YCDC ၏ မြေညီထပ်ကားပါကင်အမိန့် အထက်အမိန့်များဖျက်သိမ်း

ရန်ကုန်မြို့တော်စည်ပင်သာယာ၏ အဆောက်အအုံသစ်များ၏မြေညီထပ်တွင် ကားပါကင်ထည့်သွင်းဆောက်လုပ်ရမည့် အမိန့်အား အထက်မှညွှန်ကြားချက်အရ 
၁၄ရက် ၊ ၃လ ၊ ၂၀၁၂ တွင် ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိပါသည်။
Myanmar News Now
ရန်ကုန်မြို့ မှ ကန်ထရိုက်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို တွေ့ ရစဉ်

Myanmar News Now မှ တင်ပြခဲ့တဲ့  YCDC ကားပါကင် ပြဿနာ  အောက်မှာပြန်လည်
ဖော်ပြပေးလိုက်ပါတယ်။

စည်ပင်ရဲ့ ကားပါကင်ကြောင့် အိုးအိမ်မဲ့ဖြစ်သူပေါင်း ၃၀၀ကျော်ရှိ   

ရန်ကုန်မြိုတော်စည်ပင်မှာ အိမ်ဟောင်းများကို ဖျက်ပြီး အဆောက်အဦးဆောက်လုပ်ခွင့်တင်ရာ
မှာ အဆင့်နှစ်ဆင့်တင်ရပါတယ် ။ ပထမအဆင့် Proposal ဒုတိယအဆင့်ပုံစံကြီး ဖြစ်ပါတယ် ။ 
ပထမအဆင့်Proposal အောင်ပြီးရင် မူလနေထိုင်ရာ အိမ်အဟောင်းကို ညဖြိုဖျက်ဖယ်
ရှားရပါတယ် ။ အဲဒီအချိန်ကစလို့ မြေပိုင်ရှင်မိသားစုများ  ၊ အိမ်ငှားနေထိုင်သူမိသားစုများဟာ ကန်ထရိုက်တာအိမ်ဆောက်မပြီးမချင်း မိမိတို့ကိုယ်ပိုင်ငွေကြေးဖြင့် တလလျှင်
အနည်းဆုံး ၇၀၀၀၀ ကျပ်ခန့် အကုန်အကျခံပြီးတိုက်ခန်းငှားနြေ
ကရပါတယ် ။ 
၂၀၁၂ခုနှစ် ဇန်န၀ါရီလအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်းမြို့နယ်အားလုံးမှာ အသင့်ဆောက်လုပ်မည့် အဆောက်အဦးများမြေညီထပ်မှာ လူနေထိုင်ခွင့်မပြုတော့ဘဲ 
ကားများရပ်နားရန် ကားပါကင်ပြုလုပ်ရမည်လို့ ညွှန်ကြားလာပါတယ် ။ 
အဲဒီအမိန့်ဟာ လွန်ခဲ့သော သုံးလေးလကတည်းက Proposalအောင်ပြီး  မြေပိုင်ရှင်များလည်း အကျုံးဝင်ကြောင်း ထုတ်ပြန်သဖြင့် မြေရှင်ရော ကန်ထရိုက်ပါ အခက်အခဲဖြစ်ကြရပါတယ် ။ စည်ပင်အမိန့်နှင့်ပတ်သက်ပြီး အနည်းငယ်ရှင်းပြလိုပါတယ် ။ 
ရန်ကုန်မြို့မှာ အိမ်ဟောင်းဖျက်ပြီး အိမ်သစ်ဆောက်လုပ်ခွင့်တင်သောမြေကွက်များ၏ 
၇၅%မှာ ၂၅ပေ×၅၀ပေ မြေကွက်များဖြစ်ပါတယ် ။ စည်ပင်ဥပဒေအရ ရှေ့နောက်ဝဲယာ တစ်ပေစီချန်ခိုင်းထားအတွက် မျက်နှာစာ၂၃ပေ×ရှေ့နောက်၄၈ပေ ဆောက်ကြရပါတယ် ။ 
ရပ်ကွက်အခေါ် ရင်ခွဲ အငယ်မှအုတ်နံရံချားပြီး နှစ်ခန်းတွဲဆောက်ကြတာ များပါတယ် ။ 
 အလည်တည့်တည့် အဆင်းအတက်လှေကား အကျယ်ရှစ်ပေနှုတ်ခဲ့ရင် ၊ ဘေးနှစ်ဘက်က ကွန်ကရစ်တိုင်နှစ်တိုင်နုတ်ခဲ့ရင် ကားအ၀င်အထွက်အတွက် ခြောက်ပေခွဲပင်
မကျန်တော့ပါ ။ 
ကားဝင်လို့ရတယ်ထားဦး ကားသုံးစီးရှေ့နောက်တန်းစီရပ်လျှင် ၀ဲယာနှုတ်ခမ်းအတွက် ကားခြောက်စီးကျပ်ကျပ်တည်းတည်းရပ်လို့ရပါတယ် ။ မှတ်ချက် - ကားတွေမှာ ဘက်မှန်ပါရင်တော့ ၀င်လို့မဆံ့ပါ ။------

 ပြသနာက အတွင်းထဲကကားထွက်ချင်ရင် နောက်ကားနှစ်စီးပိုင်ရှင်တွေကို ဘယ်မှာလိုက်ရှာမလဲ ။ ညနက်သန်းခေါင်အရေးပေါ်လို့ အတွင်းကကား အပြင်ထွက်ချင်ရင် ဘယ် လိုလုပ်မလဲ ။ 
အဲဒါကို မြေရှင်များနဲ့ ကန်ထရိုက်များ မဖြစ်နိုင်ကြောင်း ယာ/အုံ ဌာနမှူးထံ စုပေါင်းတင်ပြခဲ့ရာ 
ဌာနမှူးက ““ ကျုပ်လဲမသိဘူး ၊ အထက်က လုပ်ခိုင်းလို့လုပ်တာ”“ဟု ဖြေပါသည်  ။ တဖန် မြို့တော်ဝန်ထံဆက်လက်ပြီး စာများ ပုံများဖြင့် တင်ပြကြရာတွင် ထိုအကြောင်းအရာမှာ
 အပေါ်ကချပေးတဲ့ အမိန့်ကြောင့် ညွှန်ကြားတာဖြစ်ကြောင်း ပြောပါသည် ။
 ရန်ကုန်မြို့မှာ ထိုအကြောင်းကြောင့် အိုးအိမ်မဲ့ဖြစ်သူပေါင်း ၃၀၀ကျော်ရှိပါသည် ။ စည်ပင်နှင့်ဆက်နွယ်သော ဆောက်လုပ်ရေးလုပ်ငန်းများမှာ၈၀% လျောု့ကျသွားပါသည် ။ ဆောက်လုပ်ရေးလုပ်သားများ သောင်းချီပြီး အလုပ်လက်မဲ့ဖြစ်ကြရပါသည်။
ကန်ထရိုက်ဆောက်လုပ်ရေးသမားတဦး ရေးသားပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now
YCDC ၏ မြေညီထပ်ကားပါကင်အမိန့် အထက်အမိန့်များဖျက်သိမ်း YCDC ၏ မြေညီထပ်ကားပါကင်အမိန့် အထက်အမိန့်များဖျက်သိမ်း Reviewed by သစ်ထူးလွင် on 08:21 Rating: 5

8 comments:

genius said...

welcome.----welcome----

မီးငယ် said...

ကောင်းတယ်...နောက်တစ်ခါစည်းမျဉ်းတစ်ခုခုထုတ်ချင်ရင်
သေသေချာချာ ဦးနှောက်နဲ့စဉ်းစားပြီးမှထုတ်ပါ...
ခုတမျိုးတော်ကြာတမျိုး...ထုတ်လိုက်၊ဖျက်လိုက်နဲ့...အသုံးမကျတဲ့စည်းမျဉ်းတွေနဲ့ အလုပ်ရှုပ်အောင်မလုပ်ပါနဲ့...

Anonymous said...

အဆောက်အဦးတစ်ခုမှာကားပါကင်ဆိုတာပါရမယ်။မြေညီထပ်နဲ့မလောက်ရင်မြေအောက်တစ်ထပ်ဆင်းဖို့လုပ်ရမယ် ဒါမှမဟုတ် အနီးမှာMULTISTOREY CARPARKရှိရမယ်။ကန်ထရိုက်တိုက်တွေအတွက်သေချာဦးနှောက်တွေနဲ့စဉ်းစားပြီးSTANDARDIZATIONတွေချမှတ်ရမယ်။ဒီအကြောင်းကြောင့်အိုးမဲ့အိမ်မဲ့၃၀၀ဖြစ်စရာအကြောင်းမရှိ။မြေပိုင်ရှင်ဆက်လက်ပိုင်ဆိုင်ခွင့်ရှိပေမယ့်ကားပါကင်အတွက်အပေါ်ထပ်တက်နေရမှာဖြစ်တယ်။ကားအ၀င်အထွက်အတွက်ဦးနှောက်တွေနဲ့ထည့်စဉ်းစားရမှာဖြစ်တယ်။

Killer said...

လူခင်လို့မူပြင်လိုက်တာပါဗျာ... မြန်မာနိုင်ငံမှာ ဥပဒေက လူခင်ရင်မူပြင်ပေးတယ်လေ ....

Anonymous said...

saying...ah htet ka, ahet ka...
Where is it ???
Sky ???

:)p

lwannaymie said...

မှန်ကန်တဲ့ပယ်ဖျက်မှုပါ....မြို့ထဲကတိုက်ခန်းနေရာတွေကကားပါကင်ဆောက်ဖို့အဆင်မပြေဘူး....ဒါပေမဲ့စိန်ဂျွန်ဈေးတို့၊လေဟာပြင်ဈေးတို့၊နောက်ပြီးတချို့နေရာတော်တော်များများမှာကားပါကင်...မြေအောက်ထပ်ကနေအပေါ်(၃)ထပ်ထိဆောက်လို့ရတာဘဲ....မြို့ထဲကလူတွေလဲကားထားခြင်း၊သိမ်းခြင်းအဆင်ပြေတယ်...စည်ပင်ကလူချီးတွေ...သူတို့ဂွင်ပျောက်မှာကြောက်နေလို့ပါ။

John said...

အနောက်နိုင်ငံက ပညာရှင်တွေ ကို ငှားသင့်ပါတယ်။ သူတို့ မြို့ ရွာတည်ဆောက်ရေးတွေ မှာ ကျွမ်းကျင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလဲ တိကျတဲ့ အင်ဂျင်နီယာစနစ်တွေ ရှိသင့်နေပါပြီ။ အိုးအိမ်နဲ့ စည်ပင်ပေါင်းပြီးကောင်းမွန်တဲ့ စနစ်တွေ ကို ထုတ်ပြီးဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ကို ကြီးကြပ်သင့်နေပါပြီ။

Anonymous said...

lwannaymie --ေ၇ ခင်ဗျားကလဲ စည်ပင် အထာ သိသကိုး ၊ မြန်မာပြည်အနေအထားအ၇ ကိုယ်.မြေညီထပ် ၁ ခုလုံးအများကား၇ပ်ဖို.ပေးဖို.ကမြေရှင်တွေအတွက်နစ်နာပေမယ်.နိုင်ငံ. လိုအပ်ချက် အရလုပ်သင်.ပါတယ်။ ကားတွေဝင်ထွက်ရပ်နားလို.အဆင်ပြေမယ်.နေရာကျယ်ဖြစ်သင်.ပါတယ် ။ ဗဟိုစည် အိမ်ယာကိုဒီလိုလုပ်ခဲ.ပေမယ်.မြေညီကားပါကင်တွေကိုအုတ်နံ၇ံကာပြီး -----ဆိုင်ခန်းတွေဖြစ်ကုန်ပါပြီ ။ စည်ပင် ကလည်း နိုင်ငံတကာအဆင်.မီ အထပ်မြင်.CAR PARKING BUILDING တည်ဆောက်၇င်းနှီးမြုပ်နှံသင်.ပါတယ် ။မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကလဲ အဲဒီလိုအကြံပြုထားပါတယ် ။

Powered by Blogger.