ဆူးလေ ဘားလမ်းတွင် လမ်းဘေးဈေးသည်များကို လိုက်လံဖမ်းဆီး


ဧပြီလ ၂၂ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်တွင် သတင်းပေးသူတစ်ဦး၏ သတင်းပေးချက်အရ ဖမ်းဆီးရေး ကားတွေ့ရသည်ဟု ပြောဆိုလာသဖြင့် သွားရောက်စုံစမ်းရာ ဆုးလေ ဘားလမ်းတွင် လမ်းဘေး ဈေးသည် များကို ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။
ရောက်ရှိသွားချိန်တွင် ဘာလမ်းတစ်ခုလုံး ရှင်းလင်းနေပြီး ဈေးသည်ကြီးတစ်ဦး ငိုနေသည်ကိုတွေ့ရ၍ ဖမ်းဆီးခေါ်ဆောင်သွားသည်များရှိကြောင်း ဈေးဗန်းများကို သိမ်းဆည်းသွားသည်များလည်း ရှိကြောင်း ဈေးသည်တစ်ဦးမှပြောသည်။
အဆိုပါငိုနေသောဈေးအဒေါ်ကြီးကိုမေးမြန်းကြည့်ရာ`အန်တီနာမည်က ဒေါ်တင်မြင့်။ သာကေတကပါ။ ပိုက်ဆံမပေးလို့ဆိုပြီး လာဖမ်းတာ။ တွန်းလှည်းတွေရော ခုံတွေရော နှစ်ရက်စက်တိုက် အဖမ်းခံရတယ်။ အခြား ဈေးသည်တွေလည်း အဖမ်းခံရတယ်။ အန်တီက နှစ်သိန်းဖိုးလောက်တော့ ပါသွားတယ်။ မိသားစု (၇) ယောက်ရှိတယ်။ မုဆိုးမပါ။ ဒီနေ့ရော သောကြာနေ့ရော။ရက်စက်လိုက်တာ။ ပစ္စည်းတွေပါ အကုန်မသွားတယ်´ ဟုပြောပြသည်။

အခြားအနီးဝန်းကျင်မှ တစ်ဦးပြောပြတာကတော့`အခြားသူတွေလည်းပါတယ်။ သူကတော့ အသိမ်းခံရတာများ တာပေါ့။ ၄ ဦးလောက်တော့ ပါသွားတယ်။ မနေ့ကသုံးဦး´ လို့ပြောပါတယ်။
ထိုသို့မေးမြန်းနေစဉ် ဖမ်းဆီးရေးကား ဖြတ်သွားသည်ကို မြင်တွေ့လိုက်ရ၍ ကားပေါ်တွင် ဖမ်းဆီးခေါ်ဆောင် သွားသူ တစ်ဦးကို မြင်တွေ့လိုက်ရသည်။ ဈေးသည်များမှာလည်း ကားတွေ့သည်နှင့်သပစ္စည်များ အထိတ်တလန့် အပြေးအလွှားသိမ်းဆည်းနေကြသည်ကို မြင်တွေ့ရသည်။

Hot News 
ဆူးလေ ဘားလမ်းတွင် လမ်းဘေးဈေးသည်များကို လိုက်လံဖမ်းဆီး ဆူးလေ ဘားလမ်းတွင် လမ်းဘေးဈေးသည်များကို လိုက်လံဖမ်းဆီး Reviewed by သစ်ထူးလွင် on 06:42 Rating: 5

20 comments:

supergunner said...

ဒီသတင်းနဲ့ တော့မဆိုင်ဘာဘူးကိုသစ်ကိုမေးချင်လို့ ပါ
လူလိမ်သူခိုးဓားပြ စစစ နဲ့ ရှမ်းမလေးကိစ္စနောက်ဆုံအခြေနေသိချင်လို့ ပါ
ကျေးဇူးပါအကို

la woon said...

ကြိုတင်ပြီးကြေညာရပါမယ်
လမ်းဘေးဈေးသည် တွေကို ပပျောက်အောင်လုပ်မယ်ဆိုရင်
စီမံချက်နဲ့ လုပ်တာလိုထင်ပါတယ်
သူခိုး ဒမြ ဖမ်းသလိုတော့လိုက်ဖမ်းနေကြတာရုပ်ပျက်လွန်းတယ်
လမ်းဘေးဈေးသည် တွေကလဲ လွန်လွန်းတယ်မြို့ထဲ မှာသူတိုတွေကြောင်ညစ်ပတ်နေတာပဲ လမ်းတွေဆိုလူတွေလျှောက်ဖိုမဟုတ်ပဲ သူတိုဈေးရောင်းဖိုဖြစ်နေပြီလေ
အတိအလင်းကြေညာပြီးသေချာ ရှင်းလင်းရင်သိပ်ကိုကောင်းမှာပါ

Anonymous said...

မရှိဆင်းရဲသားတွေကို ထွက်ပေါက်တစ်ခုတော့ ပေးထားဖို့ လိုတယ် . . ဒီလိုသာလုပ်နေရင် ဆင်းရဲသူ လျော့ချရေး အစီအစဉ်က အောင်မြင်ပါတော့မလား . . တစ်နေ့ လုပ်မှ တစ်နေ့ စားရတဲ့ လူတွေအတွက် တစ်ခုခုတော့ စီစဉ်ပြီး လုပ်ပေးသင့်ပါတယ် . . မြန်မာနိုင်ငံလူဦးရေမှာ ဆင်းရဲသားက အများဆုံးပါ . . ဒီဆင်းရဲသားလူထု လျော့ပါးသွားမှ တိုင်းပြည်တိုးတက်လာတယ်လို့ ပြောလို့ ရပါမယ် . . ဒါကို လွှတ်တော်ထဲက တာဝန်ရှိသူတွေ အဓိကထားဆွေးနွေးကြပါ . .

မောင်ဆင်ကြီး said...

ရှောင်တခင် ဖမ်းဆီးတာမျိုးတော့ မဖြစ်စေချင်ဘူးဗျာ.....ပထမ အဆင့်အနေဖြင့် ကြေညာချက်ထုတ်ပြန်ပေးသင့်တယ်..ဒုတိယပညာပေးသင့်တယ်...နောက်တော့ ဖမ်းဗျာ ...ရောင်းရင်ဖမ်းသာ ဖမ်း

ဖြစ်လိုက်တော့ ဒီလောက်တောင် ပြောမရ ဆိုမရတာတွေဆိုပြီးတော့ ..........

ဥုံဖွ said...

လမ်းဘေးဈေးသည်တွေကဘာလို. လမ်းဘေးမှာဈးရောင်းလဲ
ဆိုင်ခန်းတွေရဲ.စရိတ်ကရောငှားတာတင်တစ်လဘယ်လောက်လဲ
မိသားစုစားဝတ်နေရေးအနေနဲ.ကဘာလုပ်စားရမလဲ ဒီတော့ရရာအလုပ်..လမ်းဘေးမှာဈေးရောင်းရတာပေါ့ လမ်းဘေးမှာဈေးမရောင်းစေချင်ရင်ဆိုင်ခန်းခတို.ဘာတို.ကိုအခြေခံလူတန်းစားတွေလက်လှမ်းမီတဲ့အနေအထားမျိုးဖြစ်အောင်ဖန်တီးပေးဒါမှဆက်ရောင်းနေတယ်ဆိုရင်တော့ဖမ်းရုံတင်မဟုတ်ဘူး သတ်ပါသတ်ပစ်လိုက် အခုဟာ အနုကြမ်းစီး လိုင်စင်ကိုင်ဓားပြတိုက်နေသလိုပဲ သူတို.ဘ၀တွေဟာသနားဖို.ကောင်းပါတယ် စာနာပေးလိုက်ကြပါ

မောင် said...

စည်ပင်က ခေတ်အဆက်ဆက် ရှင်းမရတဲ့ပြသနာပါ။

လမ်းဘေးဈေးသည်တွေမရှိလို့လဲမဖြစ်ဘူး။

တကယ်ရောင်းချသူတွေကို
မီးဖိုသုံးမယ့်ဆိုင်၊ မသုံးတဲ့ဆိုင်။
ထိုင်စားခွင့်ပေးတဲ့ဆိုင်၊ မပေးတဲ့ဆိုင်။
ရေကိုသုံးမယ့်ဆိုင်၊ မသုံးတဲ့ဆိုင်။
ပတ်ဝန်းကျင်ကို အနံ့၊ အသံ၊ လူမှုရေး အနှောက်အယှက်ဖြစ်မယ့်ဆိုင်၊ မပေးတဲ့ဆိုင်။
စသဖြင့်နေရာခွဲခြားသတ်မှတ်သင့်တယ်။
အချိန်ခွဲခြားသတ်မှတ်သင့်တယ်။

ခလုတ်တိုက်မှ ရောင်းရမယ်လို့ဆိုတဲ့ အယူအဆနဲ့ လမ်းပိတ်ရောင်းတာတွေ၊
စည်းကမ်းမဲ့ လမ်းဘေးဆိုင်တွေက လမ်းသွားလမ်းလာတွေကို မထီမလေးမစားဆက်ဆံမှုတွေ၊
ကျန်းမာရေးနဲ့ မညီတဲ့အစားအစာရောင်းတာတွေ၊
တကိုယ်ရေသန့်ရှင်းမှုမရှိတဲ့သူတွေက ရောင်းချနေတာတွေ၊
မတန်တဆဈေးတွေနဲ့ လက်ဆင့်ကမ်း နေရာကို ပြန်ရောင်းချနေတာတွေ။
နေရာကျဉ်းတဲ့ ပလက်ဖောင်းပေါ်မှာ ဈေးရောင်းခွင့်ပြုတာတွေ၊
ရပ်ထားတဲ့ကားက မဖယ်လို့ ကားနားကပ်ပြီး မီးဖိုတာတွေ၊
အချင်းချင်းနေရာလုရင်း မောင်ရင်းနှမ မကြားဝံသာ ဆဲဆိုနေတာတွေ၊
နေရာကျဉ်းတဲ့ လူသွားလမ်းပေါ် ထိုင်ခုံတွေချထားတာတွေ၊
ငါးကင်နံ့၊ ညော်နံ့တွေကြောင်း ပတ်ဝန်းကျင် အိမ်တွေမှာ နေထိုင်ရတာ ခက်ခဲတာတွေ၊
.... တွေ။

စည်းကမ်းတွေ ချွင်းချက်မဲ့သတ်မှတ်ပေးရမှာပါ။ ထိထိရောက်ရောက်လဲ မျှမျှတတ အရေးယူရမှာပါ။

လမ်းဘေးအစားအစာဆိုတာ လူစားဘို့ပါ၊
စည်ပင်ဝန်ထမ်းဆိုတာလဲ လူဘဲမို့
ယုန်ကို မုံလာဥ ဂိုထောင်စောင့်ခိုင်းသလိုမဖြစ်အောင် စည်ပင်မှာ ဂြိုလ်သားဝန်ထမ်းတွေခန့်ထားရမှာပါ။

nldgeneration@gmail.com said...

ခင်ဗျာတို့ပြည်သူတွေကို အဲ့လို့လုပ်ပိုင်ခွင့်မရှိဘူး သမ္မတကြီးကိုယ်တိုင်ပြောထားတယ်လေ (မိဘပြည်သူ) တဲ့ ခင်ဗျာတို့က သမ္မတကြီးစကားကို မလေးမစားလုပ်နေတာလား။

ThetOo said...

ဘယ်သူမှမြို့လယ်မှာဆိုင်မရှိလမ်းဘေးမှာမရောင်းချင်ဘူးစားစရာမရှိဝတ်စရာမရှိလို့မရှိဆင်းရဲသားတွေကို ထွက်ပေါက်တစ်ခုတော့ ပေးထားဖို့ လိုတယ် . . ဒီလိုသာလုပ်နေရင် ဆင်းရဲသူ လျော့ချရေး အစီအစဉ်က အောင်မြင်ပါတော့မလား . . တစ်နေ့ လုပ်မှ တစ်နေ့ စားရတဲ့ လူတွေအတွက် တစ်ခုခုတော့ စီစဉ်ပြီး လုပ်ပေးသင့်ပါတယ် . . မြန်မာနိုင်ငံလူဦးရေမှာ ဆင်းရဲသားက အများဆုံးပါ . . ဒီဆင်းရဲသားလူထု လျော့ပါးသွားမှ တိုင်းပြည်တိုးတက်လာတယ်လို့ ပြောလို့ ရပါမယ် . . ဒါကို လွှတ်တော်ထဲက တာဝန်ရှိသူတွေ အဓိကထားဆွေးနွေးကြပါ . .

ကျော်အေးမြင့် said...

ဈေးသည်တွေကလည်းစည်းနဲ့ကမ်းနဲ့ရောင်းစေချင်ပါတယ်၊ရန်ကုန်မြို့ကလူသွားလမ်းတွေမှာလူတွေဘယ်လိုသွားရမှန်းတောင်မသိအောင်လမ်းပျောက်နေပါတယ် အခုကိစွကလူထုအော်သံထဲမှာပါလို့လိုက်ဖမ်းပြနေတာပါ ထုံးစံအတိုင်း မကြာခင်ပြီးသွားမှာပါ။ စောင့်ကြည့်လိုက်ပါအုန်း။

tt said...

လမ်းဘေး ဈေးသည် တွေကို ဖမ်းတာ လက်ခံတယ် ဒါပေမဲ့ ခဏလေးတော့ ဖမ်းတာ မျိုးတော့ မလုပ်နဲ့ အမြဲတမ်း ဖမ်းပါ

lwannaymie said...

ဖမ်းမယ်၊ဘယ်နေ့ကစမယ်ဆိုတာကြိုပြောသင့်ပါတယ်။ ဥပဒေရှိတာမှန်ပါတယ်။ နိုင်ငံဝန်ထမ်းဆိုတာ ဈေးသည်တွေကို ခိုးမဖမ်းရဘူး။ (သခိုးတွေမှမဟုတ်ပဲ)။ (လွှတ်ပေးထားတုံးက သူတို့ဘဲ)။ ရိုးရိုးသားသားလုပ်စားတဲ့သူတွေကိုဒီလို မလုပ်သင့်ပါဘူး။ ဒီလိုတာငွေပြတ်လို့ဖမ်းခြင်တဲ့အချိန်၊ အထက်ကဖမ်းခိုင်းတဲ့အချိန်မှ ဆင်းဖမ်းရင်၊ ဈေးသည်အားလုံး၊မွဲပြီပေါ့။ ဒီလိုတာစွတ်လုပ်နေရင် သူခိုး၊ဒမြ၊လူလိမ်ဘဲ၊လုပ်စားပြီး၊ပိုပေါလာမှာပေါ့။ အထက်ဝန်ကြီး ဂေါင်းရှိပါ၊အောက်လက်ဝန်ထမ်းတွေကိုလေ့လာပါအုံး။ (သတ်မှတ်ထားတဲ့နေ့မှ..သူတို့ဆက်ရောင်းနေရင်ဖမ်းပါ)။ ဒါပေမဲ့ဈေးရောင်းစားရမဲ့နေရာ၊သီသန့်များများ သတ်မှတ်ပေးသင့်ပါတယ်၊ လက်ရှိမြန်မာနိုင်ငံကတိုးတက်စပြုနေပြီဆိုပေမဲ့ ဆင်းရဲသားတွေအများကြီးပါ၊သူတို့စားဝတ်နေရေးကိုငဲ့ရပါမယ်။ ဥပဒေပြပြီး လုပ်ခြင်တဲ့အချိန်မှထလုပ်တာလူမဟုတ်ဘူး။

pyaponthu said...

တကယ်မရှိတဲ့မြန်မာနိုင်ငံသားအစစ်တွေပါ။သူတို့အတွက်တခုခုလုပ်ပေးသင့်တယ်။သူခိုးဖမ်းသလိုတော့မဖမ်းသင့်ပါ။တကယ်တရားဝင်မဟုတ်ဘဲဝင်လာတဲ့နိုင်ငံခြားသားတရုတ်တွေတော့မဖမ်းတာဘာကြောင့်လဲမေးချင်တယ်။မန္တလေးတော့တရုတ်မြို့တော်ဖြစ်နေဘီး

Unknown said...

ကို သက်ထူးလွင် မီဒီယာကော်နာ ဆိုင်တွေကော ဖမ်းလားဗျို့။ အဲ့ဆိုင်လဲ လမ်းဘေးဆိုင်ဘဲ ။ ပလက်ဖောင်းပေါ်ကို သေသေချာချာ ဆောက်ရောင်းနေတာဗျာ။ ဘယ်ဈေးသည်မှ မြို့တော်ခန်းမရှေ့မှာ မရောင်းဘူး ။ မီဒိယာကော်နာ ကြီးဘဲရောင်းတာ။ ဈေးသည်တွေ နေရာမရှိလို့ လမ်းဘေးရောင်းတာပါဗျာ နေရာတော့လုပ်မပေးဘဲ ဖမ်းတာတော့လွန်တယ်။ ကောက်ထားထဲ့ ဈေးကောက်တွေစုရင် ရှောပင်းမောတောင်ဆောက်လို့ရနေပြီ။ ဖမ်းတဲ့ သူ အသေးတွေကော ခိုင်းတဲ့ အကြီးတွေကော သွေးစိမ်း သွေးနက် အန်ပါစေဗျာ။

Yeyint said...

အင်း မြို့ပြဖော်ဆောင်ရေးမှာ သန့်ရှင်းသာယာရေးက အရေးကြီးပါတယ်
ဒါပေမဲ့ ဒီလိုတွေရဲ့စားဝတ်နေရေးကိုဘယ်လို တာဝန်ယူပေးမရမယ်ဆိုတာတော့နားလည်သင့်တယ် သူတို့အတွက်နစ်နာသွားတဲ့နေရာတွေကိုပြန်ပေးသင့်တာပေါ့

Ar Ga said...

လွှတ်တော်မှာ ဘာကိုသွားပြင်နိုင်မှာလဲ ၊ စကားလုံးလေး တစ်လုံးကိုတောင် မပြင်ချင်တာ ။ နောက်တော့ ပြန်မလှည့်ပါဘူး၊ ကန့်လန့်ကြီး ခံနေတာပဲ ၇ှိတယ်။

that said...

လုပ်ကြပေါ.လုပ်ကြ ရှင်တို.က အာဏာရှင်တွေပဲ

Anonymous said...

ဒို့တိုင်းပြည်ကပြည်သူတွေ
ဘယ်လိုလုပ်ပေး၇မလဲဘဲဥအစရှာမတွေ့တော့ဘူး။
တနိုင်ငံလုံးကပြည်သူတွေဈေးသည်တွေဖြစ်နေပြီလေ..
ဘွဲ့ရပညာတက်ကလည်းလမ်းဘေးဈေးသည်ဘ၀..
ဘာကြောင့်လဲဘယ်သူ့ကြောင့်လဲသိပါတယ်နော်...
သူတို့တတွေကိုလမ်းဘေးဈေးမေ၇ာင်း၇အောင်တားမြစ်
နေတာစည်ပင်စည်းကမ်းအရဆိုသော်လည်း
ဒို့ပြည်သူတွေဆင်းရဲနွမ်းပါးနေရတယ်။
ဈေးမရောင်း၇င်ဖါတန်းသွားကြလိမ့်မယ်။
ဘယ်လမ်းကိုရွေးကြမလဲ..လူကြီးမင်းတို့
နည်းလမ်းကောင်းလေးတွေရှာဖွေပေးပါ။
တောင်ကိုရီးယားနိုင်ငံ၈ျပန်လက်အောက်ကလွတ်ပြီး
၈နှစ်အတွင်းအာရှမှာထိပ်ဆုံ့းရောက်သွားတယ်။
ဘာကြောင့်လဲဘယ်လိုကိုင်တွယ်သလဲဆိုတာ
နည်းလမ်းတွေရှာဖွေမှတ်သားအကောင်ထည်ဖေါ်သင့်တယ်။
နိုင်ငံတကာကိုအားကျအတုယူကြပါ။
ဒါမှတိုင်းပြည်အခက်ခဲတွေအမြန်ပြေလည်မယ်။
ဈေးသည်တွေဈေးမရောင်းရင်ဘာလုပ်ရမလဲ
ဆိုတဲ့လမ်းကြောင်းကိုပြသနိုင်ရမယ်။
အလုပ်ကိုင်တွေပေးသင့်တယ်။
ဥာဏ်မှီသလောက်ပြောကြည့်တာ..တောင်ကိုရီးယားက
ခေါင်းဆောင်ကောင်းများကပြည်သူ့အကျိုးကိုအရမ်းဦးစားပေးတယ်။
ရောင်ပြန်ဟပ်ပါတယ်။
ကိုရီးယားနိုင်ငံစီးပွါးကျချိန်မှာကိုရီးယားကိုကျမရောက်သွားချိန်
ပြည်သူတွေကနိုင်ငံတော်အစိုးရကို
ရွေငွေအားလုံးပြန်ချေးပြီးစီးပွါးရေးထောင်တက်အောင်
တတိုင်းပြည်လုံးညီညီညွတ်ညွတ်ဆောင်ရွက်ကြတယ်။
ခေါင်းဆောင်ပိုင်းကတကိုယ်ကောင်းသမားများဖြစ်နေသမျှ
တိုင်းပြည်ကစုတ်ယုတ်နေအုံးမည်သေချာတယ်။

Anonymous said...

သမ္မတကြီးတက်လာမှ ဆင်းရဲသားတွေအတွက် ဘာတွေလုပ်ပေးပြီလဲ ၊ ကုန်ဈေးနှုန်းတွေချ ၊ ကားခ ၊ မီး၇ထား ၊ လေယာဉ်ခ ၊ မီတာခ တွေ ချပေးပြီးပြီလား ၊ ...... သိ၇သလေက် မကျဘဲ အတက်တွေချည်း ရှိတာပါ ၊ ...... အဲ ဒါကြောင်.သမတကြီး တက်လာမှပြည်သူတွေ ပိုဆင်း၇ဲလာကြပါတယ် ၊ တိုင်းပြည်ကစုတ်ပြတ်နေတယ် ၊ ဆင်း၇ဲသားဈေးသည်တွေလိုက်ဖမ်းလို.ဘာလုပ်မှာလဲ ၊ ဥပမာပြော၇၇င် ........ နူနေတဲ.သူ က .. အင်္ကျီ မီးပူမတိုက်တား၇င် မ၀တ်တတ် တာလိုဖြစ်နေတယ် ၊ ... တိုင်းပြည်ကောင်းအောင် အ၇င်လုပ်ပါ ... သမတကြီးခင်ဗျား ။

ailan said...

သြော် အမိ မလေးရှားမှာ လမ်းဘေးဈေးရောင်းတုန်းက ဘာမှ မဖြစ်ဘူး ပြန်သွားမှ ရှိတာလေးတွေပါသွားတယ် သနားစရာပါလားးး

ailan said...

သြော် အမိ မလေးရှားမှာ လမ်းဘေးဈေးရောင်းတုန်းက ဘာမှ မဖြစ်ဘူး ပြန်သွားမှ ရှိတာလေးတွေပါသွားတယ် သနားစရာပါလားးး

Powered by Blogger.