ရွေးကောက်ပွဲ နောက်ဆက်တွဲ ဒက္ခိဏသီရိ ရေခက်ခဲ

ဓါတ်ပုံ (ဘားမားဗီဂျေ)
ချင်းမိုင် (မဇ္ဈိမ) ။       ။ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် ဦးနိုင်ငံလင်း ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ဒက္ခိဏသီရိမြို့နယ် ကူနှစ်လုံး ဆည်စု ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာသားများကို သူပိုင်ဆိုင် သည့် ရေတွင်းမှ ရေကို ခပ်ယူသုံးစွဲခွင့် မပြုတော့၍ ရွာသားတို့ သောက်သုံးရေ အခက်ကြုံနေရကြောင်း ဦးနိုင်ငံလင်း က မဇ္ဈိမကို ပြောသည်။

“အုပ်ချုပ်ရေးမှူးအိမ်က အရင်တုန်းက တရွာလုံးကို ပေးတယ်။ အခုတော့ ကျနော်တို့ကို မဲပေးလိုက်လို့ဆိုပြီးတော့
ရေ ပေးမခပ်တော့ဘူး။ အခုက ရေ အရမ်း နည်းနေတယ်။ နွေရောက်လာလေလေ ရေက ပိုပြီးတော့ နည်းလာလေလေ
ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းတွင်းက ရေကလည်း အဝါရောင်တွေ ဖြစ်နေတယ်။ အခုကတော့ အဲဒီရေနဲ့ပဲ
လောလောဆယ် သုံးနေရတယ်” ဟု ဦးနိုင်ငံလင်းက ပြောသည်။

ကူနှစ်လုံးဆည်စုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းတင်မှာ ကြံ့ခိုင်ရေးပါတီဝင်တဦး ဖြစ်ကာ ရွာသားများက ကြံ့ခိုင်ရေး ပါတီကို မဲမပေးကြ၍ အဝိစီတွင်းတွင် တပ်ဆင်ထားသည့် ပိုက်များကို ဖြုတ်ပစ်လိုက်သည်ဟု အဆိုပါရွာခံ ဦးဌေးတင် က ပြောသည်။

“သူ့ရေတွင်းက ပိုက်တွေကိုလည်း ဖြုတ်ပစ်တယ်။ ပြည်ခိုင်ဖြိုးကို မဲမပေးလို့ ဖြုတ်တာ။ မဲပေးပြီးတဲ့နေ့ နောက်တရက် ဆို ဖြုတ်ပစ်တာပဲ” ဟု မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်၏ ခြံဝင်းအတွင်း သူပိုင်ဆိုင်သည့် ရေတွင်း နှစ်တွင်းရှိနေပြီး တတွင်းတွင် ကြံ့ခိုင်ရေးပါတီသို့ မဲပေးသည်ဟု ယူဆရသူများကို အိမ်ခြေ ၇ဝ ခန့်ကို သောက်သုံးရေး ခပ်ယူသုံးစွဲခွင့်ပြုထားပြီး NLD သို့ မဲပေးခဲ့သူ အိမ်ခြေ ၁ဝဝ ခန့်ကိုမူ ရေခပ်ခွင့် မပေးတော့ကြောင်း ဦးနိုင်ငံလင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါရွာတွင် အုတ်ဖြင့်လုပ်သည့် ရေတွင်း ၂ဝ ခန့် ရှိနေပြီး နွေရာသီဖြစ်သဖြင့် ရေတွင်းများ ရေခမ်းခြင်း၊ ရေဝါခြင်း များ ဖြစ်ပေါ်နေကာ အုပ်ချုပ်ရေးမှူးက သူပိုင် အဝီစိတွင်းမှ ရေကို ခပ်ယူသောက်သုံးခွင့် မပြုခြင်းကြောင့် အခက်အခဲ များ ဖြစ်ပေါ်နေရခြင်းဟုလည်း ဦးနိုင်ငံလင်းက ပြောသည်။

ထိုဖြစ်ရပ်များကြောင့် ရန်ကုန် နာရေးကူညီမှုအသင်းသို့ အကူအညီတောင်းခံ၍ ထိုကျေးရွာတွင် အဝီစိရေတွင်း တူးပေးနိုင်ရန် ပြင်ဆင်လျက်ရှိနေသည်ဟုလည်း ဦးနိုင်ငံလင်း က ပြောသည်။ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူကလည်း ရေတွင်းတူးနိုင်ရေး ကူညီသွားမည်ဟု မဇ္ဈိမကို ပြောသည်။

အထက်ပါ ဖြစ်ရပ်အပြင် ဒက္ခိဏသီရိမြို့နယ် ချိုင်ရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်မိုးကလည်း သူ၏ ခြံဝင်းအတွင်းရှိ
ရေတွင်းကို ရွေးကောက်ပွဲအပြီး ဧပြီ ၂ ရက်နေ့တွင် ပိတ်ပစ်ခဲ့ပြီး အိမ်ထောင်စု ၆ စု ရေခပ်ယူ သုံးစွဲခွင့် မရတော့ဟု ချိုင်ရွာသား ကိုအောင်ဇော်ဦးက ပြောသည်။

“သူ့အိမ်ဘေးနားမှာ ဝိုင်းတဝိုင်းရှိတယ်။ အဲဒီဝိုင်းမှာ အများပြည်သူက သွားသုံးခွင့် ရှိတယ်။ ရွေးကောက်ပွဲပြီး
နောက်တနေ့မှာပဲ တွင်းခြံခတ်ပါတယ်။ အကြောင်းပြချက်ကတော့ ဘာမှ မပေးပါဘူး။ ဘယ်သူမှလည်း မပြောရဲကြဘူး
လေ။ မသွားရဲကြတော့ဘူးပေါ့။ ခြံစည်းရိုးကို အပြီးပိတ်လိုက်တဲ့အခါကျတော့လေ” ဟု မဇ္ဈိမကို ပြောသည်။

ချိုင်ရွာ ကြံ့ခိုင်ရေးပါတီ အမျိုးသမီးခေါင်းဆောင်တဦးဖြစ်သည့် ဒေါ်နန်းကျင် ကလည်း ယခင်က သူပိုင် ရေတွင်းမှ
ရေများကို အနီးပတ်ဝန်းကျင်ရှိ ရွာသားများအား ရေခပ်ယူသုံးစွဲခွင့် ပြုခဲ့သော်လည်း ရွေးကောက်ပွဲရလဒ် ထွက်လာ အပြီးတွင် ရေခပ်ခွင့် ပိတ်ပင်လိုက်ကြောင်း ထိုရေတွင်းတွင် ရေခပ်ယူ သုံးစွဲနေသူ ဦးစိုးအောင်က မဇ္ဈိမကို ပြောသည်။

“အရင်တုန်းကတော့ ဒီတွင်းက ကြိုက်တဲ့လူ လာခပ်ပေါ့ဗျာ။ အများသုံးနေကြတဲ့ တွင်းပဲပေါ့။ အဲဒီတွင်းကို
ရွေးကောက်ပွဲပြီး မဲအောင်နိုင်ပြီးတော့ နောက်တနေ့မှာ ‘ဘယ်ကောင်ဖြစ်ဖြစ်၊ ဘယ်ကောင်မ ဖြစ်ဖြစ် လာမခပ်နဲ့’လို့
ပြောပါတယ်။ ‘ဝိုင်းထဲဝင်လာတာနဲ့ ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲမယ်’ဆိုပြီးတော့ လုပ်ပါတယ်ခင်ဗျာ့။ ခြံစည်းရိုးတွေ လည်း ပြန်ကာလိုက်ပါတယ်” ဟု ဦးအောင်စိုးက ပြောသည်။

အဆိုပါ ဖြစ်ရပ်များ ဧပြီ ၂ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့၍ ဦးနိုင်ငံလင်းက ရန်ကုန် နာရေးကူညီမှုအသင်းသို့ အကူအညီ
တောင်းခံကာ အဝီစိရေတွင်း တူးပေးခဲ့ရသေးသည်။

NLD သည် ကြားဖြတ်ရွေးကောက်ပွဲအတွင်း အစိုးရဝန်ထမ်း အများစုနေထိုင်သည့် နေပြည်တော်ခရိုင်မြို့နယ်
လေးမြို့နယ်ရှိ၊ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ပုပ္ဗသီရိ လေးမြို့လုံးတွင်း အနိုင်ရရှိခဲ့သည်။

ရန်ကုန်တိုင်းရှိ ကြံ့ခိုင်ရေးပါတီ နိုင်ငံရေးမှူး ဦးအောင်သိန်းလင်း ကမူ သောက်သုံးရေ ရှိရေး အပါအဝင် လမ်းပြင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးကူညီမှု၊ လူမှုဘဝနှင့် စီးပွားရေး အစီအစဉ်များကို ပါတီအနေဖြင့် ဆက်လက် လုပ်သွားမည်ဟု ဧပြီလ ၆ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောဆိုသွား ခဲ့သည်။

ရွေးကောက်ပွဲ နောက်ဆက်တွဲ ဒက္ခိဏသီရိ ရေခက်ခဲ ရွေးကောက်ပွဲ နောက်ဆက်တွဲ ဒက္ခိဏသီရိ ရေခက်ခဲ Reviewed by သစ်ထူးလွင် on 06:08 Rating: 5

22 comments:

Weik Zar said...

အော်။ကြံ့ဖွတ်လုပ်တာနဲ့ တောကဘကြီးတို့
ဒေါ်ကြီးတို့လည်း အလိုလိုကုသိုလ်ရနေရာကနေ၊
အခုတော့ အလိုလိုအကုသိုလ်တွေ ရနေပါရော့လား။

junight said...

ပါတီကို ဒို့လိုအများအကျိုးဆောင်ရွက်တဲ့ မဟာဂရုဏာရှင် များ၊ အလွန်အထင်ကြီးလေးစားဖွယ်ကောင်းသူများ၊အများကအလွန်အမင်းထောက်
ခံအားပေးသူများ၊ဘ၀အဆက်ဆက် အ၀ီစိငရဲ မှာထာဝရရေငတ်တဲ့ဘေးနဲ့
့ကြုံနေရမည့်ဒို့လိုပါတီဝင်တွေလည်းရှိတယ်ဆိုတာအများသိအောင်ကြေညာ
အပ်ပါ တယ်ခင်ဗျား
ဘယ်လိုသဋေ နဲ့ များလူလာဖြစ်နေတာတုန်း၊

tkm said...

စိတ်ဓါတ်တွေကလည်း..လေးစားတယ်ဗျာ
သေချာတယ်နောင်ဘ၀ကျရင်..မင်းတို့ကောင်တွေ

National said...

ဗုဒ္ဓဘာသာတွေမှဟုတ်ရဲ့လားမသိဘူး၊ အခုတောင်မှ စိတ်ကောင်းမထားနိုင်လို့ ရှုံးခဲ့ရတာ၊ လူ့ဖြစ်ရတဲ့ဘ၀ပါ ဆုံးဦးမယ်၊

ဗိုလ်ဖြူ said...

National ရေ.ကျွန်တော်ကဗုဒ္ဓဘာသာဝင်တစ်ယောက်ပါဘဲခင်ဗျား ဒါတွေက ဘာသာရေးတွေနဲ့မဆိုင်ပါဘူး လူ့တွေရဲ့စိတ်တွေနဲ့ဘဲဆိုင်ပါတယ်...

su said...

ကြံ့ဖွတ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များကို အကြံပြုချင်ပါတယ်။ ဒီလို လူမျိုးတွေ ပါတီထဲမှာ ရှိနေသရွေ့ နိုင်ငံအတွက်ရော မင်းတို့ ပါတီအတွက်မှာ အလားအလာ လုံးဝ မကောင်းဘူး။ ဒီမိုကရေစီနဲ့ မထိုက်တန်တဲ့ အခုလိုမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးလို လူစားတွေကို ပါတီထဲကနေ ရှင်းလင်းဘို့ အထူးလိုအပ်နေပါပြီ။

koko heav said...

ရေတောင်စေတနာမရှိဘူးဆိုတော့ နောက်ဘ၀မကူးဘူးဗျို့ ဒီဘ၀မှာတင် မကောင်းကျိုးတွေခံစားရလိမ့်မယ်

ခင်မျိုးချစ် said...

မြန်မာလူမျိုးတွေ ဗုဒ္ဓဘာဝင် စစ်စစ် မဟုတ်တဲ့သူတွေ အများကြီးပဲကိုး။ ဗုဒ္ဓဘာသာဝင် စစ်စစ်ဆိုရင် ကံနဲ့ ကံ၏ အကျိုးကို ယုံကြည်ကြတယ်။ ကုသိုလ်ကောင်းမှုတွေက ကိုယ့်နောက်ကို အရိပ်ပမာလိုက်ပြီး အကု သိုလ်တွေဟာ နွားနောက်ကို လှည်းဘီးလိုက်သလို လိုက်တယ်ဆိုတာ မသိကြဘူးလား။ မယုံကြဘူးလား။ သိပ်ကြောက်ဖို့ကောင်းပါတယ်။ သူတို့လုပ်တဲ့ အကုသိုလ်ဆိုး ကျိုးတွေဟာ သူတို့နောက်ကို လိုက်မှာ ဖြစ်လို့ အလကားဒေါသထွက် မနေပါနဲ့ ထားလိုက်ပါ။ ရေကိစ္စလည်း မကြာခင်ပြေလည် သွားပါလိမ့်မယ်။ ၀ိပသနာတရားအားမထုတ်ကြသေးသ၍ သံသရာကြီးက အဆုံးမရှိ ရှည်လှတာမို့ တစ်ဘ၀စာ မကြည့်ကြစေချင်ပါ။ စိတ်ကောင်းမွေးနိုင်ကြပါစေ ...

မုန်းနိုင်ဦး said...

လူတိုင်းကခံယူချက်တွေရှိတယ်။စိတ်ဓါတ်တွေရှိတယ်။မင်းတို့တွေဒီလောက်သဘောကောင်းရင်မင်းတို့ညီမလေးတွေငါ့ကိုပေးပါလား။ရမလားမသိဘူး။

KO NAING said...

ဒီလိုသတင်းတွေကြားနေသိနေရတာစိတ်မချမ်းသာစရာပါ။ အကုသိုလ်လဲဖြစ်ရပါတယ်။ကျွန်တော်တို့ဒီမိုကရေစီလိုလားသူများအနေဖြင့်တဖက်တစ်လမ်းမှတတ်နိုင်သလောက်ငွေအားဝိုင်းပံ့ပိုးကြရင်ဖြင့်ကောင်းမယ်လို့ထင်မိပါတယ်။
ကျွန်တော်တို့လိုနိုင်ငံခြားအလုပ်လုပ်နေကြသူတွေကတော့ပိုပြီးတော့ပြေလည်မယ်လို့ထင်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ဘက်ကပေါ့။ကျွန်တော်တို့ပံ့ပိုးကူညီတဲ့ငွေဟာလှုတဲ့ထဲပါရင်ကုသိုလ်ရသလိုအမေစုတို့နိုင်ငံတာဝန်ယူပြီးနိုင်ငံတိုးတက်လာရင်ပြောမပြနိုင်တဲ့ကုသိုလ်တွေရမယ်လို့ခံစားမိပါတယ်။ဒါကြောင့်အမေစုတို့ကိုနိုင်ငံခြားမှာယုံကြည်ရမဲ့ရံပုံငွေACCOUNTဖွင့်ခိုင်းပြီးကူညီကြရင်ဖြင့်ကောင်းမယ်လို့ထင်ပါတယ်။ဖြစ်နိုင်မဖြစ်နိုင်တော့မသိပါ။ထင်မြင်ချက်ကိုတင်ပြကြည့်တာပါ။

aung said...

သူများကိုအစာရေစာဖြတ်တောက်ရင် ကိုလဲဒီဘ၀မှာ ငတ်မွတ်တဲ့ဘေးနဲ့ကြုံရတတ်တယ်

lwannaymie said...

သမ္မတကြီး..စိတ်ထားကောင်းတလောက်။ အောက်ကလူတွေ...
စိတ်ဓါတ်ကပုတ်ပွနေပါလား။ အဲဒီလူတွေသေရင်...အဝေစိရောက်လိမ့်မယ်။

ဝေဖန်ရေးသမား said...

ရွာသားတွေကို ရေတောင်မသထာတဲ့ အုပ်ချုပ်ရေးမှူးပါလား ခုတော့ သရုပ်မှန်တွေ စိတ်ဓါတ်မှန်တွေပေါ်ပြီ

Bravo said...

ရေအကျိုး ၁၀ ပါးတဲ့ လူ့ငနွားတွေရဲ့။
အေးလေ နအဖ ကျေးရွာအုပ်ချုပ်သူဆိုတော့ စာမတတ်၊စာမဖတ်တော့ ဒါတွေပြောနေလည်း ကျွဲပါးစောင်းတီးသလိုဖြစ်နေမှာ။

Unknown said...

အောက်ခြေက ကောင်တွေကို အပြတ်ရှင်းပေးပါ..
သမ္မတကြီး...ခင်ဗျား....

Unknown said...

အမေစုရေ ရေတွင်အလှုပေးလိုက်ပါအုံး ရေအကျိုး(10)ပါ မတောင်းပဲပြည့်တယ်ဆိုတာ လူလိုနားလည်းတဲ့လူတိုင်းအားလုံးသိတယ် သူတို့ ရဲ့ စိတ်ယုတ်တွေက အခုမှဘွင်းဘွင်းပေါ်လာတော့တယ်
တော်သေးတယ် သူယုတ်မာတွေကို မဲမပေးမိတာ
အမေစုရေ
NLD အမြဲ အောင်မြင်ပါစေ-

tun win said...

ဟဲ.ဟဲ..ကြံ့ဖွံ့ပါတီပြုပြင်ရင်..ဒီလိုလူတွေပါတီဝင်အဖြစ်က မထုတ်ဘဲဆက်လက်ထားလို့ကတော့...ဟဲ.ဟဲ ကြံ့ဖွံ့ပါတီ ပြည်သူလေးစားဖို့နေသာ...အဝီစိကို ..အကုန်ရောက်ကုန်ကြတော့မှာဘဲ..
ဟိုတလောက ပြုပြင်မယ်ပြောတယ်..ဘာကိုပြုပြင်မှာလဲ..စိတ်ဓာတ်လော..ခံယူချက်လော..ပြည်သူချစ်အောင်မလုပ်နိုင်တောင်..ပြည်သူအော့နလုံးနာအောင်မုန်းတဲ့ပါတီ ဆက်မဖြစ်အောင်..ပြုပြင်လိုက်ပါ..စေတနာမှာ မျှော်လင့်ချက်မထားရဘူး. .နေပြည်တော်က ငဖွတ်တွေရဲ့...

Anonymous said...

အင်..ဝေဖန်ရတော့ အခက်သားပဲ...ဘာဖြစ်လို့လဲဆိုတော့.. ဒါကလည်း ပိတ်ဆို့မှုတစ်မျိုးပဲလို့ထင်တယ်.. အမေရိကန်က စီးပွါးရေးပိတ်ဆို့တယ်.. ကြံ့ခိုင်ရေးက ရေကို ပိတ်ဆို့တယ်.. အားလုံးအတူတူပါပဲဗျာ..နောက်ဆုံးတော့ ငါဆိုတဲ့အတ္တကို ငါတို့အကျိုးစီးပွါးကို ထိပါးတရွေ့ ပြည်သူတွေ ဘာပဲဖြစ်ဖြစ် ဆိုတဲ့ နိုင်ငံရေးသမားတွေ ချည်းပါပဲ...လူတိုင်းကိုင်စွဲထား သာချည်းပါပဲ.. ကျုပ်ကတော့ နှစ်ဖက်စလုံးကို မြင်တတ်ပါတယ်..

Anonymous said...

ဒက္ခိန တစ်မြို့နယ်မှာ ပဲ ဖြစ်နေတာ စိတ်ဝင်စားဖို့ကောင်းတယ်....
တစ်ယောက်ယောက်က ကြိုးကိုင် စေခိုင်းတယ်လို့ ယူဆပါတယ်....
ဒီလို အကျင့်ဆိုးမျိုး ရှိသူ ဖြစ်နိုင်ခြေကတော့ အရင် ၂၀၁၀ တုံးက ကိုယ်စားလှယ် ဖြစ်ဖို့များပါတယ်....

ဖြိုးသီဟ said...

အော်ဗုဒ္ဒဘာသာတွေဖြစ်နေကြပြီး.ဒီလောက်ထိတောင်သိတရားခေါင်းပါးနေကြတာ.တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်

Anonymous said...

နေရတဲ့ လူ့ ဘ၀ခဏလေးမှာကောင်းမှုလေးတော့လုပ်သွားကြပါ လို့ အကြံပြုချင်ပါတယ် ကောင်းတဲ့ စိတ်လေးမွေးကြပါ ရေဆိုတာ
ဘုရားသောက်တော်ရေကအစကပ်လို့ ရပါတယ် အကုသိုလ်မယူ
ကြပါနဲ့ လို့ အကြံပြုချင်ပါတယ် ရေတွင်းပိတ်တယ်ဆိုတာခုမှပဲကြား
ဖူးတော့တယ်

naing ag tide said...

su...ရေ ကြံ့ဖွတ် ထိပ်ပိုင်းခေါင်းဆောင်ဆိုတဲ့သူတွေက အစ ရက်စက်+ယုတ်မာ+ကောက်ကျစ်+ဆိုးသွမ်း (နောက်ထပ်ဘာရှိသေးလဲ)+နေတာခင်များမသိဘူးလား အဲဒီတော့ နောက်လိုက်ဆိုတဲ့သူတွေ ဆိုးတာ ပြောမနေပါနဲ့ဗျာ...ဒါတွေဟာ ဒီမိုကရေစီအစစ်အမှန် ရမှသာ ပပျောက်ကင်းစင်သွားမှာပါ...

Powered by Blogger.