ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ဗဟို အလုပ်မှုဆောင်များ အထူး အစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဧပြီ ၃

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပအပြီး ၂ရက်အကြာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်မှုဆောင်များ၏ အထူးအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း ဗဟို အလုပ်အမှုဆောင် တစ်ဦးက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် အများစုတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရှုံးနိမ့်ခဲ့ရသည့် အဓိက အကြောင်းအရင်းကို လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ယခင်အစိုးရလက်ထက် ၁၉၉၃ ခုနှစ် သြဂုတ်လတွင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နာယက တာဝန်ယူ၍ လူမှုရေး အသင်းအဖြစ် စတင် ထူထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ် နှစ်လည်ပိုင်းတွင် နိုင်ငံရေး ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။


 The Voice Weekly
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ဗဟို အလုပ်မှုဆောင်များ အထူး အစည်းအဝေးပြုလုပ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ဗဟို အလုပ်မှုဆောင်များ အထူး အစည်းအဝေးပြုလုပ် Reviewed by သစ်ထူးလွင် on 05:11 Rating: 5

28 comments:

KoTOE said...

အော်...အခုထိကိုမသိကြသေးပါလား
ညံ့လိုက်ကြတာ
မင်းတို့ ကို........မင်းတို့ ရဲ့ စာရိတ္တတွေကို....
မယုံလို့ ၊ရွံလို့ ၊မုန်းလို့ ...ကွ
မူလကထဲက...သန္ဓေမမှန်တဲ့အဖွဲ့ မို့ လို့ ကွ ( စိတ်ညစ်ပါ့)

Weik Zar said...

ရှုံးနိမ့်ခဲ့ရသည့် အဓိက အကြောင်းအရင်းကို
သိချင်လား။့လူမှုရေး အသင်းဆိုပြီးထောင်
ြ့ပီးတော့ မလိမ့်တပတ် နိုင်ငံရေး ပါတီအဖြစ် ပြောင်း၊
အဲဒါကြောင့်ပြည်သူက ဒဏ်ခတ်လိုက်တာ။

MMT said...

ရှုံးနိမ့်ရခြင်း အကြောင်းရင်းမှာ အဖွဲ့ စ ထောင်ကတည်းက ရည်ရွယ်ချက်မကောင်း အဖွဲ့ ဝင်လူတွ အကျင့်မကောင်း လိုပဲ။
ကြံ့ဖွတ် ထပ်ပြီး မရှုံးစေချင်ရင် အကြံပေးလိုက်မယ်။ ၀င်မပြိုင်နဲ့ တော့။ ဒါမှမဟုတ် အသင်းကြီးကို ဖျက်ပစ်လိုက်။

su said...

လေ့လာ သုံးသပ်မနေနဲ့ကွာ။ အချိန်ကုန်တယ်။ ပြည်သူ့ ကိုယ့်စား ငါကပဲ ပြောလိုက်မယ်။
၁။ မရိုးသားလို့၊ ၂။ ကိုယ်ကျိုးစီးပွါးတွေ ရှေ့တန်းတင်လို့။ ၃။ ပြည်သူအပေါ် စစ်မှန်တဲ့ စေတနာမထားလို့။ ၄။ ပြည်သူကို အာဏာရူးပြီး အနိုင်ကျင့်ုလို၊ ၅။ ပညာမတတ်လို့။ ၆။ မတန်ရာ ရာထူးတွေ ယူလို့။ ရ။ ပါတီက လူမိုက်တွေ ငတုံးတွေများများနဲ့ ဖွဲ့စည်းထားလို့။ ၈။ စာရိတ္တညံ့ဖျင်းမှု ကမ်းကုန်လို့။ တော်ဘီကွာ။ အားနာတယ်။

U Thar said...

သန်းေ၇ွှက -၈ ၁၉၉၃ မှာကြံ့ဖွတ်အဖွဲစည်းကို
လုမှုေ၇အသင်းအဖြစ်ထူထောင်တာလား အိမ်ကြက်ခြင်းအိုးမဲ
သုပ်ပြီးခွပ်ခိုင်းဖို့ထူထောင်လိုက်တာလား
ဗိုလ်ချုပ်မှုးကြီးသန်းေ၇ွှကဒီအဖွဲစည်းမှာနယကလို့မမြင်ဘူးဓမြ
ခေါင်ဆောင်လူမိုက်ကြီးလို့ပဲမြင်ပါတယ်ဘာလို့လဲဆိုတော့ပြည်
သူကိုသတ်သာသနာစော်ကားပြီးပြည်သူပိုင်တွေကို အလွဲသုံး
စားလုပ်နေလို့ပါဘဲ။
ဘာမှနိုင်ငံနဲ့ပြည်သူအတွက်မကြည့်ဘဲ ဒီလူမိုက်ခေါင်းဆောင်
ကြီးခိုင်သမျှဟုတ်ပမှန်ပနဲ့အောက်ခြေကဆင်ခြေတုံတ၇ားကင်း
မဲ့နေတဲ့သူ၇ဲ့နောက်လိုက်တွေကကြံ့ဖွတ်ကြီးဘာကြောင့်၇ှံး၇တ
လဲလို့လေ့လာသုံးသပ်မ၇၇ှိနိုင်သေး၇င်ပြောပြချင်ပါတယ်၊ နိုင်ငံအတွက်လဲတိုးတက်အောင်မလုပ်ပြည်သူတွေဆင်း၇ဲတွင်း
ေ၇ာက်အောင်လုပ်ထားပြီးသူတို့အာဏာတည်မြဲဖို့အတွက် ဖွဲ့
ထားတဲ့စစ်တပ်အာဏာ၇ှင်အဖွဲစည်းမျိုးကိုဘယ်ပြည်သူကမှမိ
မိဆန္ဒနဲ့မဲပေးနိုင်ဆ၇ာမ၇ှိပါဘူး

ko htat said...
This comment has been removed by the author.
မင်းမြန်မာ said...

အဆိုပါ အစည်းအဝေးတွင် ကြားဖြတ်ရွေးကောက်ပွဲ (မဲဆန္ဒနယ် အများစု) တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရှုံးနိမ့်ခဲ့ရသည့် အဓိက အကြောင်းအရင်းကို လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။

(မဲဆန္ဒနယ် အများစု) အဟက်....... ဟုတ်လို့လား။ အများစုတောင်ကလို့လား။ ပြည်သူလူထုက ရိုးရိုးညံ့ရုံမက ရိုးရှင်းတဲ့ အပေါင်း၊ အနုတ် ဂဏန်းသင်္ချာ တောင် မတတ်ဘူးထင်နေပြန်ပြီလား။ အင်းးးးး အမြှောက်တို့ အစားတို့ နဲ့ တွက်ရမဲ့ နေရာမျိုးဆို ၁x၁=၁၁ ၊ ၁/၁=၁၀ လို့ ပြည်သူလူထုကို ကြေငြာ(ညာ) လေမလားမသိ။

kyaw tun naing said...

တကယ်ကိုမရှက်တတ်ကြတာနော်...

aungaung said...

ရှုံးရတဲ့ အဓိကအကြောင်းအရင်းကကြံခိုင်ရေးဗဟိုအလုပ်အမှုဆောင်တွေ
အားလုံးမျိုးချစ်ပုဂိုလ်များဖြစ်နေကြလို့ ပါ
၁။ငါနှင့် ငါ့ မိသားစုအတွက်
၂။ငါ့ ဘက်ကအမျိုးအတွက်
၃။ငါ့ မိန်းမဘက်ကအမျိုးအတွက်
၁(က) အောင်သောင်းသားသမီးမိသားစုဘယ်လောက်ချမ်းသာနေပြီလည်း
(ခ)ဋ္ဌေးဦးမိသားစုဘယ်လောက်ချမ်းသာနေပြီလည်း
(ဂ)ဇော်မင်းမိသားစု
(ဃ)ခင်မောင်မြင့် အရမ်းချမ်းသာနေကြပြီ
ရေးရရင်၁(အ)ထိရောက်တောင်ကုန်မှာမဟုတ်ဘူး
မြန်မာတနိုင်ငံလုံးမှာရှိတဲ့  လောင်စာဆီ အရောင်းဆိုင်ကြီးကလက်ရှိ၊လက်မဲ့ ဘောင်းဘီချွတ်တွေနဲ့ မလွတ်ကြဘူး
ဘယ်ကနေရထာကြတဲ့ ငွေတွေလည်း
ဘယ်လိုများစီးပွားရှာထားကြလည်း
သန့် ရှင်းတဲ့ စီးပွားရှာနည်းဆိုပြည်သူတွေကိုမျှဝေပါ အဲ့ 
အဲဒီလိုမဟုတ်ဘူးဆိုရင်တော့  အမြန်ဆုံးသာပြည်သူပိုင်သိမ်းပေတော့ 
ကြံဖွတ်ဆိုတာတကယ်တော့  သူတို့ ငွေလို့ ထင်နေတဲ့ ပိုက်ဆံများကို
ပြည်သူပိုင်အသိမ်းမခံရရေးအတွက်စိတ်တူကိုယ်တူဖွဲ့ စည်းထားတဲ့ ပါတီတခုသာဖြစ်ပါသည် (မှတ်ချက်။ ။ကိုယ်ပိုင်အယူအဆ)

sean said...

မှန်ကန်သော သုံးသပ်ခြင်းဖြစ်သော အခွင့်ထူးလွန်ကဲစွာ ခံစားလိုခြင်း နှင့် လပ်စား အလွဲသုံး စား ပြုလုပ်ခြင်းများ ကို နှိမ်နင်း ရန်ပျက်ကွက် ရုံမက ကိုယ်တိုင် ပါဝင်ခြင်း ကြောင့် လူထုမှ အယုံအကြည် မရှိတော့သည်ကိုမြင်ကြမည်မဟုတ်ဘဲ မီဒီယာလွတ်လပ်ခွငု ကြောင့် မိမိတို့ လုပ်ချင်သလို လုပ်မရသည် ကို တလွဲပုံချ ကြမည်သာဖြစ်သည်။

mad dog said...

ဘယ်လိုပဲဖြစ်ဖြစ်ရှံးမှာက၇ှံးမှာပဲ၊ ၂၀၁၅ မှာ ဘယ်လိုလိမ်မယ် အကောက်ကြံကြမယ် အခု၇ှုံး၇တဲ့အတွက်ပြည်သူကို ဘယ်လို မီးဖြတ်မယ် ဘယ်အကြပ်အတည်းေ၇ာက်အောင် လုပ်မယ်ဆီုတာကို အစည်းဝေးလုပ်တာမလား။ ကောင်းလိုက်တဲ့ @#$3 ကျင့်။

purewhite said...

ို၇ိုး၇ိုးသားသားနဲ့ အမှန်အတိုင်းလေးပဲနေပေးပါ။ တကယ်ဆိုရင် အချစ်ပဲလိုတယ်.....။ ပြည်သူတွေကိုအမှန်တကယ်ချစ်တဲ့အချစ်။ အဲဒါလေးရှိရင်ရပြီ။ မခြိမ်းခြောက်နဲ့၊ ပြည်သူအချင်းချင်းသွေးမခွဲနဲ့၊ တယောက်ကို မြှောက်၊ တယောက်ကို ခြောက် မလုပ်နဲ့ ။ အားလုံးကို တန်းတူဆက်ဆံ။ ဒါပါပဲ

Sugar Moon said...

ရှုံးရတဲ့ကြောင်းမျာအစည်းဝေးလုပ်မေးမနေနဲ့၊ကလေးအစ ခွေးအဆုံးသိတယ်။

kyaw said...

ဘာတွေများပြန်သုံးသပ်မလဲမသိဘူး။ ရီရတယ်နော်..ဟီးဟီး

tin khat said...

ဘာတွေ ကောက်ကျစ်အုံးမလဲ ။
မကျေနပ်လို့  မင်းတို့ အရွေးခံရပါတယ်ဆိုတဲ့
နယ်မြေတွေမှာ ပြန် အရွေးခံရဲလား။
မယုံ၇င် စမ်းကြည့်လိုက် ။ 1990 တုံးကထက်
ပိုများသွားမယ်။

aung naing said...

ခင်ဗျားတို့ပြည်သူတွေရဲ့စားဝတ်နေေ၇းအဆင်ပြေအောင်မှလုပ်မပေးတာ၊ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ေ၇းနိမ့်ကျတာ၊၀န်ထမ်းအားလုံးနီးပါးလာက်ပေးလာက်ယူများတာတွေကြောင့်ခင်ဗျားတို့ကိုပြည်သူကမထောက်ခံတာ၊အဲဒါတွေအဆင်ပြေအောင်လုပ်ပေးရင်ပြည်သူကထောက်ခံမှာပါ။

mad dog said...

၂၀၁၅ မှာ သေသေ ချာချာ လိမ်ဖို့တိုင်ပင်နေကြပြီ။ သတိထားကြဟေ့။

kiddykid said...

ဟင်...မသိဘူးလား? နိုင်ထက်စီးနင်း...လူတွေကိုဆက်ဆံတာတွေ..
ကိုယ်ကျိုးအတွက်.ကိုယ့်မိသားစုအတွက်..အရမ်းကြည့်တာတွေ...အောက်ခြေမြို့နယ်တွေမှာ...အရမ်းကို ဗိုလ်ကျတာတွေ..မလိုအပ်ပဲ.နေရာတကာ.အာဏာတွေကို အရမ်းသုံးနေတာတွေ...အများကြီးပဲ...စိတ်ညစ်လိုက်တာ..ပြောပြမှသိမှာလား???

Unknown said...

အခုမှသုံးသပ်တုန်းလား...သနားပါတယ် ကိုယ့်ကိုယ်ကိုဘ၀ပြောင်းတာ
တောင်မသိရှာဘူး..။ပြည်သူတွေအတွက်ယုံကြည်ကိုးစားရတဲ့ အဖွဲ့အစည်း
မဟုတ်သလို .အန္တရယ်ရှိတဲ့ အဖွဲံ့အစည်းမို့.ပြည်သူတွေကမထောက်ခံလို့
ပါဘဲဗျာ။ဒီတော့ ပြည်သူတွေအစဉ်ထာဝရ ယုံကြည်အားကိုးရတဲ့အဖွဲ့အစည်း
ဖြစ်လာအောင်ကြိုးစားပါလို့ အကြံပေးချင်ပါတယ်။

saw 00 said...

ကြံ့ဖွတ်ပါတီ ရဲ့ အဓိက ရည်ရွယ် ချက် က အာဏာ ရဘို့ တခုတည်း ဆိုတာ ပြည်သူ က သဘောပေါက်သွားလို့ ရွေးကောက်ပွဲ မရှုမလှ ရှုံးရခြင်း ဖြစ်ပါသည်။

အာပလာ said...

NLD မဟုတ်လို့ ရှုံးတာပေါ့ကွာ...

joseph said...

NLD ကိုချစ်သောပြည်သူတွေအားလုံး NLD ကိုကာကွယ်ပေးပါ။
သူတို.တွေမှာလည်းဗျူဟာတွေရှိနိုင်တယ်။ NLD နာမည်ပျက်အောင် လုပ်နိုင်တယ်။NLD ကလူတွေယောင်ဆောင်ပြီးလုပ်လာနိုင်တယ်။NLD
လူငယ်တွေကလည်းအရင်ကထက်သတိထားဆောင်ရွက်သင့်ပါတယ်။
သူတို.တွေကအမှားထောက်ဖို.စောင့်ကြည့်နေတယ်။

naingoo said...

၇ိုး၇ိုးလေးဘဲပြောပ၇စေ.
ပြည်သူတွေကလူတွေအုပ်ချုပ်တာဘဲ
လိုချင်လိုပါ..

zawmoe said...

အော်အော် အံ့ အော်ဘို့ ကောင်းပမောင်ကြံ့ ဖွံ့ ရ ဘာကြောင့်ရုးံရတာလဲ ခုချိန်ထိသိသေးဘူးလား

Nay Aung said...

ကိုတိုးပြောသလိုဘဲဗျာရှုံးတဲ့အဓိကကြောင်းရင်းများသုံးသပ်နေသေးဟားဟားဟား

မြတ်သုခ said...

ဘာကြောင့် ရှုံးတယ်ဆိုတဲ့ အကြောင်းအရင်းလေးလောက်ကိုတောင် ခုထိ လေ့လာသုံးသပ်မှုတွေပြုလုပ်နေကြရသေးတယ်ဆိုတော့ကာ....
နောက်ထပ်ထပ်ကို မပြိုင်သင့်တော့ပါဘူးကွာ။
မင်းတို့ဟာက မျောက်တွေကို သစ်ပင်ရေလောင်းခိုင်းမိသလို ဖြစ်နေတာကိုးကွ။

Mar Mar said...

ရှုံးမှာပေါ့။ ၀န်ထမ်းတွေရဲ့ ဘ၀ကို ဖရိုဖရဲဖြစ်အောင် ဌာနကို လျှို့ဝှက် ဖျက်လိုဖျက် ၀န်ထမ်းတွေ အင်အားလျှော့လိုလျှော့ လုပ်တာကိုး။
နည်းတောင်နည်းသေးတယ်။

ko ko tin said...

သိပ်ကောင်းတဲ့ ကန်မန့်တွေပါဘဲ
ဒီကန်မန့်တွေကို ထောက်ခံပါတယ်

Powered by Blogger.