အပျက်များနေတဲ့ ကျပ်နှစ်သိန်းတန်ဖုန်းကဒ်

၂၀၁၂ ခုနှစ် ဧပြီလ ၉ရက်နေ့မှာ စတင် ချထားပေးခဲ့တဲ့ ကျပ်သိန်းနှစ်သိန်းတန် GSM ဖုန်းများဟာ ဝယ်ယူပြီး မကြာမီမှာပဲ ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်မှာ ဝယ်လိုအားများနေတဲ့ ကျပ်(၂)သိန်းဖုန်းတွေဟာ ပြင်ပဆိုင်တွေမှာ ကျပ်နှစ်သိန်းခွဲအထိ ဈေးပေါက်လျက်ရှိပါတယ်။ ဒါပေမယ့် ကျပ်(၂)သိန်း ဖုန်းကဒ်အချို့ဟာ ဝယ်ယူပြီး မကြာမီပါပဲ ပျက်စီးမှုတွေရှိနေပြီး သက်ဆိုင်ရာကို ဆက်သွယ်ဆောင်ရွက်ရာမှာ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်။

    ၂၀၁၂ခုနှစ် ဧပြီလ(၂၁)ရက်နေ့ မနက်ပိုင်းက ၄၂၁၀နဲ့စတဲ့ ဖုန်းဆင်းကဒ်တကဒ်ကို ကျပ်နှစ်သိန်းခွဲ ပေးပြီး ဝယ်ယူခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းလောက်ကျတော့ ဖုန်းက လုံးဝ ဆက်လို့မရဘူး ဖြစ်သွားတယ်။ ဖုန်းဆက်လိုက်ရင် your sim card is reject ဆိုတဲ့စာတန်းပဲ ပေါ်ပေါ်လာပါတယ် ဟု ကျပ်နှစ်သိန်းတန်ဖုန်း ဝယ်ယူပြီးနောက် ကဒ်ပျက်စီးမှု ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားပါတယ်။

   ထို့အပြင် ၎င်းကပင် ဆက်လက်ပြီး   ဒါနဲ့ရွှေဂုံတိုင်မှာရှိတဲ့ ဂျီအက်စ်အမ်ရုံးချုပ်ကို သွားပြီး တင်ပြခဲ့ပါတယ်။ လောလောဆယ်မှာ ဖုန်းကဒ် အရောင်းအဝယ် ကိစ္စတွေသာ ဆောင်ရွက်နေလို့ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးလို့ ပြောပါတယ်။ ပြီးတော့ ဗဟန်းဆက်သွယ်ရေးရုံးကို သွားဖို့ ထပ်ဆင့်ညွှန်ပါတယ်။ ဗဟန်းရုံးကို ရောက်တော့လည်း လောလောဆယ်တော့ ကဒ်ကိုသာ ကိုင်ထားပါဦးလို့ပြောပြီး တစ်စုံတရာ ဆောင်ရွက်ပေးတာ မရှိပါဘူး။ ကျနော့လိုပဲ ဆင်းကဒ်ပျက်လို့ လာတဲ့သူတွေ ရွှေဂုံတိုင်ရုံးမှာရော ၊ ဗဟန်းရုံးမှာပါ အများကြီးတွေ့ခဲ့ရပါတယ် လို့ပြောကြားခဲ့ပါတယ်။

    တန်ဖိုးနည်းဖုန်းအဖြစ် ဈေးကွက်မှာ ဝယ်လိုအားများနေတဲ့ ကျပ်နှစ်သိန်းဖုန်းတွေဟာ မူလတန်ဖိုးထက် ပိုမိုစွာပေးဝယ်နေရတဲ့အပြင် ဝယ်ယူပြီး နောက်မကြာခင်မှာ ကဒ်ပျက်စီးမှုတွေ ရှိနေတာကြောင့် ဝယ်ယူသူတွေအတွက် နစ်နာမှုတွေဖြစ်ရကြောင်းလည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
 ဘားမားဗီဂျေ


အပျက်များနေတဲ့ ကျပ်နှစ်သိန်းတန်ဖုန်းကဒ် အပျက်များနေတဲ့ ကျပ်နှစ်သိန်းတန်ဖုန်းကဒ် Reviewed by သစ်ထူးလွင် on 16:55 Rating: 5

25 comments:

ကောင်မလေး said...

ဟာအဲဒီလိုလား....၂သိန်းဆိုတာနည်းတဲ့ငွေမဟုတ်ဘူးဆိုတာမသိဘူးလား။
ဘာလိုမဖြေရှင်းပေးရမှာလဲ..သူတို့ မဖြေရှင်းပေးလို့ ရမလား...ပြည်သူတွေကBossမဟုတ်ဘူး..မရှိတဲ့ချွေးနည်းစာနဲ့ ဝယ်နေရတာ...ဖြေရှင်းပေးပါလို့ 
တောင်းဆိုလိုက်တယ်..။

ေ၇ာသမမွှေ said...

ဝယ်ပြီးပစ္စည်း ပြန်မလဲပေးပါ အ၇ည်သွေးမှန် ဈေးနှူန်းမတန် နည်းပညာမှန်ပါ ခင်ဗျ

ဒီမိုကရေစီလိုလားသူ said...

အပျက်များတာကိုဘယ်စိတ်ဝင်စားမလဲ
အပြားမြတ်ဖို့ပဲလုံးပန်းနေကြတာကို

zawzaw said...

အဲဒါပြောတာပေါ့ လုပ်ပုံတွေက ငါ့လက်ကလွတ်ရင်ြ့ပီးရော နောက်ငါ့လက်ထဲပိုက်ဆံရရင်ပြီးရော့ဆိုတဲ့စိတ်ထား တွေပြင်သင့်ပါတယ်။နောက် သူများနိုင်ငံမှာအလကားပေးတဲ့ဆင်းကတ်တောင်ဖရီးဝင်ဆောင်မှုပေးနေရင် ကိုယ်က ငွေပေးပြီးဝယ်ထားတဲ့ဆင်းကတ်ကိုဘာလို့လုပ်မပေနိုင်ရတာလဲ ပြီးစလွယ်သဘောမျိုး မလုပ်သင့်ဘူး အချိန်မဆွဲသင့်ဘူး မရောင်းရသေးတဲ့ဆင်းကတ်က နောက်ရောင်းရင်ရတယ် အချိန်မရွေးပါ ၀ယ်ပြီးသား ငွေပေးပြီးသားဆင်းကတ်ကတော့ကိုယ်က ငွေယူထားပြီးဆိုတော့ အမြန်ဆုံးပြင်ပေးသင့်တယ် အမြန်ဆုံးဆိုတာက ချက်ချင်းကိုပြောတာပါ ခုပုံအတိုင်းဆိုရင် စင်္ကာပူကိုမှီဘို့မပြောနဲ့ လာအို ကမ်ဘောဒိယ တို့ကို မှီဘို့တောင်တော်တော်ကြိုးစားရအုန်းမယ်ဗျာ တော်တော်စိတ်ပျက်မိပါတယ်..............

aungaung said...

တန်ဖိုးနည်းဆိုတာ . . . . .
ပြည်သူတွေအတွက် တကယ့် တန်ဖိုးနည်းနေသလား
ပြည်သူအားလုံကငွေ၂၀၀၀၀၀သိန်းကိုအလွယ်တကူထုတ်ကိုင်နိုင်ပြီလား

aungaung said...

ကျွန်တော်တို့ မြန်မာပြည်မှာ အခုချိန်ထိ အပြောနဲ့ အလုပ် ထပ်တူမကြသေးဘူး...

Aung Soe Oo said...

မြန်မာပြည်ကဆက်သွယ်ရေါ်တာဝန်ရှိသူတွေတော်ကြတာပေါ့နော်...သူများနိုင်ငံမှာ မြန်မာငွေ၅၀၀၀အောက်သာပေးရတဲ့ဆင်းကတ်ကို ငွေကျပ် ၂ သိန်းကျော်နဲ့ပေးဝယ်ရတဲ့ဆင်းကတ်ကိုဝန်ဆောင်မှုပေးထားတဲ့ပုံစံကတော့ဗျာ......ရှက်တတ်ရှင် ၀န်ကြီးကနေ၀န်ထမ်းတွေအထိကိုယ့်အိမ်မှာကိုယ်ကြိုးကွင်းစွပ်သေသင့်တယ်လူကြီးမင်းတို့ရေ...

zin105661 said...

မဝယ်ကြပါနဲ့ဆို ဒီလိုဘဲလုပ်တတ်တယ်ဆိုတာသိကြရဲ့သားနဲ့ဒီကောင်တွေက လမ်းဘေးကခွေးလောက်တောင်သစ္စာရှိဘူး အကုန်လုံးတော့မဟုတ်ပါဘူးးခွေးထက် အကျင့်ဆိုးတဲ့ခွေးတတောင်းစားထွေကိုပြောတာပါ။

Anonymous said...

ခင်ဗျားတိုကပိုက်ဆံလည်းမြက်မြက်ကလေးယူထားရင်ကောင်းအောင်တောလုပ်ပေးရမှာပေါ
ဘောလီဘောပုတ်သလိုဟိုပုတ်ထုပ်လိုက်ဒီပုတ်ထုပ်လိုက်နဲပြည်သူတွေကိုအချဉ်များမှတ်နေလား

ရွှေစင် said...

သ္မီးလည်းဖုံးအရမ်းလိုချင်တာ အဲဒီအသံကြားတာနဲဝယ်ရမှာကိုကြောက်နေတာဦးဦးရဲ။

ziwasoe144 said...

ဒီလိုလုပ်လာတာကြာရောပေါ့၊မင်းတို့ဘဲ
၂ သိန်းတန်ဖုန်းကိုသပိတ်မှောက်မယ်ဆို၊
သနားတယ်။ ၅၀၀၀ တန်ဖုန်းစောင့်မလို့လား၊
၁၀ နှစ်.... ၁၀ နှစ်၊ ဟား..ဟား..ဟား

minsoeaung said...

အစိုးရဖြစ်တဲ့သူတွေကကောင်းအောင်လုပ်
အောက်ဝန်ထမ်းတွေကမဟုတ်တာလုပ်
ဘယ်လိုလုပ်မလဲ
ပြန်ပြီးအလျော်တောင်းရင်း လဲပေးမယ်လို့ထင်ပါတယ်
တ စ ည ကဝန်ကြီးဦးအောင်ခင်ကသဘောသိတ်
ကောင်းတာဗျ။ခဏစောင့်ကြပါ။စီစဉ်ပေးမှာပါ။
အမတ်မင်းတွေအင်တာနက်ချိတ်ဆက်အသုံးပြုတတ်ရင်
ကောင်းမယ်နော်။ ဒါကျွန်တော်နဲ့မဆိုင်ပါဘူးလေ။
ငါး.ထောင်ဖုန်းလာမယ်နော်။
သမ္မတကြီဦးသိန်းစိန်ကတကယ်ဖြစ်အောင်လုပ်ပေးမှာ

minsoeaung said...

ကာလုအတု
သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ
ှဆက်သွယ်ရေးတိုးတက်ဖွင့်ဖြိုးလာတယ်
လွတ်လပ်ပွင့်လင်းလာတယ်
ဒါကိုအကောင်းဘက်ကသုံးစေချင်ပါတယ်။
အင်တာနက်ကိုနိုင်ငံရဲ့ ဟစ်တိုင် လို့တငိ
စားချင်ပါတယ်။တကမ္ဘာလုံးကသုံးနေတာ
ကြောင့်ရိုင်းရိုင်းတွေမရေးစေချင်ဘူး။
တင်ပြလိုသူကတင်ပြ
သက်ဆိုင်ရာကဆောင်ရွက်နိုင်တာဆောင်ရွက် ကဲ ဘယ်လောက်ကောင်းတဲ့ကိစ္စလဲ
နှစ်သိန်းနဲ့တန်အောင်သုံးကြစေလိုပါတယ်
အားလုံးကျေးဇူးေ်။ ။ ။

DOTA LOVER said...

ဟုတ်ပါတယ်ပြည်သူတွေက ရော့အင့် ဆိုပြီး ပြီးစလွယ် ဝယ်ခဲ့တာ တွေ မဟုတ်ပါဘူး မှတ်ပုံတင်တွေ ဘာတွေ နဲ့ သေချာ ဝယ်ခဲ့ပြီးမှ ဖြစ်ပေါ် လာတဲ့ ပြဿနာ တွေကိုတော့ တာဝန်ယူ ဖြေရှင်းပေးသင့်တယ်လို့ ထင်ပါတယ်.ပိုက်ဆံ ယူထားပြီးမှ တော့ တစ်စုံတစ်ခု ဖြစ်လာရင် တာဝန်ယူဖြေရှင်းပေးသင့်တာ ဝန်ဆောင်မှု တိုင်းမှာရှိပါတယ်............လက်လွတ်စပယ် ပစ်ထားတာမျိုးတော့ ဘယ်နေရာ ဘယ်နိုင်ငံမှာမှ မကြားဖူးတာ အမှန်ပါ

ချစ်ဖူး said...

ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်။ ဒါတော့ အမှန်ပဲလေ။ စလုံးမှာတော့ ဆင်းကဒ် ပျက်ရင် ပိတ်ရက်မရှိ နာရီပိုင်းနဲ့ လဲပေးပါတယ်။ အတုယူစရာပါ။

Light said...

မြန်မာ.ဆက်သွယ်ေ၇းအနေနဲ့. သူများနိုင်ငံမှာဘာလုပ်နေလဲ..ဘာနည်းပညာသုံ့းနေလဲ..လေ.လာပြီး နည်းပညာကိုအ၇င်မြှင်.၇ပါမယ်..နားမလည်တဲ. ၀န်ကြီးဆိုတော. ဘာမှမသိဘူးနဲ.တူတယ်..တိုင်းပြည်နဲ.လူထုကို သနားကိုယ်ချင်းစာသင်.တယ်..လုပ်ချင်၇င်အချိန်မနောင်းသေးပါဘူး..လူလိုနားလည်၇င်ပေါ. ..

Jennifer Winnaing said...

ဒီလိုဆိုရင်တော့ ပါပါးကမီးကို ဖုန်းဝယ်ပေးမှာ မဟုတ်တော့ဘူး...။
ကျေးဇူးပြုပြီး အမြန်ကွာလတီ မြှင့်ကြပါ...ဟီး...:0

Anonymous said...

ကဒ်ပျက်တွေလဲဖို့ ဥပဒေနည်းဥပဒေတွေပြင်၇အုံး
မယ်နဲ့ တူတယ်

Anonymous said...

ကဒ်ပျက်တွေလဲဖို့ ဥပဒေနည်းဥပဒေတွေပြင်၇အုံး
မယ်နဲ့ တူတယ်

Truth Seeker said...

နှစ်သိန်းဖုန်းကို ၀ယ်ချင်လို့ ကိုယ့်လစာနဲ့ မလောက်တာတောင် ပိုက်ဆံချေးပြီး ၀ယ်ကိုင်ကြသူတွေ အခုလို ကဒ်ပျက်နဲ့တွေ့ရင် အတော့်ကို သနားစရာပဲ။

Aung Moung said...

ကိုယ်တိုင်မသွားပဲ လေဖမ်းဒန်းစီးပြီး လျှောက်အော်နေတဲ့ သူတွေ သိအောင်ပြောပြမယ်။ မန္တလေးအပါအ၀င် ပြည်နယ်နှင့်တိုင်းတွေမှာ ၀ယ်ထားတဲ့ (၂)သိန်းတန်ဖုန်းပဲဖြစ်ဖြစ် (၂)သိန်းခွဲတန် ဖုန်းပဲဖြစ်ဖြစ် ကဒ်ပျောက်/ပျက်တွေဆိုရင် ၀ယ်ခဲ့တဲ့ ကုမ္ပဏီတွေနဲ့ ဆက်သွယ်ရေး ပြည်နယ်နှင့် တိုင်းမန်နေဂျာရုံးတွေ မှာပြန်လျှောက်ပေါ့ကွာ။

အလားတူပဲ ရန်ကုန်မှာဝယ်ထားတဲ့ (၂)သိန်းတန်ဖုန်းပဲဖြစ်ဖြစ် (၂)သိန်းခွဲတန် ဖုန်းပဲဖြစ်ဖြစ် ကဒ်ပျောက်/ပျက်တွေဆိုရင် ပန်းဆိုးတန်း စီးပွားဌာန၊ ရွှေဂုံတိုင်စီးပွားဌာန၊ အလုံ စီးပွားဌာန၊ လမ်း(၄၀)စီးပွားဌာန နဲ့ ရန်ကုန်စာတိုက်ကြီး ဆိုတဲ့ ငါးနေရာသွားလုပ်လို့ရတယ် Elite (သို့) ရတနာပုံတယ်လီပို့ တို့ကဝယ်ထားတဲ့သူတွေဆိုရင် CSR ဆိုတာရှိတယ် အဲဒီမှာ တိုက်ရိုက်သွားပြီးပြန်လျှောက်-ဖုန်းကဒ် ပျောက်လို့ပဲဖြစ်ဖြစ် ပျက်လို့ပဲပြန်လျှောက်လျှောက် နှစ်သောင်း(၂၀၀၀၀ိ/-)ပဲပေးရတယ်သိပြီလား။

lamin said...

နှစ်သိန်းကြီးများတောင် ပေးရတဲ့ဖုန်းကဒ်က ဘာလို့များ မကောင်းတာလဲ စေတနာမပါဘဲလုပ်ထားလို့လား နည်းပညာလိုနေုလို့လား တန်ဖိုးမရှိတဲ့လူတွေက တန်ဖိုးမဲ့အောင်လုပ်နေတာလား ကိုယ့်ဗိုက်အောက်ကို ကိုယ်ရက် ချင်နေလို့များလား အဲသလိုစိတ်ဓာတ်တွေ ရှိနေသရွေ့တော့ မြန်မာပြည် မတိုးတက်နိုင်သေးဘူး ဒီလိုလူတွေ မြန်မြန်ပယ်ရှားမှ ဖြစ်မယ် တစ်ခြားနိုင်ငံမှာ မြန်မာငွေ ၄၀၀ဆိုရင် ဆင်းကဒ်ကောင်းကောင်းရတယ်ဗျာ တစ်ခါတစ်လေ အလကားတောင် ပေးနေကြသေးတယ် ဒို့နိုင်ငံဘာကြောင့်များ ဒီလိုတွေ ဖြစ်နေတာလဲ အကြောင်းရှာရင်တော့ နန်းတော်ထဲက ပြဿနာဟာ ရှာရင်းရှာရင်းနဲ့ အောက်ဆုံးတော့ နန်းတော်ဘဲ ပြန်ရောက်သွားသလို ဖြစ်အုန်းမယ်ဆိုတာ သေချာပြောရဲပါတယ်ဗျာ နောက်ဆုံးပြောချင်တာကတော့ မကောင်းတဲ့ ဆင်းကဒ်ကို မ၀ယ်တာကောင်းတယ်လို့ဘဲ ပြောချင်ပါတယ်ဗျာ မကြာချင်မှာတော့ ဈေးလဲနည်း အရည်အချင်းလဲပြည့်တဲ့ ဆင်းကဒ်တွေပေါ်လာအုန်းမယ်ဆိုတာ ယုံကြည့်စေချင်တယ်ဗျာ

san said...

ဒါဂွင်ဘဲ။တန်ဘိုးနှစ်သိန်း။ကဒ်ပျက် ၂၀၀၀၀/- ပေါင်း၂၂၀၀၀၀/-

DOTA LOVER said...

ဟုတ်ပါ့ မှန်ပါ့ ပျက်လို့ ပြင်တိုင်းသာ ၂ သောင်းပေးရတယ်ဆိုရင်........
၂ သောင်းယူ ပြင်ပေးပြီး အာမခံ ပေးမှာ မို့လို့လား...နောက်တစ်ခေါက်ဖြစ်လို့ ထပ်ပြင်ရင် ထပ်ယူဦးမှာပဲ...လေ.

MinTharGyi said...

အခုလို ပြည်သူလူထုဆီက အသံတွေသိရတဲ့အတွက်
Myanmar News Now အဖွဲ့သားများကို ကျေးဇူအထူးတင်ပါတယ်။
အပြုသဘောဆောင်တဲ့ Comment တွေကို အမြဲတမ်းကြိုဆိုပါတယ်။
လိုအပ်ချက်တွေရှိရင် ပြုပြင်ပေးသွားရမှာဖြစ်သလို ကောင်းမွန်တဲ့
ဝန်ဆောင်မှုတွေကိုလည်း ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
အနေနဲ့ အစဉ်တစိုက် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမယ်ဆိုတာ အသိပေးလိုပါတယ်။

Powered by Blogger.