ကျွန်းစုမြို့နယ် ကြံ့ခိုင်ရေး ၀န်ကြီး၏ မကောင်းစိတ်များ ပြင်စေချင်

၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြိုင်ဖက်မရှိဘဲ အမတ်ဖြစ်သွားတဲ့
ကြံ့ခိုင်ရေး တိုင်းသစ်တောဝန်ကြီး ဦးသိန်းလွင်မှ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွက်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်သို့ ကိုယ်တိုင်
စည်းရုံးရေးဆင်းပြီး နယ်မှပြည်သူတွေကို ကြံ့ခိုင်ရေးကိုမဲမထည့်ရင်
မီးသွေးလှေများအား ဖမ်းမည်ဟု နယ်ခံလူမိုက်များနှင့်
ပေါင်းပြီးခြိမ်းခြောက်မဲဆွယ်ခဲ
့ပါတယ်။

ဧပြီ(၁)ကြားဖြတ်ရွေးကောက်ပွဲအပြီး NLD မှ ပြည်သူအများထောက်ခံမှုဖြင့်
ပြတ်ပြတ်သားသားအနိုင်ရသွားတော့
(၃/၄/၂၀၁၂) ညက သစ်တောဦးစီးဌာနကို အရေးပေါ်အစည်းအဝေးခေါ်ပြီး
ကျွန်းစုဘက်က တက်လာသမျှ မီးသွေးလှေများ ဖမ်းဖို့ အမိန့်ပေးခဲ့တယ်လို့
သစ်တောဝန်ထမ်းတွေဆီက သိရပါတယ်။

 
မြို့နယ်၏ ထမင်းဟင်းချက်ပြုတ်ရန် အဓိကလောင်စာမှာ မီးသွေးဖြစ်သည့်အတွက်
တစ်မြို့နယ်လုံး အခက်အခဲကြုံနေကြရသည့်အပြင်
တနိုင်တပိုင်လုပ်ငန်းငယ်များလည်
း ထိခိုက်ကုန်ပါသည်။
ဝန်ကြီးဦးသိန်းလွင်ကတော့ သစ်တရားမ၀င်လုပ်တဲ့ လူတစုနဲ့ပေါင်းပြီး
မြိတ်နှင့် နယ်တွေမှာ ထင်ရာစိုင်းလုပ်နေတာကို တိုင်းဝန်ကြီးချုပ်
ဦးမြတ်ကို ဒါတွေမသိတာလား ...
မသိဟန်ဆောင်နေတာလား .... သိသော်လည်း ကိုယ့်လူကိုယ်မထိန်းနိုင်တာလား ...
ဒီမိုကရေစီအတုအယောင်ဝန်ကြီးချု
ပ်မဟုတ်ဘူးဆိုရင်တော့
ကိုယ့်လူကိုယ်ပြန်ထိန်းသင့်ပါ
တယ်။
အရင်ဝန်ကြီးချုပ်ဦးခင်ဇော် လက်ထက်က ဘာဆိုဘာမှလုပ်ပိုင်ခွင့်မရကြလို

အခုမှ လက်စွမ်းပြနေတာလား...။
တိုင်းသစ်တောဝန်ကြီးဦးသိန်းလွင် လို့ ခေါ်ထိုက်အောင်တော့ စိတ်ဓါတ်လေးတွေ
ပြင်စေချင်တယ်။

ဝန်ကြီးများကို အဆင့်မီစေချင်သူ ပြည်သူတစ်ဦး
ကျွန်းစုမြို့နယ် ကြံ့ခိုင်ရေး ၀န်ကြီး၏ မကောင်းစိတ်များ ပြင်စေချင် ကျွန်းစုမြို့နယ် ကြံ့ခိုင်ရေး ၀န်ကြီး၏ မကောင်းစိတ်များ ပြင်စေချင် Reviewed by သစ်ထူးလွင် on 08:21 Rating: 5

7 comments:

akabikhu said...

စိတ်ဓာတ်တွေပြင်ကြပါ။

Unknown said...

တရားမျှတစေချင်ပါသည်..ဥပဒေနဲ့ ချိန်ခွင့်လျာညီမျှစေချင်ပါသည်

saw 00 said...

သူတို့ စိတ်ဓါတ်တွေ က ပြင်လို့ မရတော့ဘူး အရိုးစွဲနေပြီ ၊ ဖယ်ပြစ်မှ ရမယ် ၊ ပြင်ဘို့ မစဉ်းစားနဲ့ ပြင်မှာမဟုတ်ဘူး ၊ ဖယ်ပြစ်ဘို့ ဖြုတ်ပြစ်ဘို့ ဘဲ စဉ်းစား ။

KO NAING said...

အောက်ခြေသာမဟုတ်ဝန်ကြီးကပါဒီလိုအလုပ်တွေလုပ်တယ်ဆိုရင်တော့ကိုယ်စားပြုတဲ့အစိုးရနဲ့ပါတီကတော့ရှေ့အလားအလာမတွေးရဲစရာပါဘဲ!!!

ပြည်သူ said...

မြန်မာလူထုတရပ်လုံးကို ဖိနှိပ်ရုံတင်မကဘူး၊ အောက်တန်းကျတဲ့ စာမတတ်ပေမတတ်(လူသတ်ဖို့နဲ့၊ထောင်ချဖို့ပဲသိတဲ့) အဖိုးကြီးတွေ ဂိုဏ်ကြီးကြီးမှာ နားသင့်ပါပြီ။

စည်သူ said...

ကျွန်းစုမြို.နယ်သားတွေ မဟုတ်တာကို အ၇င်လို မခံပါနဲ.တော. ၊ ခောတ်ပြောင်း သွားပါပြီ ။

aye said...

ဆယ်ယောက်မှာ ကိုးယောက် မတရားစား မတရားလုပ်တာ ပြည်သူအားလုံးသိပြီးသား...ဒီလူတွေ ကြောင်လက်သဲလို ခတ္တ အကြောင်းရှိလို့ ၀ှက်နေတာ...ပြည်သူတွေ မျက်ခြေမပြတ် သတင်းမှန်သမျှ လက်ငင်း တင်ပြကြပါမှ...လုပ်ဆောင်နိုင်သူတွေ..လုပ်သွားကြလိမ့်မယ်။

Powered by Blogger.