ကောင်းဇော်ဟိန်း ကုမ္ပဏီမှ ဒေသခံ ရေနံလုပ်သားများ အပေါ်အနိုင်ကျင့်နေ
ကောင်းဇော်ဟိန်း ကုမ္ပဏီမှ ဆိုင်တဆိုင်ကိုတွေ့ ရစဉ်
မကွေးတိုင်း  ဒေသကြီး၊ မြိုင်မြို.နယ်  ၀ယ်တောင်(မ)ကျေးရွာတွင်
ဗိုလ်ကြီး  မောင်ထွေး ဦးဆောင်သော  ကောင်းဇော်ဟိန်း  ကုမဏီမှ  7.1.2009
ရက်နေ.မှ  ယခု အချိန်ထိ  ဒေသခံများ  စမ်းသပ်တူးဖော်ရရှိသည်.
ရေနံဆီများကို မတရားဈေးနှိမ်ဝယ်ယူနေပါသည်။
ဝယ်တောင် အုပ်စု ၊ ၀ယ်တောင် (တ)ကျေးရွာတွင်  လက်ရှိ ဆီဈေးမှာ 113000
(တစ်သိန်းတစ်သောင်းသုံးထောင်)  ကျပ်ဖြင်. ၀ယ်ယူပြီး
ဝယ်တောင်(မ) ရေနံမြေတွင်  72000(ခုနှစ်သောင်းနှစ်ထောင်)  ကျပ်ဖြင်.သာ ၀ယ်ယူပါသည်။
ဒေသပေါက်ဈေးရရန် ၀ယ်တောင်(တ)ရွာသို.  သွားေ၇ာက်ရောင်းချသော  ၀ယ်တောင် (မ
)ကျေးရွာနေ အဘ  ဦးထီန်းပို၏သား  မောင်တိုးပွားအား  ကောင်းဇော်ဟိန်းကုမဏီ
မှ  မြို.နယ်မှူးဟောင်း ဦးသိန်းမြင်.နှင်.အဖွဲ.မှ မောင်တိုးပွားထံမှ
ရေနံဆီပေပါ  လေးလုံးနှင်.ငွေကျပ် 300000(သုံးသိန်း) တောင်းယူထားကြောင်း
၊မောင်တိုးပွားကိုလည်း  ထိပ်တုံးတညလုံးချထားကြောင်း၊
တဖန်
ရွာသားတဦးအား  မိမိပိုင်ရေနံတွင်းမှ ဆီ 2 ပုံး ရွာသို. သယ်ယူသဖြင်.
ကောင်းဇော်ဟိန်းမှ  ငွေ 430000(လေးသိန်းသုံးသောင်း)  ကျပ်
တောင်းယူထားကြောင်း သိရပါသည်။
ကောင်းဇော်ဟိန်းကုမ္ပဏီမှ ၀န်တမ်းတဦးကလည်း  ၀ယ်တောင်(မ)ရွာနေ  အဘ
ဦးတိုးရှိန်၏ သမီး  မမင်းဌေး အသက် (18)နှစ်အား  မတရား ဆွဲလားရမ်းလား
လုပ်ခဲ.ကြောင်း၊ လျော်ကြေးဆိုပြီး  ငွေကျပ် နှစ်သိန်းပေးသဖြင်.
မိသားစုများမှ ကြောက်လို.သာ ကျေနပ်လိုက်ရကြောင်း၊
ကောင်းဇော်ဟိန်း ကုမ္ပဏီမှ ဒေသခံများအပေါ် ရေနံဆီဈေး နှိမ်ဝယ်ယူရုံသာမက
၊ဒသခံများအပေါ် အနိုင်ကျင်မှုများပါ ရှိနေကြောင်း ဒေသခံများက
Myanmar News Now ကိုပြောပါသည်။ 
ကောင်းဇော်ဟိန်း ကုမ္ပဏီမှ ဒေသခံ ရေနံလုပ်သားများ အပေါ်အနိုင်ကျင့်နေ ကောင်းဇော်ဟိန်း ကုမ္ပဏီမှ ဒေသခံ ရေနံလုပ်သားများ အပေါ်အနိုင်ကျင့်နေ Reviewed by သစ်ထူးလွင် on 20:44 Rating: 5
4 comments:
ဖိုးသား said...
လွှတ်တော်ထဲက အမတ်တွေ ဘာတွေများဆွေးနွေးနေကြလဲပဲ လွှတ်တော်တတ်တာ ကြာနေပြီ ခုချိန်ထိ တရားဥပဒေ နည်းနည်းလေးမှ စိုးမိုးအောင်မစွမ်းဆောင်နိုင်ကြပါလား မြန်မာပြည်အနှံ့ မတရားမှုတွေပဲစိုးမိုးနေတယ် ပြောတော့ တိုင်းပြည်အကျိုး ပြည်သူ့အကျိုးနဲ့ နားရှိလို့သာကြားရတယ်
Lion King said...
အဲဒီကုမ္မဏီမှာ ကြိုင်သန်းရွှေရှယ်ယာပါထားတယ်။ အုပ်ချုပ်ရေးအဖွဲ့ကလူတွေက တပ်ကအငြိမ်းစားတွေချည်းပဲ။ မကွေးတိုင်းဝန်ကြီးချုပ်က အဲဒီကုမ္မဏီကို မထိရဲဘူး။ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ပဲ။ အရင်တစ်နှစ်ကတော့ မီးလောင်ပြီးပြီ၊ မတော်တဆမီးလား။ ရှို့မီးလားတော့ ကာယကံရှင်တွေပဲသိလိမ့်မယ်။
အိုးကိုတင်မောင် said...
တောမီးတော့မလောင်သေးဘူး...တောကြောင်တွေရော၊တောခွေးတွေပါလက်ခမောင်းခတ်နေတာပဲ...ကျားတွေ၊ခြင်္သေ့တွေပါပါတယ်...ဆိုတော့ကာနိုင်ရာစားဆိုတဲ့ဘုံဘဝကိုတဖြေးဖြေးသွားနေတဲ့အတိုင်းပဲ...နိုင်ရာစားဆိုတဲ့သဘောတရားကတော့နိုင်ရာကိုစားပီး၊မနိုင်ရာကိုတော့မစားဘူးပေါ့...သို့သော်ဘယ်လိုဘယ်နည်းနဲ့စားလို့ရမလည်းဆိုပြီးအမြဲစဉ်းစားတွေတောနေတဲ့သူတွေပါ...ဆရာမရှိဘူး၊တပည့်မရှိဘူး၊ယုံကြည်မှု့ဆိုတာလည်းမရှိတော့ဘူး...လျှင်သူစား၊အ'ရင်တော့ခံ...လဲရင်ထူမယ်မထင်နဲ့တက်နင်းသွားမဲ့သူတွေကြည့်ပဲ...ဇတ်တူသားလည်းမငတ်ခင်စားကြတော့မဲ့သူတွေများလာမှာပဲ...ဟင်းဆိုးချက်တော့ကွာ..ဟင်းဆိုးဘ...
kokomaung said...
သာစည် B.O.C ကို ပုဂ္ဂိလိကလွဲတော. ကောင်းဇော်ဟိန်းကရတယ်။
ဆီဆိုင်က မြို.လည်ကောင်ဆိုတော. မီးဘေးအန္တရယ်ကြောင်.နေရာရွေ.ခိုင်းတယ်။
ရွေ.ခိုင်းပြီးမကြာမှီ ဆီဆိုင်ဝန်းထဲ 2ထပ်တိုက်ကြီးဆောက်တယ်။
နောက်တခါတိုင်ရင်3 ထပ်ဆောက်မှာကြောက်လို. မရွေ.ခိုင်းရဲဘူး။
သာစည်ကိုယ်စားလှယ်(ကြံ့ဖွံ)ကလည်း 10တန်းအောင်သံမကြားတော. ဘာမှတက်နိုင်ဘူး။သာစည်မှာမီးရေးကို ကို.အိမ် ဂရုမစိုက်နိုင်ဘူး။
ကောင်းဇော်ဟိန်းပဲဂရုစိုက်ရတယ်။အပေါ်သတင်းကို ထပ်ပိုးပေးလိုက်တယ်။
Powered by Blogger.