ကာချုပ်မင်းအောင်လှိုင်အား ဒုတိယဗိုလ်ချုပ်မှူးကြီး ရာထူးတိုးမြှင့်

ဧပြီလ ၃ ရက်နေ့ ၂၀၁၂
ဧပြီလ ၃ ရက်နေ့ ဒီကနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေ မှာ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား ဒုတိယဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် ဟု ဖော်ပြထားပါသည်။
ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုဗိုလ်ချုပ်ကြီးစိုးဝင်း ကိုလည်း
ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဗိုလ်ချုပ်ကြီးစိုးဝင်း ဟု နိုင်ငံပိုင်
သတင်းစာများမှာ ရာထူးတိုးမြှင့်ဖော်ပြထားတာတွေ့ ရပါသည်။
Myanmar News Now

ပြီးခဲ့တဲ့ မတ်လ(၂၇)ရက်နေ့ တပ်မတော်နေ့  အခမ်းအနားမြင်ကွင်း Photo: Khin Maung Win / AP

ကာချုပ်မင်းအောင်လှိုင်အား ဒုတိယဗိုလ်ချုပ်မှူးကြီး ရာထူးတိုးမြှင့် ကာချုပ်မင်းအောင်လှိုင်အား ဒုတိယဗိုလ်ချုပ်မှူးကြီး ရာထူးတိုးမြှင့် Reviewed by သစ်ထူးလွင် on 16:38 Rating: 5

29 comments:

akabikhu said...

သားကောင်းရတနာများဖြစ်ပါစေ။

ပုလဲသား said...

အော် သူတို့ရဲ့လုပ်ဆောင်ချက်ကြောင့် နိုင်ငံတော်တိုးတက်နေတာဆိုတော့ မသဒ္ဒါလည်း ပေးရမှာပေါ့။ ဘယ်သူက တိုးမြင့်ခံစားခွင့်ပေးလိုက်တာပါလိမ်? ဘာကြောင့်ပါလိမ့်? နိုင်ငံက ချမ်းသာနေလို့ အားအားယားယားတိုးပေးလိုက်တာလား?

Ko Htet said...

လုပ်ပြန်ပြီ။
နိုင်ငံတကာမှာမရှိတဲ့ဘွဲ့တွေ၊ ရာထူးတွေ၊ သူတို့ပဲထွင်ပြီး သူတို့ကိုသူတို့ပေးနေတာလား။ အသေစည်သူကြီးရဲ့။

မြန်မာ့မြေ said...

ဘယ်သူက ၊ ဘယ်သူ့ ကို ၊ ဘာ့ကြောင့် တိုးပေးလိုက်သည်မသိ ရာထူးများတိုး ကုန်၏။
ပြည်သူ့အတွက် ဘာလုပ်သည့် ဘာသံမှ မကြား ရာထူးများတိုးကုန်၏။
ဘာ့ကြောင့်တိုးပေးသည် ၊ ဘယ့်အတွက်ကြောင့် တိုးပေးသည် များကို
ဘယ်လိုရှင်းပြမှာလိမ့်?

Aung San Win said...

ဒီစနစ်ဆိုးကြီးက ဒီလိုပဲလား ဦးသိန်းစိန်ရယ်...
ဘာတွေလုပ်နေကြတာလဲ။ ဘယ်လွှတ်တော်က ဆုံးဖြတ်ပြီးပေးလိုက်တာပါလိမ့်။ ဒီအတိုင်းပဲကြည့်နေရမှာလား အရပ်ကတို့ရဲ့။

tharzaw said...

ဟ! ဘာကြီးလဲဟ။
နောက်ပြန်လှည့်ချင်တဲ့သဘောများလား။
သူက ဒုတိယဗိုလ်ချုပ်မှူးကြီးဆိုတော့ သိန်းစိန်က ဗိုလ်ချုပ်မှူးကြီးပေါ့။
ဘာကြီးလဲဟ။

Thar Htet said...

တကယ်ဆိုရင် ဒါမျိုးရာထူးကြိးတိုးဖို့ လွှတ်တော်အဆုံးဖြတ် တင်သင့်သေးတယ်ထင်တာဘဲ
ထင်တာပြောတာပါ

Anonymous said...

ဒါ မဲရူံးလို့.ချေလှမ်းတစ်ခု.အသင့်ပြင်ထားလိုက်တာပဲ.
အခြေအနေမကောင်းရင်.ဆွဲစိမယ်.
ကောင်းသောလုပ်ရပ်မဟုတ်နိုင်ပါ.

yankinthar said...

အံ့သြပါ့..

Unknown said...

သူတို့ဟာနဲ့သူတို့ကတော့ဟုတ်နေတာဘဲ
တိုင်းပြည်ကိုအာဏာသိမ်းပိုက်ပြီးတယောက်တလှည့်မြိုဆို့
နေကြတာ၊တိုင်ပြည်အတွက်လဲဘာမှမလုပ်ဘဲလက်နက်နဲ့
ပြည်သူတွေခြိမ်းခြောက်၊ပြည်သူပိုင်တွေကိုသူတို့ပိုင်အောင်
တယောက်တလှည့်စီတက်ပြီးယူနေကြတဲ့ဟာတွေ၊
တိုင်းပြည်အေးချမ်းသာတောင်ဆူပူအောင်လုပ်ပြီးသူတို့ဘဲ
ဆက်အုပ်ချုပ်နေအုံးမှာ အ၇သာတွေ့သွားပြီထင်တယ်

မောင်ငွေ said...

ဗိုလ်ချုပ်မှူးကြီး.... ဆိုတာတော့ ဘယ်သူများဖြစ်လာမှာပါလိမ့် ?

Sawsandar said...

ပြောစကားနားထောင်လို့နေမှာပေါ့ဗျ

Sawsandar said...

ဒီလိုပဲဖြစ်ရမယ်လေဒါအမှန်ပဲပေါ့

ko htat said...

ကျနော်တို့နိုင်ငံကဒီတပ်မတော်အုပ်ချုပ်တဲ့စစ်အာဏာ၇ှင်
တွေ၇ဲ့လက်ထဲကဘယ်တော့မှလွတ်မြောက်ပါ့မလဲမသိဘူးနော်၊
ကို့ထပ်နိမ့်ကြတဲ့တိုင်းပြည်တွေတောင် ကိုယ့်နိုင်ငံထက်မြင့်တက်
ကုန်ပြီ၊တိုင်းပြည်အတွက် တိုးတက်အောင်ဘာမှမလုပ်တတ်ဘဲ
၇ာထူးတွေတိုးပြီးအုပ်ချုပ်နေလဲအလကားပါပဲ။
ခက်တာကတိုင်းပြည်ကိုအုပ်ချုပ်နေတာဗိုလ်ချုပ်တွေဆိုတာထက် ဗိုလ်ချုပ်ကတော်တွေဆိုပိုမှန်မယ်သူတို့မိန်မတွေကြောင့်တိုင်းပြည်
ပျက်စီးနေတာ၊သူတို့မိန်မတွေကနောက်ကနေပြီလတ်ထိုးသမျှကို
ယူ ပြီး၇င်လတ်ထိုးတဲ့သူအတွက်၇ာထူးလေးတိုးဖို့လတ်စား၇မဲ့နေ
၇ာကောင်းလေးချပေးဖို့ယောင်္ကျားဖြစ်သူကိုပြောအဲ့တော့တိုင်ပြည်
အတွက်ဘယ်လိုတိုးတက်မှု၇ှိပါတော့မလဲ စစ်တပ်ကအ၇ာ၇ှိတွေက
လဲတိုင်းပြည်တာအုပ်ချုပ်နေတာ အိမ်ကမိန်းမတော့မနိုင်ဘူးထင်ပါ
တယ်၊ခုကစစ်တပ်ထဲဝင်တာတောင် ၇ည်၇ွယ်ချက်ကနေ၇ာကောင်း
၇ဖို့ပြီး၇င်ဘယ်လူကြီး၇ဲ့မိန်မကိုပေါင်းပြီးဝါး၇ဖို့နေ၇ာကောင်း၇အောင်
ဘယ်လိုလတ်ထိုးပြီးလိုက်၇မလဲဒါလောက်ပဲ၇ည်၇ွယ်ချက်တွေထား
မှတော့ ဘယ်လိုလုပ်တိုင်းပြည်အတွက်ဖြစ်လာနိုင်တော့မှာလဲ

ဖိုးသား said...

အင်း ...... တပ်မတော်နေ့ မိန့်ခွန်းပြောတုန်းက ကျေးဇူးတင်စကားပြောတော့ သူတို့ရဲ့ဗိုလ်ချုပ်မှူးကြီးကိုပါ ထည့်ပြောလိုက်လို့ ဒု မှူးကြီးရာထူးတိုးပေးလိုက်တာလားပဲ ရွေးကောက်ပွဲရှုံးတာနဲ့တော့ဆိုင်ဘူးထင်ပါရဲ့ မှူးကြီးရာထူးတိုးပြီး မှူးကြီးတွေရဲ့လမ်းစဉ်တော့ မလိုက်ပါစေနဲ့ ဘုရား ဘုရား ....

ဝေဖန်ရေးသမား said...

ထင်ထားတာ သန်းရွှေနဲ့ မောင်အေး သူတို့ ဟာသူ့တို့ ရယူထားတဲ့ရာထူး
တွေကို ဘယ်သူ့ မှမပေးဘူးပေါ့ ခုတော့ နောက်ကွယ်က ကြိုးကိုင်သူကြီးတွေ အာဏာရှိဆဲပါလား

genius said...

ပြည်သူ.လွှတ်တော်က အတည်ပြုပေးတာလည်းမတွေ.ပါလား ။ ဧကန်တ OUT OF PRESIDENT POWER နဲ. ထင်ရဲ. ။

ဝေဖန်ရေးသမား said...
This comment has been removed by the author.
genius said...

ပင်စင်စားတွေ ခံစားခွင်.တိုးတဲ. ORDER ထုတ်တာဦးသိန်းစိန် ဖေါင်း တဲ.၊မင်းအောင်လှိုင်ကို ရာထူးတိုး တာ ကဘယ်သူ. ဖေါင်း ပါလဲ ။

shwebochokyi said...

မြန်မာ့ တပ်မတော်ကြီးကတော့ ..လုပ်ချင်တိုင်းကိုလုပ်နေတော့ တာပါပဲလား

razakuman said...

ဒုတိယဗိုလ်ချုပ်မှုးကြီးဆိုတော့ သူ့အထက်မှာ ဗိုလ်ချုပ်မှုးကြီးရှိသေးတယ်ဆိုတာ ပြည်သူတွေကို ချပြလိုက်တာပဲ၊ ဒီဗိုလ်ချုပ်ပြူးကြီးက သေမှပဲ အနားယူတော့မယ်ထင်တယ်၊ အနားယူဆိုပီး ပြည်သူနဲ့ ကမ္ဘာကို မလိမ့်တပတ်လုပ်နေတာ ထင်ရှားတယ်၊ မင်းအောင်လှိုင်တို့တွေကို ဘယ်သူက ဒီရာထူးတွေ ဘယ်သူက ခန့်လိုက်တာလဲ၊ ကာကွယ်ဝန်ကြီးဆိုတဲ့ကောင်က မင်းအောင်လှိုင်ရဲ့ ထားရာနေ စေရာသွားဆိုတော့ သူခန့်တာလဲ မဖြစ်နိုင်ဘူး၊ သမ္မတဦးသိန်းစိန်ခန့်တာလဲ မကြားမိဘူး၊ ဘာတွေလဲကွာ၊ ရှုပ်ရှက်ကို ခက်နေတာပဲ၊ အမေစုတို့အောင်မြင်မှုကို ၀မ်းသာလို့တောင် အားမရသေးဘူး၊ ဒီဘဲတွေက တစခန်းထလာပြန်ပီ၊ ပြည်သူက မင်းတို့လို ဖွတ်ကြားတွေကို လုံးဝလက်မခံနိုင်တော့ဘူးဆိုတာကို ပြလိုက်ပီလေ၊ သဘောမပေါက်ကြသေးဘူးထင်တယ်၊

မင်းမြန်မာ said...

တို့ကာချုပ်ကြီးက တို့တပ်မတော်မှာ ရာထူးအကြီးဆုံးကြီးပဲလေ။ ဘာလို့ (ဒု------ ) ဖြစ်နေရတာလည်း။

Unknown said...

မရှင်းတာက ဒုတိယဗိုလ်ချုပ်မှုးကြီးဆိုတော့ ဗိုလ်ချုပ်မှုးကြီးကဘယ်သူလဲ။ ဘယ်သူကနေတိုးမြှင့်ပေးတာလဲ။ မေးစရာတွေ တစ်ပုံကြီးရယ်ပါ။ သူဟာလက်နက်ကိုင်တပ်များဦးစီးချုပ်ဆိုတော့ သူ့ထက်တပ်မှာဘယ်သူက ပိုအရေးပါနေတာလဲ။ နိုင်ငံတော်သမ္မတဆိုရင်တော့ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမယ့် ဒီလိုစဉ်းစားရအောင်လဲ တပ်မတော်ရာထူးအဆင့်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှုးကြီးဆိုတာက တစ်မျိုးကြီးဖြစ်နေသလိုပဲ။ ရှင်းအောင်လုပ်ကျလကွယ်။ နားနေတဲ့သူက နားနေတာမှ ဟုတ်ရဲ့လားကွယ်။

lwannaymie said...

ပြည်သူတွေကို...ချစ်ပြီး၊စောင့်ရှောက်ပြီး၊မကောင်းတဲ့လက်အောက်ငယ်သားတွေကိုဖြုတ်ပြစ်ပြီး၊
ပြည်သူချစ်တဲ့....ကာချုပ်မှုးကြီးဖြစ်ပါစေဗျာ။
ယုံလိုက်မယ်နော်။

အမြင်သစ် said...

အို..... သူတို့ဟာ သူတို့ ဘာမှုးကြီးဘဲဖြစ်ဖြစ် ဘာမှုးကြီးဘဲခန့်ခန့်
ဘာလုပ်ရမှာလဲ ဘယ်သူကမှလဲ မချီးမြှောက် သူတို့ဟာ သူတို့
ချီးမြှောက်ပီး သူတို့ဟာသူတို့ စားနေကြတာ။ ပြည်သူက ဘာမှမသိရဘူး။ တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းစဉ်က ရွပ်ရွပ်
ချွံချွံ တိုက်ပွဲဝင်ခဲကြတဲ့ လူတွေတောင်မှ ဒီရာထူးတွေယူခဲ့တာ
မကြားဘူးဘူး။ စိတ်မ၀င်စားဘူးကွာ

ko pwa said...

သနားပါတယ်ဗျာ. တစ်ယောက်တဲနဲ့ ဒုတိယ ရနေတာ

Truth teller said...

သူတို့ကတော့ ရားထူးကိုတိုးချင်တိုင်းတိုးနေတာပဲ
ရာထူး=ရူးတာ

kiddykid said...

ကြောက်ကြောက်..လာပြီနော်...ပြန်သိမ်းဖို့..အစီအစဉ်ရှိနေကြပြီလားလို့...

Anonymous said...

ငါတို့် သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့ ၏ သစ္စာကို စောင့်သိ ရိုသေပါမည်။??
ငါတို့် သည် ကျဆုံးလေပြီးသော ရဲဘော်တို့ ၏ သစ္စာကို စောင့်သိ ရိုသေပါမည်။??
ငါတို့် သည် အထက်မှပေးအပ်သော အမိန့် နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။**
ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ၏တိုင်းပြည်အတွက် ငါ၏အသက်ကိုစွန့် လွှတ်ရန် အဓိဌာန် ပြုပါ၏။??
Work for peasant and country ,please.

Powered by Blogger.