မသင်မနေရ မူလတန်း ပညာရေးဝန်ကြီးဌာန ကူညီမည်

ရန်ကုန်၊ ဧပြီ ၁၇
တစ်နိုင်ငံလုံးရှိ မူလတန်း ကျောင်းနေအရွယ်ကလေးများ ပညာဆည်းပူးနိုင် ရန်အတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဟု ပညာရေးဝန်ကြီး ဌာနမှ သိရသည်။
''အရင်တုန်းက တစ်ရာမှာ ရှစ်ဆယ် တက်တယ်။ အခုဆိုရင် လာမယ့်နှစ်မှာ ၈၅-၉ဝ လောက် တက်နိုင်အောင် ဆောင်ရွက်သွားမယ်''ဟု ဒုတိယဝန်ကြီး ဦးအေးကြူ က ပြောသည်။
၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်အတွင်း မသင်မနေရ မူလတန်းစနစ်ကို အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံးရှိ မူလတန်းအဆင့် ကျောင်းသား များအား ပြဋ္ဌာန်းစာအုပ်များအပြင်
ကျောင်းသုံး ဗလာစာအုပ်အခမဲ့ ထောက်ပံ့သွားမည်ဖြစ်ရာ မူလတန်း အဆင့် ကျောင်းနေကလေး တိုးတက်မြင့်မားရေး အတွက် ထိုထောက်ပံ့ ကူညီမှုများမှာ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ထပ်လောင်း ဆိုသည်။
''ဒါက မူလတန်းအဆင့်ပါ။ ကျောင်းနေကလေးတွေ တိုးဖို့လုပ်ပေးတာ မျိုး ဖြစ်တယ်။ နောက်ပြီးတော့ ဆင်းရဲနွမ်းပါးပြီး ကျောင်းမတက်နိုင်တဲ့ ကလေးတွေအတွက် ပညာရေးဝန်ကြီးဌာန ကနေပြီးတော့ လာမယ့်ပညာ သင်နှစ်မှာ ထောက်ပံ့ကြေးပေးဖို့လည်း ရှိတယ်''ဟု ၄င်းကဆိုသည်။
နိုင်ငံရှိ မူလတန်းကျောင်းနေအရွယ် ကလေးငယ်အချို့ စာသင်ခန်းပြင်ပ သို့ ရောက်ရှိကာ အလုပ်ခွင်ထဲသို့ ရောက်ရှိနေမှုအား ဆွဲထုတ်နိုင်မှ နိုင်ငံ၌ ပညာတတ် လူငယ်လူရွယ်များစွာ တိုးတက်နိုင်မည်ဟု မြန်မာ့ပညာရေး စောင့်ကြည့်လေ့လာသူ အချို့က သုံးသပ်ကြသည်။
''ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးငယ်တွေ စာသင်ခန်းမှာပဲ ရှိနေရမယ်။ အခု ဒီလိုမဟုတ်ဘဲ မြို့ကြီးတွေနဲ့ နယ်မြို့အချို့တွေမှာ စားပွဲထိုးလုပ်နေရတာ၊ အိမ်ဖော် လုပ်နေရ တာတွေကို တွေ့ရတယ်။ ဒါတွေ မြင်နေရတာ စိတ် မသက်သာဘူး။ နိုင်ငံအနေနဲ့ ဒါတွေကို ကူညီပေးသင့်တယ်။ ဆိုလိုတာကတော့ သူတို့တွေကို စာသင်ခန်းထဲထိ ရောက်အောင် ဆွဲခေါ်ပေး ရမယ်'' ဟု မြန်မာ့ပညာရေး စောင့်ကြည့်သူ တစ်ဦးကဆိုသည်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ အမျိုးသားစီမံကိန်း စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်တမ်း အရ နိုင်ငံ၌ မူလတန်း ပညာရေး ပြီးဆုံးမှုနှုန်း၊ မူလတန်း တက်ရောက်မှုနှုန်း မှာ ထွက်ပေါ်လာသည့် စာရင်းအရ အားရမှုမရှိဟု မြန်မာ့ပညာရေး လေ့လာ သူအချို့က ထောက်ပြသည်။


 Popular Myanmar News Journal
မသင်မနေရ မူလတန်း ပညာရေးဝန်ကြီးဌာန ကူညီမည် မသင်မနေရ မူလတန်း ပညာရေးဝန်ကြီးဌာန ကူညီမည် Reviewed by သစ်ထူးလွင် on 15:56 Rating: 5

9 comments:

Anonymous said...

အဖြစ်သင့်ဆုံးလုပ်ရပ်ပါ။
စီးပွါးရေးကြပ်တည်းလို့ကျောင်းမပို့နိုင်တဲ့ခလေးတွေ
အများကြီး။ကျောင်းမှာပိုက်ဆံတောင်းတာကတော့
ကျောင်းတိုင်းလိုလို..
စစ်ဆေးရေးလာရင်အလကားလုပ်ပေးသယောင်
မိဘတွေကိုဟန်ဆောင်ခိုင်းတယ်။
တကယ်တော့လူကြီးမလာခင်ရက်ကတည်းကလက်ခံ
ပြီးပြီ။ငွေနဲ့အတူကျောင်းဖတ်စာစာအုပ်ဖိုးပါ။
လူကြီးလာပြီဆိုကြိုတင်ပြင်ဆင်ထားတယ်။
လူကြီးလာမယ်ဆိုကြိုမပြောနဲ့။

Anonymous said...

လှိုင်မြို.နယ်မှာတော. အထက ၄ ကျောင်းရှိတာ အ.ထ.က (၂) ကအကောင်းဆုံး ပါ၊ ကိုယ်.ကလေး TTC , ဒဂုံ (၁) တို.မှထားဖို.မှ မတတ်နိုင်တာ ၊ လှိုင် အထက(၂) တော.ရအောင်ထား တာ ၊ ........ ၀င်ခွင်.ရဖို.က (၁)သိန်း ၊ ၀င်ခွင်.ရပြီးတော. နှစ်စဉ်ကြေး ကျောင်း၇ံပုံငွေက ၂၀၀၀၀/(အဆင်းရဲဆုံးအဆင်.)၊ ပြီးရင် စာဘယ်လောက် တော် တော် C ခန်း နဲ. D ခန်းသွား ၊ ၇ံပုံငွေ ၅သောင်း အထက်ထည်.သူ၊ သိန်း ဂဏန်းထည်.သူ၊ A ခန်းမှာစာသင် ၊ ၊ ဒီနှစ်လည်းအောင်စာရင်းထွက်ပြီးပြီ ၊ အလှုငွေ နဲ.အခန်းခွဲမယ်တဲ. ၊သမတကြီး ၇ဲ.ပြုပြင်ပြောင်းလဲေ၇းကအောက်ခြေဘယ်တော.ေ၇ာက်မှာပါလဲ ?

the` maung said...

ကူညီ၇မှာမဟုတ်ဘူး အဲ့ဒါပညာေ၇းဝန်ကြီးတာဝန်ပဲလေ

Anonymous said...

အခု ကျောင်းဖွင့်အမှီ ကျောင်းဝင်ခွင့် ငွေကောက်ခံတာတွေ သေချာထိန်းပေးစေချင်တယ် အခန်းခွဲတာတွေကလည်း ကလေးတွေ ပညာအဆင့်အတန်း အမှန်အကန်နဲ့ ပဲ ခွဲစေချင်တယ် . .
ဒါမှာ ပညာတော်တဲ့ခလေးတွေကို ပိုတော်အောင် ကျောင်းဂုဏ်ဆောင်အဆင့်ထိ လုပ်ပေးမယ် . . အညံ့ခန်းက ခလေးတွေကိုလဲ ပိုပြီး ဖိဖိစိစိနဲ့ ထပ်လုပ်ပေးမယ် ဆိုရင် တော့ အကောင်းဆုံးပါ
ဒါတွေကို သေချာလုပ်ပေးစေချင်ပါတယ် . .

Sam said...

တခြားကျောင်းတွေမှာလည်း တရားဝင်စံနစ်ပြင်ပက တရားမ၀င်းစံနစ်တကျ ငွေကြေးကောက်ခံတာတွေလည်း စီစစ်ပေးသင့်ပါတယ်။ ကျွန်တော်တို့လိုဘာသာခြား သားသမီးတွေအတွက် စိတ်အနောင့်အရှက် ဖြစ်ရတာကတော့ ဘုရားပန်းကြေးထည့်ရတဲ့ ကိစ်စပဲ။ အထူးသဖြင့် ဖန်ဆင်းရှင် ကိုးကွယ်တဲ့ ခရစ်ယာန်နဲ့ မွစ်စလင် ဘာသာမှာက အဲဒါဟာ အပြစ်ကြီးပဲဗျ။ အလှူအဒါန်းကတော့ ဘယ်ဘာသာတရားမှာမဆိုရှိကြပါတယ်။ စေတနာသဒါတရားနဲ့လှူမှ အလှူမြောက်တယ်လို့နားလည်တယ်။ အခုက ဆရာမတွေက သူ့အတန်းကိုယ့်အတန်း အပြိုင်အဆိုင် ဘုရားပန်းထိုးပြိုင်ကြတာ အရမ်းရှက်ဖို့ကောင်းတယ်ဗျာ။ ကျွန်တော်တို့ပြင်ဦးလွင်က ပန်းမြို့တော်ပဲ။ အတန်းတိုင်းမှာ အခန်းတိုင်းမှာလဲ ဗုဒ်ဓ( ပါတ်ဆင့်မရေးတတ်လို့ သီးခံပါ) ဘာသာဝင်တွေအများဆုံးပဲ။ စေတနာနဲ့လှူကြရင်ပဲ နေ့တိုင်းခန်လုံးပြည့်ပန်းအိုးတွေ ဝေနေအောင်ထိုးလို့ရပါတယ်။
ပြီးတော့ အရမ်းပြောချင်တာတခုရှိသေးတယ်။ ပြင်ဦးလွင်က မီးပုံးပျံပွဲကိစ်စ။ပြိုင်ပွဲကလည်းဖြစ်တော့ ကျောင်းတွေ၊ ရုံးတွေ၊ ဌာနတွေတိုင်းက တလုံးစီ မလုပ်မနေရဆိုတော့။ အဲဒီမှာလည်း အတင်း မထည့်မနေရ ခွဲတမ်းချတော့ ဘာသာချြားတွေက အရမ်းခက်တယ်ဗျာ-
စဉ်းစားပေးကြပေါ့ဗျာ။

paing said...

ဖြစ်သင့်ပါတယ်ကျွန်တော်တို့နိုင်ငံမှာပညာတတ်တွေများတော့သိပ်ကောင်းတာပေါ့ကလေးတွေကိုပရဟိတစိတ်ကလေးတွေပါသင်ပေးရင်ပိုကောင်းပါတယ်ပရဟိစိတ်မရှိရင်ငါဖို့ငါအတွက်ပဲလုပ်နေကြမှာပါ

Youngnioo said...

ထောက်ပံတာက စာအုပ်၊စာရေးကြိယာစသည်ဖြစ်တယ်။အစပိုင်း
ကာလမှာဆိုတော့ နောင်မှာ အားကစားဆိုင်ရာပစ္စည်းလိုမျိုး၊
သင်ထောက်ကူပစ္စည်းလိုမျိုး၊မူလတန်းအရွယ်ဖတ်စာအုပ်မျိုးတွေတခြားကျောင်းမရှိတဲ့အရပ်တွေမှာဆရာ ဆရာမလစာမျိုးတွေ ထောက်ပံနိုင်လာပါစေ။ကျောင်းဆောက်ပြီးအဆင့်တိုးမြင့်ခွင့်တွေကိုလည်းလွယ်လွယ်ကူကူပေးလာနိုင်ပါစေ လို့ ဆုတောင်းရင်း ကြိုဆိုပါတယ်။သက်ဆိုင်ရာနယ်က လွှတ်တက်အမတ်စေတနာနဲ့ပေးတယ်ဆိုတာမျိုးတွေကြားရ
တော့ ပညာရေးရဲစေတနာကိုလူ့ယူသွားကြတာလည်းတိုင်လိုက် ပါရစေ။

phoesein07 said...

ပညာရေးဌာနကကူညီမည်?????
နာမည်ကောင်းကို ကြံဖန်ဝင်ယူတတ်ပကောလား . .
ဝန်ကြီးဌာနက မျက်နှာလွှဲထားလို့ မလွှဲနိုင်တဲ့သုတွေက ကိုယ်ထူကိုယ်ထကျောင်းတွေ ကြိုးစားလုပ်နေရတာကို . . ကိုယ့်ဌာနတာဝန်ကိုယ်လုပ်တာတောင်ကူညီတယ်ဖြစ်ရသေးတယ် . . . ပြည်သူဆီကအခွန်ကောက်ပြီး ပြည်သူ့ပိုက်ဆံကို သူဆို့အိတ်ထဲကစိုက်ရတဲ့လေသံ လာပြောနေသေး . . . အံ့ရော . .

pyaponthu said...

ကလေးတွေပညာရေးထောက်ပံ့မှု့အပြင်မိဘတွေရဲ့အလုပ်အကိုင်ကိုပါကူညီ၇င်ရေရှည်ကလေးပညာသင်နိုင်မှာပါ၊

Powered by Blogger.