ပခုက္ကူခရိုင်မှ ကြိုတင်မဲ မသမာမှုများ

မတ်လ ၃၁ ရက်နေ့ ၂၀၁၂
ပခုက္ကူမြို့၊  မြစ်ခြေတိုက်နယ်၊ ပေါက်တောအုပ်စု အိုင်ကြီးရွာ တွင် ယနေ့ညနေ ၅း၀၀နာရီ
ခန့်တွင် နာမကျန်း သက်ကြီးရွယ်အို ဖြစ်ကြသော ဦးသိန်းညွှန့် ၊ ဒေါ်လေးကြည် တို့ဧ။်
ကြိုတင်မဲများ ကို ကိုယ်တိုင် မခြစ်ရဘဲ ပြည်ခိုင်ဖြိုးပါတီမှ အောင်မျိုး ရယက စာရေး
ဝေမာလှိုင် တို့မှ ကြံခိုင်ရေးပါတီအားခြစ်သွားကြောင်း ဒေသခံကိုအောင်ကျော်ဇော မှ
ပြောပါတယ်။
အဆိုပါ ကိစ္စကို  အိုင်ကြီးကျေးရွာမှ
သက်သေ-
၁။ ကိုတင်လင်းနိုင်
၂။ မခင်ကြိုင်
တို့ ရှိပါတယ်။

ပခုက္ကူမြို့၊ အမှတ်၅ ရပ်ကွက်မှာလည်း ရပ်ကွက်တွင်နေထိုင်သော အမျိုးသမီး
 တစ်ဦးသည် မဲပေးခွင့် ရှိပါလျှက် မဲစာရင်းမပါသည်ကို ကော်မရှင်ရုံး
သွားရောက်ပြောကြားရာ ရပ်ကျေးကော်မရှင် ဥက္ကဌနှင့် ရယက စာရေး
ဒေါ်ချောစုအောင်တို့ကကောင်းမွန်စွာပြန်လည်ဖြေကြားခြင်းမရှိဘဲ အာဏာရှင်ဆန်ဆန်မခြေမငံပြောဆိုဆက်ဆံပါကြောင်း ကိုယ်တိုင်ကြုံတွေ့သူ
မဖြိုး  မှ ပြောကြားပါတယ်။

ပခုက္ကူမြို့၊ အရှေ့သီရိအုပ်စု၊ ဇီးကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးလှဝင်း မှလည်း
 ကြိုတင်မဲပေးခွင့်ရှိသူကျေးရွာတွင်းမှ လူမမာများ ကြိုတင်မဲပေးခြင်းကို
လက်မခံကြောင်းသိရပါ။
လူမမာများပေးလိုသော မဲများမှာ ဒေါ်အောင်ဆန်းစုကြည်ဧ။်   NLD ပါတီ ကိုသာ
 ပေးလိုခြင်း ဖြစ်သည်ကို သိရှိသောကြောင့် လက်မခံခြင်းဖြစ်သည်ဟုသိရှိရပါတယ်။

ပခုက္ကူမြို့နယ်၊ ရှထူးရွာအုပ်စု၊ ဆိုင်ဖြူရွာတွင်လည်း ကျေးရွာသူကျေးရွာသား ၂၀ခန့်သည် တောလုတ်ငန်းပြီးဆုံးပြီး နံနက်မဲပေးရန်အတွက် ညနေ ပြန်လာချိန်တွင်ကျေးရွာအုပ်ချုပ်ရေးမှူးက မဲပေးခွင့်ရှိသူ အဆိုပါ လူများ
မသိဘဲ ကြိုတင်မဲများ ပေးနှင့်ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

ပခုက္ကူ NLD အောင်နိုင်ရေးအဖွဲ့ မှ သတင်းစုဆောင်းပေးပို့ ထားတာဖြစ်ပါတယ်။

Myanmar News Now
ပခုက္ကူခရိုင်မှ ကြိုတင်မဲ မသမာမှုများ ပခုက္ကူခရိုင်မှ ကြိုတင်မဲ မသမာမှုများ Reviewed by သစ်ထူးလွင် on 01:45 Rating: 5

6 comments:

အမြင်သစ် said...

ကိုသစ်ထူးလွင်ခင်ဗျားတစ်ခုလောက်အကြံပြုချင်ပါတယ်။ မဲမသမာမှုနဲ့ဆိုင်တဲ့ မြို့နယ်တွေအားလုံးရဲ့သတင်းတွေကို လင့်လေးတစ်ခုနဲ့ချိတ်ပီးတပေါင်းတစည်းထဲသီးသန့်လေးလည်း
ဖော်ပြပေးစေချင်ပါတယ်ခင်ဗျား။ ဘယ်လောက်များများရှိလဲဆို
တာ တခါတည်းသိနိုင်တာပေါ့ခင်ဗျာ။ ဖြစ်နိုင်ရင်ပေါ့

supergunner said...

င၀sy ရေ..ခင်ဗျားဆက်တာကြည့်ဒီသတင်းတွေပဲဆက်လာမှ
မသမာမှုပြုတဲ့ ကော်မရှင်တွေအကြောင်းလေ....
ပခုက္ကူမြို့ ဆိုတာ..ဘုန်းကြီးတောင်စရိုက်တဲ့ခွေးထက်မိုက်တဲ့ကောင်တွေဗျ
မြန်မာနိုင်ငံမှာ.ဘုန်းကြီးကိုအဲဒီမြို့ ကပါဝါရိန်းဂျားအစိမ်းကောင်တွေကစရိုက်
တာဗျ. မီးမလာတဲ့ဓာတ်တိုင်မှာကြိုးတုတ်ပြီးရိုက်တဲ့ကောင်တွေ.ဘာသာရေး
တောင်ဒီလိုလုပ်ရဲ ရင်စဉ်းစားကြည့်ဗျာ.ကျန်တဲ့မြို့ သူမြို့ သား.တရားမျှတ
မှုလိုလားတဲ့..အရပ်ကတို့ .မသမာရင်သတင်းပေးပါ.ဗျာ.မကြောက်ကြပါ
နဲ့ .အဝေးရောက်မြန်မာတွေက ဒါလေးပဲကြည့်နေရတာ..အလုပ်တောင်
သွားဘူး..ဒီနေ့ 

KoTOE said...

ကြံ့ဖွံ့ တို့ ...ဌေးဦး၊အောင်သောင်း၊အောင်သိန်းလင်း...အပါအ၀င်အားလုံးသို့ ..

မင်းတို့ အားလုံး....ခိုးထားကြလို့ ...စားမကုန်အောင်လဲချမ်းသာနေပါပြီ
မင်းတို့ အုပ်ချုပ်ခဲ့လို့ ...တိုင်းပြည်လဲချွှတ်ခြုံကျနေပါပြီကွာ....
တော်ကြပါတော့...တော်ကြပါတော့......
တောင်းပန်ပါတယ်....................စိတ်ညစ်ပါ့။

KoTOE said...

တပ်မတော်ဗိုလ်ဟောင်းကြံ့ဖွံ့ အပေါင်းတို့ ...
သင်တို့ မတရားအာဏာသိမ်းပိုက်အုပ်ချုပ်မှုကြောင့်...ကျုပ်တ့ို့ တိုင်းပြည်ကြီးသည်...အနူတစ်ရာစုပ်သည့်...သရက်စေ့ပမာ...ချွတ်ခြုံကျခဲ့ရပါပြီ။
သို့ ပေငြားလည်း....သင်တို့ နှင့်သင်တို့ မိသားစုများမှာ...ဆယ်သက်စားမကုန်ချမ်းသာနေကြပြီဖြစ်နေကြပါပြီ။
သို့ ပေမဲ့...ယနေ့ ထက်တိုင်...ဆက်လက်ခိုးရန်ရည်ရွယ်လျှက်...ယခုကြားဖြတ်ရွေးကော်ပွဲတွင်...မသမာမှုများပြုနေကြပြန်ပြီ။
တော်ပါတော့...တော်ကြပါတော့...ကြေနပ်ကြပါတော့...တိုင်းပြည်ကိုသိပ်ချစ်ပါတယ်ဆိုတဲ့...ဗိုလ်မှူးကြီးတို့ု..ဗိုလ်ချုပ်ကြီးတို့ .....
လေးစား...ရိုကြိုး..ရွံရှာစွာ....တောင်းပန်အပ်ပါတယ်၊

mayoo said...

congratulation !! NLD !!

mayoo said...

CONGRATULATION !!!!!!!!! NLD!!!!!!


MAY OO!

Powered by Blogger.