မြန်မာပြည်ကို ​ဒေါ်လာ ၁ ​သောင်း​ ယူလာနိုင်ပြီ

၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်ကစပြီး​ မြန်မာနိုင်ငံကို လာ​ရောက်ကြမယ့်​ နိုင်ငံခြား​သား​တွေဟာ အ​မေရိကန် ​ဒေါ်လာ ၁ ​သောင်း​ ဒါမှမဟုတ် ​ဒေါ်လာ ၁ ​သောင်း​နဲ့​ ညီမ်ွတဲ့​ မည်သည့်​ နိုင်ငံခြား​ ​ငွေကိုမဆို ယူ​ဆောင်လာနိုင်တယ်လို့​ မြန်မာနိုင်ငံ​တော်ဗဟိုဘဏ်က သတင်း​ ထုတ်ပြန်လိုက်ပါ တယ်။
ဒီလိုယူ​ဆောင်လာရာမှာ အ​ကောက်ခွန်ဌာနမှာ ​ကြေညာစရာမလိုဘူး​လို့​လည်း​ဆိုပါတယ်။ အရင်က နိုင်ငံခြား​သား​တွေ မြန်မာပြည် လာရင် ​ဒေါ်လာ ၂ ​ထောင်ပဲ ယူ​ဆောင် အသုံး​ပြုခွင့်​ ​ပေး​ထား​ တာပါ။
မြန်မာပြည်မှာ ဘဏ်ကဒ် သုံး​လို့​လည်း​ မရ​သေး​။ ​ဒေါ်လာကိုင် ​ဆောင်ခွင့်​ကိုလည်း​ ကန့်​သတ်ထား​တာ​တွေ ရှိ​နေ​သေး​တာ​ကြောင့်​ နိုင်ငံခြား​သား​ ခရီး​သည်​တွေ ​ငွေ​ကြေး​အသုံး​ပြုရာမှာ အဆင်မ​ပြေမှု​တွေ ကြုံ​တွေ့​နေကြရပါတယ်။
အခုလို ​ဒေါ်လာ ၁ ​သောင်း​အထိ တရား​ဝင် ယူ​ဆောင် အသုံး​ပြုခွင့်​ပြုလိုက်တာ​ကြောင့်​ နိုင်ငံခြား​သား​ ခရီး​သည် ​တွေ​ရော၊​ ခရီး​သွား​လုပ်ငန်း​နဲ့​ ပတ်သက်ဆက်နွယ်​နေတဲ့​ သူ​တွေ အား​လုံး​ အတိုင်း​ အတာတခုအထိ အဆင်​ပြေ သွား​နိုင်တယ်၊
မြန်မာ့​ဓန မဂ္ဂဇင်း​ အယ်ဒီတာချုပ် ဆရာသီဟ​စောက ​ပြောင်း​ဖို့​လို​နေတဲ့​ ​ငွေ​ကြေး​နဲ့​ ဘဏ်စနစ်​တွေထဲက အ​ပြောင်း​အလဲတခုဖြစ်တယ်လို့​ ​ပြောပါတယ်။ 

ဒီဗွီဘီ
မြန်မာပြည်ကို ​ဒေါ်လာ ၁ ​သောင်း​ ယူလာနိုင်ပြီ မြန်မာပြည်ကို ​ဒေါ်လာ ၁ ​သောင်း​ ယူလာနိုင်ပြီ Reviewed by သစ်ထူးလွင် on 17:27 Rating: 5

2 comments:

Myanmar said...

ှသေချာပေါက်နိုင်ငံခြားငွေတွေ နိုင်ငံထဲကို ၀င်လာမှာပေါ့ဗျာ သိပ်ကောင်းတာပေါ့။ ။

Yan Win (Taung Da Gar) said...

မြန်မာပြည်ထဲမှာ ဒေါ်လာတွေကို မြန်မာငွေနဲ့ လဲတော့ နေရာတိုင်းမှာ ထောင်မလဲ သဲကော် လို့ ဆိုရမယ့် အပွန်းမပါ၊ အမှတ် မပါ၊ အတွန့် မပါ အသစ်တွေကိုပဲ လက်ခံလို့ အင်မတန်မှ အခက်အခဲတွေ့ကြရပါတယ်။

Powered by Blogger.