မန်းသင်္ကြန် အကြိုနေ့ 


မန္တလေး ၌ လေပြင်းများတိုက်ခိုက်
သင်္ကြန်အကြို မန္တလေးမြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲ ကျင်းပစဉ် ညနေ ၆ နာရီခန့်၌ လေပြင်းများ တိုက်ခတ်၍ပိရိသတ်ပွဲကြည့်စင်မှ ကြေငြာဗီနိုင်းများ ပြုတ်ထွက်သွားခဲ့သည်။
ထိုသို့ လေပြင်းတိုက်ခတ်မှုကြောင့် မြို့တော်ဝန်မဏ္ဍပ်ရှိ ဗီနိုင်းအချို့အပြင် တခြားမဏ္ဍပ်အချို့မှ ကြောငြာဗီနိုင်းများလည်း စုတ်ပြဲသွားခဲ့သည်။လေပြင်းတိုက်ပြီးနောက် မိုးဖွဲလေးများ ရွာသွန်းခဲ့သည်။
မဏ္ဍပ်ဖွင့်ပွဲတွင် မန်းမြို့တော်ဝန်ဦးအောင်မောင်းက မြို့ခံလူထုအားနှစ်သစ်ကူး နုတ်ခွန်းဆက် စကားပြောကြားရာ၌ ကမ္ဘာကြီးရာသီဥတုပူနွေးလာမှု နှင့် ဖောက်ပြန်မှု များအကြောင်းကို ထည်သွင်း ပြောကြားခဲ့ပြီး မြို့နေလူထုအနေဖြင့် ရာသီဥတု ပြောင်းလဲမှု ကို အလေးထားရန် တိုက်တွန်းခဲ့သည်။

 Popular Myanmar News Journal
မန်းမြို့တော်ဝန် သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ယနေ့ ညနေ ၅ နာရီတွင် ကျင်းပခဲ့သည်။
မန်းသင်္ကြန် အကြိုနေ့  မန်းသင်္ကြန် အကြိုနေ့  Reviewed by သစ်ထူးလွင် on 04:57 Rating: 5

10 comments:

မောင်မှန် said...

ကျက်သရေ ရှိလိုက်ပါပေ့ မြန်မာ့ရှုခင်းအလှတွေကွယ်..

Kyawnaingsoe said...

မန်းသူ. မန်းသားများ သင်္ကြန်မှာ ဘေးမထိ ရန်မခပဲ အပြည့်အဝ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပါတယ်...

aggawan said...

တူးပို့ တူးပို့ သံစဉ်လေးတွေ ကြားရတဲ့ အချိန်မှာ ... ကျွန်တော်က .. ဟိုး အဝေးကြီးကို ရောက်ရှိနေခဲ့ပြီလေ .... ( အိမ်ပြန်ချင်တဲ့ စိတ်လေး တားမရဘူး ............ ) အဆိုတော် ဝေးအိမ်သင်

ဖိုးတောက် said...

ပျော်ရွှင်ကြပါစေ... မန်းသူ/မန်းသားတွေရေ... ...

ဖိုးတောက် said...

မန်းသင်္ကြန်ရဲ့ အလှဓါတ်ပုံလေးတွေ Share ပေးပါဦး...

myolay said...

အရမ်းလှတာဘယ်

myolay said...

အရမ်းလှတာဘယ်မန်းသူမန်းသားတွေ့က

စစ်ကိုမုန်း said...

အစိမ်းရောင်လွှမ်းတဲ့ မြို့တော်ဝန်မဏ္ဍပ်ပါပဲ.. ဘယ်လို အဓိပ္ပါယ်လဲတော့မသိပါ.. စည်ပင် အရောင်က အစိမ်းရောင်မဟုတ်တာတော့ သေချာပါတယ်..

aristhteinwin said...

မြင်ရ တွေ့ ရတာ နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြည်နူးပါဘိ မြနန္ဒာသင်္ကြန်ရယ်-

soegyi said...

အဝေးမှန်းဆတာ.တမ်းတကာ.မျှော်ကာလွမ်းပြေပါ့.သြော်...မန်းသင်္ကြန်အလှ...ရေမြေတွေခြား.တူးပို့သံမကြားသော်လည်း.ကိုယ်တိုင်ပင်ဝင်ကာနွှဲသလိုပ.ဓာတ်ပုံအလှ.........အနေကြာ.မြေကာခြားသော်လည်း.တချိန်မှာပြန်ကာနွှဲချင်ရဲ့.လွမ်းသူစိတ်ထဲ.....

Powered by Blogger.