ဥပဒေချိုးဖေါက်မှုလုပ်ရပ်ကို ရဟန်းတော်များ အဖွဲ့ချုပ် ကန့်ကွက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်က မြန်မာနိုင်ငံတွင် မကြာမီကဖြစ်ပေါ်ခဲ့သော ဘာသာရေး အငြင်းပွါးမှု အခြေခံ သော ပဋိပက္ခ များနဲ့ပတ်သက်ပြီးကြေညာချက်တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။

အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံ ဖားကန့် မြို့ နယ် စိန်တူကျေးရွာ ရှိစိုင်းတော်ဗလီ ဧပြီလ ၁၃ ရက်နေ့ တွင် ဖျက်ဆီးခံရတဲ့ကိစ္စ၊ အဲဒီနေ့ မှာပဲ မကွေးတိုင်း ကံမ္မမြို့ နယ်မှာ ဗလီနဲ့  စတိုးဆိုင်များ ဖျက်ဆီးခံရတဲ့ ကိစ္စ
စတဲ့အမှု ကိစ္စများအားလုံးမှာ မြန်မာနိုင်ငံတွင် နေထိုင်သော ဆရာတော်၊ သံဃာတော်များ၊ သောတုဇန များရဲ့ လုံ့လ ပယောဂ ပါရှိခြင်း မရှိကြောင်း ထုတ်ဖေါ် ထားပါတယ်။

ဧပြီလ ၂၀ ၇က်နေ့ နေ့ စွဲ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော် အရှင် ပဏ္ဍဝံသ လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဒီိ လုပ်ရပ်တွေဟာ ဆူပူမှု သက်သက် သာဖြစ်လို့ ရဟန်းသံဃာများအနေနဲ့ လက်ခံခြင်းမရှိ သလို ဥပဒေချိုးဖေါက်မှု ဖြစ်တဲ့အတွက်လည်း ကန့် ကွက်ပါကြောင်းဖေါ်ပြပါရှိပါတယ်။


RFA
 
ဥပဒေချိုးဖေါက်မှုလုပ်ရပ်ကို ရဟန်းတော်များ အဖွဲ့ချုပ် ကန့်ကွက် ဥပဒေချိုးဖေါက်မှုလုပ်ရပ်ကို ရဟန်းတော်များ အဖွဲ့ချုပ် ကန့်ကွက် Reviewed by သစ်ထူးလွင် on 09:37 Rating: 5

4 comments:

Unknown said...

နိုင်ငံရေး ကစားကွက် တစ်ခုလို့ပဲ မြင်ပါတယ်။ ဒါ အစိုးရက လုပ်နေကြပါ။ တစ်ဖက်ကို မနိုင်တဲ့အခါ အာရုံပြောင်းအောင် လုပ်တတ်တဲ့ အကျင့်က အရိုးစွဲနေပြီ။ အားလုံး သတိရှိရှိနဲ့ လက်တွဲသွားဖို့ပဲလိုပါတယ်။

ပြည်ချစ် said...

ဒါ ဘာသာရေးကို ခုတုံးလုပ်တဲ့ နိုင်ငံရေးလှည့်ကွက်တခုလို့ယူဆပါတယ် သံဃာတော်တွေ ဒီလိုအဖြစ်မှန်ကို သိပြီး ကြေငြာချက်ထုတ်ပြန်တာ ၀မ်းသာလှပါတယ်ဘုရား (မဟနကတော့ အစိုးရလက်ကိုင်တုတ်ဖြစ်နေလို့ ဘာမှ မပြောလိုတော့ပါ)

shwe man thar said...

ဒါတွေကလူတွေကိုအာ၇ုံများစေတဲ.ေ၇ှးဟောင်းအောက်ကြေးနည်းလမ်းကြီးပါ
ထစ်ကနဲဆိုကုလားနဲ.လှည်.တိုက်နေသလားမသိဘူး။
တိုင်းပြည်ကိုဂျောက်ထဲကြမှာစိုးလို.ဆိုပြီးဇွတ်ဝင်ကယ်ချင်တဲ.ကောင်တွေကို
များလမ်းဖွင်.ပေးနေသလားမသိဘူး။

သူတို.၀င်ကယ်တာခံခဲ.၇လို.ဂျောက်ထဲတင်မက၊အ၀ီဇိအထိကျခဲ.ပြီးပြီ။

ကျေးဇူးတင်ပါတယ်အကိုတို.၇ယ်။ တိုင်းပြည်ကိုမကယ်ခင်ကိုယ်.သိပ်ခါကိုသာအ၇င်ဆယ်ကြပါအုံး။

WELCOME TO SUNSET INN IN KOHSAMUI said...

စာသင်တိုက်က သောတုဇနတွေလည်း သနားစရာကောင်းလှပါသည် ရဟန်းပျိုအဖွဲ့က ကြိုးကိုင်လိုက် အစိုးရက ကြိုးကိုင်လိုက်နှင့် ကောင်းကောင်းကို စားမကျက်ရတော့ဘူး။ လမ်းပေါ်ရောက်ရောက်လာတယ် အခုဆို ဗလီပေါ်ပါ ရောက်လာပြီ။ မလုပ်ကြပါနဲ့ဗျာ မလှူချင်ရင် နေကြပါ၊ အမှောင်ပယောဂတွေ မတိုက်ကြပါနဲ့ တောင်းပန်ပါတယ်။

Powered by Blogger.