ဒေါ်အောင်ဆန်းစုကြည်ကို ကူညီလိုကြောင်း ဗြိတိန်ဝန်ကြီးချုပ် ပြောဆို

ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်း မနက်ဖြန် သောကြာနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ မစ္စတာ ဒေးဗစ်ကင်မရွန်းဟာ အင်ဒိုနီးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။
Photo courtesy of Burma Campaign UK
၂၀၀၈ ခုနှစ် မေလအတွင်း လန်ဒန်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ဆရာတော် ဦးဥတ္တရ၊ ဇိုရာဖန်းနှင့်အတူ မစ္စတာ ဒေးဗစ်ကင်မရွန်းကို တွေ့ရစဉ်။ 

အင်ဒိုနီးရှားနိုင်ငံမှာ ရှိနေစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ - " မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စတင်ပွင့်လန်းလာတဲ့ တောက်ပတဲ့ အလင်းရောင်တစ်ကွက် ဖြစ်ပါတယ်။ လက်ရှိ ခေါင်းဆောင်ဟာ အင်မတန်အလုပ်ကြိုးစား၊ သည်းခံမှုနဲ့လည်းပြည့်စုံ၊ တိုင်းပြည်မှာ ဒီမိုကရေစီ အပြည့်အ၀ ပွင့်လန်းလာတာကို မြင်ချင်နေသူပါ။ အခု ပွင့်စပြုလာတာကို မြင်နေရပါပြီ။ ဒီအချိန်ဟာ မြန်မာပြည်ကို သွားရောက်ဖို့ သင့်တော်တဲ့ အချိန်ပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ မြန်မာ့ဒီမိုကရေစီလမ်းကြောင်း နောက်ပြန်မဆုတ်ရအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူအကွဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းလည်း ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်းက ပြောဆိုခဲ့ပါတယ်။
မစ္စတာ ဒေးဗစ်ကင်မရွန်းဟာ မြန်မာ့ ၁၉၉၀ ရွေးကောက်ပွဲ ပြီးကတည်းက နှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ ဗြိတိန် နိုင်ငံရေးခေါင်းဆောင် ဖြစ်ပါတယ်။
နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံကို အလုအယက် သွားရောက်နေကြတာနဲ့အမျှ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ သူနဲ့အတူ ဗြိတိန်စီးပွားရေး အဖွဲ့တစ်ဖွဲ့လည်း ပါဝင်ဖွယ်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကူညီလိုကြောင်း ဗြိတိန်ဝန်ကြီးချုပ် ပြောဆို ဒေါ်အောင်ဆန်းစုကြည်ကို ကူညီလိုကြောင်း ဗြိတိန်ဝန်ကြီးချုပ် ပြောဆို Reviewed by သစ်ထူးလွင် on 08:41 Rating: 5

8 comments:

Anonymous said...

ဗမာပြည်ကိုခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့နည်းကို
ရှောင်ပြီးပြည်သူတွေချမ်းသာဝပြောရေးကိုရှေ့ရှုပေးပါ။

ko phyo said...

လက်ရှိ ခေါင်းဆောင်ဟာ အင်မတန်အလုပ်ကြိုးစား၊ သည်းခံမှုနဲ့လည်းပြည့်စုံ၊ တိုင်းပြည်မှာ ဒီမိုကရေစီ အပြည့်အ၀ ပွင့်လန်းလာတာကို မြင်ချင်နေသူပါ။ အခု ပွင့်စပြုလာတာကို မြင်နေရပါပြီ။ ဒီအချိန်ဟာ မြန်မာပြည်ကို သွားရောက်ဖို့ သင့်တော်တဲ့ အချိန်ပါပဲ"


ဟုတ်ပါတယ်ဗျ...အခုခေါင်းဆောင်းက ..ပြည်သူတွေကိုချစ်တဲ့သမ္မတကြီးပါ...အားလုံးကလဲသူကိုချစ်ပါတယ်ခင်ဗျ...

ko phyo said...

" မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စတင်ပွင့်လန်းလာတဲ့ တောက်ပတဲ့ အလင်းရောင်တစ်ကွက် ဖြစ်ပါတယ်။ လက်ရှိ ခေါင်းဆောင်ဟာ အင်မတန်အလုပ်ကြိုးစား၊ သည်းခံမှုနဲ့လည်းပြည့်စုံ၊ တိုင်းပြည်မှာ ဒီမိုကရေစီ အပြည့်အ၀ ပွင့်လန်းလာတာကို မြင်ချင်နေသူပါ။ အခု ပွင့်စပြုလာတာကို မြင်နေရပါပြီ။ ဒီအချိန်ဟာ မြန်မာပြည်ကို သွားရောက်ဖို့ သင့်တော်တဲ့ အချိန်ပါပဲ"
RIGHT ....

GOOD VISION..

Anonymous said...

လာကြပါ လာကြပါ စီးပွားရေး ပညာရှင်တွေ မြန်မာကို ကူညီဖို့ ဆိုရင် ကြိုဆိုပါတယ် . . တရုတ်မလာရင်ပြီးရော . . .

Unknown said...

MPP ပြောတာကို ထောက်ခံတယ် စီးပွါးရေးရင်းနှီးမြှုပ်နှံမယ့်သူတွေနဲ့အသိပညာရှင် အတတ်ပညာရှင်တွေကို လာကြပါလို့ ဖိတ်ခေါ်ကြိုဆိုပါတယ်.........ဒါပေမယ့် တရုတ်လူမျိုးတွေကိုတော့ လုံးဝ လုံးဝ မလာပါနဲ့လို့ ကန့်ကွက်ပိတ်ပင်ဆန့်ကျင်ပါတယ် ......လုံးဝ အလိုမရှိပါ။

kaungkin said...

ဘယ်သူပဲခေါင်းဆောင် ခေါင်းဆောင် အခြေခံလူတန်းစားတွေရဲ့ အခွင့်အရေးတွေကိုရှေးရှုတဲ့သူဖြစ်ဖို့လိုတယ်၊ အလုပ်သမားလယ်သမားတွေကို ပြည့်ပြည့်၀၀ကာကွယ်ပေးမယ့်ဥပဒေတွပြဌာန်းရမယ်၊ ဒါမှနိုင်ငံခြားစီးပွားရေးသမားတွေ၊သူတို့တွေနှင့်ပူးပေါင်းပြီး ကိုယ်ကျိုးရှာနေကျ မြန်မာကပ်ဖားယပ်ဖားလုပ်ငန်းရှင်တွေရဲ့ ခေါင်းပုံဖြတ်တာမခံရမှာ။အခြေခံလူတန်းစားတွေရဲ့ဘ၀ မြင့်တက်မှုမရှိသရွေ့တော့ နိုင်ငံကရေမချိုးပဲအ၀တ်အစားသစ်ဝတ်လိုက်သလိုပဲဖြစ်မယ်။

aungzawmoe said...

အမေရိကန်ပဲလာလာ ယူရိုပဲလာလာ မြန်ပြည်သူအောက်ခြေလူတန်းစားတွေ
ကို အလုပ်ပေးနိုင်တဲ့လုပ်ငန်းမျိုး၊ နည်းပညာပေးမည့်လုပ်ငန်းမျိုးဆို ကြိုဆိုပါ တယ်ဗျာ။ မြန်မာ့ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက်သယံဇာတတွေကို အချောင်နှိုက်နေတဲ့ တရုတ်တွေကိုတော့ ဆော်ရီးပါပဲ။ အစိုးရလူကြီးပိုင်းတွေကို လာဘ်ငွေပေး၊ အလုပ်သမားတွေပေါ် ခေါင်းပုံဖြတ်၊ သယံဇာတလောက်ကိုသာ
စိတ်ဝင်စားတဲ့ တရုတ်တွေကိုတော့ ရွံလွန်းလို့ဗျာ။ အနောက်နိုင်ငံတွေနှင့် ဆက်ဆံရေးတိုးမြှင့်၊ ရင်းနှီးမြှပ်နှံမှုတွေကို ဖိတ်ခေါ်ပြီး တရုတ်အပေါ်မှီခိုမှု၊ အားကိုးလွန်းမှုကို အမြန်ဆုံးလျော့ချသင့်ပါပြီ။

TT said...

ပြည်သူကိုချစ်တဲ့ သမတ ..ဟုတ်ပါတယ်၊ ဒီနေ့ အခြေအနေမျိုးဖြစ်လာတာ သူ့ရဲ့ အခန်းဂဏ္ဍက အရေးပါပါတယ်၊ အားတော့မရသေးဘူးပေါ့လေ

Powered by Blogger.