ဒေါ်အောင်ဆန်းစုကြည် ဘဂ်ဂါဝန် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြန်ပြီ

ဆုတခု ထပ်ရပြန်တဲ့ စု
အိန္ဒိယနိုင်ငံ ပူးနေးမြို့ အခြေစိုက် ဆာရ်ဟတ် လူမှုရေးအဖွဲ့ကနေ အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ်အတွက် ဘဂ်ဂါဝန် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေးဆု ပေးအပ်ဖို့ ဒီကနေ့မှာ ရွေးချယ် လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်ပြီး အကြမ်းမဖက်လမ်းစဉ်နဲ့ ဒီမိုကရေစီရေး ၊ ငြိမ်းချမ်းရေးတွေ ဖော်ဆောင်ခဲ့တာကြောင့် ဒီဆုကို ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဆုတံဆိပ်နဲ့ ဆုကြေးငွေ အိန္ဒိယနိုင်ငံ ရူပီးငွေ ဆယ့်တသိန်း (၁၁ သိန်း) ကို လာမယ့် ဂျူလိုင်လမှာ ပေးအပ်မှာဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာယူနိုင်အောင် ဖိတ်ကြားမယ်လို့ ပြောပါတယ်။

ဘဂ်ဂါဝန် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေး ဆုဟာ အရှေ့တောင်အာရှ နိုင်ငံတွေက ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက် ကိုယ်ကျိုးစွန့် လှုပ်ရှားသူတွေနဲ့ ဒေသတွင်း တိုးတက်မှုအတွက် လုပ်ဆောင်သူတွေကို နှစ်နှစ် တကြိမ် ရွေးချယ်ပေးအပ်တာဖြစ်ပြီး ဒီဆုဟာ ပထမဆုံးဆု ဖြစ်တယ်လို့ သိရပါတယ်။

ဘီဘီစီ
ဒေါ်အောင်ဆန်းစုကြည် ဘဂ်ဂါဝန် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြန်ပြီ ဒေါ်အောင်ဆန်းစုကြည် ဘဂ်ဂါဝန် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြန်ပြီ Reviewed by သစ်ထူးလွင် on 04:58 Rating: 5

18 comments:

Aung Soe Oo said...

ကျွန်တော်တို့ ပြည်သူတွေအတွက် ဘ၀ နဲ့ရင်းပြီးပေးဆပ်ခဲ့တဲ့အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(အမေစု) အတွက်ထိုက်တန်တဲ့ဂုဏ်ပြုမှုတခုဖြစ်တဲ့အတွက် လှိုက်လှိုက်လှဲလှဲဂုဏ်ယူပါတယ်

naing ag tide said...

အကြောင်းကြောင့်..အကျိုးကျေးဇူးတွေဖြစ်လာတာပဲ....ဂုဏ်ယူပါတယ်......
အမေ...

Anonymous said...

CONGRATULATION ! ! !

ရ္မေခွပ်ဒေါင်း said...

အမေနဲ့ ထိုက်တန်တဲ့ ဆုကို ရတဲ့ အတွက် အရမ်းဝမ်းသာပါတယ် အမေ.....

kyawswar (ကဝမြေ) said...

ဝမ်းသာလိုက်တာ....အမေ....။

Sugar Moon said...

ဂုဏ်ယူပါတယ် အမေ

aungthapyayhtun said...

ဂုဏ်ယူ ပါတယ်အမေ..

Myanmar said...

တောင်ရံက အိုးဝေသံ ထောင်နံရံခွပ်ခေါင်းပဲ့တင်သံ ကမ္ဘာ့အသံ မသဂ္ဂ ခွပ်ခေါင်း ငြိမ်းချမ်းရေးတံခွန် ထူခဲ့ပြန်ပါပီ ..။ ကျေးဇူးပါ အို မေမေ..

saisai66 said...

Congratulation ....

BaNyar said...

အမေရယ်...အမေ့လိုအမေတယောက်ဟာ...သားတို့နိုင်ငံကို
အမြဲလိုလိုအရောင်တင်ပေးနေရင်းနဲ့ကိုပဲ...အမေ့ကျေးဇူးကြီးမား
လှပါပြီ....ကြားရတာတွေနားထဲမှာသကာရည်တွေလျှံကုန်ပြီအမေ....

မောင်ငွေ said...

ထိုက်တန်တဲ့ ချီးမြင့်မှု၊မှတ်တမ်းတင်ပေးမှုတွေ ဟုယူဆနေပါသည်။

ယောမြေမှကိုရီးယား said...

အမေစုကတော့ ထင်ထားတဲ့ အတိုင်းပါဘဲဗျာ အမေစု သက်တော်ရာကျော် ရှည်ပါစေဗျာ

Unknown said...

ဝမ်းသာဂုဏ်ယူပါတယ် အမေ......

myo said...

ဝမ်းသာပါတယ်အမေ

Myanmarchitthu said...

ဂုဏ်ယူပါတယ်အမေရယ်၊ အရမ်းလည်းဝမ်းသာပါတယ်ဗျာ

Thant Zin Win said...

နိုင်ငံတကာက ပေးတဲ့ ဆုတွေကို အမေကရ။ တစ်ချို့ကြတော့လဲ ကိုယ့်ဖာသာ ပေးတဲ့ ရာထူးတွေရ။ ဂုဏ်ယူပါတယ် အမေ ....

purewhite said...

ဝမ်းသာပါတယ် အမေ။ အမေ့ကြောင့် မြန်မာ့ဂုဏ်ရောင် ပြန်လည်တောက်ပြောင်လာပါပြီ။ အမေ့ရဲ့အနစ်နာခံမှုတွေကို မချီးကျူးပဲမနေနိုင်ပါဘူးအမေ။အရာရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်။

thu said...

ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း

Powered by Blogger.