ပြည်သူလူထုအား ပေါ်တာ လုပ်အား မခေါ်ရေးသမ္မတ အမိန့် နယ် စပ်ဒေသအထိ သက်ရောက်ပြီ

ပြည်သူလူထုအား လုပ်အားခေါ်ယူခြင်း၊ ပေါ်တာ ထမ်းခိုင်းခြင်းမပြုရေး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အမိန့် ချင်းပြည်နယ် နယ်စပ်ဒေသအထိ အာဏာသက်ရောက်မှူ ရှိပြီဟု ဒေသခံတဦးက ပြောသည်။
ဖေါ်ပြပါ နိုင်ငံတော် သမ္မတအမိန့်ကြောင့်ပြည်သူ့ရဲ၊  နယ်မြေခံ တပ်မတော်သားများအနေနှင့် ဒေသခံ  ပြည်သူတွေကို လုပ်အား၊ ပေါ်တာတွေခေါ်မှာ မဟုတ်တော့ကြောင်း မတူပီမြို့နယ်လိုင်လင်းပီရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

“ အခု လိုင်လင်းပီ ပြည်သူရဲ မိသားစု လိုင်းတွေကို ပြည်သူရဲတွေကိုယ်တိုင် ဆောက်နေကြတယ်၊ အရင် တပ်မတော် အစိုး ရ လက်ထက်မှာ ပြည်သူတွေကို ကျေးရွာအလိုက် ခွဲတမ်းချပြီး ကိုယ့်စရိတ်နဲ့ ကိုယ် ဆောက်ခိုင်းတာလေ ” ဟု လိုင်လင်း ပီရွာသားတဦးက ပြောသည်။

ပြည်သူ့ရဲနဲ့ နယ်မြေခံ စစ်သားတွေအတွက် စခန်းရုံးနှင့် မိသားစုလိုင်း ပြုပြင်စရိတ်ကို သက်ဆိုင်ရာက ဘတ်ဂျက်တွေ ချပေးခြင်းမရှိကြောင်း  ပြည်သူရဲနဲ့ နီးစပ်သူတဦးက ဆိုသည်။

“ အခု လောလောဆယ်တော့ ပေါ်တာတွေ မရှိပေမဲ့ ရေရှည်အတွက် စိတ်ချလို့မရဘူး၊ သူတို့မှာ အဲဒီအတွက် ဘတ်ဂျက်မရှိဘူးလေ” ဟု ပြောသည်။

သို့သော် ယခုလက်ရှိ ချင်းပြည်နယ်အတွင်း အစိုးရ၀န်ထမ်းများသည်  မသမာသောနည်းဖြင့် အခွန်   ကောက် နေကြကြောင်း သိရသည်။

“ စာမေးပွဲကြေး၊ စာစစ်ခ၊ ဆေးစစ်ခ အတွက်ဆိုပြီး  ၀န်ထမ်းတွေက ပြည်သူထံ ငွေကောက်တာတွေရှိသေး တယ်” ဟု မတူပီမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။

 ခိုနူမ်းထုန်
ပြည်သူလူထုအား ပေါ်တာ လုပ်အား မခေါ်ရေးသမ္မတ အမိန့် နယ် စပ်ဒေသအထိ သက်ရောက်ပြီ ပြည်သူလူထုအား ပေါ်တာ လုပ်အား မခေါ်ရေးသမ္မတ အမိန့် နယ် စပ်ဒေသအထိ သက်ရောက်ပြီ Reviewed by သစ်ထူးလွင် on 07:00 Rating: 5

7 comments:

kaungkin said...

သမ္မတကြီးကတော့...တော်တော်လေးမျှတပါတယ်ဗျာ...

Myanmar said...

သမ္မတအနေနဲ့ မြေစမ်းခ၇မ်းပျိုးမလုပ်နေပါနဲ့။ ပြည်သူကို အသိပေးပါ။ ၇ဲ၇ဲ၇င့်၇င့်ကိုင်တွယ်ဘို့လိုပါတယ်။ အေ၇းပေါ်နိုင်ငံပြည်လည်ထူထောင်ေ၇း စီမံကိန်းကို သေသေချာချာလေ့လာေ၇းဆွဲပြီး သေသေချာချာစောင့်ကြည့်ထိန်းသိမ်းေ၇းစနစ်တွေေ၇းဆွဲပီး ထိထိေ၇ာက်ေ၇ာက် လုပ်သင့်ပါတယ်။ ပညာတတ်တွေကို နေ၇ာပေးပါ။ ပညာတတ်တဲ့ အချောင်သမားတွေကို ၇ှင်းပစ်ပါ။ လူကောင်းလူတော်တွေကိုနေ၇ာပေးပါ။ လူယုတ်လူတော်တွေကို ၇ှင်းပစ်ပါ။

Shwe Mg said...

မနက်စောစောစီးစီး မင်္ဂလာသတင်းပါ...သမ္မတကြီး...လူ့အခွင့်ရေးတွေထဲကတစ်ခု ပြည်သူတွေပိုင်ဆိုင်ပြီလို့ မှတ်ယူလိုက်တော့မယ်...ပြန်မပြောင်းကြေးနော်....

Free Thinker said...

ချင်းပြည်နယ်မှာတော့မသိဘူး၊ကရင်ပြည်နယ် နယ်စပ်တစ်လျှောက်ကရွာတွေမှာတော့ ပေါ်တာကြေးတွေ လစဉ် ကောက်ခံပြီး ရှေ့တန်းတပ်စခန်းတွေကိုဆက်သနေကြရတယ်။ပေါ်တာလိုအပ်ရင်ငှားဖို့တဲ့။အဲဒီငွေစာရင်းကို ဘယ်လိုရှင်းကြမှာလဲ။

Anonymous said...

သမ္မတကြီးကိုတော့ ဒီကိစ္စလည်း လေးစားသွားပြန်ပြီ . . . ကမ္ဘာ့သြဇာ အလွှမ်းဆုံး ပုဂ္ဂိုလ် ၁၀၀ စားရင်းထဲမှာ သွား volt လုပ်ပေးလိုက်မယ်နော် . . . မြစ်ဆုံ ကိစ္စလည်း ပြတ်ပြတ်သားသားလေး ဖြစ်သွားအောင် လုပ်ပေးပါအုံးလို့  . . နိုင်ငံသား အားလုံးရဲ့ ကိုယ်စား တောင်းဆိုအပ်ပါတယ် . . .

Unknown said...

ဒါတွေက ဖြစ်သင့်နေတာကြာပြီ။ အလကားအားအားယားယား လုပ်အားပေးခံ အဖိနှိပ်ခံ ဘ၀ကို ပြည်သူတွေလုပ်နေရတာ (တိုင်းပြည်တာဝန်ထမ်ဆောင်ဖို့) မိသားစုစားဝတ်နေရေးကို မလုပ်ရတော့ဘူး။
စစ်တိုက်နိုင်ရုံ၊ ရက်ရက်စက်စက်သတ်နိုင်ရုံ၊ နှိမ်နင်းနိုင်ရုံ၊ စစ်ဗျူဟာပေးတတ်ရုံနဲ့ (သန်ရွှေလို) ခေါင်းဆောင်ကောင်းမဖြစ်ဘူးဆိုတာ သမိုင်းမှာ အစွန်းထင်ခဲ့လို့ နောက်လူတွေလဲ နားလည်သွားတာပေါ့။

pyaponthu said...

ဒီလို ဆိုရင် မြစ်ဆုံမှာ တရုတ် ကုန်တင် ကားတွေ အများကြီးရောက်နေတာ ရယ် ။မြစ်ဆုံကိစ္စရပ်တယ်ဆိုရင်လည်း တရုတ်တွေကို ပြန်ခိုင်းလိုက်လေ။ဘာလုပ်နေတာလဲ။မြန်မာပြည်က အဖိုးတန် မြေကြီးတွေကုန်တော့မယ်။အမြန်ဆုံး ပေးပြန်လိုက်ပါ။

Powered by Blogger.