ပြည်သူကပေးလိုက်သည့် အာဏာနှင့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားမည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ကတိပေး



ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မန္တလေး လုပ်ငန်းရှင် များ၏ လိုအပ်ချက်များကို မေးမြန်းနေစဉ်။
ဓာတ်ပုံ - စည်သူလွင်
မန္တလေးမြို့ မြို့တော်ခန်းမတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မန္တလေး၊ စစ်ကိုင်းမှ လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲကို ယခုလ ၂၆ ရက် နေ့တွင် ကျင်းပရာ ပြည်သူကပေးသည့် အာဏာနှင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားမည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လုပ်ငန်းရှင်များကို ကတိပေး လိုက် ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့ လွှတ်တော်ကော်မတီများ၊ ကော်မရှင် များ ၊မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ တက်ရောက်ခဲ့ကြ ပြီး ပြည်သူ့လွှတ်တော် တာဝန်ရှိသူများ က လုပ်ငန်းဆောင်ရွက် ချက်များကို ပြောကြားပြီး လုပ်ငန်းရှင်များက လုပ်ငန်း လိုအပ်ချက်များနှင့် အသင်းအဖွဲ့အစည်း လိုအပ်ချက်များကို တင်ပြ ဆွေးနွေးခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး ဆီကုန်သည် များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးသိန်းထွန်းက"အခု လက်ရှိ မန္တလေးမှာ ဖြစ်နေတဲ့ လျှပ်စစ် မီးအခြေအနေမှာ တော်တော်လေး ဆိုးဝါးတဲ့ အနေအထားမှာ ဖြစ်နေပါ တယ်။ ပြည်တွင်း စက်မှုလုပ်ငန်းလေး တွေဟာ ဒီလျှပ်စစ်မီးကိုပဲ အဓိက အား ကိုးပြီး လုပ်ငန်းလည်ပတ် နေရတာပါ။အထူးသဖြင့် ကျွန်တော်တို့ဆီစက်တွေ ကလည်း မီးကို အမှန်တကယ်လိုအပ်ပါ တယ်။ လိုအပ်တယ်ဆိုတဲ့ နေရာမှာ လည်း တောက်လျှောက်ကို မဆိုလိုပါ ဘူး။ အခုဖြစ်ပျက်နေတဲ့ အနေအထား က မန္တလေးမှာ ၁၀ မိနစ်လောက်လာ တယ်။ ပျက်တယ်။ တစ်ခါ တလေ တစ်နာရီလောက်လာတယ်၊ ပျက်သွား တယ်။ အဲဒီလိုအနေအထားမျိုးမှာ လုပ်ငန်းအများစုမှာ တော်တော်လေး အခက်အခဲ ဖြစ်နေရပါတယ်။ ပြောရ မယ်ဆိုရင်ဖြင့် ဒီအခက်အခဲတွေက လည်း ရိုးတောင်ရိုးနေပါပြီ။တစ်မြို့လုံး ကို ဓာတ်အား အပြည့်အ၀ မပေးနိုင်ရင် တောင်မှ အရင်နှစ်တွေတုန်းကလိုပဲ တစ်နယ်မြေနဲ့ တစ်နယ်မြေ အချိန်ပိုင်း ခွဲတမ်းနဲ့ ကန့်သတ်ပြီး ပေးမယ်ဆိုရင် လုပ်ငန်းတွေ အတွက်လည်း အဆင်ပြေ နိုင်ပါတယ်။ အခက်အခဲလည်း နည်း နည်း လျှော့သွားနိုင်ပါတယ်"ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် တကွ ပြည်သူ့ လွှတ်တော်ကော်မရှင်တို့အား လုပ်ငန်း လိုအပ်ချက်အဖြစ် တင်ပြခဲ့သည်။ ပြည်သူ့လွှတ်တော် ကော်မရှင်နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးရာတွင် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ကြံနှင့် ကြံထွက် ပစ္စည်းထုတ်လုပ် သူများနှင့် ကုန်သည်များအသင်း၊ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၊ ပွဲစားကုန်သည် စက်ပိုင်များ မဟာ ကထိန်တော်အသင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူများကလည်း လုပ်ငန်း လိုအပ်ချက်များကို ဆွေးနွေး တင်ပြခဲ့ကြသည်။
"အခုလိုမျိုး မန္တလေးကိုလာဖို့ရာ မျှော်လင့်နေတာကြာပါပြီ၊ အခုတော့ မျှော်လင့်ထားတဲ့အတိုင်း မန္တလေးကို ရောက်ရှိလာခဲ့ပါပြီ။ မန္တလေးနဲ့စစ်ကိုင်း ဆိုတာကလည်း စီးပွားရေးရော၊ လူမှုရေး ရော အဓိက အချက်အချာကျတဲ့မြို့ကြီး တွေဖြစ်တဲ့အတွက် လုပ်ငန်း ရှင်ကြီး တွေ နဲ့သီးခြားလာရောက် တွေ့ဆုံရတာပါ။ အခုလိုမျိုး လုပ်ငန်းရှင်တွေရဲ့ လိုအပ် ချက်၊ တောင်းဆိုချက်တွေကို ကြားသိ ရတဲ့ အတွက် လွှတ်တော်မှာ လုပ်စရာ ရှိတာလုပ်ပါမယ်၊ ကော်မတီမှာလည်း လုပ်ပါမယ်။ ပြည်သူ့လိုအပ်ချက်များကို ဆောင်ရွက်ပေး သွား မှာပါ"ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မန္တလေးနှင့် စစ်ကိုင်းမှ လုပ်ငန်းရှင်များ ကို ကတိပေးစကား ပြောကြားခဲ့သည်။
မြို့ နေလူထုက လုပ်ငန်းလိုအပ်ချက် များကို ပြောရမည်ဖြစ်ကြောင်း၊ အများ ပြည်သူအတွက် လိုအပ်ချက်များကို တင်ပြရမည်ဖြစ် ကြောင်း၊ တင်ပြချက် များကိုလည်း လိုအပ်လျှင် ဥပဒေတွေ ပြုပေးပြီး သက်ဆိုင်ရာဌာနအလိုက် ထိန်းညှိ ဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်း၊ သက်ဆိုင်ရာ မန္တလေးတိုင်း ဒေသကြီး ကော်မတီဥက္ကဋ္ဌများက လည်း လိုအပ်ချက်များကိုလာရောက် ဆွေးနွေး နိုင်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များ ၏ အဓိက ရည်မှန်းချက်မှာ ပြည်သူ နှင့် နိုင်ငံအကျိုးစီးပွားများကို လွှတ်တော် အတွင်းမှာ အဓိက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
တွေ့ဆုံပွဲတွင် ကုန်စည်ပို့ဆောင် စရိတ်များပြားခြင်းကြောင့် ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်မားရခြင်းဖြစ်သည့် အတွက် တန်ပိုများ လျှော့ချ ပေးရန်ကို လုပ်ငန်းရှင်အားလုံးက အထူးအလေး ထားတောင်းဆို ဆွေးနွေးသွားခဲ့ကြ သည်။

 စည်သူလွင် (မြန်မာ့တိုင်းမ်)
ပြည်သူကပေးလိုက်သည့် အာဏာနှင့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားမည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ကတိပေး ပြည်သူကပေးလိုက်သည့် အာဏာနှင့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားမည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ကတိပေး Reviewed by သစ်ထူးလွင် on 07:26 Rating: 5

9 comments:

Myanmar said...

လွှတ်တော်ဥက္ကဌကြီးအနေနဲ့ကြံ့ဖွတ်အဖွဲ့စည်းနဲ့ ၇ှင်ခန်းဖြတ်လိုက်၇င် တစ်ပြည်လုံးက သာဓုခေါ်ကြပါလိမ့်ခင်ဗျာ။ ဥက္ကဌကြီးအလုပ်လုပ်တဲ့နေ၇ာမှာ ကြံ့ဖွတ်နာမည်ကို မသုံးစွဲ၇င်လဲ ပြည်သူက ပိုမိုယုံကြည်အားကိုးလာကြပါလိမ့်မယ်ခင်ဗျာ။ နောက်တစ်ကြိမ်ေ၇ွးကောက်ပွဲမှာ ကြံ့ဖွတ်နဲ့လမ်းခွဲပြီး သမ္မတေ၇ွးကောက်ပွဲဝင်မယ်ဆို၇င် အနိုင်၇ဘို့သေချာသလောက်ပါဘဲခင်ဗျာ။ စစ်တပ်အသိုင်းဝိုင်းထဲမှာ ဥက္ကဌကြီးလောက် သဘောထားပြည့်ဝပြီး တာဝန်ခံနိုင်တဲ့သူ မ၇ှိသေးပါဘူးခင်ဗျာ။ တကယ်တော့ သန်းေ၇ွှကလိမ်ကျသွားလို့သာ ဥက္ကဌကြီးအနေနဲ့ အခုလိုနိမ့်ပါးနေ၇တာပါ။

ZAWAUNG said...

တာဝန်မကျေ တဲ့သူတွေ မီးဖြတ်တဲ့သူတွေကိုလည်း အရေးယူပေးပါ

pyaponthu said...

ပြည်သူပေးတဲ့ အာဏာ နဲ့ဘဲ ပြည်သူတွေ လိုးလားတဲ့ မြစ်ဆုံ ကိစ္စကို ရပ်အောင် ပြုလုပ်ပေးမယ်ဆို ရင်တော့ ပြည်သူကိုတကယ်ချစ်တဲ့ အုပ်ချူပ်သူ ဖြစ်လာမှာပါ ဦးရွှေမန်း

လင်းသစ် said...

အပြောကောင်း ပြော
အလုပ်ကောင်း လုပ်
ကောင်းတာပြော၍ ဖြစ်အောင်လုပ်
ဘယ်သူကိုမှ ရယ်လို့ အစွဲမရှိပါဘူး
ရပ်တည် အားပေး ကူညီလက်တွဲဖို့ အဆင်သင့်ပါ
မဟုတ်တာ မမှန်တာလုပ်ရင်လဲ
ဘယ်သူကိုမှ ရယ်လို့ အစွဲမရှိပါဘူး
ကန့်ကွက် ဆန့်ကျင် သွားရမှာပါပဲ..

Aung Hein Khant said...

စာဖတ်ပြီးနားထောင်လို.တော.ကောင်းပါတယ်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရယ် လက်တွေ.ကိုစောင်.ကြည်.မယ်နော်

မြန်မာပြည်သား said...

ခင်ဗျားတို့ကတိတွေကို ကျုပ်တို့ တော့မယုံရဲသေးဘူး
ဥက္ကဌကြီး ပြောတာ၊ ကတိပေးတာနောက်တောင်ကျနေသေးတယ်ဗျ...
နိုင်ငံကျောက်စာရေးဆရာကြီးလူထုစိန်ဝင်းက ရေးထားခဲ့ဖူးတယ်
နိုင်ငံတော်မှာအုပ်ချုပ်နေတဲ့သူတွေဟာ ပြည်သူလူထုက နိုင်ငံတိုးတက်စေဖို့ခန့်ထားတဲ့အတွက်ပြည်သူ့ဝန်းထမ်းတွေပါ...တဲ့..သူတို့တွေအားလုံးဟာ ပြည်သူရဲ့သဘောထားကိုကောင်းကောင်းသိထားဖို့လိုသလို..
ဲပြည်သူရဲ့ တာဝန်အရှိဆုံး၊ပြည်သူကိုအကောင်းဆုံး အလုပ်ကျွေးပြုစုနိုင်ရမယ်တဲ့....
အခုတော့ဗျာ.......အားလုံးသိတဲ့အတိုင်း.......
နိုင်ငံ့ခေါင်းဆောင်ဆိုတာ...နိုင်ငံတောကိုဦးဆောင်နိုင်သလို ပြည်သူအားလုံးရဲ့ဆန္ဒကိုလည်းအမြဲနားစွင့်နေရတယ်.......
နှောင်းခေတ်မှာမှ နှောင်းခဲ့တဲ့နောင်တတွေနဲ့ ထုချေမနေပါနဲ့တော့
ရှေ့ဆက်ပြီးနိုင်ငံ့တာဝန်ကိုအကောင်းဆုံး ထမ်းဆောင်နိုင်အောင်သာကြိုးစားပေးပါ ဥက္ကဌကြီး...ခင်ဗျား..

Anonymous said...

လောလောဆယ် လုပ်ရပ်တွေအရ တစ်ဖွဲ့လုံးထဲမှာ သူရဦးရွှေမန်း အကောင်းဆုံးလို့ မြင်ကြတယ်။ သမ္မတတောင် သူ့လောက် မပြတ်သားဘူး။ မရဲ့ရင့်ဘူး။
လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းလို မကောက်ကျစ်ဘူး။ မယုတ်မာဘူး။ ဦးကျော်ဆန်းလို ကြောင်ချီးမဆန်ဘူး။
သူရဦးရွှေမန်းကို ချွင်းချက်မရှိ လေးစားတယ်။

KoTOE said...

သမတကြီး နှင့် ဥက္ကဌကြီးခင်ဗျား….
ဒေါ်အောင်ဆန်းစုကြည်က၀န်ကြီးရာထူးမယူဘူးပြောသွားပါတယ်…
၂၀၁၅မှာ…သမတကြီးတို့ ပြန်အရွေးခံမယ်ဆိုရင်တော့…
ကြံ့ဖွံ့ ကထွက်ပြီး…ပါတီအသစ်ထောင်မှသာ…မျှော်လင့်ချက်ရှိမယ်လို့ …အကြံပြုပါရစေ။

ဒီလူ said...

ဥက္ကဌကြီး ဦးရွှေမန်း ခင်ဗျား !အခုအချိန် USDP မှာမှ ပြည်သူရဲ့ အာရုံစိုက်လေးစားအားကိုးခြင်းကို ထူးခြားစွာရရှိနေတဲ့ ဥက္ကဌကြီးအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်... ယခုရရှိထားတဲ့ အခြေအနေကောင်းကို ဆက်လက်ထိန်းသိမ်းပြီး ပြည်သူကို အဓိကထားလျက် ပြည်သူ့ဆန္ဒ ကိုအစွမ်းကုန် ဖြည့်စည်းပေးပါအုန်း ...

Powered by Blogger.