ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃)

မင်္ဂလာတောင်ညွန့်မြို့နယ် ရှိမဲရုံတရုံရှေ့တွင် ပြည်ပ သတင်းထောက်များက မဲရုံအနီးတွင် သတင်းယူနေကြစဉ် -ဧပြီ ၁ ရက်၊ သတင်းဓါတ်ပုံ-အိမ့်ခိုင်ဦး )
မဲစာရင်းတွင် မပါသူများ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းဖြင့်လာရောက်သော်လည်း မဲပေးခွင့်မရ
၂၀၁၂ ၊ ဧပြီ ၁ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်

မြောင်းမြမြို့ ထောင်ရောင်နေလမ်း မဲရုံရဲ့ ကိုက် ၁၀၀ အကွာမှာ လုံခြုံရေး လက်ပတ် ပတ်ထားသူ ၂ ဦးက လမ်း တစ်ဖက် တစ်ချက်စီမှာ စောင့်ပြီး မဲစာရင်းတွင် မပါသော်လည်း မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းဖြင့် လာပါက မဲရုံမှူးက စိစစ်ကာ မဲပေးခွင့်ပြုမည်ဟု ကော်မရှင်က ယခင်ရက်များက ပြောဆိုထားသဖြင့် ယူဆောင်၍ မဲလာပေး သူများအား ပြန်လွှတ်နေသည်ဟု မြောင်းမြရောက် YPI သတင်းထောက်က သတင်းပေးပို့သည်။

  Yangon Press International
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃) ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃) Reviewed by သစ်ထူးလွင် on 07:48 Rating: 5

2 comments:

Kyawnaingsoe said...

ကော်မရှင်က ယခင်ကပြောထားတာကို ဒီနေ့ဖောက်ဖျက်နေတဲ့သူတွေအား ဘယ်လို အရေးယူပေးမှာလဲဗျို့...... မှန်မှန်ကန်ကန်လေး လုပ်ကြပါတော့လား... ခင်ဗျားတို့လဲ... ဘယ်လောက်များ နေရတော့မှာမို့လဲ.. မသေခင်လေး.. စိတ်ထားကောင်းကောင်းလေး ထားပြီး ပြည်သူတွေအတွက်များ စဉ်းစားပေးပါတော့လားဗျာ.....

Anonymous said...

ဘာတွေ လျှောက်လုပ်နေကြတာလဲ..ကော်မရှင်တွေရယ်..

Powered by Blogger.