သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံသို့ ငါးရက်ကြာခရီးသွားရောက်မည်

ဂျပန် နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba နှင့် သမ္မတဦးသိန်းစိန် နေပြည်တော် မှာ တွေ့ ဆုံဆွေးနွေးခဲ့စဉ်က
မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်သည် လာမည့်သောကြာနေ့ (ဧပြီ ၂၀) တွင် ဂျပန်နိုင်ငံသို့ ငါးရက်ကြာခရီးသွားရောက်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းဌာန များသို့ပြောကြားသည်။

 ဂျပန်နိုင်ငံသို့ရောက်ရှိစဉ် သမ္မတဦးသိန်းစိန်မှာ ဂျပန်ဝန်ကြီးချုပ် မစ္စတာ ယိုရှီဟီကိုနိုဒါနှင့် ၂၂ ရက်နေ့တွင် တွေ့ဆုံကြမည်
ဖြစ်ပြီး၊ ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များကို ဆွေးနွေးကြ ဖွယ်ရှိကြောင်းလည်း အထက်ပါတာဝန်ရှိသူကပြောသည်။

ဦးသိန်းစိန်၏ ဂျပန်ခရီးစဉ်မှာ နှစ်ပေါင်း ၂၈ နှစ်အတွင်း မြန်မာအစိုးရ၏ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဂျပန်နိုင်ငံသို့ ပထမဆုံး သွားရောက်သော ခရီးစဉ်ဖြစ်သည်။
7Day News Journal
သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံသို့ ငါးရက်ကြာခရီးသွားရောက်မည် သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံသို့ ငါးရက်ကြာခရီးသွားရောက်မည် Reviewed by သစ်ထူးလွင် on 07:01 Rating: 5

7 comments:

ratkhunswe said...

အထူးကြိုဆိုပါတယ် ခေတ်မီတဲ့ဒီမိုကရေစီနိုင်ငံကြီးများဆီသို့ ချစ်ကြည်ရေးခရီးများများ သွားရောက်စေချင်ပါတယ်။

Anonymous said...

သမ္မတကြီး ခရီးသွားရင်လဲ ဒီမှာ ကျန်ခဲ့တဲ့ ၀န်ကြီးတွေကို သေချာမှာခဲ့အုံးနော် . . သူတို့ က သမ္မတကြီး မရှိရင် ပါဝါက ပြချင်တယ် . . ဥပမာ - သမ္မတ မရှိတုံး မီးတွေ အချိန်နဲ့ ပြန်ပေးနေတာမျိုးပေါ့ . .
ကြက်တူရွေးက တော်တော် မယ်တော်က ကဲကဲ လိုကောင်မျိုးတွေ အခုထိ ရှိနေတုံးပဲ . . .(ဖွတ်အောက်ဆွဲတွေပေါ့) မျက်နှာလိုချင်တာနဲ့ အမှားအမှန် အခွဲခြားတတ်တဲ့ ပညာနည်းတဲ့ ၀န်ကြီး အမတ်တွေကို ပြန်လာလို့ မဟုတ်တာတွေ လုပ်ထားရင်

ကိုကို said...

သမ္မတကြီးရေ.
ခရီးသွားရင်လဲ ဒီမှာ ကျန်ခဲ့တဲ့ ၀န်ကြီးတွေကို သေချာမှာခဲ့အုံးနော်
ကျန်းကျိန်တဲ့စာသားလေးပြင်ဖို့.မမေ့နဲ့သိလား.
ပီးရင်မြန်မြန်ပြန်လာဦး.နောက်ကသောက်တလွဲလုပ်ထားဦးမယ်

Anonymous said...

ခေါင်းဆောင်နှစ်ဦး၏ ခရီးစဉ်များအောင်မြင်ပါစေ...
ပြုပြင်ပြောင်းလဲရေးခေါင်းဆောင် သမ္မတဦးသိန်းစိန်၏ ဂျပန်ခရီးစဉ်နှင့်
ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်များသည် မြန်မာပြည်သူပြည်သား တိုင်းရင်းသားများအတွက် အကျိုးများစွာ ဆောင်ယူနိုင်ပါစေ...

lwannaymie said...

သမ္မတကြီးကို...အပြည့်ဝ...ယုံကြည်တယ်။...ကျမ်းမာပါစေ။

pyaponthu said...

အရမ်းကောင်းတဲ့ခရီးစဉ်ဘဲ။အားလုံးအဆင်ပြေချောမောပါစေ။မြန်မာပြည်အတွက်သတင်းကောင်းများစွာသယ်လာနိုင်ပါစေ။

lwinmin said...

ဘဘဦးသိန်းစိန် ကျန်းမာပါစေ.ရည်မှန်းချက်တွေ အောင်မြင်ပါစေ...

Powered by Blogger.