလူအများစုကလည်းသိကြပါတယ်ကွာ။မင်းတို့ ဟာက ဖုန်းလည်းဈေးကြီး ကဒ်လည်းဈေးကြီး ဆက်ခလည်းဈေးကြီးနဲ့ မင်းတို့ စေတနာကလည်း ဓားထမ်းပြီး အလှုလုပ်နေသလိုပဲကွာ။အကောင်းဆုံးကတော့ မင်းတို့ ရဲ့ မြန်မာ့ဆက်သွယ်ရေးမကောင်း ကိုဖျက်သိမ်းပြီး company တွေလက်ထဲ လုပ်ပိုင်ခွင့်ပေးလိုက်တာအကောင်းဆုံးပါဘဲကွာ။ ။

သူရအောင် said...

အဲဒီ အရှုးတွေလုပ်ချင်တာလုပ်နေကြတာနေမှာပေါ့ကွာ

သူရအောင် said...

အဲဒီ အရှုးတွေလျှောက်လုပ်နေတာနေမှာပါကွာ

Tun Tun said...

ဟုတ်ပါတယ်ဗျာ..ဖုန်းလိုင်းတွေကိုကခေါ်လိုက်ရင်ring toneသံကိုကလူ
မမာအသံနဲ့ပြောလဲပြောရောဟိုကမကြားဒီကမကြားနဲ့..နောက်တစ်ခါထပ်ခေါ်တော့လိုင်းကောင်းပြီအောက်မေ့နေတာဟိုဖက်ကအသံကြားရပြီးဒီဖက်က
အသံကမကြားရပြန်ဘူး။နောက်တစ်ခါလဲထပ်ခေါ်ရောအသံကechoရိုက်နြေ
ပြန်ရောကံကောင်းရင်တော့ပြောရပါတယ် ပိုက်ဆံစားချက်ကတော့
ကန်းကုန်ပဲဗျို့..သူများနိုင်ငံသားတွေသူတို့မိသားစုတွေနဲ့ငွေသိပ်မ
ကုန်ပဲပြောနေကြတာအားကျတယ်ဗျာ...နီပေါတွေဆိုလဲသူတို့နိုင်ငံ
ကိုဖုန်းဝယ်ပေးလိုက်တာ..လိုင်းထည့်တာမလေးငွေ၁၀၀လောက်ပဲကျတယ်တဲ့မြန်မာငွေ၂သောင်း
ကျော်ပေါ့ဗျာ...ဘင်္ဂလားလူမျိုးတစ်ယောက်ဆိုလဲrm10ဖိုးလောက်ဆို
လူတွေနားညီးလောက်အောင်ပြောရတယ်..ဖုန်းလိုင်းတွေပြင်ကြပါဦးဗျာ
ဖုန်းပြောခတွေဈေးကြီးလွန်းလို့ဖုန်းသိပ်မပြောနိုင်ပဲမိသားစုနဲ့စိမ်းပြီး.ပြသ
နာတက်သွားကြတဲ့မိသားစုတွေအများကြီးပါဗျာ.ပြည်သူတွေမျက်နှာကို
လည်းကြည့်ကြပါဦး...ကိုယ့်အတွက်ချည်းပဲလည်းကြည့်မနေကြပါနဲ့ဗျာ
ကျွန်တော်ဒီစာတွေရေးတာ.ဘ၀နဲ့ရေးထားတဲကစာတွေပါဗျာ...

Powered by Blogger.