နေပြည်တော် ဇီဝိတဒါနဆေးရုံကြီး နာမည်ပြောင်း

နေပြည်တော် စည်ပင် NPTDC
ဧပြီလ ၇ ရက်နေ့ ၂၀၁၂ 

နေပြည်တော်စည်ပင် က   တည်ထောင်နေသော ပြန်ကပြေးကျေးရွားအနီးရှိ ဇီဝိတဒါန
 ဆေးရုံကြီးမှာ ဖွင့် လှစ်ပီ မကြာခင်တွင် ကြားဖြတ်ရွေးကောက်ပွဲ ရဲ့ ရလဒ်တွေ ကြောင့် နာမည်ပြောင်းလိုက်ပါတယ်။  

(ကြံခိုင်ရေးရှုံးနိမ့်  မှုကြောင့်  )နေပြည်တော် စည်ပင်သာယာရေးကော်မတီ ကုတင်(၁၀၀၀) ဇီဝိတဒါနဆေးရုံးကြီးမှ နေပြည်တော်စည်ပင်အထူးကု ဆေးရုံ ကြီးအဖြစ် ပြောင်းလဲလိုက်တာ
ဖြစ်ပါတယ်။ 

 ပြည်ခိုင်ဖြိုး မဲ မနိုင်ခြင်းကြောင့် နေပြည်တော်ဒေသအတွင်းမှာ ပြောင်းလဲ မှု့  တွေ
 တော်တော်များခဲ့ ပါတယ် ၊ ရေတွင်းတွေ ပြန်ပိတ်တယ် ဆေးရုံ တွေ နာမည်
ပြန်ပြောင်းတယ် စတဲ့ ပြောင်းလဲမှု့ တွေရှိနေကြောင်း နေပြည်တော် စည်ပင် ၀န်ထမ်း
တဦးက သတင်းရေးသားပေးပို့ ထားတာဖြစ်ပါတယ်။ 

Myanmar News Now
နေပြည်တော် ဇီဝိတဒါနဆေးရုံကြီး နာမည်ပြောင်း နေပြည်တော် ဇီဝိတဒါနဆေးရုံကြီး နာမည်ပြောင်း Reviewed by သစ်ထူးလွင် on 07:56 Rating: 5

14 comments:

Ar Ga said...

စေတနာ အမှန်တွေ အခုမှ ပေါ်လာကုန်ပြီ၊။ အကျိုးလိုလို့ လုပ်ပေးနေတာတွေဟာ စေတနာ မဟုတ်တာကို သတိပြုစေလိုပါတယ် ။ တစ်ခုခုနဲ့ ချည်နှောင်ထားတဲ့ စေတနာမျိုး ထပ်မလုပ်ပေးပါနဲ့တော့လို့ တောင်းဆိုပါတယ် ။ ရွံလို့ပါ ။

The Nature Myanmar said...

ပါတီကြီးတစ်ခု အနေနဲ့ မျှမျှတတ စဉ်းစားစေချင်တယ်...နိုင်ငံရေး ခံယူချက် ရင့်ကျက်ရမယ့် အချိန်ရောက်ပြီလို့ ပြောချင်တယ်...
ရွေးကောက်ပွဲ ကျင်းပပေးတာဟာ သူနိုင် ကိုယ်နိုင် ကျဲကြဖို့ မဟုတ်ဘူး...
ပြည်သူကို အလုပ်အကျွေးပြုမယ့် ကိုယ်စားလှယ်များကို စစ်ထုတ်နေတာဖြစ်တယ်...
ဥပမာ စာမေးပွဲ ကျင်းပပေးသလိုဘဲ...ကိုယ်ကချည်း အောင်ချင်လို့ မရဘူး...အရည်အချင်းရှိသူတိုင်း အောင်ခွင့်ရှိတယ်...
အဲဒီမှာ...စာစစ်သူဟာ ပြည်သူတွေ ဖြစ်သွားပြီ...
ကြိုက်တဲ့သူပြိုင်ခွင့် ရှိပါတယ်...
ပြည်သူကို တကယ် အလုပ်အကျွေးပြုမှာလား...ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ရမယ့်၊ ဆန်းစစ်ရမယ့် အချိန်ရောက်နေပြီ...
ဒီကရှေ့လျှောက် ပြည်သူကစစ်မယ့် စာမေးပွဲက လွယ်လွယ်နဲ့ မအောင်နိုင်တော့ဘူး ဆိုတာ သဘောပေါက်ကြမယ်ထင်တယ်...ရှင်းရှင်းပြောရရင် ခိုးချလို့ မရတော့ဘူး...စာမေးပွဲစောင့်ပေးမယ့် မျိုးချစ်လူတန်းစားတစ်ရပ် ပေါ်ပေါက်လာလို့ဘဲ...
၂၀၁၅ ခုနှစ်ကျရင် စစ်မေးပွဲ ကျင်းပပါအုံးမယ်...
ကြိုတင်လေ့လာချိန် ရပါသေးတယ်...
အဖြေက စာအုပ်ထဲမှာ မရှိတော့ဘူး...အဲဒီခေတ် ကုန်သွားပြီ...
ပြည်သူထဲမှာ အဖြေရှာပါ...

ကိုဖြိုး said...

ထင်တိုင်းကျဲနေပါရောလား..ဖွတ်ကြီးရာ...အဆင့်မြင့်စိတ်ဓာတ်တွေနဲ့အများအကျိုးကိုဆောင်ရွက်စမ်းပါ..နောက်ေ၇ွးကောက်ပွဲကျ၇ရင်လဲဒီအတိုင်းဆိုရှုံးဦးမှာပဲ....

Minn Aung said...

ဦးနှောက်မရှိတဲ့ကောင်တွေ အုပ်ချုပ်နေမှတော့ နေရာတိုင်းဒီလိုပဲဖြစ်နေဦးမှာပါ၊ ကြည့်နေပါ ၂၀၁၅ ရွေးကောက်ပွဲနားနီးလာ ရင် တခါပြန်ပြီးလုပ်ကြလိမ့်အုံးမယ်။

Unknown said...

စိတ်ဓါတ်သေးတိမ်ညံ့ဖြင်းတောသူများနှင့်
ကင်းဝေးပါစေ

htay oo said...

ရှက်ဖို့အရမ်းကောင်းပါတယ်.....လူတွေမှဟုတ်ရဲ့လားလိုးမေးရမလိုဖြစ်နေပြီ....စဉ်းစားပြီးလုပ်စေချင်ပါတယ်...ပြည်သူတွေဟာ....အမှန်တရားကို မြတ်နိုးတယ်ဆိုတာ ရွေးကောက်ပွဲက သတ်သေပြခဲ့တာတောင်..အမြင်မှန်မရတာ လေးစားလောက်ပါတယ်....ရာဇဝင်မှာ စာတင်မဲ့ ကောက်ကျစ်ခြင်းတွေပါပဲ....

22zaw said...

နေပြည်တော် ကိုလည်း နေပူတောင် လို့ ပြောင်းခေါ်သင့်ပါတယ်

Yeyint said...

စေတနာမမှန်တဲ့လူတွေပဲ သိသာလိုကတာ

Anonymous said...

ရေဘူး နဲ့ ဖိနပ် မပါနွေအခါမှသိ ဆိုသလို ဒါန နဲ့ သီလ မပါတာ ရွေးကောက်ပွဲပြီးမှ ပိုသိရတယ် ဖွတ်တို့ရေ...

TZ said...

ကြံ့ခိုင်ရေးပါတီဝင်တွေဟာ နိုင်ငံရေးတော့လုပ်ချင်ကြတယ်၊ ဒါပေမဲ့ စိတ်ဓါတ်မရင့်ကျက်ကြဘူး။ နည်းနည်းပေးဆပ်ပြီးများများ လိုချင်ကြတယ်။ အကျိုးလိုလို့ ညောင်ရေလောင်းကြတယ်။ စေတနာမမှန်ရင် ဘယ်တော့မှ ရောင်ပြန်မဟပ်ဘူးမှတ်ပါ။

TZ said...

နိုင်ငံရေးလုပ်တယ်ဆိုတာ ရင့််ကျက်ဖို့လိုတယ်။ ထစ်ကနဲဆို စိတ်ဆိုးနေလို့မရဘူး။ အခြေအနေမှန်ကို သံုးသပ်တတ်ဖို့လိုတယ်။ ကိုယ်ရှုံးတိုင်း နိုင်တဲ့သူကို မဲပြီးတိုက်ခိုက်နေစရာမလိုဘူး။ ၂၀၁၀ တုန်းကခင်ဗျားတို့ကို ပြည်သူကရွေးခဲ့တာမဟုတ်ဘူးဆိုတာ မှန်မှန်ကန်ကန် သုံးသပ်တတ်ဖို့လိုတယ်။ ဒီလိုစိတ်ဓါတ်အောက်တန်းကျနေသရွေ့ လူထုထောက်ခံမှုကို မမျှော်လေနဲ့။

ဒီလူ said...

ပြည်သူ့ထောက်ခံယုံကြည်မှုကို အမှန်တကယ်မလိုချင်ဘူးလား...
အခုအခြေအနေက ပြည်သူကိုဗဟိုပြုတဲ့ ဒီမိုကရေစီစံနစ် ဆိုတာကိုလူကြီးမင်းတို့တတွေ
လက်ခံစေချင်ပါတယ်...ပြည်သူများက အလိုလိုနေရင်း မည်သည့်ပုဂ္ဂိုလ်၊ပါတီအဖွဲ့အစည်းကိုမှ မချစ်ခင်သလို
အပြစ်လည်းမမြင်တတ်ပါဘူး...ရိုးသားပြီးအကောင်းမြင်တတ်တဲ့ စိတ်မျိုးမွေးမြူပါ...ပြည်သူကိုလေးစားပါ...
စံနစ်ဟောင်းက ခေတ်မမှီတော့တဲ့ အတွေးအခေါ်တွေ မည်သူ့ကိုမှအကျိုးမပြုတဲ့ အပြုအမူနဲ့ လုပ်ဆောင်ချက်တွေ
စွန့်လွှတ်လိုက်ပါ...အခုအချိန်မှာ အဓိက ကပြည်သူတွေပါ...Road Map 7 ချက်မဟုတ်သလို၊ 2008 Constitution
ကလည်းပြည်သူများလောက် အဓိကမကျပါဘူး...လူကြီးမင်းတို့ရဲ့ ပုံသေဆန်သော တယူသန်ပုံစံကိုလည်း ပြင်ကြရ
ပါလိမ့်မယ်...အရာရာကို Fix လုပ်မထားပါနဲ့...Flexible ဖြစ်အောင်ကြိုးစားပြီး လူထုနဲ့ရင်းနှီးပွင့်လင်းစွာ ထိတွေ့ကြရပါမယ်...
NLD ကိုလည်း အကောင်းမြင်စိတ်ထား နိုင်ရပါမယ်...NLD ဟာ လူကြီးမင်းတို့ USDP အတွက်အဓိကကျတဲ့ Political Partner
ကောင်း ဖြစ်လာနိုင်စရာရှိပါတယ်...လူကြီးမင်းတို့ USDP အနေနဲ့ အနာဂါတ်နိုင်ငံရေး မှာဆက်လက်ပါဝင်ချင်ရင် အခြေခံကစလို့
ကိစ္စအတော်များများ မှာပြုပြင်ကြဖို့ လိုပါလိမ့်မယ်...

Myanmar said...

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်မျိုးချစ် ပြည်သူ့သားကောင်းတွေကနေ ဆင်းသက်ပေါက်ဖွားလာတဲ့ လာခြင်းကောင်းတဲ့တပ်မတော်ဟာ ခေတ်အဆက်ဆက် လူယုတ်မာအာဏာ၇ှင်တွေ၇ဲ့ ခါးပိုက်ဆောင်တပ်ဘ၀က ၇ုန်းမထွက်နိုင်သေးတာ ၇င်နာဘို့ကောင်းလွန်းပါတယ်။ ။

Khaung Gyi said...

နာမည်တွေဘယ်လို ပြောင်းပြောင်း လုပ်ဆောင်မှုကောင်းဖို့ ဘဲ လိုဘာတယ်ဗျာ။ အစကတဲ ကိုကပြည်သူတွေ မျက်ရည်နဲ့ ဆောက်ထားတဲ့ မြို့ ကြီးဘဲ ကောင်းလှလိမ့်မယ်လို့ မျှော်လင့်မထားဘူး။

Powered by Blogger.