ကွမ်းခြံကုန်း အပူလွန် သောက်ရေ ပြတ်လပ်

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့ နယ် ကညင်ကုန်းအုပ်စု၊ ကြကိုက်အုပ်စု နဲ့ လက်ခုတ် ကုန်း အုပ်စုက ရွာတွေမှာ နွေအပူကြောင့်

သောက်သုံးရေကန်တွေ ခန်းခြောက်ပြီး လူနဲ့ ကျွဲနွားတိရိစ္ဆာန်တွေ
သောက်သုံးရေ ပြတ်လပ်တဲ့ ဒုက္ခ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ကညင် ကုန်းအုပ်စုက ချောင်းဝ၊ ဆယ်အိမ်တန်း၊ အလယ်ရွာ၊ ကြကိုက် အုပ်စုက ရွာသစ်၊ ဘဲမြီးရွာ နဲ့  လက်ခုတ် ကုန်းအုပ်စုက ငွေသောင်ယံ စတဲ့ ရွာတွေမှာ ရေပြတ်လပ်တာ သုံးရက်ရှိပြီလို့ ဒေသခံ တဦးကပြောပါတယ်။

"မိုးမရွာတဲ့အခါကျတော့ သောက်သုံးရေတွေက ခန်းခြောက်ကုန်တာပေါ့။ အလယ်ရွာလယ် ချောင်းဝရယ်၊ ဆယ်အိမ်တန်းရယ်မှာက
ရေတွင်းက ရေတွေကလည်း သောက်လို့ မရသေးဘူးပေါ့နော်။ ကွမ်းခြံကုန်းမြို့ပေါ်မှာ အ၀ီစိစက်ရေတွင်း ၂ တွင်းရှိတယ်။ အဲဒါကလည်း သောက်ရေအဆင့်ကို မမှီသေးဘူး။ ထုံးဓာတ်များတာကို။ အဲဒါကိုလည်း ရေနမူနာယူပြီးတော့ ကျန်းမာရေးဌာနကို ပို့ထားတယ်။ လှူမယ့်သူတော့ မရှိသေးဘူး။ အခု မြို့နယ်ကတော့ မီးသတ်ကားနဲ့ သွားလို့ရတဲ့နေရာတွေကို ကား၂ စီး၊ ရေကားသစီးနဲ့ ပို့တယ်။ ကားနဲ့ သွားလို့ မရတဲ့ ကျေးရွာတွေကို သမာန်နဲ့ ရေပို့ရတယ်။ မရှိရင်တော့ သူတို့ ရှိတဲ့ရေကို ကြိုချက်ပြီးတော့ သောက်ရတာပေါ့။ ရေပြတ်သွားတော့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာရှိတာပေါ့နော်။"

လက်ခုတ်ကုန်းရွာ အုပ်စု ရွာတွေဟာ ပင်လယ်ကမ်းခြေဒေသ ဖြစ်လို့  စက်ရေတွင်းရေကို သောက်သုံးလို့မရဘဲ ရေကန်ကိုသာ အမှီပြုနေရတဲ့ ရွာတွေဖြစ်ပါတယ်။

မနှစ်က မိုးရွာခဲ့လို့ သောက်သုံးရေမပြတ်ခဲ့ပေမဲ့ ၂၀၁၀ ခုနှစ်တုံးက အခုနှစ်လိုပဲ သောက်သုံးရေပြတ်ခဲ့တယ်လို့  ပြောပါတယ်။
 
RFA-Burmese

ကွမ်းခြံကုန်း အပူလွန် သောက်ရေ ပြတ်လပ် ကွမ်းခြံကုန်း အပူလွန် သောက်ရေ ပြတ်လပ် Reviewed by သစ်ထူးလွင် on 00:49 Rating: 5

3 comments:

Anonymous said...

ွအဲဒီရွာတွေကို လှုဒါန်းချင်ရင် အကျိုးဆောင်ပေးသူတွေရဲ့ လိပ်စာကို သိရှိသူတွေ ဖော်ပြပေးစေလိုပါတယ်ခင်ဗျား..။ ကျေးဇူးတင်ပါတယ်။

sean said...

ကွမ်းခြံကုန်း သူဌေးကြီး ဦးခင်ရွှေရဲ့ မဲဆန္ဒ နယ် ထင်တယ်...မသိသေးလို့လား ..စိတ်မဝင်စားလို့လား.. သတင်း ကို ဆက်သိချင်ပါတယ်...

Anonymous said...

အဲ့ဒီ ကြကိုက် ကျေးရွာ အုပ်စု တွင် ကြကိုက် ကျေးရွာအား မင်္ဂလာမြန်မာ အန်ဂျီ အို အဖွဲ့တစ်ခုမှ အ၀ီစီ စက်ရေတွင်း လှူဒါန်းပေးပြီး ဖြစ်ပါတယ်.. ဒါအပြင် ဂါလံ ၁၅၀၀ ဆံ့ အုတ်ရေကန် နှစ်ကန်တွဲလဲ လှူဒါန်ပေးထားပါတယ် ပြည်သူလူထုပိုင် အဖြစ်နဲ့ ဘာကြောင့် ဘဲမီး ရွာ နဲ့ ရွာသစ်ရွာက သူတွေက သွားမခပ်ကြတာလဲ သိခွင့် ရချင်ပါတယ်

Powered by Blogger.