နယ်စပ်ဘုရားသုံးဆူ ကားလမ်းပေါ် ဗမာ့တပ်မတော်မှ အခမဲ့ဆေးကုခန်းဖွင့်

ဘုရားသုံးဆူ
ဘုရားသုံးဆူမြို့နယ် အနန်းကွင်းကျေးရွာတွင် ဗျုဟာမှုး ဗိုလ်မှုကြီး အောင်နိုင်ဦးက ဦးစီးပြီး ခရီးသွားပြည် သူများအတွက် အခမဲ့ဆေးကုခန်းကို ပြီးခဲ့သည့် ရက်သတ္တပါတ်က ဖွင့်လှစ်ပေးခဲ့သည်။
လမ်းခရီးကြမ်းတမ်းသဖြင့် ခရီးသွားနေစဉ်တွင်း ဒါဏ်ရာရရှိသူများ၊ မူးမော၍ မကျန်းမမာဖြစ်နေသည့် ခရီးသွားများကို အချိန်မှီကုသပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် အခမဲ့ဆေးကုခန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဗျုဟာမှုး၏အဆိုကို စစ်ဘက်ဆိုင်ရာ ဆေးဝန်ထမ်း ဆရာဇေယျာလွင်က ပြောသည်။

ခရီးသွားဧည့်သည်များ ခရီးလမ်းအတွင်း ဆေးကုသမှုကြုံလာပါက အချိန်မှီကုပေးနိုင်ခဲ့သည်ဟု ဆရာ ဇေယျာလွင် က ပြောသည်။

“ခရီးသွားနေတဲ့သူတွေ ထိမိရှမိလို့ ဒါဏ်ရာ ရသွားတဲ့သူတွေ၊ ခေါင်းမူးခေါင်းကိုက်တာတွေ၊ ကျနော်တို့က တတ်နိုင်သလောက် အခမဲ့ ကုပေးပါတယ်” ဟု ဆရာ ဇေယျာလွင်က ပြောသည်။

အနန်းကွင်းကျေးရွာသည် သံဖြူဇရပ်မြို့မှ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ သွားသည့် ကားလမ်းမပေါ် တွင်ရှိသည်။

ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန်အတွက် သံဖြူဇရပ်မြို့မှလာသည့် ခရီးသွားတစ်ဦးက ဒါဏ်ရာအပြင်းအထန်ရရှိရာ ၄င်းဆရာဇေယျာလွင်မှ အချိန်မှီ ခွဲစိတ်ကုသပေးခဲ့သည်ဟု ဆေးခန်းအနီးရှိ ဈေးဆိုင်ခန်းပိုင်ရှင်က ပြောသည်။

လက်ရှိ အနန်းကွင်းကျေးရွာတွင် မြန်မာစစ်တပ်မှ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) လက်အောက်ခံ နည်းဗျူဟာ (၁) မှ အလှည့်ကျရှေ့တန်းစစ်ဗျူဟာရုံး အခြေစိုက်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ရ ရက်နေ့ ပြာသိုလပြည့်နေ့တွင် အနန်းကွင်းရွာ ဘုရားပွဲတော်ကျင်းပနေစဉ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး (၅၁) ဦး ထိခိုက်ဒဏ်ရာရရှိကာ ၄ ဦး သေဆုံးသွားခဲ့သည်။

သံဖြူဇရပ်မြို့ - အနန်းကွင်း - ဘုရားသုံးဆူမြို့ ကားလမ်းမတလျှောက်၏ သုံးပုံ နှစ်ပုံခန့်ကို ကေအဲန်ယူ တပ်မဟာ (၆) မှ ထိန်းချုပ်ထားသည့် နယ်မြေဖြစ်သည်။

  မွန်အေဂျင်စီ
နယ်စပ်ဘုရားသုံးဆူ ကားလမ်းပေါ် ဗမာ့တပ်မတော်မှ အခမဲ့ဆေးကုခန်းဖွင့် နယ်စပ်ဘုရားသုံးဆူ ကားလမ်းပေါ် ဗမာ့တပ်မတော်မှ အခမဲ့ဆေးကုခန်းဖွင့် Reviewed by သစ်ထူးလွင် on 15:52 Rating: 5

23 comments:

zzmyoe said...

ကောင်းတာလုပ်တာ ဂုဏ်ပြုပါတယ်၊စစ်သားကောင်းတွေပါဘဲ.....

supergunner said...

ဲပြည်သူတပ်မတော်ဖြစ်အောင်ယခုလိုကြံဆောင်ပေးတဲ့ ကာနယ်ကြီး
ဗျူဟာမှူးဗမက အောင်နိုင်ဦးအားလေးစားစွာဖြင့် ချီူးကျူးလိုက်ပါသည်။
နောက်လည်းယခုလိုပြည်သူအကျိုးကိုသယ်ပိုးနိုင်ပါစေခင်ဗျား............
ကုသိုလ်ကအကျိုးပေးပါလိမ့်မယ်...လက်အောက်ငယ်သားတွေလည်း..
ကျန်းမာချမ်းသာပါစေကြောင်း..ဆုတောင်းပေးလိုက်ရပါသည်..
ကောင်းလင့်တေး...ကောင်းလင့်တေး...

Shwe Mg said...

ဟာ...ဒီလို မင်္ဂလာအချိန်မှာ...ဒီလိုမင်္ဂလာသတင်းတွေ ပြည်သူ့အတွက် တပ်မတော်သားတွေက တက်စွမ်းသလောက်ကူညီတယ်ဆိုတာ ကြားတော့...အရမ်းပီတိဖြစ်မိပါတယ်ဗျာ....ကျွန်တော်တို့အားလုံးက ဒီနိုင်ငံမှာမွေးတဲ့...မြန်မာလူမျိုး သွေးချင်းတွေပဲဗျာ...တို့နိုင်ငံကြီး အမြန်ဆုံး ခေတ်မှီတိုးတက်ဖို့...စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ တပ်မတော်တစ်ရပ်လည်း လိုအပ်ပါတယ်...ဘာပဲဖြစ်ဖြစ် ပြည်သူ့ အကျိုးအတွက် ဗျူဟာမှုး ဗိုလ်မှုးကြီး အောင်နိုင်ဦးနှင့် အဖွဲ့ကိုလည်း...ကျေးဇူးတင်ပါတယ်...ဗျာ...

အရှိအတိုင်း said...

ဆေးခန်းဖွင့်တာကောင်းပါတယ်....ဒါအပြင် ဂိတ်ကြေးမကောက်ရင် ပိုကောင်းမှာပါ...........

Killer said...

နိုင်ငံရေးမပါပဲ အစစ်အမှန်လုပ်ရင် ဘယ်အချိန်မဆို ကျွန်တော်တို့က အားပေးပါတယ်.. လေးစားပါတယ်ဗျာ...

မောင်ငွေ said...

သည်လိုနည်းနဲ့ ကိုယ့်စေတနာ(မြန်မာ့တပ်မတော်ကြီးရဲ့ စေတနာ) ကိုပြပြပေးနေရင် ပြည်သူမချစ်ဘဲ နေပါ့မလားဗျာ.။

Anonymous said...

ဝမ်းသာတယ်ဗျာ

Myanmar said...

သြော် သည်လိုမင်္ဂလာသတင်းတွေကြည့်သာဆို ၀မ်းအသာဆုံးက တပ်မတော်ဖခင် ဗိုလ်ချုပ်ဖြစ်မယ်ထင်ပါတယ်။ ။

တို့ခေတ် said...

ပြည်သူချစ်တဲ့ တပ်မတော် ပြန်လာမယ်ဆိုရင် အရမ်း နဲ့ကို ၀မ်းသာမိပါတယ်ဗျာ။ ကျွန်တော် တို့ ငယ်ငယ်တုန်းက ကျွန်တော်တို့ နယ်ဘက်မှာ တပ်မတော်သားတွေက စစ်ဦးထုပ် ခပ်နွမ်းနွမ်းလေး မြှောက်ပြလိုက်ရုံ နဲ့ တွေ့ တဲ့ ခရီးသည် တင်ကားက အခမဲ့ ခေါ်ယူပြီး ကားပေါ်က ခရီးသည်တွေက ပါလာတဲ့ မုန့်ပဲ သရေစာတွေ ကျွေးတာကို ကလေးဘ၀ က မြင်ဖူးတော့ တပ်မတော်သားဘ၀ကို အားကျမိတယ် ကြီးလာတော့ ပြည်သူ့ ချဉ်ဖတ်ဖြစ်နေတော့ တော်တော် စိတ်မကောင်းမိဘူး။ ကျွန်တော်တို့ချစ်တဲ့ တပ်မတော် ကျွန်တော်တို့ဆီ ပြန်လာပါလို့ ပြည်သူတစ်ယောက် အနေနဲ့ တောင်းဆိုလိုက်ပါတယ်။

purewhite said...

အမေစုပြောတဲ့ ပြည်သူကို ကာကွယ်တဲ့ တပ်မတော် ဖြစ်လာပါစေ။ တပ်မတော်ရဲ့ မျိုးချစ်သီချင်းတွေကြားရင် အရင်လို စိတ်ဓာတ်တက်ကြွပြီး တပ်မတော်သားတွေကို ချစ်တဲ့စိတ် လေးတွေ ပြန်ပေါ်လာပါရစေ၊ ပြည်သူကို ချစ်သောပြည်သူ့တပ်မတော် အဖြစ် ပြန်လည်ရပ်တည်နိုင်လာပါစေ။ တပ်နဲ့ပြည်သူတသားတည်းဖြစ်ပါရစေ။

pyaponthu said...

အဲ့သလို မင်္ဂလာ သတင်းမျိုးဘဲ ကြားခြင်ပါတယ်။ရှေးရှောက်တပ်မတော်သားများ ပြည်သူအကျိုးကိုပိုပြီးသယ်ပိုးပေးနိုင်ပါစေ။တူသော အကျိုးပေးပါစေ။

luck said...

ကောင်းပါတယ်ဗျာ.. ဘယ်သူဘဲဖြစ်ဖြစ်ပါ.. ပြည်သူလူထုအကျိုးကိုကြည့်ပြီး ပြည်သူ့အတွက် အလုပ်လုပ်တဲ့သူဆိုရင် ထောက်ခံပါတယ်.... ဗျူဟာမှူးကြီးလည်း ကျန်းမာပါစေဗျာ...

ဦးစားကြီး said...

သာဓုပါ

lotus said...

အလွန်မင်္ဂလာရှိသော သတင်းဖတ်ရတာ မို့ ၀မ်းသာပီတိဖြစ်မိပါသည်။။ ဒီလိုသာဆိုလျှင်အတိတ်က အရိပ်မည်းကိုခြေဖျက်ပြီး ပြည်သူချစ်သောတပ်မတော်၊ ပြည်သူချစ်သောစစ်သားများ ဖြစ်လာကြတော့မည်မို့ အတိုင်းမသိ ၀မ်းသာမိပါသည်။ ဗျုဟာမှူး ဗိုလ်မှူးကြီး အောင်နိုင်ဦးအား လေးစားဂုဏ်ယူမိပါသည်။

paukhlange said...

ဝမ်းသာစရာသတင်းလေးပါပဲ တစ်ချိန်ကတပ်မတော်လို ပြည်ချစ်သားတွေအဖြစ်ပြန်လည်တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

aungaung said...

တပ်မတော်ဆိုတာပြည်သူ့ ရင်ခွင်ကြားကပေါက်ဖွားလာတာပါ
ပြည်သူကိုကာကွယ်ရမယ်ဆိုတာအမှန်တရားလေ
ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်အောင်ဗျူဟာမှူးဗိုလ်မှူးကြီးအောင်နိုင်ဦးလိုလူများ များများပေါ်ပေါက်ပါစေ
တချို့ လည်းအမြင်မှန်မြန်မြန်၇ပါစေ

htay oo said...

တကယ်ကိုသတင်းကောင်းပါပဲ.... လေးစားပါတယ်....ငယ်ငယ်ကဆိုရင် .စစ်ဗိုလ်အရမ်းလုပ်ချင်တာပါ.....ရွာထဲမှာ ဆယ်တန်းအောင်ရင်ဘာလုပ်မလဲလို့ မေးတဲ့အချိန်တိုင်...အဖြေကတစ်ခုတည်းပါ......စစ်ဗိုလ်ကြီးလုပ်မယ်လို့ပြောခဲ့တာပါ.... တကယ်လည်းအောင်ရော စစ်ဗိုလ်လုပ်ဖို့မပြောနဲ့ အသံကြားရင်တောင် ထမင်းစားမဝင်အောင် စိတ်နာနေခဲ့တာပါ....ဘာပဲဖြစ်ဖြစ် ပြည်သူတွေအတွက် တမ်မတော်သားကောင်းတွေကိုမြင်ရတော့ ဝမ်းသာပြီး မျက်ရည်လည်မိပါတယ်..... တစ်ဘဝလုံးမက်ခဲ့ရတဲ့ အိမ်မက်လေး မက်ခွင့် မရတော့ပေမဲ့ ....တကယ်အားပေးဂုဏ်ယူပါတယ်

ဂေါက်သီး said...

မင်္ဂလာ ရှိတဲ့ စစ်တပ် သတင်းပါပဲဗျာ
ဂုဏ်ယူပါတယ် ဗိုလ်မှူးရေ...
ကျေးဇူးလဲ အများကြီးတင်ပါတယ်...။
ပြည်သူတွေဟာ စစ်တပ်ကပေးတဲ့ မေတ္တာ ငတ်နေတာ ကြာလှပါပီဗျာ..

ko htat said...

ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုးကိုချစ်တဲ့သူတွေတပ်
မတော်ထဲမှာလဲ၇ှိနေမှာပါဘဲ၊အခွင့်ေ၇းမပေးလို့ငြိမ်
နေကြတာဖြစ်မယ်၊ပြည်သူ့တပ်မတော်ပဲဖြစ်စေချင်
တယ် အာဏာ၇ှင်၇ဲ့တပ်မတော်တော့မဖြစ်စေချင်
ဘူး ခုလိုလုပ်၇ပ်ကပထမအကြိမ်ကြား၇တဲ့မင်္ဂလာ
သတင်းပါဘဲ၊နောက်ထပ်လဲများများကူညီနိုင်ပါစေ

iban said...

ကျွန်တော်တို့ ငယ်ငယ်တုန်းက ရှေ့တန်းပြန် တပ်မတော်သားတွေ ကြိုကြတဲ့အခါ တာဝန်အရမဟုတ်ပါဘူး။ စိတ်ထဲကကို အမှန်တကယ် လှိုက်လှဲစွာ၊ ကြည်ညိုစွာ လေးစားအားကျခဲ့တာပါ။ သူတို့ရဲ့ စစ်သီချင်းသံတွေကြားရင် စိတ်ဓာတ်တွေ တက်ကြွပြီး ဇာတိသွေးစိတ်တွေ တဖွားဖွား ဖြစ်ခဲ့ဖူးတာပါ။ ဒီနေ့ခေတ် ရောက်လာတော့ စစ်သားလို့ ကြားလိုက်တာနဲ့တင် စိတ်ထဲမှာ အကြည်ဓာတ်ပျက်ချင်သလိုလို ဖြစ်ခဲ့ရတယ်။ စစ်သီချင်းသံကြားရင်.. အဖွဲ့အားကိုးနဲ့ ပြည်သူကို နှိပ်စက်ဖို့ ညီညွတ်နေကြတယ်လို့ ထင်မိတယ်။ လူတစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုကိုပဲ စောင့်ရှောက်ဖို့ ညီညွတ်ပြနေတယ်လို့ ထင်မိတယ်။ အဲဒါ စိတ်ထဲမှာ တကယ်ဖြစ်လာတဲ့ အဖြစ်မှန်ကို ပြောတာပါ။ အရွဲ့တိုက်ပြောတာ မဟုတ်ပါဘူး။
ဒါက အစွန်းတစ်ဖက်ပါ။ တစ်ဖက်ကလည်း ၂၀၁၁ ဇူလိုင်လထဲမှာ ကေအိုင်အိုနဲ့ ရှေ့တန်းကပြန်လာတဲ့ တပ်စိတ်တစ်စိတ် ဖြစ်ကြတဲ့ တိုက်ပွဲမှာ အရာရှိစစ်သည်အပါအ၀င် အကြပ်တပ်သားတွေ ကျဆုံးနေကြတာ..စစ်ဗိုလ်တစ်ဦးအပါအ၀င် တပ်သားလေးတွေ စစ်သုံပန်းအဖြစ် အဖမ်းခံနေရတာ၊ စစ်ပမ်းတဲ့ ဒဏ်တွေနဲ့ အလွန် ကြောက်လန့်စွာ အစစ်ဆေးခံနေရတာ တွေကို အင်တာနက်မှာ မြင်လိုက်တွေ့လိုက်ရတော့လည်း ရင်ထဲမှာ မချိအောင် ခံစားရတယ်။ တကယ့် ရှေ့တန်းရောက် တပ်မတော်သားတွေရဲ့ ဘ၀ကို စာနာသနားမိပြန်တယ်။ ကိုယ့်တိုင်းရင်းသား အချင်းချင်း သတ်ဖြတ်နေကြတဲ့ အိမ်တွင်းတိုက်ပွဲတွေကို ရွံမုန်းမိတယ်။ စစ် ဆိုတဲ့အရာကို ခါးသီးစက်ဆုပ်မိတယ်။ ကျဆုံးသွားတဲ့ စစ်သားတစ်ယောက်ရဲ့ အိပ်ကပ်ထဲက ရတဲ့ အဖေနဲ့အမေ ရွာဦးဆရာတော်ဓာတ်ပုံ တွေကို ပြထားတာ မြင်ရတော့လည်း ကိုယ်ချင်းစာစိတ်နဲ့ ငိုချင်သလိုလိုတောင် ဖြစ်ရတယ်။
ကာနယ်အောင်နိုင်ဦးတို့လို တပ်မတော်သား၊ စစ်သားတွေက မေတ္တာတရားကို ရှေ့ထားပြီး အများပြည်သူအတွက် စိတ်ပါ၊ လက်ပါ လုပ်ကိုင်နေတယ်ဆိုတာ သိရ၊ ကြားရတော့လည်း ၀မ်းသာ ကြည်ညိုဖြစ်ရပါတယ်။ ဒီလို စိတ်သဘောထား မြင့်မြတ်ကြသူတွေ၊ မေတ္တာတရားကြီးမားကြသူတွေ အရေအတွက် များလာတဲ့တစ်နေ့ တပ်မတော်ဟာလည်း ပြည်သူချစ်တဲ့၊ ပြည်သူကြည်ညိုတဲ့ ဂုဏ်ယူအားကျရတဲ့ တပ်မတော်ဖြစ်လာမှာပါပဲ။ သေနတ်နဲ့ချိန်ပြီး ငါ့ကို ကြည်ညိုရမယ်၊ လေးစားရမယ်၊ ချစ်ရမယ် လို့.. လုပ်လို့မရနိုင်ပါဘူး။
ဗိုလ်မှူးကြီးအောင်နိုင်ဦးတွေ အများကြီး မြင်ချင်မိပါတယ်။
ကိုယ်ကျိုးရှာ အတ္တအစွန်းရောက် အထက်ဖားအောက်ဖိ တိုင်းပြည်အပေါ် တစက်ကလေးမှ စေတနာမရှိပဲ ကိုယ်ကျိုးသက်သက်ကြည့်တတ်ကြတဲ့ အပြောနဲ့အလုပ် တခြားစီဖြစ်နေသူတွေကိုတော့ တပ်မတော်နဲ့ပြည်သူကို ဝေးသထက်ဝေးအောင် တွန်းပို့နေသူတွေလို့ မြင်တယ်။

Anonymous said...

စစ်တပ်က ဗျူးဟာမှူးကြီး တစ်ယောက်က အခုလို လူမှု့ ရေးစိတ်ဓါတ်ရှိတဲ့ အလုပ်တွေကို ဘာမျှော်လင့်ချက်မှ မထားပဲ ပြည်သူ့ အကျိုးကို ရှေ့ ရူပြီး ကိုယ့်အသိစိတ်နဲ့ စွမ်းဆောင်ပေးနေတာကို ကြားရတော့ အတိုင်းမသိ ၀မ်းမြောက်မိပါတယ် . . မချီးကျူးပဲ မနေနိုင်ပါ . . ကျေးဇူးပါ . .တပ်မတော်သားအားလုံး ဒီလိုသာ ပြည်သူ့ အတွက် အကျိုးပြုနေသ၍ တပ်မတော်နဲ့ ပြည်သူ လက်တွဲဖို့ အစဉ် ထာဝရ ပါ . . ပြည်သူအားကိုးထိုက်တဲ့ ပြည်သူ့ တပ်မတော်ကြီး အဖြစ် ပြည်သူ့ မေတ္တာကို ခံယူနိုင်ပါစေလို့ ဆုတောင်းပါတယ် .

ချစ်မောင်မောင် said...

လေးစားပါတယ် ဗိုလ်ကြီးအောင်နိုင်ဦးရေ... နောက်နောင်ကိုလည်း ပြည်သူချစ်တဲ့
တပ်မတော်သားတွေ အများကြီး ပေါ်ပေါက်လာပါစေလို့ ဆုတောင်းပါတယ်ဗျာ၊
ခုလို မင်္ဂလာရှိတဲ့ အချိန်မှာ မင်္ဂလာသတင်းတွေ ကြားရတာ အတိုင်းမသိ ဝမ်းသာ
မိပါကြောင်း....

ချစ်မောင်မောင် said...

လေးစားပါတယ် ဗိုလ်ကြီးအောင်နိုင်ဦးရေ... နောက်နောင်ကိုလည်း ပြည်သူချစ်တဲ့
တပ်မတော်သားတွေ အများကြီး ပေါ်ပေါက်လာပါစေလို့ ဆုတောင်းပါတယ်ဗျာ၊
ခုလို မင်္ဂလာရှိတဲ့ အချိန်မှာ မင်္ဂလာသတင်းတွေ ကြားရတာ အတိုင်းမသိ ဝမ်းသာ
မိပါကြောင်း....

Powered by Blogger.