မင်္ဂလာဒုံရဲစခန်းရဲ့မော်တော်ဆိုင်ကယ်များကိုမတရားဖမ်းဆီနေမှု

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ မင်္ဂလာဒုံရဲစခန်းက ရဲတပ်ဖွဲ့ဝင်များဟာမင်္ဂလာဒုံမြို့နယ်အတွင်းမှာရှိတဲ့ တရားမ၀င် မော်တော်ဆိုင်ကယ်တွေကိုမကြာခဏလှည့်လယ် ဖမ်းဆီးနေပါတယ်။

 အဲဒီလိုဖမ်းအရေးယူတဲ့အခါမှာ လည်း မော်တော်ဆိုင်ကယ်များစီနင်းသွားလာတဲ့
အခါမှာ စနစ်တကျ တားဆီးပြီး စစ်ဆေး ဖမ်းဆီးတာမျိုးမဟုတ်ဘဲ ရှောင်တခင်
ရပ်ကွက်အတွင်းရှိ  လမ်းကျိုလမ်းကြားများ အထိမော်တော်ကားတစ်စီးဖြင့်
ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်နေကြပါတယ်၊ ယာဉ် စည်းကမ်းဥပဒေအရ
ယာဉ်စည်းကမ်းဖေါက်ဖျက် ကျူးလွန်မှုကို ငွေဒဏ်နှင့် ထောင်ဒဏ်သာကြား
ဖူးပါတယ်။

 ယခုအခါမှာတော့ အဲလိုမဟုတ်ဘဲ မော်တော်ဆိုင် ကယ်စီးနင်းသူများကို
မောင်းလာစဉ်  ရှေ့ကနေ မျက်နှာကို ဖြတ်ရိုက်ပြီး ဆိုင်ကယ်လဲပြီဆိုမှ ဆိုင်ကယ်ကို
သိမ်းဆီးဖမ်းကြတာပါ၊ အဆိုပါမြို့နယ်အတွင်း မှာရှိကြတဲ့ ဒေသခံလူငယ်တွေဟာ
အလုပ်အကိုင်ရှားပါးမှုနဲ့ မိသားစုဝင်ငွေ မျှတစေဖို့အတွက် မော်တော်ဆိုင်ကယ်
တစ်စီးကို သုံးသိန်းခွဲမှ ငါးသိန်းခွဲ ခြောက်သိန်းအထိရင်းနှီးကာရပ်ကွက်အတွင်းခရီး
သည်တင်ယာဉ်လိုင်းများမရောက်သည့်နေရာများကို ခရီးတိုအဖြစ် ငွေကျပ်နှစ်ရာ
သုံးရာကျပ် တို့နဲ့နေ့စဉ်  လုပ်ကိုင်ရှာဖွေစားသောက်နေကြသူများဖြစ်ပါတယ်။

တချို့လူငယ်တွေမတည်ရင်းနှီးစရာမရှိတာကြောင့် ရှိတဲ့ မြေဂရံ၊ အိမ်ဂရံ လေးတွေကို
အတိုးနဲ့ ပေါင်နှံ ပြီးမှမော်တော်ဆိုင်ကယ်တစ်စီး ၀ယ်ယူကာ မိသားစုစားဝတ်နေရေးကို
 ဖြေရှင်း  နေကြရတာပါ၊နိုင်ငံတော်အကြီးအကဲများကလည်း  ဆင်းရဲမွဲတေမှုလျော့ကျ
 ရေး ဆိုတဲ့အစီအမံများကိုဆောင်ရွက်လုပ်ကိုင်နေကြသလို၊သန့်ရှင်းတဲ့အစိုးရကောင်း
မွန်တဲ့အုပ်ချုပ်မှု ဆိုတဲ့ မှုဝါဒတွေကိုလည်း ချမှတ်ဆောင်ရွက်နေတာကလည်း အရှင်း
သားဖြစ်ပါတယ်။

ဒါပေမယ့် အပေါ်ကဘယ်လောက်အထိ ကောင်းအောင် လုပ်နေပါစေအောက်ချေ
အကျင့်ပျက်ဝန်ထမ်းများရဲ့ အကျင့်ပျက်ချစားမှုများ ရှိနေသရွေ့နိုင်ငံတော်အကြီးအက
ဲများရဲ့ ရည်မှန်းချက်ဟာ အကောင်အထည် ပေါ်လာနှိုင်စရာမရှိဘူးဆိုတာကိုလည်း
 ရဲရဲကြီးပြောရဲပါတယ်။

 အခုဆိုရင် လည်း နိုင်ငံ့ဝန်ထမ်းများကို အဲဒီလို အဂဓိလိုက်စားမှုမျိုးတွေ မရှိအောင်
လစာဝင် ငွေတွေကအစတိုးမြှင့်ပေးထားတာကလည်းပြည်သူအားလုံးအသိဖြစ်ပါတယ်။

လွန်ခဲ့တဲ့လထဲကဆိုရင် မင်္ဂလာဒုံအမှတ်(၃)လမ်းဆုံကနေ အမျိုးသမီးငယ်တစ်ဦးဟာ
 စမ်းကြီးဝရပ်ကွက်ကိုပြန်ဖို့ မော်တော်ဆိုင်ကယ် တက္ကစီကိုငှားစီ လာရာ  ခရေပင်
ရိပ်မွန်ရှေ့ရှိ(၄၃)အထူးကားကြီးဂိတ်အနီးကနေ ဖမ်းဆီးတဲ့သူတွေက မော်တော်
ဆိုင်ကယ်အရှိန်နဲ့စီးလာစဉ်မှာ ကားကြီးအကွယ်မှ ရုတ်တရက်ထွက်ပြီး ဆိုင်ကယ်
 မောင်းလာသူ လူငယ်ကို မျက်နှာအားဖြတ်ရိုက်လိုက်တာကြောင့် ဆိုင်ကယ်
 ဟာအရှိန်ပြင်းစွာနဲ့ မှောက်သွားပြီး ငှားစီးလာတဲ့ အမျိုးသမီးငယ်မှာ ၀ဲဘက် တင်ပါးနဲ့
မျက်နှာများမှာ ဒဏ်ရာများပြင်းထန်စွာရရှိတဲ့အပြင် ၀ဲဘက်လက် ကျိုးသွား
ကာဆိုင်ကယ်မောင်းနှင်လာသူလူငယ်မှာလည်း ဦးခေါင်းပေါက်ပြဲကာ တတောင် ဆစ်များမှာပွန်းပဲ့ဒဏ်ရာများပြင်းထန်စွာရရှိသွားခဲ့တယ်လို့သိရပါတယ်။

ယခုလိုစည်းကမ်းမဲ့ဥပဒေမဲ့ဖမ်းဆီးတာမျိုးဟာ အင်မတန်မှ အန္တရာယ်ကြီးမားနေပြီးတော့
 မတော်လို့ မော်တော်ယာဉ်များမောင်းနှင်လာစဉ် အလားတူဖြစ်ရပ်မျိုးများ ဖြစ်ပွားခဲ့ပါက
 အသက်ပါဆုံးရှုံးသွားနှိုင်ပါတယ်၊ ဖမ်းဆီးထားတဲ့ မော်တော်ဆိုင်ကယ် များကိုလည်း
မည်သည့်နေရာကိုပို့တယ်ဆိုတာကိုမသိရဘဲ မင်္ဂလာဒုံမြို့နယ် ရဲစခန်း အတွင်းမှာ
နှစ်ပရိတ်ဆေဒကြာမြင့်စွာ ဖမ်းဆီးထားတဲ့ ဆိုင်ကယ်များရှိနေပြီး ဆိုင်ကယ်များရဲ့မီးလုံး
များ၊ဘယ်ထရီအိုးများ၊ဒူးကာများ၊ တချို့သော မော်တော် ဆိုင်ကယ်များမှာ
အင်ဂျင်ပင်မရှိတော့တာတွေလည်းရှိပါတယ်။

ယခုလက်ရှိမင်္ဂလာဒုံရဲစခန်းအတွင်းမှာဖမ်းဆီးထိန်းသိမ်းထားတဲ့မော်တော်ဆိုင်ကယ်
ပေါင်းထောင်ချီရှိနေပြီးရင်းနှီးမြှုပ်နှံရှာဖွေလုပ်ကိုင်သူများရဲ့ပစ္စည်းများကိုနိုင်ငံတော်
ဘဏ္ဍာအဖြစ်ထားရှိမယ်ဆိုရင်တောင်ဖြေသာပေမယ့်နေ့စဉ်ဖမ်းဆီးထားတဲ့မော်တော်
ဆိုင်ကယ်များကိုရဲစခန်းအတွင်းပြစ်စလတ်ခတ်ထားရှိထားတာကိုတွေ့ရခြင်းအားဖြင့်
အလွန်တရာမှစိတ်ပျက်မိပါတယ်။

ဒါဟာနိုင်ငံတော်အကြီးများရဲ့မူဝါဒလားဒါမှမဟုတ်အောက်ချေမမာသူဝန်ထမ်းတွေ
ရဲ့ပြည်သူတွေအပေါ်မတရားနိုင်လိုမင်းထက်ပြုလုပ်ထားတာလားဆိုတာကိုတာဝန်ရှိ
သူများသိရှိနှိုင်ဖို့ တင်ပြလိုက်ရပါတယ်။

ပေါက်ကျိုင်း
Myanmar News Now
မင်္ဂလာဒုံရဲစခန်းရဲ့မော်တော်ဆိုင်ကယ်များကိုမတရားဖမ်းဆီနေမှု မင်္ဂလာဒုံရဲစခန်းရဲ့မော်တော်ဆိုင်ကယ်များကိုမတရားဖမ်းဆီနေမှု Reviewed by သစ်ထူးလွင် on 16:39 Rating: 5

18 comments:

Nay Nwaye said...

တစ်သိန်းပေးရင်ပြန်ရွေးလို့ရတယ်ဆိုတာ အသိပေးပါရစေ ကျွန်တော်တောင် နှစ်ခါရှိပြီရွေးရတာ ဘယ်အိတ်ကပ်ထဲထည့်တယ်ဆိုတော့မသိပါ

Naing Lin said...

ကိုသစ်ရေ ကြုံလို့ပြောရအုံးမယ်ဗျ..ကျွန်တော်နယ်ပြန်တုန်းက မင်းဘူးမှာ
ယာဉ်ထိန်းတွေက ဆိုင်ကယ်တွေကိုဖမ်းတယ်ဗျ...သူတို့ကတော့ဥပါဒေနဲ့ပေါ
ဗျာ ဒါပေမဲ့ အဲဥပဒေ ကို ကျွန်တော်အပါအ၀င် ပြည်သူတွေလဲသိမယ်မထင်ပါ
ဘူး။ကျွန်တော့ကိုဆိုင်ကယ်ဖမ်းတော့ သူတို့က ဆိုင်ကယ်သော့ယူထားပြီး ၀ီတတ်ပါလားမေးတယ်ဗျာ ကျွန်တော်ကလဲနယ်ပြန်ခါစဆိုတော့ မမေးမိဘူးပေါ့
အဲဒါနဲ့မသိဘူးလို့ပြောတော့ရပြီတဲ့ ဒါနဲ့ စာရွက်ကလေးရေးပေးလိုက်တယ်
ဗျ အဲဒါနဲ့ယာဉ်ထိန်းရုံးကိုခေါ်ပြီးခဏစောင့်ခိုင်းတယ် နောက်တော့စလှစ်ထွက်
လာတယ်ဗျ 6000ကျတယ်တဲ့ ဘာလို့လဲဆိုတော့အမှုက 4မှု့တဲ့ ဘာတွေလဲဆိုတော့ 1။ဝီးတတ်ပါတာက 2။ဦးထုပ်မဆောင်တာ 3။ယာဉ်မောင်းလိုင်စင်မရှိတာ 4။ ထွက်ပြေုးလို့တဲ့ အဲဒါနဲ့ကျွန်တော်က
လျော့ပါအုံးဆိုတော့ 1000လျောတယ်ဗျ 5000ပေးခဲ့ရတယ်။ကျွန်တော့က
ပေးရလို့ပြောတာမဟုတ်ပါဘူး။ဦးပါဒေအတိုင်းလုပ်တယ်ဆိုရင် ဒီပိုက်ဆံတွေ
ဘယ်ရောက်ကုန်လဲရယ်။ အဖမ်းခံရတဲ့ဆိုင်ကယ်တွေကတော်တော်များတော့
အများသိအောင်ပြောပြတာပါ....

အမှန်တရား said...

ဆောင်းပါးရောအထက်က ကွန့်မန့်ေ၇ာ မှန်ကန်ပါသည်။ ကျွန်တော်မင်္ဂလာဒုံသားပါ။

Unknown said...

အခုရေးထားတဲ. မဂလာဒုံ ကိစ္စကအမှန်ဆိုတာ ကျွန်တော်ထောက်ခံပါတယ်။
ရဲတွေက အဲလို ခြောက်လှန်.စားသောက်ပြီး စီးပွားရှာနေတာပါ။
သူတို.က အထက်အရာရှိကို အဆင်.ဆင်.ပေးကမ်းထားတော. တိုင်လဲပြသာနာ နဲနဲပဲတက်တယ်လေ

Jamemin said...

ဲပြည်သူတွေဆီကဆိုင်ကယ်ပေါင်းများစွာကိုမတရားဖမ်းဆီး၊များလာရင်လေလံတင်ပြန်ရောင်း၊ ကောင်းလိုက်တာ ပြည်သူကို ကူညီပရစေတို.ရေ။ခင်ဗျားတို.လည်း mouth to anus ပါပဲဆိုတာ
သတိရအုံးနော်။

paukpauk said...

ဖမ်းတာတော့ သေချာမသိပေမဲ့ လိုင်စင်မရှိပဲ စည်းကမ်းပျက်မောင်းနှင်နေကြတာတော့ အမှန်ပါပဲ။

Ko Ko Oo said...

ရဲစခန်း ကဆိုင်ကယ်တွေကို ဖမ်းခဲ့ရင် သူတို့ရဲ့ဆိုင်ကယ်တွေကို စခန်းထဲမှာဝှက်ထားခဲ့ပြီးမှထွက်ဖမ်းတာပါ။ ဥပဒေ အတိုင်းဆိုရင် ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်းမှာ မည်သူမျှဆိုင်ကယ်စီးခွင့်မရှိပါ ရဲများစီးနေသောဆိုင်ကယ်များမှာ လိုင်စင်မဲ့ဖြစ်ပြီး ပြည်သူများဆီမှမတရားဖမ်းစီးထားသော ဆိုင်ကယ်များဖြစ်ပါသည်။

Anonymous said...

လုပ်စားကြတာများနေပြီ

Anonymous said...

လုပ်စားကြတာများနေပြီ

Golden Egg said...

Nay Nwaye တစ်ကယ်ပြန်ရွေးလို့ရရင် ဘယ်လိုေ၇ွးရလဲဆိုတာ တစ်ချက်လောက်ပြောပြနိုင်မလား ကျွန့်တော့ဆိုင်ကယ် သုံးစီး လှူထားတာရှိလို့ပါ.

mon lay said...

ဟာ သိပ်ဟုတ်တာပေါ့ဗျာ ကျွန်တော့်ဆိုင်ကယ်လဲပါသွားတယ်ဗျာ
ရခိုင်းကျောင်းမှတ်တိုင်မှာ pale အင်တာနက်ဆိုင်ကကျွန်တော့ရဲ့
YAMAHA(fino)အော်တိုဂီယာ ဗျာ ဆိုင်နောက်မှာ သေသေချာချာ
ဇက်သော့ခတ်ထားထားတယ်ကျွန်တော်နဲ့အတူသူငယ်ချင်းရဲ့လိုင်စင်ပါ
HONDA 125 လေးကိုပါ ပိုင်ရှင်မသိအောင်ကားပေါ်သယ်တင်နေတာဗျာ
စဉ်စားကြည့်ကြပါအုံး နေခင်းကြောင်တောင်ကြီးဆိုင်ကယ်ခိုးနေသလိုဖြစ်မနေဘူးလားသူငယ်ချင်းကသတိထားမိချိန်မှာကားပေါ်ရောက်နေပြီးလေ လှမ်းခေါ်တော့ စခန်းမှာလာရှင်းတဲ့ ၃ပတ်လောက်တောင်ကြာသွားပြီး
သူငယ်ချင်းရဲ့ဆိုင်ကယ်ကလိုင်စင်ရှိလို့ ၃လစောင့်ရင်ပြန်ရမယ်တဲ့
ကျွန်တော်ကတော့မျှော်လင့်ချက်မရှိဘူးတဲ့..ပြောချင်နေတာကြာခဲ့ပြီးဗျာ
ကိုသစ်ထူးကိုကျေးဇူးတင်လိုက်တာဗျာ..ရခိုင်ကျောင်းမှာမေးကြည့်နိုင်ပါတယ်ကျွန်တော့ဆိုင်ကယ်ပါသွားတဲ့ကြောင်း..သိချင်တာလေးကတော့ ဒီဆိုင်ကယ်တွေကိုပိုင်ရှင်ပြန်မပေးပဲပါလုပ်ဖို့ အပိုင်ယူလိုက်တာလဲ?ဆိုတာကိုပါပဲ...

မျိုးသန့် စင် said...

တရားဝင် ဓားပြတိုက် ထင်တိုင်းကို ကြဲနေတာတော့ ကြာပြီ....ခုမှပဲ တိုင်းသိ ပြည်သိ ကမ္ဘာသိ ဖြစ်တော့တယ် ......အကြောင်းတရားကိုတော့ သိသင့်သိထိုက်တဲ့ သူတွေ သိကြပြီ...အကျိုးတရား ဘာတွေ ရှိမလဲ စောင့်ကြည့်နေမယ် ....မင်္ဂလာဒုံက ဆိုက်ကယ်မောင်းပြီး မိသားစုတာဝန်ထမ်းနေကြသူတွေ အမြန်ဆုံး အဆင်ပြေကြပါစေ...."၀ါယာလက်သား"

kozay said...

ကဲကိုသိန်းစိန်ကြားတဲ့အတိုင်းပဲနော်..မြန်မာပြည်ကဥပဒေဆိုတာရှေ.တမျိုး
နောက်တမျိုးလား....ဥပဒေခိုင်မြဲဖို့အရင်လုပ်ပါဦး..

Unknown said...

ပြည်သူ့ရဲတွေရယ် လုပ်၇င်လဲ ဆင်ဆင်ခြင်ခြင်လုပ်ကြပါ...။
နိုင်ငံဝန်ထမ်းဖြစ်ပြီး အပြောခံရတာမကောင်းပါဘူး.....မှန်မှန်ကန်ကန်
လုပ်ကြပါ။ဆိုင်ကယ်စီးသူကိုရိုက်ပြီးဖမ်းတာ တကယ်လား။အန္တရယ်
အရမ်းများပါတယ် လူအသက်ပါသေနိုင်ပါတယ်။မန္တလေး ၇၈ မီးပွိုင့်မှာလဲ
မော်တော်ပီကယ်က ဦးထုပ်နဲ့ရိုက်ဖမ်းလို့ လူငယ်တွေအများစုက ပြန်ရိုက်
တော့်လဲ မော်တော်ပီကယ်တွေပြေးလိုက်ကြတာ ကြည့်မကောင်းပါဘူး။
စားသင့်သလောက်တော့စားပေါ့ဗျာ...ပြည်သူတွေစေတနာပျက်အောင်
တော့ မစားပါနဲ့ စားပိုးနင့်လိမ့်မယ်နော......။

yehuttin said...

လိုင်စင်မရှိမောင်းနှင်မူ၊ဆိုင်ကယ်ဦးထုပ်မဆောင်းမူလမ်းစည်းကမ်း
ဖောက်ဖျက်မူများအတွက်အရေးယူသင့်သော်လည်းရိုက်ပုတ်ခြင်း
ဆိုင်ကယ်သိမ်းဆည်းခြင်းများမပြုလုပ်သင့်ပါ။ဥပဒေမလိုက်နာသူ
များအား(၀န်ထမ်းများအပါအ၀င်)ထိရောက်စွာအရေးယူသင့်ပါသည်၊ဟန်ပြလုပ်ဆောင်မူမဟုတ်ဘဲအမှန်တကယ်ဥပဒေလိုက်နာဆောင်ရွှက်မူမျိုးပေါ့၊

hero said...

ရန်ကုန်မှာဆိုင်ကယ်ပြန်ပေးစိးသင့်ပြိဆိုတာအပေါ်ကကောင်တွေနားမလည်ဘူးလား

mad dog said...

ဟုတ်တယ်ဗျို့ ၇န်ကုန်မှာဆိုင်ကယ် ပြန်ပေးစီးသင့်ပါတယ်။ သွားေ၇းလာေ၇းေ၇ာ .. ဆီ စ၇ိတ်ကော သက်သာသွားမှာပါ။ ကဲ လွှတ်တော် အမတ် တွေလုပ်ကြပါအုံး။ အေးဒါပေမဲ့ ဖွတ်တွေ ပြန်စီးခွင့်ပေးမယ်ဆိုပြီးတော့ မဲလာမဆွယ်နဲ့ မပေးဘူး

zam said...

စိတ်ပျက်စရာကောင်းလိုက်တာဗျာ ... အကောက်ခွန်နဲ့လည်းမကင်းဘူးထင်တယ်... နောက်ပြီး သူတို့ကိုယ်တိုင်က ဥပဒေနဲ့ဆန့်ကျင်ပြီးလုပ်နေကြတာပဲ.. ကိုယ့်ဝမ်းဝပြီးရောကောင်တွေထင်ပါရဲ့ဗျာ ..

Powered by Blogger.