အစိုးရရဲ့ဝါဏိဇ္ဇပဋိပက္ခခုံရုံးလှစ်လျှူရှု့ပြီး

အစိုးရရဲ့ဝါဏိဇ္ဇပဋိပက္ခခုံရုံးက တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို လှစ်လျှူရှု့ပြီး အလုပ်သမားတစ်ဦးကို အနည်းဆုံး လစာငွေ ငါးသောင်းတစ်ထောင် သတ်မှတ်ကြောင်း မတ်လ ၁ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ မူလလစာထက်တောင် နှစ်သောင်းကျော် နည်းသွားတာကြောင့် အလုပ်သမားတွေ မကျေနပ်ဖြစ်နေကြပါတယ်။ တရားမျှတမှုမရှိတဲ့ ဒီဆုံးဖြတ်ချက်ကို လက်မခံဘဲ အဆင့်ဆင့် ဆက်လက် တိုင်ကြားသွားမယ်လို့ တိုင်ရီ အလုပ်သမား ကိုယ်စားလှယ်တွေက ပြောပြခဲ့ပါတယ်။
ဒီဗွီဘီ
အစိုးရရဲ့ဝါဏိဇ္ဇပဋိပက္ခခုံရုံးလှစ်လျှူရှု့ပြီး အစိုးရရဲ့ဝါဏိဇ္ဇပဋိပက္ခခုံရုံးလှစ်လျှူရှု့ပြီး Reviewed by သစ်ထူးလွင် on 19:29 Rating: 5

23 comments:

myochit said...

လုပ်ရက်တယ်နော်၊ ဒီအမှုကို ဆုံးဖြတ်ချက်ချတဲ့လူရဲ့ လစာနဲ့ လာဘ်စားငွေ တစ်လဘယ်လောက်ရလဲ? ကိုယ်ချင်းစာတရား သမာသမတ်စိတ်မရှိတော့ အခြေခံလူတန်းစားတွေ ဒုက္ခရောက်ရတယ်။ ဘယ်မှာလဲ ဒီမိုကရေစီ? ဘယ်မှာလဲ လူ့အခွင့်အရေး? ဆက်၍သာ တိုက်ပွဲဝင်သွားကြပါ တိုင်ရီ သူရဲကောင်းတို့ရေ။

Lin Myat said...

ဘာ ခုံရုံးလဲ အလကား သူဌေး နောက်လိုက်ခွေးတွေ

Anonymous said...

general labor salary = 250 US$ (CHINA) general labor salary = 170 US$(INDONESIA) ) general labor salary = 70 US$ (MYANMAR)

myo lay said...

ကျားကြောက်လို့ ဆင်ကြီးကိုး ဆင်းကြီးက ကျားထက်ဆိုး ဖြစ်နေပြီ ၊၊ ဘာခုံရုံး လဲကွ ၊ ဟိုဘက်က တင်းအောင်ကျွေးထားပြီးဖြစ်မှာပေါ့ ၊၊ တိုင်ရီ အလုပ်သမားတွေကို ကူညီဖြေရှင်းပေးကြပါဗျာ၊၊

hlwannyein said...

ရိုင်းလိုက်တာကွာ တကယ်ဆို ကိုယ့်ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တည်သင့်တယ် ။ အခုတော့ တိရိစ္ဆာန်တွေက ပြည်သူတွေကို ဒုက္ခတွေ ထပ်ထပ်ပေးနေပါလား .... ဟင်းနော် စိတ်ထဲရှိတဲ့အတိုင်း လုပ်ပစ်လိုက်ရရင် .........တောက် ကွာ

Unknown said...

ဘာသဘောလဲကွာ ဘယ်လိုဦနှောက်မ၇ှိတဲ့
လူကြီးတွေနဲ့လာတိုးနေလဲမသိဘူး ကိုဝါးဘို့အတွက်
လောက်ဘဲကြည့်နေတယ် အဲ့ငွေငါးသောင်းကိုမင်းဒို့
အိမ်ကမိန်းမကိုတလသုံးခိုင်ကြည့်ပါလား၊မင်းတို့မိန်မ
တွေလင်ငယ်နေသွားမှာကြိမ်းသေတယ် ဘယ်လိုလူ
ဘယ်လိုပုံဘယ်လိုဦးနှောက်တွေနဲ့ဖွဲစည်းထားတဲ့၇ုံးလဲ
ခုနိုင်ငံအသီသီကနေအလုပ်၇ုံတွေလာဖွင့်မယ် ဒါဆို
၅၀၀၀၀ကျော်၇င်မင်းတို့အိပ်ထဲပေါ့ ကြိုင်ကြိုင်ကတော့
ထောပီးတော့နပ်နေပီ

Thazin said...

ဝါဏိဇ ပကျပဋိပက္ခ ရုံးက လုပ်ငန်းရှင် သူဌေးဘက်ကပဲ လိုက်ပေးပါတယ်။ ဥပဒေ ထဲမှာပြဌာန်းထားတဲ့ နစ်နာကြေး လျှော်ကြေး တွေကလည်း ခောတ်
ကာလနဲ့ မလျော်ညီတော့တဲ့အတွက် ၊ ဥပဒေထက်ပိုပေးတယ်ဆိုပြီး မပြောပ
လောက်တဲ့လျော်ကြေး နစ်နာကြေးနဲ့ပဲ အမှုပိတ် (သို့) ဖြေ၇ှင်းလိုက်ကြပါတယ်။ ကြုံဖူးရသမျှ အလုပ်တွေတိုင်းမှာ ဒီလိုချည်းပါပဲ။ စာထဲမှာ သင်ခဲ့ရတုန်းက ၀ါဏိဇ ပဋိပက္ခ ရုံးဆိုတာကို တလေးတစား ထင်ခဲ့မိတာ။ အပြင် လုပ်ငန်းခွင် ရောက်မှ ၀ါဏိဇ ပဋိပက္ခ ရုံးမှာ ပြသနာဖြေရှင်းတာ ဟာ သာမန် ပြသနာ တစ်ခု ရှင်းသလိုမျိုးပါပဲ ။

my love said...

ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုးဆိုတာ ဒါပါပဲဗျာ ဘယ်မှာလဲ တရားမျှတမှု၊ မြန်မာနိုင်ငံရဲ့ ၀ါဏိဇ္ဇပဋိပက္ခခုံးရုံးဆိုတာ အလုပ်သမားတွေကို မတရားဖိနှိပ်ဖို့ ဖွဲ့ထားတဲ့အဖွဲ့ကြီးပဲ ဖြစ်နေဦးမှာပဲ မြေနိမ့်ရာလှံစိုက်မဲ့အဖွဲ့ကြီးကို ဘယ်သောအခါမှ သွားပြီးအားမကိုးမိကြပါစေနဲ့လို့ပဲဆန္ဒပြုလိုက်ပါရစေ။

Myanmar said...

သမ္မတကြီး အိတ်ပေါက်နဲ့ ဖားကောက်နေပါတယ်။ သုတ်သင်သင့်တဲ့ အဖျက်တွေကို ပြတ်ပြတ်သားသား၇ှင်းလင်းဘို့ သန်ုးခြောက်ဆယ်ကိုယ်စား တောင်းဆိုပါ၇စေခင်ဗျာ။ နိုင်ငံခြားသားနဲ့ နိုင်ငံသားမှာ နိုင်ငံခြားသားအကျိုးစိးပွားကိုကာကွယ်တဲ့ ၀ါနိဇ္ဖေxာက်၇ှက်မ၇ှိဘူး။ အ၇ပ်တကာကြားလို့မှမတော် ငတ်လို့ တောင်းဆိုနေတာကွ။ ချမ်းသာချင်လို့တောင်းဆိုနေတာမဟုတ်ဘူး။ မြန်မာနိုင်ငံက ဥပဒေဟာ သေ၇ကွင်းလိုဘဲ လိုတိုးပိုလျှော့နဲ့ ကျက်သေ၇တုံးတယ်ကွာ။ ။

Myanmar said...

အစိုးရရဲ့ဝါဏိဇ္ဇပဋိပက္ခခုံရုံးက စက်၇ုံအလုပ်သမလေးတွေ၇ဲ့ ဘ၀ကို ဖျက်ဆီးလိုက်တာဘဲ။ ဒီလုပ်၇ပ်ကို အစိုး၇က တာဝန်ယူပါ။ ဒါဟာ အမျိုးသားေ၇းပါ။ အစိုး၇၇ဲ့ ၀ါဏိဇ္ဇကို အယုံအကြည်မ၇ှိပါ။ ပြည်သူဘက်၇ပ်တည်ပါ။ နိုင်ငံခြားအကျိုးစီးပွားကို ကာကွယ်မှာလား ကျောမွဲပြည်သူဘက်က ၇ပ်တည်မှာလား အစိုး၇ ၀ါဏိဇ္ဇ။ အစိုး၇အသစ်တက်လာကတည်းက လာဘ်ပေးလာဘ်ယူ လျော့ပါးမှုမ၇ှိသေးဘူး (နေ၇ာတကာ အစိုး၇၇ဲ့ လုပ်ဖော်ကိုင်ဘက်ပါတနာတွေ အ၇ှိန်ကောင်းကောင်းစားတုန်းဝါးတုန်း)။ ထိထိေ၇ာက်ေ၇ာက် အေ၇းယူခြင်းမ၇ှိဘူး (နေ၇ာပြောင်းစားခိုင်းတာဘဲ၇ှိတယ်)။ ဥပဒေစိုးမိုးမှုမ၇ှိသေးဘူး(အမှုအကြီးအသေး မကြားဘူးတဲ့အမှုမျိုးစုံအောင်ကြားနေ၇ဆဲ)။ ကြီးနိင်ငယ်ညှင်းကိစ္စတွေ တွင်ကျယ်နေဆဲ။ ပြည်သူကို ထိထိေ၇ာက်ေ၇ာက်ကာကွယ်ပေးနိုင်မယ့် ဥပဒေများ အမြန်ပြဌာန်းသင့်ပါပီခင်ဗျာ။ ။

Myanmar said...

ကျားကြောက်၇ှင်ကြီးကိုးပါတယ် ဖွတ်ထွက်မှတောင်ပို့မှန်းသိဆိုသလိုဘဲဗျာ။ ။ နံမည်ကို ကြံ့ဖွတ်။ ။

joe said...

Can any one provide the information about average salary of similar private factories and government factories?
Is it too below from market price? What is minimum average incomes of factory workers.
Potential investors will be worry about it.

Kalaw Thar said...

That right

zay said...

ဝါဏိဇ မဟုတ်ဘူး ဝါးနေကျ။

zzmyoe said...

ရင်းနှီးမြှပ်နှံ မှုဥပဒေ တိတိကျကျ မရှိတာ ပေါ်လွင်နေပါတယ်၊နောက်ပိုင်း ပြည်ပ ရင်းနှီး မှုတွေများများ ၀င်လာရင်ကော ဘယ်လိုလုပ်မှာလဲ။ အလုပ်သမားတွေ ဘက်က ထောက်ခံပါတယ်၊တစ်နေကုန်လုပ် ပြီး တစ်လ ငါးသောင်းတစ်ထောင် သူ့ဘက် ကနေ နေကြည့်လိုက် တရားမျှတ မှုရှိရဲ့လားလို့၊ မျှတတယ်လို့ဆိုရင် အဲ့ဒီ လူ ခိုးစားနေတဲ့သူ၊အလုပ်သမားဘက်ကနေပြတ်ပြတ်သားသား ဆန့်ကျင်ကြ။

Kyaw Thiha said...

သြော်... သူများနိုင်ငံမှာအလုပ်သွားလုပ်တော့လည်း အနှိမ်ခံရတယ်။ ဘယ်လိုပဲမှားမှား၊မှန်မှန် သူ့နိုင်ငံသားကိုပဲသူ့အစိုးရက ဦးစားပေးတယ်။ အကာအကွယ်ပေးတယ်။ ကိုယ့်နိုင်ငံမှာပြန်လုပ်တော့လည်း အနှိမ်ခံရတာပါပဲလား။

Thura said...

အလုပ်ချိန်က တနေ့ ၁၂ နာရီ ဗျ အဲ့ဒါကို ငါးသောင်း ဘဲ ရတော့တယ် ဆိုတော့
ဲဘယ်လို စားသောက်နေရမှာလဲ

HtetNWin said...

အနဲဆုံးအခြေခံလစာ ၅၁၀၀၀ ကျပ် ..တစ်နာရီလုပ်ခ ၂၆၀ကျပ်လောက်ရတာဗျ...သတင်းကောင်းပါ..အလုပ်သမားတွေ တောင်းတာက တစ်နာရီ ၁၅၀ ...အဆင်ပြေပြီပေါ့...အိုတီကြေးဘာညာ သာရကာပေါင်းရင်...တော်တော်ခိုင်မယ်..မျှတပါတယ်..

အတာ said...

@ံHtetNWin
Burma VJ Media Network
တရားရုံးရဲ့အမိန့်ကြောင့် တိုင်ရီစက်ရုံအလုပ်သမားတွေ ကျေနပ်မှုမရှိ

တိုင်ရီစက်ရုံအလုပ်သမားတွေတရားစွဲဆိုထားတဲ့ အမှုကို မတ်လ (၁)နေ့က မရမ်းကုန်းမြို့နယ် ဝါဏိစ္စပဋိပက္ခမှုကော်မတီခုံရုံးမှ တရားသူကြီး ဦးစောစိုးတင့်က အမိန့်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအမိန့်ကြောင့် နေ့ကြေးတစ်နာရီကို ၁၂၀ ကျပ် ရက်မှန်ကြေး ၇၀၀၀ သာ ရရှိမှာဖြစ်ပြီး အချိန်ပိုလုပ်ခ မရတော့တဲ့အတွက် အရင်က စက်ရုံကပေးတဲ့ လစာငွေထက်တောင် နည်းသွားပြီဖြစ်တဲ့အတွက် အလုပ်သမားတွေက ကျေနပ်မှုမရှိကြပါဘူး ။

Aung Soe Oo said...

အဲဒီအမိန့်ချတဲ့လူကြီးကုမေးကြည့်ပါဗျာ သူ့ရဲ့တလမှာရတဲ့အမှန်တကယ်ဝင်ငွေ(မသမာနည်းနဲ့ရတဲ့ငွေအပါအ၀င်)ဘယ်လောက်ရှိလဲလို့......တော်တော်အောက်တန်းကျတဲ့....တွေပါလားဗျာ....

Unknown said...

တိကျတဲ.အလုပ်သမားဥပဒေမ၇ှိသေးတဲ.အတွက်ဖြစ်၇တာပါ

စစ်မုန်းသူ said...

အလုပ်ရှင်နှင့်အလုပ်သမား လူတန်းစားတိုက်ပွဲသည် သမိုင်းတွင်အထင်အရှားရှိခဲ့ပြီးဖြစ်သည် ။ ၀ါဏိစ္စပဋိပက္ခတရားရုံး၏ ဆုံးဖြတ်ချက်သည် တရားမျှတမှုမရှိပါ ။ မြန်မာပြည်တွင်လာရောက်ရင်းနှီးမြုပ်နှံသော လုပ်ငန်းများမှထုတ်ကုန်များသည် ကမ္ဘာ့ဈေးကွက်တွင် အရောင်းရသွက်စေရန် လုပ်ခနည်းနည်းနှင့်ရရှိပြီးဆိုသည်မှာ အရှေ့တောင်အာရှပတ်ဝန်းကျင်နိုင်ငံများနှင့်နှိုင်းယှဉ်ကြည့်လျှင် သိနိုင်ပေသည် ။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးစနိုင်ငံများမှ အခြေခံအလုပ်သမားလူတန်းစားတစ်ယောက်
၏ တစ်နာရီလုပ်ခမှာ ကျပ် ၁၅၀ ( စကာင်္ပူဒေါ်လာ ၂၆ ပြား ) သည် များလွန်းသည်ဟု ဆိုနိုင်ပါသလား ။ ဖွံ့ဖြိုးဆဲနိုင်ငံနှင့်အညီ ပြည်ပရင်းနှီးမြုပ်နှံမှုများပြားလာသည်အမျှ လုပ်အားခတိုးမြှင့်လာရသည်မှာ ဓမ္မတာပင်ဖြစ်သည် ။ အစစအရာရာ တိုးတက်နေသောယနေ့ကမ္ဘာကြီးတွင် မြန်မာ့အခြေခံလူတန်းစားတို့၏ လုပ်အားခ တိုးတက်မှုမရှိဆိုသည်မှာ ဘယ်ရှုထောင့်မှကြည့်ကြည့် လက်ခံနိုင်စရာ အကြောင်းမရှိပေ ။ ပြည်တွင်းမှကုန်ဈေးနှုန်းနှင့်သက်ဆိုင်သူအားလုံး ယနေ့စားဝတ်နေရေး၏ ဆိုးဝါးနေဆဲသောကာလကို ခံစားသိရှိနေကြပြီးဖြစ်သည် ။ စည်းလုံးမှုရှိပါစေ ။ တိုင်ရီတိုက်ပွဲ အောင်နိုင်ရမည်

Unknown said...

လေဘာ၇ုံးကိုအားကိုး၇င်ကြည့်ပြီးအားကိုးကြပါတနေ.၁၂နာ၇ီနဲ့၃နှစ်ကျော်ခိုင်းလို့တိုင်ကြားပြိးနစ်နာကြေးတောင်းတာfec100နဲုကြေးအေးပေးလိုက်၇တယ်လေဘာ(ဗဟို)ကဥိးသက်နိုင်ဦးလက်ထက်ကပါပြောသေးတယ်တ၇ာယူလိုက်နိုင်ငံခြားသားကိုအပြစ်ယူစ၇ာဥပဒေမ၇ှိတဲ့ခုလဲ၇န်ကုန်မှာ၇ျိတဲ့ဟိုတယ်များကိုေ၇ှာင်တခွင်စစ်ကြည်ကြပါတနေ့ကို၁၂နာ၇ီခိုင်းတာတွေ့နိုင်ပါတယ်

Powered by Blogger.