မန္တလေး နန်းတွင်းမှာ ဗိုလ်ချုပ်ပုံ ခွာခိုင်း

ကမ္ဘာလှည့်ခရီးသည်တွေ တင်ဆောင်ထားတဲ့ ကား ၁ စီး ဟာ မန္တလေး နန်းတွင်းကို ၀င်ရောက်ရာမှာ ကားမှန်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံကို  တပ်လုံခြုံရေးက  ခွာခိုင်းလို့ ခွာပေးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၈ရက် ညနေက  မန္တလေး နန်းတွင်းက မြနန်း စံကျော် ရွှေနန်းတော် ကို သွားရောက် လည်ပတ်ကြတဲ့ အမေရိကန် လူမျိုး ကမ္ဘာလှည့် ခရီးသည်တွေ တင်ဆောင်ထား တဲ့ ကား ၁ စီးဟာ  ၁၉လမ်း အရှေ့ဘက်ပေါက် က အ၀င်မှာ အခုလို ဖြစ်ခဲ့တာပါ။
ခရီးသည်တွေ တင်ဆောင်လာတဲ့ ဒရိုင်ဘာ က သူကြုံတွေ့ခဲ့ရပုံကို ပြောပြပါတယ်။
“မီးစိမ်းပြလို့ မုခ်ဦးကနေ ၀င်ပါတယ်။ ကားကို တားပါတယ်။ လူကြီး တားခိုင်းလို့ တားတယ် ဆိုတော့ ရပ်ပေးလိုက်ပါတယ်။ မှန်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို ခွာပေးပါလို့ ကျနော့်ကို ခိုင်းပါတယ်။ ကျနော်က ဗိုလ်ချုပ်ကို ရိုသေ လေးစားလို့ ကပ်ထားတာ။ ဘာဖြစ်လို့ ခွာပေးရမှာလဲလို့ မေးတော့ အရာရှိက ခွာခိုင်းလို့ပါတဲ့။ အဲဒီအရာရှိကို လွှတ်လိုက်လို့ ကျနော်ခိုင်းပါတယ်။ အဲဒီအချိန်မှာ အရာရှိ ရောက်မလာပဲ တပ်သားတယောက် ရောက်လာပါတယ်။ မခွာရင် ၀င်မရဘူးလို့ ပြောပါတယ်။ အဲဒီအချိန်မှာ ကျနော်က ဗိုလ်ချုပ်က ကျနော်တို့ ဖခင်ပဲ။ ဘာဖြစ်လို့ သူ့ကို ခွာခိုင်းရတာလဲ ဆိုတော့ အထက်က ညွှန်ကြားထားလို့ပါတဲ့။ အထက်ကညွှန်ကြားတာ ဗိုလ်ချုပ်ပုံကို ညွှန်ကြားတာလား။ တခြား စတစ်ကာတွေကို ညွှန်ကြားတာလား ဆိုတာ မေးပါတယ်။ မည်သည့် စတစ်ကာကို မဆို ကပ်ထားတဲ့ ကားတွေကို ခွာကို ခွာရမယ်လို့ ကျနော့်ကို အမိန့်ပေးထားလို့ ပါတဲ့။”
ဗိုလ်ချုပ်ပုံလာခွာတဲ့ ရဲဘော်ကို သူ့ကားရှေ့က ကမ္ဘာလှည့်ခရီးသည်တွေ တင်ထားတဲ့ ကား ၁ စီးမှာ ကပ်ထားတဲ့ ကုမ္ပဏီ ကြော်ငြာ စတစ်ကာတွေ ကျတော့  ဘာလို့ မခွာလဲ မေးခွန်း ထုတ်ရာမှာ  ပြန်မဖြေနိုင်ဘဲ၊ သူ့ကို နားလည်ဖို့ အကြိမ်ကြိမ် တောင်းပန်သွားတယ် လို့ ပြောပါတယ်။
သူ့ကားနောက်ဘက်မှာ ကပ်ထားတဲ့ အန်အယ်လ်ဒီပါတီ တံဆိပ် အမှတ်အသား စတစ်ကာကို ခွာပြီး နောက် ကျန်တဲ့ ဗိုလ်ချုပ်ပုံကို မခွာဖို့ ပြောတာလဲ မရဘူးလို့ သူက ဆက်ပြောပြပါတယ်။
“ကျနော့် ကားရဲ့ နောက်မှာ အန်အယ်ဒီကို မဲပေးပါဆိုတဲ့ မိန်းကလေးတဦး လက်ထောင်နေ တဲ့ ပုံလေး ပါတယ်။ ခွာချင်ရင် နိုင်ငံခြားသားတွေ ရှေ့မှာ ဖြစ်တဲ့အတွက် ဗိုလ်ချုပ်ပုံတော့ မခွာနဲ့၊ နောက်မှာ အန်အယ်လ်ဒီ ဆိုတဲ့ တံဆိပ်ပါတယ်။ အဲဒီ တံဆိပ်ကို သွားခွာပါ ဆိုတော့ မဟုတ်ဘူး။ ဒီပုံကိုမှ ခွာချင်တာ။ ရှေ့တည့်တည့်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်ပုံကို ခွာခိုင်းတယ် ဆိုတော့ ကမ္ဘာလှည့်ခရီးသည်တွေက သိသွားပြီလေ။”
အရင်က အန်အယ်လ်ဒီပါတီ အမှတ်တံဆိပ် စတစ်ကာတွေ ကပ်ထားတဲ့ ကား ၁ စီးလဲ  ဒီနေရာမှာ အလားတူ ခွာခိုင်းလို့ ခွာပေးခဲ့ရတယ် လို့ သိရပါတယ်။ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မန္တလေးမြို့ စည်းရုံးရေး ခရီးစဉ်အပြီး နောက်နေ့မှာ အဲ့ဒီလို ခွာခိုင်းခဲ့တာပါ။
အခုတခါတော့  အန်အယ်လ်ဒီ တံဆိပ်အပြင် ကားရှေ့ လေကာမှန်မှာ ကပ်ထားတဲ့ ၃ လက်မ ပတ်လည် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကိုပါ ခွာပေးခဲ့ရတာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ
မန္တလေး နန်းတွင်းမှာ ဗိုလ်ချုပ်ပုံ ခွာခိုင်း မန္တလေး နန်းတွင်းမှာ ဗိုလ်ချုပ်ပုံ ခွာခိုင်း Reviewed by သစ်ထူးလွင် on 18:03 Rating: 5

37 comments:

Anonymous said...

အဲဒီ့ ခွာခိုင်းတဲ့ အရာရှိဆိုတဲ့ကောင် ဘယ်သူလဲ သိတဲ့လူ(မန္တလေးပြည်သူတွေထဲ ကပဲဖြစ်ဖြစ်) နာမည်နဲ့တစ်ကွ ဖေါ်ပြပေးစေချင်ပါတယ် . . . ဒါမှ နောင် အစိုးရသစ်မှာ ဒင်းတို့ လို အဇာတသတ် လို သားမျိုးတွေကို ပညာပေးရမယ် . . တပ်မတော်ကို မွေးဖွားပေးခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်ကိုစောကားတဲ့ ကောင်တွေ ဖထွေးကိုမှ အဖေခေါ်ချင်တဲ့ကောင်တွေ ကျေးဇူးကန်းတဲ့ကောင်တွေ . . . ဘယ်လို ဇာတ်သိမ်းမလဲဆိုတာ ကံကြမ္မာက ဖန်းတီးပေးသွားလိမ့်မယ် . . . မကြာမည် လာမည် မျှော်

john said...

KO thit
it is really stupidity, i feel very sympathy for General Aungsan ,

john said...

KO thit
it is really stupidity, i feel very sympathy for General Aungsan ,

hla min said...

သမိုင်းဝင် ဗမာ့တပ်မတော်ကို ဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ်ကိုမှ မလေးစားဘူးဆိုရင်တော့ မြန်မာ့သမိုင်းဝင်တဲ့ နန်းတွင်းမှာ မနေကြနဲ့၊
ကြာနီကန် နဲ့ တောင်မြင့် မှာပဲ သွားနေကြပါတော့ကွာ။

y said...

တော်တော်ကို မိုက်ရိုင်းတာပဲ။
တို့ တိုင်းပြည်က ဘယ်တော့မှ တိုးတက်ပြောင်းလဲမှာမဟုတ်ဘူး။

gemuk said...
This comment has been removed by the author.
ယောမြေမှကိုရီးယား said...

အင်း သူတို့က သူတို့ လွတ်လပ်ရေး ဖခင်ဟာ ဗိုလ်ချုပ်ဆိုတာ မသိကြဘူးလေ စစ်အာဏာကို လက်ကိုင်ထားတဲ့ သန်းရွှေကိုဘဲ အဖေ ထင်နေကြတာကိုး ဒီကောင်တွေ စာမတတ်ဘဲ စစ်ထဲရောက်နေတာထင်ပါရဲ့ဗျာ မကြာမှီ တင်ဆက်ရိုက်ကူးတော့မဲ့ ဗိုလ်ချုပ် ဇာတ်ကားကို ထပ်ခါတလဲလဲ ကြည့်ခိုင်းရမယ် ဒါမှာ ဒီကောင်တွေ ဗိုလ်ချုပ်ဆိုတာ အမေစု အဖေ ပါလားဆိုတာသိစေရမယ်

yin said...

စစ်တပ်ဖြစ်ပေါ်လာပုံကိုသူတို့စာမသင်ခဲ့ရဘူးထင်တယ်။ကျေးဇူးရှင်ကိုပစ်မှားရင်တော့သမိုင်းကြောင်းကောင်းမှာမဟုတ်ဘူး

ဖိုးစလုံး said...

သန်းရွှေပုံ ဆိုရင်ရော.....???

အမှန်တရား said...

ရူးနေကြတာ.

sean said...

ရှေ့က ဗိုလ်ချုပ်ကြီးများ ချမ်းသာသွားကြသည် သွားရည်ယိုကာ နောက်က ဗိုလ်ပေါက်စ များ ငါတို့ အလှည့်ကျမှ စားပေါက်ပိတ်တော့မှာလား ဆိုတဲ့ စိုးရိမ်စိတ် နဲ့ နောက်ကြောင်း ပြန်လှည့် ဘို့ ကြံဆောင် စိတ်ကူးနေကြတယ်ဆိုတာ မမေ့ကြပါနဲ့..ကျေးဇူးရှင် အဖေတောင် ရန်မူဘို့ ဝန်လေးကြမယ်မထင်ဘူး..
sanction က သူတို့ ငွေကြေးတွေ ထိန်းထားတာ လွှတ်လို့ မဖြစ်ဘူးထင်တယ်..
အဲဒီငွေတွေ ကို အကြွေးတင်နေတဲ့ တိုင်းပြည် ကိုကယ်တင် ဘို့ တိုင်းပြည် ကို ပြန်ပေးဘို့ အဆိုတင်ပါတယ်...

ကိုကိုကြီး said...

အော်...လူတွေ..လူတွေ...မာန်မာနတတ်တော...ကျေးဇူးမေ့တယ်တဲ့...။ အေးဗျာ..အထက်ပါလူတွေကိုက..ပုံစံတွေမှားနေတယ်...။ ဒါလူတစ်ဦး တစ်ယောက်ရဲ့..လွတ်လပ်ခွင့်ကိုအသေးစိတ်ကလေးကအစ ပိတ်ပင်ထိန်းချုပ်တာဖြစ်တယ်...ကြောက်စရာကောင်းတဲ့..နိုင်ငံရေးပေါ်လစီ ပါလားကွာ...။ ငါကိုယ်၌က ၀ဋ်မကင်းဘူးကွာ...။ဒီလိုလူမျိုးတွေရဲ့ အုပ်ချုပ်တဲ့တိုင်းပြည်မှာနေရတာဆိုတော့...။

Shin Myochit said...

Start to be bullied.Dont be scared them we have weapons(VOTE).Dont vote them.Our time is closer and closer.They are become more crazier.

ktd said...

ရန်ကုန်နဲ့တော့ ကွာသွားပြီ။
ရန်ကုန်ကတပ်တွေက ဒီလိုမလုပ်ကြဘူး။
ကားတိုင်းမှာ၊ ခွပ်ဒေါင်းအလံတော်တွေ၊ ဗိုလ်ချုပ်ပုံတွေ အများအပြား
တွေ့ရတယ်။ တိတ်ဆိပ်မှုက အားပေးမှုမြောက်ပါတယ်။

Myanmar said...

အဲလို ဖြစ်တာများလာပီ ကြည့်ရတာ သမ္မတကြီး အတူ ဗိုလ်ချုပ်ပုံ တောင် ပါသေးတာ ဘာလို့ ဖြစ်ရတာလဲ အဲလို ဆိုရင် ရင်ခြားစေ့ လုပ်ငန်းက အသက်ဝင်ပါ့မလား။

sghg said...

တော်တော် အောက်တန်းကျတဲ့ လုပ်ရပ်တွေပါ။

Myanmar said...

ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ တပ်အ၇ိပ်ကို ခိုပီး ဗိုလ်ချုပ်ကိုစော်ကားတဲ့ အ၇ိပ်နေနေ အခက်ချိုးချိုးဆိုတဲ့ကောင်တွေပါလား။ ကျေးဇူး၇ှင်ကို ကျေးစွပ်တော့ မင်းတို့တပ်တွေ ဒုက္ခေ၇ာက်မယ်။ အင်းစစ်တပ် ဒုက္ခေ၇ာက်တော့ မြန်မာနိုင်ငံဘဲ ခွေးဖြစ်မှာဘဲ။

Web Walker said...

လူမျက်နှာခွေးမကြည့်ရဲလို့နေမှာပေါ့

ုkyaw said...

ဒါဟာအဓိပ္ပါလ်မရှိတဲ့လုပ်ရပ်ပဲ ဘာဖြစ်လို့ဒီလိုမျိုးစိတ်ဓါတ်အောက်တန်းကျ
နေရတာလဲဒီလိုလိုက်လုပ်နေလို့ပြည်သူတွေရဲ့ချစ်ခြင်းမေတ္တာကိုဘယ်တော့မှရမှာမဟုတ်တော့ဘူး။

Kher Kher said...

စိတ်ကုန်တာ...ကျပ်မပြည့်တဲ့ လူတွေ...

ကိုယ်တော်ချော said...

သြော် ဟော် ဒီေ-ာက်ကျင့်တွေ မပျောက်သေးပဲ ကိုး အဲဒါ မင်းတို့အဖေကွ ပထွေးအားကိုးပြီး ဖအေစော်ကားတဲ့ကောင်တွေ ကံကြီးထိုက်မယ့်ဟာတွေ

lin lin said...

နိုင်ငံခြားသားတွေ တော်တော်အံ့အားသင့်လိမ့်မယ်။
ဒါပေမဲ့ပြည်တွင်းအခြေအနေမှန်ကို လက်တွေ့ကြုံဖူး
သွားတာပေါ့။

ဇေယျ said...

ဗိုလ်ချုပ်ပုံကိုမှ ခွာခိုင်းတဲ့ကောင်တွေ လူတွေမှ ဟုတ်သေးရဲ့လား

kokomaung said...

ဗိုလ်ချုပ်က တိုင်းပြည်အတွက် မစားဘဲစွန်.တယ်။သူတို.က မစွန်.ဘဲစားတယ်
ဒါကြောင်.မျက်နှာပူလို.(ဗိုလ်ချုပ်ကို မော်မကြည်.ရဲဘူး)ဒါကြောင်ခွာခိုင်းတာ။
N LD မဲပေးစို. စတစ်ကာကိုတော.သူတို.က မုဒိသာမပွားနိုင်ဘူး။သူတို.ရင်ထဲမှာတရားလည်းမရှိဘူး။မုဆိုးတယောက် ရွှေတိဂုံ ဘုရားပေါ်မှာ ဘုရားကို မမြင်နိုင်သလိုပေါ.။တိုင်းပြည်၊ပြည်သူဆီကမျိုထားတဲးအကုသိုလ်တွေများလို.၊မုဒိသာမပွားနိုင်တော.ဘူး။ငရဲခွေးတွေပဲ ခွင်.လွတ်ပေးလိုက်ပါ

NYEIN said...

အဲဒီသူတောင်းစား အရာရှိကို ပြောလိုက်စမ်းပါ..လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်း တိုက်ယူခဲ့တာလား... ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေလားလို့..မေးလိုက်စေချင်တယ်..

ဂေါက်သီး said...

အထက်က ခိုင်းလို့ပါ...
ကျနော်တို့ မသိပါဘူး တာဝန် အရပါ...
စကားတွေကိုက ဘာတာဝန်ယူစိတ်မှ မရှိဘူး
ဒါကျနော်တို့ ဗိုလ်ချုပ်ဗျ အဲလို လုပ်စရာမလိုဘူးလို့ မင်းတို့ လူကြီးကို မပြောရဲဘူးလား
အလုပ်ထွက်လိုက်ရတော့ ဘာလွမ်းစရာရှိလဲ
ရှက်တက်ရင် နေရာမှာတင် လဲသေဖို့ကောင်းတယ်...
မင်းတို့ စစ်တပ်လောက် တာဝန်မဲ့တာ တခါမှ မတွေ့ဖူးဘူး
အဲ
မတွေ့ဖူးဘူး ဆိုပေမယ့် ဟို ပြည်သူကို နှိပ်ဆက်တဲ့ ရဲတပ်ဖွတ်ကြီးလဲ မင်းတို့လိုပဲ
ဘာတာဝန်ယူစိတ်မှ မရှိဘူး
ပြောလိုက်ရင်တော့ စစ်တပ်ဟာ ပြည်သူ့အတွက်
ဘာညာ လူကြားကောင်းအောင် အော်နေ..
လူကြီးခိုင်းတိုင်း အမှန်တရားတွေ ဖျောက်ပီး မျက်နှာရအောင် လုပ်နေတဲ့ ကောင်တွေကြောင့် အာဏာရူးတွေ နှစ် ငါးဆယ်ကျော်အောင် သက်တမ်းရှည်လာတာ
ဖျောက်သင့်ပီ...
ခွေး စိတ်ဓာတ်တွေ ဖျောက်သင့်ပီ
တာဝန်သိသိနဲ့ တိုင်းပြည်က ကျွေးတာစားပီး တာဝန်ကျေသင့်ပီ
ခိုးဖို့ပဲ ခွင်ရှာမနေနဲ့တော့ တိုင်းပ်ြလဲ ဖွတ်ဖွတ်ညက်ညက် ကျေနေပီ..

Black knight said...

သြော်..ဒီမိုကရေစီ..စနစ်ကိုချီတက်နေတာဆိုရင်တော့ဒီလိုလုပ်ရပ်မျိုးကတော်တော်တရားလွန်တယ်....ပြီးတော့နိုင်ငံခြားသားဧည့်သည်တွေရှေ့မှာဆိုတော့ပိုပြီးရှက်ဖို့ကောင်းတာပေါ့...စစ်ဘက်ကအရာရှိတွေလည်းနားလည်ဖို့ကောင်းပါပြီ...ဒီလိုပြည်သူလက်ခံတဲ့ပါတီကို..စစ်တပ်ကလက်မခံနိုင်ဘူးဆိုရင်ရှေ့ဆက်ပြီးချီတက်မဲ့ဒီမိုကရေစီလမ်းစဉ်ကဘယ်လိုလုပ်ကြမလဲ....စစ်တပ်ဆိုရင်ကြောက်တဲ့စိတ်ကပြည်သူတွေမှာအရိုးဆွဲနေကြတာ...၁၉၈၈ ကတည်းကပါ..ဒီအမည်းစက်ကြီးကိုဒီအချိန်မှာပြုပြင်သင့်ပါပြီ..

Arlarwaka said...

ဗိုလ်ချုပ်ပုံကို ခွာခိုင်းတဲ့အရာရှိ ကိုမေးပါရစေ ခင်ဗျား ထမင်းစားနေတာလား ချီးစားနေတာလားလို့ ထမင်းစားနေတဲ့လူဆိုရင် ကျေးဇူးရှင်ကိုကျေးဇူးရှင်မှန်း သိရတယ် ရိုင်းသွားရင်တော့ ခွင့်လွှတ်ကြပါ ဒီလိုလူတွေက ယာဉ်ယာဉ်ကျေးကျေးပြောလို့ မတန်လို့ပါ

Andy said...

သူလိုချင်လို့များဖြစ်နေမလား။ တဖက်လှည့်ပြီးတွေးကြည့်တာပါ။

tharzaw said...

ဆရာကို ကာပြန်ရင် အာခေါင်တောင်လှံစူးသတဲ့။
အခုဟာက ဆရာထက်မကဘူး တပ်မတော်ရဲ့ဖခင်စစ်စစ်ကြီးကို
ကျေးဇူးကန်းတာ။ စိုးဝင်းညီအကို ထက်အသေဆိုးမယ့်ကောင်တွေ။
ခွေးမရဲ့သား(ရိုင်းသွားရင်ခွင့်လွှတ်ကြပါဗျာ။) အရာရှိဆိုတဲ့ကောင်

Wunna Htun said...

ဗိုလ်ချုပ်အောင်ဆန်းလား .... ဗိုလ်ချုပ်အောင်ဆန်းလားဟ . .
မြန်မာဖြစ်ပြီး မြန်မာလိုတောင် မှန်အောင် မပေါင်းတတ်ဘူးလား ... ငတုံးရ .....

ilovetruth said...

သူတို့တွေဘယ်လောက်ပဲ ပြောပြော တစ်ချို့ အစိုးရရုံးတွေမှာ ဦးသန်းရွှေပုံတောင် မဖြုတ်ရသေးဘူးဒါကိုကြည့်ခြင်းအားဖြင့်.............

marga said...

အင်း ကိုယ့်တိုင်းပြည်ဖခင်ကို စော်ကားတာပဲ
သူများနိုင်ငံတွေများ တန်းဖိုးထားလိုက်ကြတာ
ဖတ်ရတာ ဒေါသဖြစ်သလို စိတ်မကောင်းဘူး
ခွေးမသားတွေ ဘာမှကို မမြင်ကြတော့ပါလားနော်

chitthu said...

dar myo ka .. ma phit thint tot buu lay... MDY ka luu twe bar lote nay kya tar tone ha... 8 pyaw nay kya tar lar dma thi buu...

mgmin said...

ဒါဟာ သိက္ခာမဲ့တာပဲ
တစ်မျိုးပြောရင် ကြောက်တာပဲ
ဗိုလ်ချုပ် ရဲ့ power ကို ကြောက်တာပဲ
စိတ်ပညာအရဆိုရင် လက်သီးထောင်နေပေမဲ့
တောက်ခေါက်တာတောင် ငိုသံပါနေတာပါကွယ်
မတန်မရာ နေရာ ကို ယူထားရင် အဲ့လို စိုးရိမ်သောက
ရောက်တတ်ရတယ်

ရာရာ said...

ကြက်တူရွေးက တော်တော် မယ်ဘော်ကပို သဲ ဆိုတာ ကြားဖူးမှာပါ။ အဲ့သလိုပါပဲ...အခုထိ ဗောင်းတော်ညိမ့်ရင် စိတ်တော်သိပြီးသား ဆိုတဲ့ အဘသားတွေက အဲ့ဒီအဖွဲ့အစည်းထဲမှာ အများကြီး။ ဒါပါလာရင် ငါတို့အဘ စိတ်တော်ညိုညင်သွားလောက်တယ် ဆိုတဲ့ဖေါ်လံဖားစိတ်နဲ့လုပ်နေကြတာ။ သူတို့အဘက သိတောင်သိချင်မှသိမှာ။ အဲ့ဒီလိုမျိုးဗျို့။...အဲ့ဒီလူတွေကို ဘယ်သူက အဖေရင်း၊ ဘယ်သူက ပထွေးဆိုတာ သိရဲ့လားလို့မေးချင်တယ်။

မြန်မာပြည်သား said...

ငါတို့ဗိုလ်ချုပ်ကို ကမ္ဘာကသိတယ်..တို့နှိင်ငံအတွက် လွတ်လပ်ရေးကိုအရယူပေးခဲ့တယ်ဆိုတာ...မင်းတို့ နအဖ စစ်အစိုးရ ကသာတိုင်းပြည်ကိုစစ်ကျွန်ပြုနေတာ ...အချင်ဖက်တွေရဲ့. ..ဗိုလ်ချုပ်ပုံစတစ်ကာကိုမင်းတို့ခွာခိုင်းလို့ရကောင်းရလိမ့်မယ်...
ငါတို့ရင်ထဲက ဗိုလ်ချုပ်ပုံရိပ်ကိုတော့
မင်းတို့ န အ ဖ ဆိုတဲ့အကောင်တွေ ဘယ်တော့ဘယ်တော့မှ ခွာလို့မရ ဘူးဟေ့...

Powered by Blogger.