ဆရာ/ဆရာမတွေကို အကျပ်ကိုင်ပြီး ကြိုတင်မဲထည့်ခိုင်း

ကိုယ်တိုင်အကျပ်ကိုင်မဲထည့်ခိုင်းခြင်းခံရတဲ့ ဆရာမတဦးရဲ့ ပြောပြချက်အသံဖိုင်ကို နားထောင်နိုင်ပါတယ်။ မတ်လ ၁၇ ရက်နေ့ ၂၀၁၂
မတ်လ ၁၇ ရက်နေ့ က တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ ပညာရေးမှုးရုံးကို
ထားဝယ်သင်တန်းတဲ့ရမယ့် ဆရာ-ဆရာမ(၇၀)လောက်ကို သင်တန်းကိစ္စဆိုပြီး ခေါ်ယူ
ကာ ကြိုတင်မဲ အတင်းအဓမ္မထည့်ခိုင်းကြောင်းသိရပါတယ်။ 
ကြိုတင်မဲစာအိပ်ပေါ်မှာ မဲစာရင်းအမှတ်စဉ်၊ မဲရုံအမှတ်၊ လိပ်စာအပြည့်အစုံရေးခိုင်းပါတယ်။
ပြီးမှကြိုက်တဲ့နေရာထည့်ဆိုပြီး ခြစ်ခိုင်းတော့သူတို့ထည့်တဲ့မဲဘယ်သူကိုထည့်တယ်ဆိုတာ
သိနေတော့ တယောက်မျက်နှာတယောက်ကြည့်ပြီး ပြည်ခိုင်ဖြိုးကိုပဲ မဲထည့်လိုက်ကြရ
တယ်လို့ ကိုယ်တိုင် မဲထည့်ခဲ့ရတဲ့ ဆရာမ တဦးက ပြောပါတယ်။
သင်တန်းက မတ်လ ၂၄ ရက်နေ့ မှာ စမှာဖြစ်ပြီး တပါတ်ကြာသင်တန်း ဖြစ်တဲ့အတွက်
ကြားဖြတ်ရွေးကောက်ပွဲ မဲထည့်ရမဲ့ ဧပြီလ ၁ ရက်နေ့ တိုက်ဆိုင်လှစွာ ပြုလုပ်ထား
တာလည်းတွေ့ ရပါတယ်။ အချို့ဆရာတွေနေတဲ့ လောင်းလုံးမြို့ နယ်ကကျေးရွာတွေဆို
ရင် သင်တန်းတက်ရမဲ့  ထားဝယ်မြို့ သင်တန်းနေရာနဲ့(၂)မိုင်လောက်ပဲ့ဝေးကြောင်း
Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။
၂၀၁၀ ခုနှစ်က ကြိုတင်မဲများ
အဆိုပါ သတင်းနှင့်ပါတ်သတ်၍ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှာလည်း အခုလိုဖော်ပြထားပါတယ်။

ထားဝယ်ခရိုင်မှာ ဆရာမတွေကို ကြိုတင်မဲ အတင်းထည့်ခိုင်း


ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်း နှစ်ပတ်ပဲ လိုတော့တဲ့ အချိန်မှာ ထားဝယ် ခရိုင်က လစ်လပ်မဲဆန္ဒနယ် တစ်ခုဖြစ်တဲ့ လောင်းလုံ မြို့နယ်က ဆရာဆရာမ ၁၀၀ နီးပါးကို ကြားဖြတ် ရွေးကောက်ပွဲလုပ်ချိန်မှာ အထူးမွမ်းမံသင်တန်း ရှိတယ်ဆိုပြီး ပညာရေး မှူး က ကြိုတင်မဲတွေ ထည့်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

ဒီလို ထည့်ခိုင်းရာမှာ မဲပြားထည့်တဲ့ စာအိတ် ပေါ်မှာ မဲစာရင်းအမှတ်၊ မဲရုံအမှတ်နဲ့ မဲဆန္ဒရှင်ရဲ့ နေရပ်လိပ်စာ ပါနေတာကြောင့် မဲထည့်တဲ့ ဆရာဆရာမတွေဟာ စိုးရိမ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကိုဘဲ ထည့်ခဲ့ရတယ်လို့ ဆိုပါတယ်။

သင်တန်းက ထားဝယ်မှာ ၂၄ရက်နေ့ တက်ရမှာ ဖြစ်ပြီး ဧပြီလ ၁ရက်နေ့ ပြီးမှာ ဖြစ်ကြောင်း၊ ကြိုတင်မဲထည့်ရမယ့် အကြောင်း ပြောပြီး ကြိုတင် မဲစာအိတ်မှာတော့ နေရပ်ရယ်၊ မဲစာရင်း အမှတ်စဉ်ရယ် ရေးပေးပြီး ထည့်ခဲ့ရကြောင်း၊ ကြိုက်တဲ့နေရာ ထည့်လို့ ရတယ်ပြောပေမယ့် ဆရာမတွေက ကြောက်ပြီး ပြည်ခိုင်ဖြိုးဘဲ ထည့်ခဲ့ကြရကြောင်း ကိုယ်တိုင် မဲထည့်ခဲ့ရတဲ့ ဆရာမတဦးက ဘီဘီစီကို ပြောပြပါတယ်။

အလားတူဘဲ ထားဝယ် ပညာရေးကောလိပ်မှာ ပညာသင်ယူနေတဲ့ လောင်းလုံနဲ့ ကျွန်းစု မြို့နယ်က ကျောင်းသူတွေကိုလည်း ကျောင်းအုပ်ကြီးနဲ့ မော်ကွန်းထိန်းရှေ့မှာ ကြိုတင်မဲ ထည့်ခိုင်းတာကြောင့် ထည့်ခဲ့ရတဲ့ အကြောင်းနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ ထည့်ခဲ့ရတာကြောင့် အများစုဟာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကိုဘဲ မဲထည့်ခဲ့ရတယ်လို့ ကျောင်းသား မိဘတဦးကလည်း ဘီဘီစီကိုပြောပြပါတယ်။

လောင်းလုံ NLD ပါတီဝင်တွေအဆိုအရ လောင်းလုံမြို့နယ် ကဒက်ကြီးရွာမှာ မဲရုံမှူးလုပ်မယ့် ကျောင်းအုပ်ဆရာမကြီးကလည်း ရွာအုပ်ချုပ်ရေးမှူးနဲ့ပေါင်းပြီး ကျေးရွာသားတွေကို ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကသာ တိုင်းပြည် တည်ဆောက်ရေး လုပ်နေတာမို့ ဒီပါတီကိုဘဲ မဲပေးကြဖို့ အစည်းအဝေးခေါ် ဖိအားပေးခဲ့တယ်လို့ဆိုပါတယ်။

ဒီကိစ္စကို ရွာသားတွေက လောင်းလုံ NLDကို လာရောက် တိုင်ကြားထားတဲ့အတွက် မြို့နယ် ကော်မရှင်နဲ့ NLD ဗဟိုကို ဆက်လက်တိုင်ကြားထားတယ်လို့ သိရပါတယ်။ဧပြီတစ်ရက်နေ့မှာ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းက လစ်လပ် နေရာ နှစ်ခုဖြစ်တဲ့ လောင်းလုံမြို့နဲ့ ကျွန်းစုမြို့တွေမှာ NLD ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဆရာ/ဆရာမတွေကို အကျပ်ကိုင်ပြီး ကြိုတင်မဲထည့်ခိုင်း ဆရာ/ဆရာမတွေကို အကျပ်ကိုင်ပြီး ကြိုတင်မဲထည့်ခိုင်း Reviewed by သစ်ထူးလွင် on 19:49 Rating: 5

30 comments:

Tri Asian Taste said...

အခုအချိန်စတင်ပြီး ကြံဖွတ်တွေ ရှယ်ကောက်ကျစ်ယုတ်မာပြပါတော့မယ်ခင်ဗျာ..
အောင်သောင်းရေ မင်းတို့ငြိမ်နေတာ ခွေးကျင့်ခွေးကြံ ကြံနေတာကို...

yin win said...

ဒီမဖျောက်နိုင်တဲ့မတရားမှုတွေကို ...ဒို့ပြည်သူတွေဒီအတိုင်းဘဲ..ကြည့်နေကြရတာပေါ့နော်...

Ko Htet said...

ကဲ စလာပြီ----
ကြိုတင်မဲ----
ဘယ်လိုပဲ ကြိုတင်မဲယူယူ ပြည့်သူ့သဘောထားကို မျက်ကွယ်ပြုလို့မရပါဘူး-----------

mr.moon said...

နည်းလမ်းပေါင်းစုံနဲ့ ညစ်တဲ့ ကြံ့ဖွတ်ပဲဗျာ.. တော်တော်လေးကို ရွံစရာကောင်းနေပြီ.. ဒီလို လူမျိုးတွေက ငါ့တို့တိုင်းပြည်ကို အုပ်ချုပ်နေတာပါလားလို့ တွေးမိတော့ အသည်းနာတယ်။
ဒီလို ကိစ္စကို မတိုက်ဖျက်နိုင်ဘူးဆိုရင် NLD ကိုလည်း ညံ့တယ်လို့ ပြောရလိမ့်မယ်။ ပြိုင်ဘက်က ညစ်နေပြီ။ ကဲ .. ဘာလုပ်မှာလဲ။
အသည်းကြားက မဲတပြားဆိုပြီး ကျွန်တော်တို့ ပေးလိုက်တာက NLD/
နောက်ဆုံး နိုင်သွားတာက ဖွတ်ဆိုရင်တော့ NLD ရေ.. 2015 ကိုလဲ မမျှော်လင့်နဲ့တော့ဗျာ။

Unknown said...

လုပ်လာပြန်ပြီ.....
တောက်!..

COBRA said...

သက်ဆိုင်၇ာ တွေ တ၇ားဝင် ရှင်းလင်း အရေးယူပေးပါ ။ this is an important case.

Sandy Win said...

၂၀၁၀ တုန်းကလို ရမလားလို. မဲခိုး ကြည်.တာပါ ၊ ဘယ်ရမလဲ ၊ ကြံ.ဖွတ်ရယ် ၊ NLD+People ကို လျှော.မတွက်ပါနဲ.၊ + ၉၅% ကွ ၊ မင်းတို. လဲ သေလိုက်တော.--။ မယုံရင်စောင်.ကြည်.ကြ ၊ ဦးသိန်းစိန် ဒီ case ကို အရေးမယူစေရဘူး ၊ အဲဒါ Black Theory ဘဲ ။

Myanmar said...

ဒါကတော့ ကြံ့ဖွတ် အမြင်မကျယ်တာကို ပြနေတာဘဲ။ အဖွဲ့ချုပ်နိုင်သွားလဲ ဘာမှ လွှတ်တော်မှာလောက်လောက်လားလားလုပ်ပိုင်ခွင့်၇မှာ မဟုတ်သေးဘူး။ ကြံ့ဖွတ်အနေနဲ့ ဒီေ၇ွးကောက်ပွဲကို ၀င်မပြိုင်ဘဲနေ၇င်တောင် ဘာမှမဖြစ်ဘူး။ ဒါကို မကောင်းတာလုပ်ဘို့ လက်ယဉ်နေတော့ မဟုတ်မမှန်တာတွေဘဲ စွတ်လုပ်နေတာဘဲ။

Anonymous said...

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကြံ့ဖွံ့ပဲထည့်လိုက်ရတယ်တဲ့လား။ သတ္တိမရှိလို့ကတော့ ခံကြရမှာပဲ။

worker development said...

ဇာတိပြတော့မယ် သူတောင်းစားအကျင့် နွား

ုkyaw said...

ထားဝယ်ကဆရာမတွေက ဒီတစ်ခါသတ္တိနည်းနေပါလားကျောက်မီးသွေးကိုကန့်ကွက်လိုက်၊ရေအားလျှပ်စစ်ကိုကန့်ကွက်လိုက်နဲ့ ဒီမဲကိုကြတော့ဘာလို့ကြောက်နေကြတာလဲ ကိုယ်မကြိုက်ရင်မထည့်နဲ့ပေါ့ ဘာမှမထည့်နဲ့ပေါ့...ကျူရှင်လစာလေးတွေကိုနှမျှောနေကြတာလား။

san said...

စားဝတ်နေရေးကိုမပြောလိုပါ။နိုင်ငံတိုတက်လိုပါက ရင်ထဲကအတိုင်းထည့်ပါ။

Lu Hman Gyi said...

ကိုသန်းရွှေကြီး အနားယူတာ ယုံ တောင် မယုံ နိုင်ပါဘူး ကိုသိန်းစိန်ရယ်
အိမ်မှာ TV ကြည့်သလို Remote နဲ့များ ဘေးကနေ Control လုပ်နေသလား တောင်တင်ရပါတယ်နော်။
ဟုတ် ရင် လည်း ဟုတ်နေမှာပါနော် ကိုသိန်းစိန်?

မောင်ကြီးထွန်း said...

ဒီကိစ္စဟာ မဲထည့်ခိုင်းသူရော၊ မဲထည့်တဲ့သူရော နှစ်ဖက်စလုံး အဂတိလိုက်စားတာပဲ ..
ဒီလို အဂတိလိုက်စားမှုတွေရှိနေတုန်းပဲဆိုရင်တော့ .. မြန်မာပြည်ကို ကိုယ်ကျိုးအတွက် သုံးစွဲကြတဲ့ နိုင်ငံသစ္စာဖေါက်တွေရဲ့ လက်အောက်က လွှတ်နိုင်ဦးမယ် မထင်ဘူးဗျာ။

Min Ko Aung said...

ကြောက်ကန်ကန်နေတဲ့ကြံ့ဖွတ်တွေ တနေ့ မင့်တို့ကို ပြည်သူက
ဒဏ်ခတ်လိမ့်မယ် မဝေးတော့ဘူးဆိုတာပဲပြောချင်တယ်

Nyan Lin Htet said...

သနားလိုက်တာ။ ဒါပါပဲ ကိုယ့်အပေါ်မှာ ပြည်သူတွေက ဘယ်လောက်စေတနာ ရှိတယ်ဆိုတာသိတော့ မဲအတင်းလိမ်နေရပြီ။ ကြံ့ဖွတ် ဆိုတဲ့အတိုင်း တစ်ကယ့် ဖွတ်တွေပါပဲ။

purewhite said...

တခါတလေကျရင် စဉ်းစားမိတယ် တို့ပြည်သူတွေကကို ကျွန်ပိုပီသနေကြတာလားလို့ အထက်က ခိုင်းတာနည်းနည်း မျက်နှာလိုမျက်နှာရဖားလုပ်ကြတာများများ ကျွန်စိတ်ဓာတ်တွေမပျောက်သေးတာ၊ ကျွန်ခေတ်က အလိုတော်ရိ စိတ်ဓာတ်တွေကျန်နေသေးတာ ၀မ်းနည်းစရာပဲ။ ပြည်တော့ ပြည်သူ့ဝန်ထမ်းတွေရဲ့စိတ်ထဲမှာ သူတို့ကို အစိုးရကအလုပ်ပေးထားတာ အစိုးရအကြိုက်လုပ်ရမယ်ပဲမြင်နေကြတာ၊ ပြည်သူ့ဆန်စားနေတယ်ဆိုတာမေ့နေကြတယ်

aungthapyayhtun said...

အလကားကောင်တွေ ဒီအကျင့်တွေမပြောက်သရွှေ ဒီကောင်တွေ ဖွတ်ပဲဖြစ်နေအုန်းမှာ အလကား ဖွတ်ကြားတွေကြံဖွတ်ဖွတ်တွေ

tharzaw said...

ဒီအချိန်မှာ ကြောက်နေလို့ မရတော့ဘူး။
အကြောက်တရားတွေဖယ်ရှားသင့်ပြီ။
အမေစုရဲ့နောက်က မားမားမတ်မတ်ရပ်တည်သင့်ပြီ။

Anonymous said...

တောက်!

tharzaw said...

ကြောက်နေရင်တော့ ခံနေကြရဦးမှာပဲ။
မကြောက်တရားဟောနေတဲ့ အမေစုရဲ့မိန့်ခွန်းတွေကို နားမထောင်ကြဘူးလား။
အခုချိန်က ရဲရင့်ချိန်တန်ပြီ။
ကြောက်တယ်ဆိုတာ ဥပဒေကို မလိုက်နာတာပဲ။
အမေစုရဲ့နောက်က မားမားမတ်မတ်ရပ်ချိန်တန်ပြီ။

marga said...

မဲထည့်ရတာကတော့ ၀န်ထမ်းတွေလဲ မသက်သာလို့ပါ
ဒီကောင်တွေက သောက်ကျင့် ကောင်းတာ မဟုတ်ဘူး
ယုံရတာမဟုတ်ဘူး ကြံ့ဖွံ့ ကို မပေးရင် အဲဒီဝန်ထမ်းကို
နှိပ်မှာ ဒါကြောင့်လဲ လိပ်စာတွေယူထားတာပေါ့

sean said...

ရက်စက်ပေ့ ဆရာမတို့ ရယ် .. အမေစု မြန်မာ တပြည်လုံး အနှံ့ ခရီးထွက်လို့ အလွန် အပင်ပန်းခံ ပြီး စည်းရုံးနေတယ်လေ..
တိုင်းပြည်တိုးတက်ဘို့ စိတ်ရာ ကိုယ်ပါ ဘဝ တခုလုံးပါ မြှုပ်နှံထားတယ်လေ..
ဆရာမတို့ ထဲ့ လိုက်တဲ့ မဲတွေ တရားဝင်ပါတယ် .. ခြိမ်းခြောက်မှု မမြောက်ပါဘူး..ကိုယ်ဘာသာ မပြတ်သားမှု နဲ့ ထဲ့လိုက်တာပါ..
အသဲကြား ကမဲတပြား ကို ကြိုက်ရာထဲ့ နိုင်ပါတယ်..
ဘာလို့များ အခုလိုဖွင့် ပြောရသေးတာလဲဆရာမရယ်..
ဖွ လို့ ပွ ရုံ ဘဲရှိတော့ မှာပေါ့.. ဝင်ပြောတဲ့သူတွေတောင် ထိခိုက်ရုံ ရှိတော့ပေမပေါ့
အခွင့်သာရင် ဆရာမတို့ ဒီကွန်မန့်လေး သိစေချင်တယ်

Ko Pon Nya said...

ဆရာမတို့ အလုပ်ပြူတ်ရင်..မှုကြိုဖွင့်စားလို့ရပါတယ်ဗျာ...သတ္တိရှိရမှာပေါ့...ကိုယ့်ဆန္ဒအမှန်ကိုဖေါ်ထုတ်ရဲရမှာပေါ့။

ကျော်ထိုက် said...

ကဲ ဘယ်လိုလုပ်ကြမလဲ မဲလိမ်နေကြတာ ကို...ဘယ် သူမှ အရေးမယူ ကြတော့ဘူးလားခင်ဗျာ..ဒီအတိုင်း လက်ပိုက်ကြည့်နေကြတော့မှာလား....NLD က အမေ နဲ့ ဘ ဦးတင်ဦး တို့ခင်ဗျာ...ဒါက ဒီနေရာမှာပဲ ရှိသေးတယ်..တခြား နေရာတွေ မှာ အဲ့လို လုပ် ရင် မခက်ဘူးလား ခင်ဗျား....စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ရောက်နေပြီဗျို့.......

လေးချစ်တဲ့မောင် said...

အော်ရင်ထဲက ဆန္ဒတွေ ကိုခုထိထုပ်ဖော်ပြသခွင့် မရကြသေးဘူးကိုး ဒီမိုကရေစီ ရေ ဘယ်မှာလဲ လွတ်လပ်စွာမဲပေးခွင့်

George said...

Hello teachers! If you solve the present problem by this way you will suffer for a long term. Not only you, the whole nation including your children will suffer in a long run. Please be brave! If you sacrifice now, your generation will be able to reap the fruit of your sacrifice!

Englansein said...

ကိုယ့်အခွင့်ရေးကို သတ္တိရှိရှိ အသုံးချပါ......အနာဂါတ်ကိုဖန်တီးပါ...
ညီညွှတ်မျှတမှုကိုအားပေးကူညီကြပါ။
အားလုံးပျော်ရွှင်ပါစေ......

Myanmar said...

ဆရာ၊ ဆရာမတို့ရေ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ဆရာဟာ ဆ၇ာပါ ။ ဆရာတွေအားလုံးသင်ပေးခဲ့ အသိဟာ မှားမှန်ကို ခွဲခြားဖို့ပါ ၇င်ဘတ်နဲ့၇င်းပီ မဲတပြားကို ထည်လိုက်ပါ ..။ DSA ကကျောင်းသားတစ်ယောက်ပြောခဲ့တာရှိတယ် မင်းတို့မဲထည့်ရမယ် ..။ဟုတ်ဆရာတဲ့.. ဘာဖြစ်ဖြစ်ကွာ မင်းတို့တွေ ရွေးစရာမလိုဘူး ခြင်္သေ့ပဲ ဟုတ်ကဲ့ပါဆရာ ... ဒါပေမဲ့ ကျောင်းသားတွေမှာ ဟုတ်ကဲ့တစ်လုံးပဲပိုင်တာပါ ။
ဆရာ ဆရာမတို့မှာ အများကြီးပိုင်ဆိုင်ပါသေးတယ်...။

shwe ku said...

မိမိ တို့ဘ၀ရှေ့ရေးလှပချင်တယ်ဆိုရင်တယ် ကိုယ်ကြိုက်နှစ်သက်ယာကိုမေးပေးကျပါခင်ဗျာ ခဏတာကိုမကြည့်ပါနဲ့ ရေရှည်ကိုပဲကြည့်ကျပါလို့ပြောချင်ပါတယ်

Powered by Blogger.