ဦးအောင်သောင်း၏ မဲဆွယ် စည်းရုံးရေး ယာဉ်တန်းမှ တိုက်မိ၍ သေဆုံးခဲ့သူ၏ ဇနီးနှင့်မိသားစု ဒုက္ခရောက်နေ


By ဇာဏီ၊ မတ်လ ၃၁ ရက်နေ့၊ ၂၀၁၂ ခုနှစ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးအောင်သောင်းနှင့် အဖွဲ့ စစ်ကိုင်းတိုင်း ဝက်လက်ကျေးရွာသို့ မဲဆွယ်စည်းရုံးရေးဆင်းစဉ် နတ်နွားတော်ပို့ရွာအနီး ဦးကံစိန် (အသက် ၃၈ နှစ်) ကို စည်းရုံးရေးယာဉ်တန်း ကားတစီးက တိုက်မိပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည့် ဖြစ်ရပ်တွင် အဆိုပါ သေဆုံးသူ၏ ဇနီးသည်ကို အခုအချိန်အထိ လျော်ကြေး ပေးလျော်ခြင်း မရှိသည့်အပြင် နွားထိုးကြီးမြို့နယ် ရဲစခန်းမှူးနှင့် ပြရာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးအောင်တို့မှ ကြားက ဝင်ရောက် ဆောင်ရွက်နေသည်ဟု သိရပါသည်။
“ကျမ အိမ်သားက တဖက်ရွာကို ဧည့်သည်လိုက်ပို့ရင်း အတိုက်ခံရတာပါ။ ကျမ အခု အိုးမဲ့အိမ်မဲ့ဖြစ်နေပါပြီ၊ ကျမမှာ ၈ နှစ်သားနှင့် ၄ နှစ်သမီးရယ် စုစုပေါင်း မိသားစု ၃ယောက် ရှိပါတယ်။ ကလေးလေးတွေပဲ ကျန်ခဲ့တော့ ဘာမှ လုပ်ကိုင် မစားသောက်တတ်သေးပါဘူး။ အိမ်ထောင်ရှင်ကလဲ ဒီလိုဖြစ်သွားတော့ ကျမကလဲ အရင်တုန်းက ဘာမှ မလုပ်ရတော့ ဘယ်လိုကို ဆုံးဖြတ်ရမှန်း မသိသေးပါဘူး။ အခု ပြရာကျေးရွာဘေးက ထန်းတောမှာ တဲထိုးပြီး မိရိုးဖလာ ထန်းတက်ပြီး နေနေရပါတယ်။” ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ မဗေဒါက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။
အဆိုပါ ယာဉ်တိုက်မှုကို ဦးအောင်သောင်းမှ နေရာမှာတင် အပြီးဖြေရှင်းရန် လက်အောက်ငယ်သားများအား ညွှန်ကြားလိုက်သည့်အတွက် သေဆုံးပြီး နောက်တရက်မှာပဲ ဈာပန အခမ်းအနားကို သေဆုံးသူ၏ ဇနီးဖြစ်သူ ကပဲ ဆောင်ရွက်လိုက်ရသည်ဟု သိရပါသည်။
မတ်လ ၂၂ ရက်နေ့မှာတော့ နွားထိုးကြီးရဲစခန်းမှ စခန်းမှူးမှ ဦးကံစိန်၏ ဇနီးဖြစ်သူကို ကားပိုင်ရှင်က တွေ့ဆုံစကားပြောချင်လို့ပါ ဆိုပြီး ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့သည်ဟု သိရပါသည်။ “ကျမ ဘာလုပ်ကိုင်စားလဲ၊ မိသားစု ဘယ်နှယောက် ကျန်လဲ” စတဲ့ မေးခွန်းတွေသာ မေးမြန်းပြီး ပြန်လွှတ်လိုက်သည်ဟု မဗေဒါက ပြောပါသည်။
မတ်လ ၃၀ ရက်နေ့မှာ ကားဒရိုင်ဘာရဲ့ ညီမနှင့် အမဖြစ်သူတို့ ပြရာကျေးရွာသို့ ရောက်ရှိလာပြီး ပြရာကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ အုပ်ချုပ်ရေးမှူး ဦးဌေးအောင်အပါအဝင် မဗေဒါကို လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
“လျော်ကြေးအနေနဲ့ ဘာမှ ပြောတာမျိုး မရှိသေးပါဘူး၊ မနစ်နာအောင်လို့ ကြည့်ကျက် လုပ်ပေးပါမယ်၊ အခု လာမည့် ၃ ရက်နေ့ကို စခန်းကို လာခဲ့ပါ၊ အုံနာကလဲ စကားပြောချင်တယ်၊ စခန်းမှာပဲ စကားပြောရအောင်၊ နောက်ပြီးတော့ အုပ်ချုပ်ရေးမှူးကို ဥက္ကဌအနေနဲ့ စာရွက်မှာ တံဆိပ်တုံး ထု၊ ခင်ဗျား နာမည်နဲ့ လက်မှတ်ပါ ထိုးပြီး ယူလာခဲ့ပါ လို့ ပြောသွားပါတယ်၊ ကြားထဲက ကျမ အရီးတယောက်က ညီးတို့ ဘယ်လောက်များ တို့ကို ထောက်ပံ့မလဲလို့ ပြောတော့ ဒရိုင်ဘာညီမက အဲတာတော့ သူတို့ မသိရကြောင်း၊ စခန်းကိုပဲ လာခဲ့ပါလို့ ပြောသွားပါတယ်” လို့ မဗေဒါက ပြောပါသည်။
သေဆုံးသူ ဦးကံစိန်ကို တိုက်မိခဲ့သည့် အဆိုပါကားပိုင်ရှင်မှာ ဦးဦးမောင် (ကားနံပါတ် ၁က/၆၃၆၄) ဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း မဲဆွယ်စည်းရုံးရေးဆင်းခဲ့သည့် ဦးအောင်သောင်းနှင့် အဖွဲ့မှ မြင်းခြံမြို့နယ်ကနေ ငှားလာတာ ဖြစ်သည်လို့ သတင်းရရှိပါသည်။

ဘားမားဗီဂျေ
ဦးအောင်သောင်း၏ မဲဆွယ် စည်းရုံးရေး ယာဉ်တန်းမှ တိုက်မိ၍ သေဆုံးခဲ့သူ၏ ဇနီးနှင့်မိသားစု ဒုက္ခရောက်နေ ဦးအောင်သောင်း၏ မဲဆွယ် စည်းရုံးရေး ယာဉ်တန်းမှ တိုက်မိ၍ သေဆုံးခဲ့သူ၏ ဇနီးနှင့်မိသားစု ဒုက္ခရောက်နေ Reviewed by သစ်ထူးလွင် on 07:20 Rating: 5

17 comments:

akabikhu said...

ဒေါသထွက်စရာကောင်းလိုက်တာ။

sai tun aye said...

စာရွက်လွတ်ပေါ်မှာ အုပ်ချုပ်ရေးမှူးတံဆိပ်တုံးထု နာမည်ရေးပြီးလက်မှတ်ပါထိုးထား ခဲ့ခိုင်းတာ ဘာသဘောပါလိမ်.? သတိသာထားပါ။ တော်ကြာစာရွက်တစ်ရွက် နဲ့ပဲပွဲပြီးသွားနေဦးမယ်။

ko htat said...

ခုအဖြစ်ပြတ်ကိုပဲကြည့်လေ ဦးအောင်သောင်းကကြံ့ဖွတ်မှာဘာလဲ ဘယ်လို၇ာထူးမျိုးကိုယူထားတာလဲ.. လူတယောက်လုံး၇ဲ့အသက်ကိုဘာကြောင့်လစ်လှူရူ၇တာလဲ လူတယောက်၇ဲ့အသက်ကသူ့မဲဆွယ်မှုလောက်တောင်တန်ဖိုး
မ၇ှိဘူးလား သူမဲဆွယ်၇မှာလဲဒီပြည်သူတွေထဲကဘဲမဟုတ်
ဘူးလား ပြည်သူအတွက်မကြည့်၇ှုပဲနဲ့ဒီလိုလူမျိုးကိုအဲ့ဒီပါတီ
မှာအတွင်းေ၇းမှုးအဖြစ်နဲ့နေ၇ာယူထားတာအံ့သြပါတယ်

san san said...

ဒါမျိုးကျတော့ မဖမ်းဘူးလား... လူတစ်ယောက်လုံးသေတာတောင်...

Unknown said...

သံသရာကိုကြောက်ပါခင်ဗျာ....ဗုဒ္ဓဘာသာဝင်ဆိုရင်ပေါ့..
ဝဋ်ဆိုတာလည်တတ်ပါတယ် ခုကောင်းနေပေမယ့်
သံသရာမှာ ငါကိုတိုင်ရော ဒီလိုအဖြစ်မျိုးဖြစ်လာခဲ့ရင်
ပြုံးပြီးခံနိုင်ပါ့မလားဆိုတာ တွေးထားပါ

sean said...

ခေါင်းဆောင် ဟူသည် မိမိဦးဆောင်လာသော အဖွဲ့အစည်း ၏လုပ်ရပ် ကိုတာဝန်ယူရ၏။တာဝန်မယူရဲသူ သည် ခေါင်းဆောင် မဟုတ်ပါ၊
ယဉ်ပိုင်ရှင် မောင်း နှင့် ပိုင်ရှင် က ဘဲ တာဝန်ယူရတာလား.. သို့မဟုတ် ပေးထာြး့ပီးတာကို ဖြတ်စားချင်တာလား..မသိနိုင်သေးပါ.. ဂျာနယ်တွေမှာ ကော ပါပြီလား

အရှိအတိုင်း said...

ဘာလဲဟ...လူသေအောင်တိုက်တာတောင် လျော်ကြေးပေးပြီး ကြေအေးလို့ရလား...?ရဲက ဘာလို့ မဖမ်းထားရတာလဲ...?ဒါလား ကူညီပါရစေ...

Unknown said...

ကိုယ့်အတွက်ကြောင့်သေဆုံးသွားတဲ့လူရဲ့ ကျန်ရစ်သူ ဇနီးနှင့် ကလေး
(၂)ယောက်ရဲ့ ဘ၀ အဆင်ပြေဘို့ လူကြီးတယောက်ပီပီ ပြန်လည်ထူ
ထောင်ပေးသင့်ကြောင်း ပြောကြားလိုပါသည်။

မြတ်သုခ said...

တယ်ဆွယ်တဲ့ မဲပါ့လား။

koko+meelay said...

ဘယ်တုန်းကမှ ကောင်းကျိုး မပေးခဲ့ ဘူး .......

ko ko tin said...

မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာပြနေတာပါ
What is "no one above the law"?

ပုဂံစစ်သည် said...

ဒါပဲလေ ကြံ့ဖွတ်ဆိုတာက.........

Unknown said...

အရှက် က မရှိဘူး။ ပြောတော့ပြည်သူသာ အမိ ၊ ပြည်သူသာအဖ တဲ့။ အပြောတခြားအလုပ်တခြား။

မောင် မိုး said...

လူ တယောက် သေတာ နေရာ မှာ တင် ကိတ်စ ပြီးအောင်လုပ်ဆိုတဲ့ ညွန်ကြားမှု ပေးခဲ့တဲ့ ဖွတ်ခေါင်းဆောင် အောင်သောင်း ၊ ခင်ဗျား မိသားစု ဝင် တယောက်ယောက် ကားတိုက်သေတဲ့ခါ သူများက အဲသလိုပြော ရင် ဘယ်လိုခံစား ရမလဲ။

ကြယ်စင်မိုး said...

ကားတိုက်ခံရလို့သေတဲ့သူကသေသွားပြီ.....တရားခံကိုလဲ...အတိအကျသိနေ့ပြီ...ဒါကို..အရေးမယူသေးဘဲ....ဘာလုပ်နေကြလဲ...ဘာလဲ...ရဲတပ်ဖွဲ့ ???????..တရားရုံး ??????????....ဘာလုပ်ဖို့ထားတာလဲ...

OnlineCrazY said...

ဘာတတ်နိုင်မှာလည်း...
တရားကိုငွေစောင့်..
ဥပဒေကို ကြံ့ဖွတ်စောင့်တဲ့ခေတ်ကြီးမှာ......

justic said...

ဝက်လက်ကို ကိုယ်စားပြုတဲ့ NLD အမတ်ကြီးခင်ဗျား--
လွှတ်တော်မှာ တင်ပြဆွေးနွေးပေးပါခင်ဗျား။ အရေးယူထားခြင်း ရှိ/မရှိ
ပြည်ထဲရေးဝန်ကြီးကို မေးပေးပါခင်ဗျား။

Powered by Blogger.