မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်သစ်အား တာဝန်များ လွှဲအပ်

ဧပြီလ (၁၀)ရက် နေ့လည် ၁၂ နာရီက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အလုပ် အမှုဆောင်သစ်အား လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးအပ်ခဲ့သည်။ အလုပ် အမှုဆောင်သစ်အား လွှဲအပ်ပြီးနောက် စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ် ခဲ့ပါတယ်။ စာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌသစ် ဦးဇင်ဝိုင်း “စာနယ်ဇင်းအဖွဲ့များက တကယ်ကို အင်နဲ့အားနဲ့ ကူညီခဲ့ပါတယ်။ လုပ်ဆောင်မှု၊ လှုပ်ရှားမှုတွေကို အများပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ နိုင်ဖို့ လုပ်ပေးခဲ့ပါတယ်။ တစ်ယောက်တည်း လုပ်လို့ မဖြစ်နိုင်ပါဘူး။ ရုပ်ရှင်လောကသား ၄၀၀၀ ကျော် ၀ိုင်းဝန်းလုပ်ဆောင် ကြရမှာပါ။ ယုံကြည်မှုနဲ့ သွားကြရမှာ ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲမှုဖြစ် ဖို့အတွက် ကြိုးစားခဲ့ရတယ်။ ကိုယ့်လောက မြှင့်တင်ဖို့အတွက် ကိုယ်ထူ ကိုယ်ထ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နယ်ပယ် အသီးသီးနဲ့ ပူးပေါင်း လုပ်ဆောင် သွားမှာပါ။ စာနယ်ဇင်းဆရာများက အစားချိန်အစား၊ အအိပ်ချိန် အအိပ် ကြည့်ရှုစောင့်ရှောက် ခဲ့ကြပါတယ်။ အထူးသဖြင့် ကိုမျိုး(မြန်မာစာ) ကိုဆို မှတ်မှတ်ရရ ရုပ်ရှင် အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ဆိုပြီး နာမည်ခံပေး ခဲ့တယ်။ ဒီနာမည်ကို အမြတ်တနိုး တန်ဖိုးထားသုံးစွဲခဲ့ပါ တယ်”လို့ ပြောကြားခဲ့သည်။ ထို့နောက် စာနယ်ဇင်းများ က သိလိုသမျှကို မေးမြန်းခဲ့ကြသည်။
 Popular Myanmar News Journal
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်သစ်အား တာဝန်များ လွှဲအပ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်သစ်အား တာဝန်များ လွှဲအပ် Reviewed by သစ်ထူးလွင် on 16:38 Rating: 5

5 comments:

ကျော်အေးမြင့် said...

ဂုဏ်ယူပါတယ် ကိုဌေး ရုပ်ရှင်လောကသားအတွက်အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်

Unknown said...

ကိုဇင်ဝိုင်းရေ ဖြစ်သင့်တဲ့ အတိုင်းဖြစ်လာလို့ ဂုဏ်ယူပါတယ်ဗျာ..။
ရုပ်ရှင်လောကကြီးတိုးတက်အောင်..ကြိုးစားပေးပါ...။

စည်သူ said...

ဂုဏ်ယူပါတယ် --လွတ်လွတ်လပ်လပ် ဖွဲ.လိုက်နိုင်တာကို --- ။ မ.ဟ.န .... ကိုလည်း ထို.နည်းတူ - သံဃာတော်တွေရဲ.အကျိုးတကယ်လုပ်ပေးနိုင်တဲ.ဆရာတော်တွေ နဲ.အများဆန္ဒ နဲ.ပြန်ဖွဲ.သင်.ပါတယ် ။

Anonymous said...

မှန်ပါတယ် ရုပ်ရှင်လောကနဲ့ ရုပ်ရှင်ချစ်ပရိသတ်များခင်ဗျား.. ၀န်ကြီး ဦးကျော်ဆန်း သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ မိမိတို့လောက ကြုံတွေ့နေရတဲ့ အနေအထား၊ အခက်အခဲ၊ အတွေ့အကြုံများကို တိုင်ပင်ဆွေးနွေး ညှိနိုင်ဆောင်ရွက်တာ အကောင်းဆုံးပါပဲ... ဒီမိုကရေစီ အနှစ်သာရအရ တစ်ဦးတည်းဆန္ဒဖြင့် မလုပ်ပဲ အများသဘောတူ ဆောင်ရွက်ပြီး ရုပ်ရှင်လောက တိုးတက်အောင် လုပ်ဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ။

Anonymous said...

အကယ်ဒမီကိုဇင်ဝိုင်းအခုလိုမြန်မာနိုင်ငံရုပ်ရှင်အစည်ရုံးဥက္ကဌအဖြင့်ရွေး
ချယ်တင်မြောက်ခံရတာဝမ်းသာပါတယ်မြန်မာ့ရုပ်ရှင်တိုးတက်အောင်မြင်အောင်
ထမ်းဆောင်နိုင်ပါစေ

Powered by Blogger.