ဒဏ္ခိဏသီရိမြို့နယ်တွင်ကြံ့ခိုင်ရေးပါတီမှပြုလုပ်ပေးထားသော ရေတွင်းများကို ပြန်လည်ပိတ်ဆို့

ဦးနိုင်ငံလင်း
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း အနိုင်ရရှိသွားသည့်အတွက် ၎င်းမြို့နယ်အတွင်းမှာ ကြံ့ခိုင်ရေးပါတီမှ ပြုလုပ်ပေးထားသော ရေတွင်းများကို ယမန်နေ့(၃-၄-၂၀၁၂)တွင် လိုက်လံ၍ ပြန်လည်ပိတ်ဆို့ခဲ့ကြောင်း သတင်းရရှိပါသည်။
ဘားမားဗီဂျေ
ဒဏ္ခိဏသီရိမြို့နယ်တွင်ကြံ့ခိုင်ရေးပါတီမှပြုလုပ်ပေးထားသော ရေတွင်းများကို ပြန်လည်ပိတ်ဆို့ ဒဏ္ခိဏသီရိမြို့နယ်တွင်ကြံ့ခိုင်ရေးပါတီမှပြုလုပ်ပေးထားသော  ရေတွင်းများကို  ပြန်လည်ပိတ်ဆို့ Reviewed by သစ်ထူးလွင် on 17:00 Rating: 5

50 comments:

Violin Angle said...

စိတ်ပုတ်စိတ်ယုတ်တွေကအဲလိုပဲ အကျင့်တွေကအစထဲကကောင်းမှမကောင်းတာ စေတနာမှမပါတာ

သားသား said...

ငါနဲ့ မခေါ်ရင် ငါ့အရုပ်ပြန်ပေး ဆိုတာမျိုးကြီးလား မျက်စိစွန်တတ်တယ်နော် ပေးပြီးသားပစ္စည်းပြန်တောင်းရင်

Ko Htet said...

ဟီးဟီးဟီးခေါင်းရှောင်တွေ သုံးသပ်ထားတာ ဒါလားဟင်။
အဆင့်ကဒါပဲလား။

Aung San Win said...

..! မိုက်ရိုင်းတဲ့ကောင်တွေပဲ.

Myanmar said...

ဘာမှ မပြောတတ်တော့ဘူးဗျို့။ ။

ရာရာ said...

မြောက်ဒဂုံက ကြံဖွတ်နာမည်ကြီးရေးထားတဲ့ရေတွင်းတစ်တွင်းလည်း သော့ခလောက်ကြီးတန်းလန်းခပ်လျက်တွေ့ရှိခဲ့ပါကြောင်း...။

zawmoe said...

စိတ်ကောင်းလေးနည်းနည်းလေးမွေးပေးပါ မောင်ကြံ့ဖွံ့ များများမမွေးပါနဲ့ မင်းတို့ ရဲ့ စိတ်ဓာတ်ကိုအံ့အော်ဘို့ ကောင်းပကွာ စိတ်ဓာတ်ကိုလူတွေသိအောင်ဖေါ်ပြနေတာလား မောင်ကြံ့ဖွတ် နောက်မင်းတို့ ဒီထက်ပိုပြီး ဖွတ်မယ်သိလား

N2N said...

ထိုဖြစ်ရပ်မှန်ကန်မူ့ ရှိလျှင် ဖွတ်ပါတီသို့ပြောချင်သည်မှာ ဘ၀ ဆိုသည်မှာ အလွန်တိုတောင်းပြီး ယခုဘ၀ပြီးလျှင် ဘယ်ဘ၀သို့ ခရီးဆက်ရအုန်းမည်မသိကြ ဘ၀ကူးကောင်းအောင် ကောင်းတာမလုပ်ချင်နေ မကောင်းတာတော့မလုပ်သင့်ပါ

min ma kha said...

ရှေးလူကြီးများပြောစကားအရ..ရေတွင်း၊ရေကန်များကို ဖို့တဲ့သူဟာ
မျက်စိကန်းတတ်တယ်၊ ဘေးဒုက္ခနဲ့ရင်ဆိုင်ရတတ်တယ်၊ နောင်ဘ၀ရောက်
ရင်လည်း ရေငတ်တဲ့ဘေးနဲ့ကြုံရတတ်တယ်တဲ့နော်။။ ဒါကြောင့် ပြန်ပြီး
တူးပေးလိုက်ပါ ကြံခိုင်ရေးပါတီမှ အဖွဲ့ဝင်များခင်ဗျာ....

NLD ကိုထောက်ခံသူ

Thet said...

ဗုဓ္ဒဘာသာ မဟုတ်ဘူးလား....နောင်ဘဝမှာ ရေငတ်သေမယ်။

Unknown said...

မိုက်ရိုင်းချက်ကတော့ကမ်းကုန်ပါလားဗျာ...
လူစိတ်မှရှိသေးရဲ့လား...
မင်းတို့ကြံ့ဖွတ်တွေအတွက်ငရဲမှာ သီးသန့်ခန်းနဲ့ထားမှရမယ်
တခြားငရဲသားတွေ သိက္ခာကျမှာစိုးလို့

Ar Ga said...

ကြံ့ဖွံ့၇ဲ့ စေတနာယုတ်တွေ ပေါ်လာပြီ။ စေတနာ၇ှိလို့ မဟုတ်ဘဲ အကျိုးလိုလို့ လုပ်ပေးနေတာ ပိုသိသာတာပေါ့ ။ တကယ်စေတနာ၇ှိလို့ ၁ပြားမှ မ၇ဘဲ ထောင်ကျခံပြီး လုပ်တဲ့သူတွေကို အားလုံးက မဲပေးကြတာလဲ မဆန်းပါဘူး ။ ဒီဆောက်ချိုးတွေ အတိုင်းဆို၇င်လဲ ၂၀၁၅ ကျ၇င်လည်း ဒီအဖြေဘဲ ထွက်မှာပဲ ။

22zaw said...

လွန်စွာမှပင် အောက်တန်းကျ ယုတ်ညံ့ အဆင့်အတန်း မရှိသည့် စိတ်ဓါတ်ကို ဖေါ်ပြခြင်း ဖြစ်ပါသည်။

phyothetnaing said...

ဘာမှမပူနဲ့ အမေစုနဲ့ NLD ပါတီတစ်ခုလုံးရှိပါတယ်.... သူတို့လုပ်ချင်ရာလုပ်ကျပါစေ...!

ကြယ်ပြာ said...

ဒီရေတွင်းတွေက နိုင်ငံပိုင်ပိုက်ဆံနဲ့တူးထားပြီးတော့ မနိုင်တာနဲ့ ပြန်ပိတ်တယ်တဲ့ ... ကြုံဖူးပေါင် ဂုဏ်ထူးဆောင်တွေပဲ .... ဦးသိန်းစိန်က လူတွေရဲ့ရွေးချယ်မှုကို ကြိုဆိုပါတယ်လို့ ရှေ့ကပြော သူတို့က သမ္မတကြီးကိုတောင် မလေးမစား သူ့ဘာသာ ဘာပြောပြော ငါတို့လဲ လုပ်ချင်တာလုပ်မယ်ဆိုရင်တော့ သမ္မတကြီးက ရုပ်ပြသက်သက်ကြီးလားလို့ တွေးစရာဖြစ်လာတယ်။ ကုသိုလ်တစ်ပဲ ငရဲတပိသာ လိုချင်တဲ့ဟာတွေ ... သေရင် ပြိတ္တာဖြစ်မယ်။

goldinnwa.US said...

ရေအကျိုး( ၁၀ )ပါးလို.ကြားဖူးပါတယ်၊သူတို.ကအကုသိုင်္လတွေလိုက်လုပ်နေတာအံ့ေ၇ာ....အံ့ရောအရပ်ကတို.ရေ.................

Unknown said...

ပြောတော့ဘုရားးးးးးးးးးးးးးးးးးးးးးးးးးး လက်ကကားယားးးးးးးးးးးးးးးးး------သားတွေ

lamin0915 said...

နေပြည်တော်တစ်နေရာထဲလား တခြားနေရာရောမပါဘူးလာ

zay mg said...

ဟူးးးးးးးခက်တယ်ဗျာ။
ဒီလိုလူတွေ အနိုင်မရတာ အတော့်ကိုကံကောင်းတာပဲဗျို.။
အေးလေ...ကလိမ်ကကျစ်လုပ်မရတော့...ဘယ်နိုင်မလဲ။
ခုကျတော့ ပြောင်ကြီးကို လုပ်နေတော့တာ။။။

ရွှေမန်းမောင် said...

ကလေးစိတ်နဲ့ပါလား
အော် အရင်ထဲကစေတနာမပါဘူးကိုး
သိသာလိုက်တာ။

ko ko tin said...

ဒီကောင်တွေမှာဒီစိတ်ဓာတ်ပဲရှိမယ်လေ
ဒီစိတ်ဓာတ်တွေကြောင့် ဒီကောင်တွေရှုံးတာပေါ့
ဦးဌေးဦးရေ ပါတီသန့်စင်ရေး အမြန်လုပ်ပါ မဟုတ်ရင် ၂၀၁၅မှာ မတွေးဝံ့တော့ဘူး

nandar said...

ကလေးကလားနဲ့

mg mg gyi said...

အဲဒီသတင်းကအမှန်ပဲလား.???? အမှန်ဆိုရင်တော့မလုပ်သင့်တဲ့အလုပ်ကိုလုပ်လိုက်တာပဲ....မဖြစ်သင့်ပါဘူး...

bamar said...

စိတ်ဓါတ် လေးတွေက ပြောင်မြောက်တယ်နော် ..... တော်ပါပေ ရဲ့  ဗျာ.

panchit said...

ညစ်သွားမယ်ဗျာ၊ကြားရနားဝမှာစိတ်မချမ်းသာစရာ။

မှူးသခင် ( ငြိမ်း ) said...

အစကတည်းက စေတနာမှမပါတာ၊ တိုင်းသူပြည်သားတွေအပေါ် အညှာအတာကင်းမဲ့တဲ့သဘောတွေဘဲ၊ ကြံ့ဖွတ်ရဲ့ စေတနာမပါတဲ့ အဲ့ဒီစိတ်ဓါတ်တွေကြောင့် သူတို့ ပါတီမအောင်မြင်တာ ခုထိ နားမလည် သဘောမပေါက်ကြသေးတာ ရှေ့ လျှောက်ဆို ပိုဆိုးမယ် ။

feels said...

ရေတွင်းတူးဘို့ အလှု ငွေကောက်ရင်ထဲ့မယ်..

Unknown said...

ပြောချင်တာတွေများနေလို့ ဘာကဘယ်လိုစပြောရမှန်းတောင်မသိတော့
ပါဘူးဗျာ။။ပြောတဲ့တူလတွေလဲတော်တော်ပြောသွားကြပါပြီ။

saw 00 said...

အဲဒါ ကြံ့ဖွတ် မွေးထားတဲ့ လက်ရင်းတပည့် တွေရဲ့ စိတ်ဓါတ် နဲ့ အဆင့် အတန်းပါဘဲ ၊ တိုင်းပြည်မှာ ဒီလိုကောင်တွေ လူတွင်ကျယ် လုပ်နေတာကြာပြီ ။ မင်းတို့ ဇာတ်သိမ်းခန်း ရောက်တော့မှာပါ ။

Unknown said...

ကြံ့ဖွတ်မှာ ဒီလိုစိတ်ဓါတ်မပြည့်ဝတဲ့သူတွေအများကြီးပါ
ခေါင်ဆောင်လုပ်တဲ့သူကအစပါဘဲေ၇တွင်းကလှူတောင်လှူ၇
သေးတာဘဲ၊သေ၇င်တောင်၇င်ထဲအပူစွဲပြီးမှသေမဲ့အကောင်

KoTOE said...

ကဲ...ဌေးဦးရေ...
ဒါပြည်သူ့ အကျိုးပြုပါတယ်ဆိုတဲ့ပါတီရဲ့ လုပ်ရပ်လား
(စိတ်ညစ်ပါ့)

kiddykid said...

အစကထဲက သိပြီးသား..ဒါတောင်..ဘာတဲ့..သူတို့တွေရဲ့ အားနည်းချက်တွေကို သိရအောင်..အစည်းဝေးခေါ်သတဲ့လား..သြချလောက်တယ်..ဒီကမ္ဘာပေါ်မှာ
ဒီလိုလူမျိုးတွေရှိနေ နိုင်တဲ့..နိုင်ငံရှိသေးရင် ပြောကြအုံး...နှိုင်းယှဉ် ကြည့်ချင်လို့ပါ..ဘယ်သူသာမလဲလို့

သန့်ဇော်မင်း said...

အရှက်တော်ဗျမ်းဗျမ်းကွဲလို့ မခံ နိုင်ဖြစ်သွားတာနေမှာပါ။

Aung Soe Oo said...

ဒါလားကွတိုင်းပြည်နဲ့လူမျိုးအပေါ်ကိုချစ်ပါတယ်ဆိုတဲ့မင်းတို့ကြံ့ဖွံ့တွေရဲ့စိတ်ဓတ် ဟား ဟား ကိုယ့်ပါတီမဲမနိုင်တာနဲ့ ပြည်သူတွေအတွက်လုပ်ပေးထားတာပြန်သိမ်းတယ်ဆိုတော့ တော်တော်အောက်တန်းကျတာဘဲနော်

nan win said...

အော်ဗုဒွဘာသာမှဟုတ်ကြသေး၇ဲ.လားဗျာ.ဒီလိုလူတွေကြောင်.မိုးမမှန်လေမမှန်ဖြစ်နေတာ

yin said...

ရေတွင်းရေကန်ပိတ်ရင်ဘာဖြစ်မယ်ဆိုတာသူတို့အမေတွေပြောမပြခဲ့ဘူးဖြစ်မယ်။စောင့်နေ ...ဘာဖြစ်မလဲလို့

zawmoe said...

ကြံ့ ဖွတ် မကောင်းလိုက်တဲ့ ကြံ့ ဖွတ် မင်းတို့ ကိုဘာပြောရမှန်းကိုမသိတော့ဘူး

aye year htun said...

တော်တော်ကောင်းတဲ့စိတ်ဓာတ်တွေ စေတနာတိုင်းအကြိုးပေးတာပဲ

ဖိုးသား said...

စေတနာမှန်တွေ ပေါ်လာပြီ ၂၀၁၅ ဆို တပြည်လုံးရှုံးမှာသေချာသည် .....

tanaka said...

အခုခေတ်မူလာတန်းက ကလေးတွေတောင်အဲလိုလုပ်မယ်မထင်ဘူး!!!!!!

ko thant said...

သတိထား...ဆီးချုပ် ၀မ်းချုပ်ဖြစ်နိုင်တတ်သည်။

meerket said...

ကလေးစိတ် လို့တောင် ပြောရမှာ မထိုက်တန်ပါဘူး
ကလေးတွေက လူလား မမြောက်သေးလို့ ခုပေး ခုပြန်ယူ လုပ်ပေမယ့် အတွင်း စိတ်ထား ဖြူစင်တယ်
ခုဟာက လူလားမြောက်ပြီးသားတွေက လူလို မလုပ်တာ
အင်းလေ အစ ထဲက လူစိတ် မှ မရှိတာကိုး သိရဲ့သားနဲ့ သူတို့ပေးတုန်း အကောင်းမှတ်ပီး လောဘမတက်ဖို့ဘဲ ဆင်ခြင်ကြပါ။ သူတို့ပေးတာ ကြွေးတာ စားမှ ဗိုက်ဝ မှာ ကျနေတာဘဲ

KO NAING said...

ကြံ့ဖွတ်ကိုအကြံပြုချင်တာတော့ပြည်သူလူထုထောက်ခံမှုရချင်လျင်အဓိကစိတ်ဓာတ်ကိုပြင်လိုက်ပါ။ ဒီအတိုင်းသာဆက်လုပ်နေရင်ဖြင့်ပါတီပါပျောက်ကွယ်သွားနိုင်ပါတယ်။ စေတနာဖြင့်!!!

koko said...

မထူးဆန်းတော့ပါဘူး အခုဒဂုံ(ဆိပ်ကမ်း)မှာလည်းမီးပျက်နေတယ် ပျက်တဲ့အလှည့်လည်းပျက်တယ် လာတဲ့အလှည့်လည်းပျက်တယ်

than said...

မလုပ်ကောင်းတာတွေမလုပ်ကြစမ်းပါနဲ့ဗျာ.....

ziwasoe144 said...

၂၀၁၀ မှာသောက်သောက်လဲနိုင်ပီး ၂၀၁၂ မှာဝက်ဝက်ကွဲရှုံးတော့
နဲနဲတော့အောင့်တာပေါ့၊ ရှက်ရမ်းရမ်းခွင့်ပြုပါ။

ဖိုးတောက် said...

ဟဟ.. ဖြစ်ရလေ..
ရေအကျိုး.. ၁၀ ပါး..
မင်းတို့စိတ်ဓါတ်က .. ၁၀ ပြား...
မင်းတို့စိတ်ဓါတ်တွေကိုလည်း ရေတွင်းလို တူးလိုက်တိုင်း လူတိုင်းအတွက် အကျိုးရှိတာတွေ ထွက်လာရင် ဘယ်လောက်ကောင်းလိုက်မလဲနော်..

Anonymous said...

ဟား..ဟား...ဟားးးး
ကလေးတွေကျနေတာဘဲ.........

Aung Hein Khant said...

ကလေးထက်ဆိုးတဲ.ကြံ့ဖွတ်တွေလေ
နောင်ဘ၀ရောက်ရင် ငရဲပြည်မှာသေးသောက်ရရင်ကို
ကံကောင်းတယ်မှတ်ပါ ကြံ့ဖွတ်ရေ....
အခုရော နေပြည်တော်မှာကြံ့ဖွတ်တွေ သေးသောက်နေရ
အဲဟုတ်ပေါင် ရေကောင်းကောင်းသောက်ရရဲ.လား
ဲပြည်သူတွေကိုမျက်နှာပြောင်တိုက်ပြီးမင်းတိုလုပ်ချင်ရာလုပ်
တစ်နေ.ကျရင်မင်းတို.လဲ ပြည်သူတွေဖြစ်ရအုံးမှာနော်....

Wah Lay said...

ပြည်သူတွေပိုက်ဆံတွေနဲ့ တူးထားပေးတဲ့ရေတွင်းတွေပါ။ ရေအကျိုး၁၀ ပါးတော့ မတောင်းဘဲနဲ့ပြည့်ကြတော့မယ့် အကုသိုလ်ကောင်တွေပါ။

Powered by Blogger.