စစ်တပ် အရာရှိကြီးတွေ ဘာကြောင့် ဒီအချိန် ရာထူးတိုးသလဲ

စစ်တပ် အကြီး အကဲတွေ ရာထူးတိုးပေး တာဟာ စစ်တပ် အခန်းကို တိုးမြှင့်တာလို့ မြင်ကြ
အင်္ဂါနေ့က ထုတ်ဝေတဲ့ အစိုးရ သတင်းစာတွေ မှာ ဖော်ပြရေးသားချက်တွေ အရ မြန်မာ နိုင်ငံ စစ်တပ် အကြီးအကဲ တခိျု့ရဲ့ ရာထူး တွေတိုးမြှင့် ပေးခဲ့တာ တွေ့ရပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ပ ခရီးစဉ်ကို လိုက်ပါ ပို့ဆောင်တဲ့ သတင်းကို ဖော်ပြရာမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး လို့ ဖော်ပြပြီး ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် နဲ့ တခြား ထိပ်ပိုင်း စစ်ဘက် ဆိုင်ရာ အရာရှိကြီး တခိျု့ကို ရာထူး တစ်ဆင့်တိုး ဖော်ပြ ထားတာ ဖြစ်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်(လေ)က ဒုတိယ ဗိုလ်ချုပ်ကြီး ကနေ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းအဖြစ် မူလ ထက် ရာထူး တဆင့်မြင့် သွားပါတယ်။

ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ကို လည်း ရာထူး တစ်ဆင့် တိုးပေးလိုက်တဲ့ အတွက် ဗိုလ်ချုပ်ကြီး စိုးဝင်း ဖြစ်သွား ပါတယ်။

ဒါဟာ လက်ရှိသွားနေတဲ့ မြန်မာ နိုင်ငံရဲ့ အပြောင်း အလဲတွေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု ချီးမြှောက်တဲ့ သဘောလို့ ပြောနိုင်ကြောင်း အငြိမ်းစား တပ်မတော် အရာရှိကြီး တစ်ယောက်က ဘီဘီစီကို ပြော ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူ သွားခဲ့ပြီးတဲ့နောက်မှာ ဗိုလ်ချုပ်ကြီး အဆင့် ရှိတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကို ကာကွယ်ရေး ဦးစီးချုပ် အဖြစ် အစမ်း ခန့်ထားခဲ့ပြီး အခု တစ်နှစ်ပြည့်ချိန်မှာ အတည်ပြု ခန့်ထားတာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံရောက် ဘီဘီစီ သတင်းထောက် ကိုချိုက စစ်တပ် အသိုင်း အဝိုင်းနဲ့ သတင်းထောက် အသိုင်း အဝိုင်းရဲ့ ပြောဆိုမှု တွေကို ကိုးကား ပြောပါတယ်။

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သူတို့ လွှတ်တော်ထဲ ရောက်ရင် ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ကနေ ဖယ်ရှားဖို့ လုပ်ဆောင် မယ်လို့ ပြောထားခဲ့ တာမို့ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်သမျှ နေရာ အားလုံး နီးပါး အနိုင်ရ တယ် ဆိုတဲ့ ရလဒ် ထွက်ပေါ်လာ ချိန်မှာ စစ်တပ် အကြီးအကဲတွေရဲ့ ရာထူးတွေ တိုးပေးလိုက်တာ တွေ့ရတာကတော့ စစ်တပ်ရဲ့ အခန်း ကဏ္ဍကို တိုးမြှင့် ယူလာတယ်လို့ ဆိုနိုင်ကြောင်း ဘီဘီစီ သတင်းထောက် ကိုချိုက ပြောပါတယ်။



ဘီဘီစီ
စစ်တပ် အရာရှိကြီးတွေ ဘာကြောင့် ဒီအချိန် ရာထူးတိုးသလဲ စစ်တပ် အရာရှိကြီးတွေ ဘာကြောင့် ဒီအချိန် ရာထူးတိုးသလဲ Reviewed by သစ်ထူးလွင် on 04:25 Rating: 5

12 comments:

soe said...

နောက်တခါ လာပြန်ပြီလား ဗိုလ်ချုပ်မှုးကြီး...ကာချုပ်က ဒုဗခမက ဆိုတော့???သူ့အထက်မှာ ဗိုလ်ချုပ်မှုးကြီးက ဘယ်သူလဲ????သန်းရွှေလား???

မြန်မာ့မြေ said...

ပြည်သူကျွေးတဲ့ ထမင်းဟင်းကို အလကားစားရင်း အားအားယားယား
ရာထူးတိုးတမ်းကစားနေကြတာ မရှက်ကြဘူးလား
ယောက်ျားအရင့်အမာကြီးတွေဖြစ်ပြီး အမျိုးသမီးတစ်ယောက်လောက်တောင် စွမ်းဆောင်ရေမရှိတဲ့ အစိုးရအောက်မှာ အနှစ် ၂၀ ကျော် နေထိုင်လာရတာ မင်းတို့မရှက်ပေမဲ့ ပြည်သူတွေက ရှက်တယ်
အသိတရားရှိကြစေခြင်ပါတယ်

ဖိုးသား said...

ဒီ ပုံစံဆို ဘယ်လိုလုပ် ယုံကြည်ရပါ့ ဘာတွေဆက်ဖြစ်လာအုံးမလဲပဲနော် ရင်လေးစရာပါပဲလားကွယ်တို့ ............

ko pwa said...

ဒါဆို လစာတိုးပြီပေါ့နော်

Toe Toe said...

တပ်ကတော့တိုးယူနေတာဘဲ၊ဒါပေမဲ့နိုင်ငံတကာတပ်တွေလိုစည်းကမ်းလိုက်နာ
ဘို့တော့လိုမယ်၊ထစ်ကနဲ့ဆိုအာဏာသိမ်းဘို့စဉ်စားနေလို့တော့မဖြစ်ဘူး။ဒေါ်စု
ဆိုလိုတဲ့စကားကစစ်တပ်ကိုယ်စားလှယ်၂၅% ကနိုင်ငံတကာဒီမိုကရေစီစံနှုန်းနဲ့
မကိုက်ညီဘူးဘဲပြောတာပါ။ဖယ်မယ်လို့မပါပါဘူး။ဒီနေရာမှာရွေးကောက်ခံကိုယ်
စားလှယ်ဖြစ်ဘို့ဆိုလိုတာပါ။တပ်လဲဖြစ်ချင်ဖြစ်မယ်။တပ်ထွက်၊အရပ်သားလဲဖြစ်
ချင်ဖြစ်မယ်လို့ဘဲသဘောပေါက်ပါတယ်။မဲရွေးပြီးမှလွှတ်တော်ထဲထည့်ဘို့်ဆိုလို
တယ်ထင်တာဘဲ၊စောင့်ကြည့်ရမှာပေါ့။တပ်ချုပ်ကတော့လက်မခံတဲ့သဘောလား
မသိပါဘူး။မလောတာကောင်းပါတယ်။

kan said...

စစ်တပ်ဟာ ရန်သူမဟုတ်မှန်းပြည်သူတွေသိကြပေမဲ့ ရက်စက်တဲ့ လက်တွေကြောင့် နှတ်ကြောင့်သေ လက်ကြောင့်ကြေ သဘောဖြစ်နေတာပါ။လွှတ်တော်ထဲမှ တပ်မတော်သားတွေပါဝင်နေတာကောင်းပါတယ်။ အမေစုရဲ့စေတနာ သဘောထားတွေကို စစ်တပ်ကိုသီးသန့် သွားပြောဖို့မလိုပဲ လွှတ်တော်ထဲမှာတင် အလွယ်တကူကြားရပြီး ပြည်သူ့အသံကို စစ်တပ်က အလွယ်တကူကြားရခြင်းဖြစ်ပါတယ်။ကျွန်တော် ငယ်ငယ် ၄-၅-၆ နှစ်သားခန့် ၁၉၈၀ ဝန်းကျင်က စစ်တပ်က ရွာကိုတစ်ခါ ပြည်သူနဲ့အတူလုပ်အားပေး ထင်တယ်ဗျ အဲဒီမှာတွေ့ရတဲ့ စစ်ဗိုလ်အောင်ရဲကျော်ထင်ပါတယ် အသားဖြူဖြူ လူရည်သန့်သန့် လေးစားဖို့ကောင်းတယ် ပြည်သူတွေနဲ့အတူတူ ဟိန်းဟောက်တာတွေမတွေ့ရဘူး ကျွန်တော်တို့လဲ ကိုယ့်အစ်ကိုကြီးလို ပွေ့ဖက်ာကပျော်မြူးအားကျခဲ့တာ မြင်ယောင်နေဆဲပါ။တခါပဲတွေ့ဖူးတာပါ ခုတော့သူ အငြိမ်းစားပဲလား ။ စစ်တပ်ထဲက ယခုစစ်သား စစ်စိတ်ဓာတ်နဲ့ပဲရှိနေသလား ၊ အရင် ကျွန်တော်ငယ်ငယ်က တွေ့ရတဲ့ ပြည်သူကိုနွေးထွေးမှုအပြည့် ရင်ထဲမှာခံစားရင်းတာဝန်ထမ်းဆောင်နေဆလားဆိုတာတော့ သတိယလျှက် မသိရတဲ့ အခြေနေတွေဖြစ်နေပါပြီ။ ပြည်သူကိုချစ်သော ပြည်သူ့တပ်မတော်သားတိုင်း ကျန်းမာချမ်းသာကြပါစ။

lawkathitsar said...

ဦးစောမောင် တုန်းက ဗိုလ်ချုပ်ကြီး ကနေ ဗိုလ်ချုပ်မှူးကြီး ရာထူး
တန်းယူ လိုက်တာ ၊ အခု ဦးစီးချုပ်ကဒု ဗိုလ်ချုပ်မှူးကြီး ရာထူး ကို
တဆင့်ခံ ယူလဲမသိဘူး ၊ ဒါရိုက် ဗိုလ်ချုပ်မှူးကြီး ယူလိုက်ရင်ပြီးရော

saw 00 said...

ကိုယ့် ဘာသာကို ပြန်ပေးတဲ့ ရာထူး တိုးတယ်ဆိုတဲ့ သဘောက ဘယ်လိုလဲ မသိ ဘူးနော် ၊ ဘယ်သူ့ ခွင့်ပြုချက်နဲ့ ဘယ်သူ က တဆင့်မြင့်ရာထူးနဲ့ ထိုက်တန်တယ်လို့ ပြောလို့ ထောက်ခံလို့ တဆင့် မြင့် သွားရတာလဲ ၊ ကိုယ့်ကိုယ်ကိုပြန်ပေးတာ ဆိုရင်တော့ ( တောက်တဲ့ ) ဘဲ ။

အောင်မြတ် said...

ဒုတိယဗိုလ်ချုပ်မှုးကြီးဆိုတော့ ပထမဗိုလ်ချုပ်မှုးကြီကဘယ်သူလဲ

အရှိအတိုင်း said...

လွှတ်တော်ထဲက ကြယ်ကိုကိုတွေ က ခုထိ ဘာမှမဆွေးနွေးကြဘူးနော်....စာပဲမတတ်လို့လား...ကြောက်နေတာလား...

ဖိုးပွကြီး said...

စစ်တပ်တွင် မဟုတ်ဘူးဗျို.
အရပ်ပြောင်းစစ်ဗိုလ်တွေပါ ဌာနတွေမှာ အခုရက်ပိုင်း အစ်ကိုကြီးညီလေး တိုင်ပင်ပြီး အခွင့်ရေးကို ၇သလောက် နင်းကန်ယူနေပါတယ်.
ခေတ်ပြောင်း၇င် အနှစ်သာရမရှိတဲ့သူ ဘေးေ၇ာက်မှာကို ကြိုသိလို့လားတော့ မသိဘူး
ဟောက်ပါဝါတော့ သိပ်မလုပ်တော့ပါဘူး တစ်ပတ်လောက်ရှိပြီပြောပါတယ်.
ဘာဘဲဖြစ်ဖြစ် အရပ်သားဝန်ထမ်းတွေကတော့ ဒီလူတွေကြောင့်စိတ်ကျရောဂါဖြစ်နေရပါတယ်.

freedom from fear said...

သန်းရွှေတုန်းကတော့ ပုံ------ခင်ညွန့်ဆိုပြီး အမိန့်ထုတ်ပြန်လိုက်တာပဲ။ အခုကရော ကာ/ချုပ်ကို ပုံ-----ဘယ်သူဆိုပြီး ရာထူးတိုးပေးလိုက်တာလဲ။ အမိန့်ကြေငြာစာကို မဖတ်လိုက်ရလို့ ပြောပြပေးကြပါ။

Powered by Blogger.